အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၅)

ျပႆနာက ထိုေန႔၏ အင္တာဗ်ဴးသတင္းမ်ားက ဂ်ာနယ္နွင့္ ဆိုရွယ္လ္မီဒီယာ ဝက္ဘ္ဆုိက္မ်ားတြင္ ပ်ံ႕သြားခ်ိန္မွ စခဲ့ျခင္းျဖစ္သည္။

ဤသို႔ျဖင့္ ဧက အလြန္မုန္းေသာ ေဆာင္းမနက္ခင္းတြင္ သိပ္ခ်စ္စရာေကာင္းေသာ ခ်စ္သူကိုရခဲ့သည္။ ဧက ဖြင့္မေျပာမီကပင္ ႀကိတ္၍ ခ်စ္မိေနေသာ ဟန္နီ႔အတြက္လည္း မေမွ်ာ္လင့္ထားသည့္အခ်ိန္တြင္ ဧက၏ အခ်စ္ကို ပိုင္ဆိုင္ခဲ့ရျခင္း ျဖစ္သည္။ ဧကသည္ ထင္္မထားေလာက္ေအာင္ကို သိမ္ေမြ႕ႏူးညံ့ေသာအခ်စ္မ်ားျဖင့္ ဟန္နီ႔ကို စိတ္ခ်မ္းသာေစခဲ့သည္။ ေန႔စဥ္ေန႔တိုင္း ဖုန္းဆက္မပ်က္၊ မက္ေဆ့ဂ်္ပို႔တာမပ်က္၊ အားသည့္အခ်ိန္တြင္ အေျပးလာေတြ႔တာလည္း မပ်က္ကြက္ခဲ့။ သို႔ေသာ္ ဧကသည္ တစ္ခါတစ္ရံ အနည္းငယ္ တဇြတ္ထိုးဆန္သလို ကေလးဆန္သည့္ အျပဳအမူမ်ားလည္းလုပ္တတ္သည္။

ဟန္နီ fashion show ပြဲ ေလွ်ာက္စရာ ရွိသည့္ အခါမ်ိဳးတြင္ ဖုန္းပိတ္ထားမိသည့္အတြက္ ဟိုတယ္ေရွ႕မွာထြက္မလာမျခင္း ရပ္ ေစာင့္ေနတတ္ျခင္းမ်ိဳး၊ night scene မ်ားရက္ဆက္သြား၍ မေတြ႔ျဖစ္လွ်င္ အိမ္ေရွ႕ထိ လိုက္လာတတ္ျခင္းမ်ိဳး၊ တစ္ခါတစ္ရံ ရႈတင္၌ အမ်ိဳးသားအႏုပညာရွင္မ်ားႏွင့္ စကားစျမည္ေျပာမိသည့္အခါ သဝန္တို တတ္ျခင္းမ်ိဳုးသည္ ဧက၏ အခ်စ္ကို ေဖာ္ျပျခင္းနည္းလမ္းမ်ားသာ ျဖစ္သည္ေလ…

ဟန္နီက ဧကနွင့္ပတ္သက္သမွ် ယမံုကိုျပန္ေျပာျပခ်ိန္တြင္ ယမံုက ဧကကို သိပ္သေဘာမက်ေသာ္လည္း မကန္႔ကြက္ခဲ့။ ကန္႔ကြက္ခ်ိန္မရေလာက္ေအာင္လည္း ဟန္နီက အေျဖျပန္ေပးၿပီးသား မဟုတ္ပါလား။ ထို႔ေၾကာင့္ ယမံုက ဟန္နီ႔ကို လူသိရွင္ၾကားမတြဲရန္သာ ေျပာခြင့္ရလိုက္ရွာသည္။

ယမံုေျပာသည့္အတိုင္းပင္ ဧကႏွင့္ ဟန္နီ ႏွစ္ဦးလံုးက လူၾကား  သူၾကား တြဲသြားတြဲလာ လုပ္ျခင္းမ်ိဳး သိပ္္မရွိ။ သိပ္ရင္းႏွီးေသာ အႏုပညာရွင္ အသိုင္းအဝိုင္းကသာ ဟန္နီတို႔တြဲေနတာကို သိၾကသည္။ ထို႔ေၾကာင့္ ဧကႏွင့္ ဟန္နီတို႔၏ ပတ္သက္မႈသည္ ေအးခ်မ္းစြာရွိေနခဲ့သည္ဟုေျပာႏိုင္ပါသည္။ အင္တာဗ်ဴးတစ္ခု သတင္းထဲပါမလာခင္အထိေပါ့။

ထိုေန႔ကနာမည္ႀကီး ဒီဇိုင္နာတစ္ေယာက္၏ ဖက္ရွင္ပြဲရွိျခင္းေၾကာင့္ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား တက္ေရာက္ၾကသည္။ ထိုထဲ၌ ဟန္နီ နွင့္ ဧကလည္း အပါအဝင္ပင္။ ပြဲႀကီးျဖစ္ေသာေၾကာင့္ မီဒီယာမ်ား ေတာ္ေတာ္မ်ားမ်ားလည္း တက္ေရာက္ၿပီး ဟန္နီေရာ ဧကပါ အင္တာဗ်ဴးမ်ား ေျဖရသည္။ ျပႆနာက ထိုေန႔၏ အင္တာဗ်ဴးသတင္းမ်ားက ဂ်ာနယ္နွင့္ ဆိုရွယ္မီဒီယာဝက္ဘ္ဆုိက္မ်ားတြင္ ပ်ံ႕သြားခ်ိန္မွ စခဲ့ျခင္းျဖစ္သည္။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၄)

ဧက က အခ်စ္ေရးတြင္ “ခ်စ္သူႏွင့္အႏုပညာဘာကိုေရြးမလဲ” ဆိုသည့္ေမးခြန္းကို “ကၽြန္ေတာ္တကယ္ခ်စ္တဲ့သူ အတြက္ဆို ဘာမဆိုစြန္႔လႊတ္ရဲတယ္” ဟုေျဖထားၿပီး ဟန္နီက “ဟန္နီ႔အတြက္ အႏုပညာထက္အေရးႀကီးတာ မရွိဘူး၊ ဒါေပမဲ့ ဟန္နီ႔ခ်စ္တဲ့သူက ဟန္နီ႔အႏုပညာကိုလည္း ခ်စ္တဲ့သူေတာ့ ျဖစ္ေစခ်င္တယ္။ ခ်စ္သူကိုေရာ အနုပညာကိုပါ အတူတူပါပဲ။ ဟန္နီ႔အတြက္ေတာ့ အဲဒီအရာေတြက စြန္႔လႊတ္ႏိုင္တဲ့ အရာေတြ မဟုတ္ပါဘူး” ဟုေျဖခဲ့သည္။

ထိုအင္တာဗ်ဴးကိုဖတ္ၿပီးေနာက္ ဧက က ဟန္နီ႔ထံသုိ႔ ဖုန္းဆက္လာခဲ့သည္။ ဟန္နီလည္း သြားေတြ႔ရန္ အဆင္ေျပသည့္ အခ်ိန္မို႔ ဧကကို သြားေတြ႔လိုက္သည္။ ဧကႏွင့္ ဟန္နီတို႔ ေအးေအးေဆးေဆး  စကားစျမည္ေျပာသည့္အခါတုိင္း ဧက ေနေသာ ကြန္ဒိုတြင္သာ ေတြ႔ျဖစ္ၾကသည္ေလ။ ဧက၏ အိမ္ခန္းထဲ လွမ္းဝင္လိုက္တာႏွင့္ လာဗင္ဒါရန႔ံမ်ား ထံုသင္းေနေတာ့သည္။ ဧက က ထိုရနံ႔ကို အလြန္နွစ္သက္သည္။ အိမ္အျပင္အဆင္ အသံုးအေဆာင္ ေတာ္ေတာ္မ်ားမ်ားက ခရမ္းေရာင္ပင္ျဖစ္သည္။

“အေရးတႀကီး ဘာေျပာစရာရွိတာလဲ ကို”

“ဟန္နီ ေနာက္ဆံုးေျဖခဲ့တဲ့ အင္တာဗ်ဴးဖတ္ၿပီးၿပီလား”

“ကိုကလည္း ဟန္နီကိုယ္တိုင္ေျဖခဲ့တာပဲ ဘာဖတ္စရာလိုေသးလို႔လဲ”

ဧကသည္ မွန္ခ်ပ္မ်ားဘက္သို႔ မ်က္ႏွာမူထားရာမွ ဟန္နီ႔ဘက္သို႔ ျဖတ္ခနဲ လွည့္ၾကည့္သည္။ ထိုအခ်ိန္တြင္ ျမင္ရေသာ ဧက ၏ မ်က္ဝန္းမ်ားသည္ ဟန္နီ႔တစ္ကိုယ္လံုးကို ေအးခဲသြားေစသည္။ ေဒါသေတြကို မေထြးႏိုင္မအန္ႏိုင္နွင့္   ေပြ႔ပိုက္ထားရသည့္ လူတစ္ေယာက္၏ ေၾကာက္မက္ဖြယ္ရာ အမုန္းမ်က္လံုးမ်ိဳး။

“ဒါျဖင့္ ကို ေျဖထားတဲ့ အင္တာဗ်ဴးကိုေရာ ဖတ္ၿပီးၿပီလား”

“ဖတ္ၿပီးပါၿပီ… အဲ့ဒါဘာျဖစ္လုိ႔လဲကို? ကို ဘာကိုဒီေလာက္ထိေဒါသထြက္ေနတာလဲ ဟန္နီသေဘာမေပါက္ဘူး”

“မင္းအတြက္ ငါက အေရးအႀကီးအဆံုး မဟုတ္ဘူးလား… ငါ့အတြက္ေတာ့ မင္းကအေရးအႀကီးဆံုးပဲ”

“ကို… ဟန္နီ႔ကို မင္းေတြငါေတြ သံုးၿပီး ေျပာစရာမလိုဘူးေနာ္… ဒီကိစၥကို ေအးေအးေဆးေဆးရွင္းလို႔ရတယ္။ ေနာက္ၿပီး မီဒီယာတစ္ခုက အင္တာဗ်ဴးတစ္ခုကို ကိုဘာလို႔ဒီေလာက္အေလးအနက္ယူေနရတာလဲ.. ဒါက ျပႆနာျဖစ္ရမယ့္ ကိစၥကို မဟုတ္ဘူး ကို”

ဧက က ဟန္နီ႔ဆီသို႔ တစ္လွမ္းခ်င္းေလွ်ာက္လာကာ ဟန္နီ႔ပုခံုးႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္သည္။

“အင္တာဗ်ဴးကို အေလးအနက္ထားတာ မဟုတ္ဘူး။ မင္းကိုအေလးအနက္ထားတာ.. မင္းေျပာလိုက္သမွ် စကားလံုး တိုင္းကို အေလးအနက္ထားေနတာ။ ကို ကေတာ့ မင္းအတြက္ဆို ဘာမဆိုအကုန္စြန္႔လႊတ္ရဲတယ္… ေအာင္ျမင္မႈလား ခ်မ္းသာႂကြယ္ဝမႈလား အႏုပညာလား အရာရာကိုစြန္႔လႊတ္ရဲတယ္ မင္းသိလား”

စကားတစ္ခြန္းေျပာလိုက္တိုင္း တစ္ခါတိုးၿပီး ဆုပ္ကိုင္လိုက္ေသာေၾကာင့္ ဟန္နီ႔ပခံုးမ်ား ေအာင့္သက္နာက်င္လာရသည္။ ဟန္နီက အနည္းငယ္ လူးလြန္႔ကာ ရုန္းၾကည့္ေသာ္လည္း ရုန္းလို႔မရ။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း- ၃)

“ဟန္နီက ကို႔ကို စြန္႔လႊတ္မယ္လို႔ မေျပာခဲ့ဘူးေလ… ခ်စ္သူကိုေရာ အႏုပညာကိုပါ မဆံုးရႈံးေအာင္လို႔ မယုတ္မလြန္ ေျပာခဲ့တာ”

“မလိုခ်င္ဘူး မင္းအတြက္အႏုပညာကအေရးႀကီးဆံုးပါဆို? ဒါျဖင့္ရင္ ကိုက နံပါတ္ ၁ မဟုတ္ဘူးေပါ့… တကယ္လို႔မ်ား တစ္ခုတည္းကို ေရြးခ်ယ္ရမယ္ဆို မင္းဘယ္သူ႔ကို ေရြးမလဲေျပာ”

“ကို ေျဖရခက္မယ့္ ေမးခြန္းေတြေမးမေနပါနဲ႔ အခုခ်ိန္မွာ ဘာျပႆနာမွလည္းမရွိဘူး ဘာမွလည္းေရြးခ်ယ္စရာမရွိဘူး  ဟန္နီတို႔ ေအးေအးခ်မ္းခ်မ္းပဲေနရေအာင္”

ဟန္နီက ဧက၏ လက္မ်ားကို ျဖဳတ္ခ်လိုက္သည္။ ဧက က ဟန္နီ႔ကို အဓိပၸာယ္ေဖာ္ရခက္ေသာ မ်က္လံုးမ်ားႏွင့္ စိုက္ၾကည့္ေနသည္။ ဝမ္းနည္းရိပ္ေတြလား အားငယ္ရိပ္ေတြလား ဘာမွန္းဟန္နီေသခ်ာမသိ။

“ဟန္နီ ျပန္ေတာ့မယ္ ကို ေနာက္မွေအးေအးေဆးေဆးေတြ႔တာေပါ့”

ဟန္နီ ဧကကို ေက်ာခိုင္းကာ တံခါးဝဘက္ လွည့္ထြက္လိုက္သည္။ ဧကသု က ဘာစကားမွမေျပာဘဲ ဟန္နီ႔ကို စိုက္ၾကည့္ေနတုန္းပင္းျဖစ္သည္။ ဟန္နီသည္ ဧကႏွင့္တျဖည္းျဖည္းေဝးသြားသည္။ ဟန္နီ တံခါးဝနားေရာက္သြားမွ ဧက ေခါင္းထဲသို႔ အေတြးတစ္ခုဝင္လာသည္။ ဟန္နီသာ ဒီတံခါးက အၿပီးထြက္သြားခဲ့ရင္…..။ ဟန္နီသာ ေနာက္တစ္ႀကိမ္ ျပန္မလာျဖစ္ေတာ့ရင္….။ ထို

အေတြးမ်ားက ဧကရဲ့ ႏွလံုးသားတစ္ခုလံုးကို ဆြဲခါလိုက္သလိုပင္။ ဧက ဟန္နီ႔ေနာက္သို႔အေျပး လိုက္သြားမိသည္။ ဟန္နီ႔လက္ကို လွမ္းဆြဲရင္း တံခါးကိုတြန္းပိတ္လိုက္သည္။ ဟန္နီ႔ကိုယ္ေလးက ဧက လက္ထဲသို႔ လြင့္ခနဲပါလာသည္။

“ကိုဘာလုပ္တာလဲ”

“ဟန္နီ မသြားပါနဲ႔ မျပန္နဲ႔ေတာ့ေနာ္”

“ကို ဘာေတြေျပာေနတာလဲ ဟန္နီအိမ္ျပန္ရမယ္ ညေနဘက္ အလုပ္ရွိေသးတယ္”

“မျပန္နဲ႔ ျပန္သြားျပီးရင္ မင္းငါ့ဆီကုိ ျပန္မလာေတာ့ဘူးမလား”

ဟန္နီ ဧကကို စိတ္ပ်က္စြာၾကည့္လိုက္မိသည္။ ဧကရဲ့မ်က္လံုးမ်ားက တစ္စံုတရာကို အရူးအမူးတမ္းတစြဲလမ္းေနေသာ လူတစ္ေယာက္ႏွင့္ တူေနသည္။ ဧကဆြဲထားေသာ လက္မ်ားကို ဟန္နီေဆာင့္ရုန္းလိုက္ရင္း…

“အဓိပၸာယ္မရွိတာေတြ မေျပာပါနဲ႔ကို… ၿပီးေတာ့ ဟန္နီ႔ကို အဲဒီလို ၾကမ္းၾကမ္းတမ္းတမ္းေတြ မလုပ္နဲ႔ ဟန္နီမႀကိဳက္ဘူး ဟန္နီအခုအလုပ္ရွိတယ္ ျပန္ရမယ္ ညက်ရင္ဖုန္းဆက္မယ္ေနာ္”

ဟန္နီက ေနာက္တစ္ႀကိမ္ လွည့္ထြက္ဖို႔ ႀကိဳးစားသည္။ သို႔ေသာ္ ဧကက ဟန္နီ႔ကို ပုခံုးကေနဆြဲလွည့္ကာ လက္ျပန္ရိုက္ခ်လိုက္သည္။ မ်က္ႏွာတစ္ျခမ္းလံုး က်ိန္းစပ္နာက်င္သြားကာ တံခါးနားမွာတင္ ဟန္နီ ပံုလ်က္သား လဲက်သြားသည္။  ဧက၏ မထင္မွတ္ထားေသာ အျပဳအမူေၾကာင့္ ဟန္နီ ဘာေျပာရမည္မွန္း မသိေအာင္ပင္ ျဖစ္သြားသည္။ ႏႈတ္ခမ္္းအစြန္း၌လည္း ေသြးစအနည္းငယ္ စမ္းမိသည္။ ဧကက ဟန္နီ႔ကို ေသခ်ာစိုက္ၾကည့္ကာ“ငါက မသြားနဲ႔ဆို မသြားနဲ႔ေပါ့ ဒီထက္မနာခ်င္ရင္ ၿငိမ္ၿငိမ္ထိုင္ေနလိုက္” ဟု တစ္လံုးခ်င္းေျပာလိုက္သည္။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း – ၂)

ဟန္နီသည္ ဧက၏ အျပဳအမူကို မယံုၾကည္ႏိုင္စြာ ဘာေျပာရမွန္း မသိဘဲ တံခါးဝနားမွာတင္ ထိုင္ရင္း မ်က္ရည္မ်ား က်လာသည္။ “ဘယ္လိုစိတ္နဲ႔မ်ား ဟန္နီ႔ကိုရိုက္လိုက္တာလဲ။ ဟန္နီ႔ကိုသူခ်စ္တယ္ဆိုတာေရာ ဘယ္လိုယံုရေတာ့မွာလဲ။” ဆိုသည့္ အေတြးကသာ ဟန္နီ႔ကို လႊမ္းမိုးေနသည္။

တံခါးနားတြင္ ငိုေနေသာ ဟန္နီ႔ကိုၾကည့္ရင္းမွ ဧက အသိဝင္လာသည္။ သူဘာလုပ္လိုက္မိတာလဲ။ ဘာလို႔ ဟန္နီ႕ကို ရိုက္လုိက္မိတာလဲ။ ကိုယ္ကိုယ္တိုင္ေတာင္ သတိမထားမိဘဲ ရိုက္လိုက္မိတာေၾကာင့္ ဧကပင္ ကိုယ့္ကိုယ္ကုိယ္ အံ့ၾသေနရသည္။ တကယ္ေတာ့ဟန္နီ႔ကို နာက်င္ေစခ်င္လို႔ ရိုက္လိုက္မိတာမ်ိဳးမဟုတ္။ ဟန္နီ႔ကို ဆံုးရႈံးရမွာေၾကာက္ၿပီး စိတ္လြတ္သြားျခင္းသာ ျဖစ္သည္။

ဧက ဟန္နီ႔နားကို တေရြ႕ေရြ႕ေလ်ာက္သြားၿပီး ဟန္နီ႔နားမွာ ထိုင္ခ်လိုက္သည္။ ဧကရိုက္လိုက္ေသာေၾကာင့္ ဟန္နီ႔မ်က္ႏွာ ညာဘက္ျခမ္းမွာ ဖူးေယာင္ေနသည္။ ႏႈတ္ခမ္းမွာလည္း ေသြးစတို႔ႏွင့္… ဧက က ဟန္နီ႔မ်က္ႏွာကို ကိုင္ဖို႔ လက္လွမ္းလိုက္စဥ္ ဟန္နီက ေနာက္ကိုတြန္႔ကာ ေရွာင္လိုက္သည္။

“ဟန္နီ မငိုပါနဲ႔ေတာ့ေနာ္ ကိုေတာင္းပန္ပါတယ္ ကို စိတ္လြတ္သြားလို႔ ကိုယ့္ဘာသာဘာ လုပ္လိုက္မိမွန္းေတာင္ မသိဘူး ဟန္နီရယ္… ေနာက္ထပ္မျဖစ္ေစရဘူးေနာ္.. ဟန္နီ႔မ်က္နွာမွာ ေရာင္ေနတာကို ေဆးခန္းသြားျပရေအာင္ေနာ္.. ကို ေတာင္းပန္ပါတယ္ ဟန္နီရယ္”

ဧကရဲ့ပံုစံကအခုက်ေတာ့ ပံုမွန္လိုပင္ျဖစ္ေနၿပီး စကားလံုးမ်ားေရာ မ်က္လံုးမ်ားပါ ပံုမွန္အတုိင္းေႏြးေထြးေနသည္။  ခုနက ေဒါသတႀကီး ျဖစ္ေနတာက ဧကမဟုတ္ခဲ့သလိုပင္။

“လာ ထ.. ကို လုိက္ပို႔မယ္”

“ဟင့္အင္း”

ဟန္နီက ေရွာင္လိုက္ေတာ့ ဧကက လက္ႏွစ္ဖက္ကို ေျမွာက္လိုက္ရင္း..

“အိုေက ဟန္နီမႀကိဳက္ရင္ ကိုမထိပါဘူး။ ဒါေပမဲ့ဟန္နီအခုေဆးခန္းသြားရမယ္ ကို လိုက္ပို႔မယ္ ကဲ ထ”

“ဟန္နီ႔ဘာသာသြားမယ္ ယမံု႔ကို ဖုန္းဆက္ေခၚမယ္…”

ဧကက သက္ျပင္းခ်လိုက္ရင္း “အိုေကပါ ဟန္နီ႔သေဘာပါပဲ ကို ဟန္နီ႔ကို စိတ္ညစ္ေအာင္ ထပ္မလုပ္ဘူးလို႔ ကတိေပးပါတယ္ ေနာက္ထပ္လည္းနာက်င္ေအာင္မလုပ္ဘူး အခုယမံုလာရင္အဆင္သင့္ျဖစ္ေအာင္ ကိုတို႔ေအာက္ဆင္း   ေစာင့္ေနရေအာင္ေနာ္”

ဟန္နီေခါင္းညိတ္ျပရင္း ထရပ္လိုက္သည္။ လစ္ဖ္ျဖင့္ ကားပါကင္ကိုဆင္းလာၿပီး ယမံု႔ကားေရာက္လာသည္အထိ ဧက ကဟန္နီ႕ကို ဂရုတစိုက္သာၾကည့္ေနခဲ့ၿပီး လက္ဖ်ားႏွင့္ပင္ မတို႔ခဲ့ပါ။ ဟန္နီကေတာ့ ဧကကို နားမလည္ႏိုင္ မယံုၾကည္ႏိုင္စိတ္ တို႔ရႈပ္ေထြးလ်က္ ယမံု႔ကားေပၚသို႔ တက္လိုက္ခဲ့ေတာ့သည္။

ညိမ္း (UCSY)

<<< Unicode >>>

ပြဿနာက ထိုနေ့၏ အင်တာဗျူးသတင်းများက ဂျာနယ်နှင့် ဆိုရှယ်လ်မီဒီယာ ဝက်ဘ်ဆိုက်များတွင် ပျံ့သွားချိန်မှ စခဲ့ခြင်းဖြစ်သည်။

ဤသို့ဖြင့် ဧက အလွန်မုန်းသော ဆောင်းမနက်ခင်းတွင် သိပ်ချစ်စရာကောင်းသော ချစ်သူကိုရခဲ့သည်။ ဧက ဖွင့်မပြောမီကပင် ကြိတ်၍ ချစ်မိနေသော ဟန်နီ့အတွက်လည်း မမျှော်လင့်ထားသည့်အချိန်တွင် ဧက၏ အချစ်ကို ပိုင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ဧကသည် ထင်မထားလောက်အောင်ကို သိမ်မွေ့နူးညံ့သောအချစ်များဖြင့် ဟန်နီ့ကို စိတ်ချမ်းသာစေခဲ့သည်။ နေ့စဉ်နေ့တိုင်း ဖုန်းဆက်မပျက်၊ မက်ဆေ့ဂျ်ပို့တာမပျက်၊ အားသည့်အချိန်တွင် အပြေးလာတွေ့တာလည်း မပျက်ကွက်ခဲ့။ သို့သော် ဧကသည် တစ်ခါတစ်ရံ အနည်းငယ် တဇွတ်ထိုးဆန်သလို ကလေးဆန်သည့် အပြုအမူများလည်းလုပ်တတ်သည်။

ဟန်နီ fashion show ပွဲ လျှောက်စရာ ရှိသည့် အခါမျိုးတွင် ဖုန်းပိတ်ထားမိသည့်အတွက် ဟိုတယ်ရှေ့မှာထွက်မလာမခြင်း ရပ် စောင့်နေတတ်ခြင်းမျိုး၊ night scene များရက်ဆက်သွား၍ မတွေ့ဖြစ်လျှင် အိမ်ရှေ့ထိ လိုက်လာတတ်ခြင်းမျိုး၊ တစ်ခါတစ်ရံ ရှုတင်၌ အမျိုးသားအနုပညာရှင်များနှင့် စကားစမြည်ပြောမိသည့်အခါ သဝန်တို တတ်ခြင်းမျိုုးသည် ဧက၏ အချစ်ကို ဖော်ပြခြင်းနည်းလမ်းများသာ ဖြစ်သည်လေ…

ဟန်နီက ဧကနှင့်ပတ်သက်သမျှ ယမုံကိုပြန်ပြောပြချိန်တွင် ယမုံက ဧကကို သိပ်သဘောမကျသော်လည်း မကန့်ကွက်ခဲ့။ ကန့်ကွက်ချိန်မရလောက်အောင်လည်း ဟန်နီက အဖြေပြန်ပေးပြီးသား မဟုတ်ပါလား။ ထို့ကြောင့် ယမုံက ဟန်နီ့ကို လူသိရှင်ကြားမတွဲရန်သာ ပြောခွင့်ရလိုက်ရှာသည်။

ယမုံပြောသည့်အတိုင်းပင် ဧကနှင့် ဟန်နီ နှစ်ဦးလုံးက လူကြား သူကြား တွဲသွားတွဲလာ လုပ်ခြင်းမျိုး သိပ်မရှိ။ သိပ်ရင်းနှီးသော အနုပညာရှင် အသိုင်းအဝိုင်းကသာ ဟန်နီတို့တွဲနေတာကို သိကြသည်။ ထို့ကြောင့် ဧကနှင့် ဟန်နီတို့၏ ပတ်သက်မှုသည် အေးချမ်းစွာရှိနေခဲ့သည်ဟုပြောနိုင်ပါသည်။ အင်တာဗျူးတစ်ခု သတင်းထဲပါမလာခင်အထိပေါ့။

ထိုနေ့ကနာမည်ကြီး ဒီဇိုင်နာတစ်ယောက်၏ ဖက်ရှင်ပွဲရှိခြင်းကြောင့် အနုပညာရှင်တော်တော်များများ တက်ရောက်ကြသည်။ ထိုထဲ၌ ဟန်နီ နှင့် ဧကလည်း အပါအဝင်ပင်။ ပွဲကြီးဖြစ်သောကြောင့် မီဒီယာများ တော်တော်များများလည်း တက်ရောက်ပြီး ဟန်နီရော ဧကပါ အင်တာဗျူးများ ဖြေရသည်။ ပြဿနာက ထိုနေ့၏ အင်တာဗျူးသတင်းများက ဂျာနယ်နှင့် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်များတွင် ပျံ့သွားချိန်မှ စခဲ့ခြင်းဖြစ်သည်။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၄)

ဧက က အချစ်ရေးတွင် “ချစ်သူနှင့်အနုပညာဘာကိုရွေးမလဲ” ဆိုသည့်မေးခွန်းကို “ကျွန်တော်တကယ်ချစ်တဲ့သူ အတွက်ဆို ဘာမဆိုစွန့်လွှတ်ရဲတယ်” ဟုဖြေထားပြီး ဟန်နီက “ဟန်နီ့အတွက် အနုပညာထက်အရေးကြီးတာ မရှိဘူး၊ ဒါပေမဲ့ ဟန်နီ့ချစ်တဲ့သူက ဟန်နီ့အနုပညာကိုလည်း ချစ်တဲ့သူတော့ ဖြစ်စေချင်တယ်။ ချစ်သူကိုရော အနုပညာကိုပါ အတူတူပါပဲ။ ဟန်နီ့အတွက်တော့ အဲဒီအရာတွေက စွန့်လွှတ်နိုင်တဲ့ အရာတွေ မဟုတ်ပါဘူး” ဟုဖြေခဲ့သည်။

ထိုအင်တာဗျူးကိုဖတ်ပြီးနောက် ဧက က ဟန်နီ့ထံသို့ ဖုန်းဆက်လာခဲ့သည်။ ဟန်နီလည်း သွားတွေ့ရန် အဆင်ပြေသည့် အချိန်မို့ ဧကကို သွားတွေ့လိုက်သည်။ ဧကနှင့် ဟန်နီတို့ အေးအေးဆေးဆေး စကားစမြည်ပြောသည့်အခါတိုင်း ဧက နေသော ကွန်ဒိုတွင်သာ တွေ့ဖြစ်ကြသည်လေ။ ဧက၏ အိမ်ခန်းထဲ လှမ်းဝင်လိုက်တာနှင့် လာဗင်ဒါရနံ့များ ထုံသင်းနေတော့သည်။ ဧက က ထိုရနံ့ကို အလွန်နှစ်သက်သည်။ အိမ်အပြင်အဆင် အသုံးအဆောင် တော်တော်များများက ခရမ်းရောင်ပင်ဖြစ်သည်။

“အရေးတကြီး ဘာပြောစရာရှိတာလဲ ကို”

“ဟန်နီ နောက်ဆုံးဖြေခဲ့တဲ့ အင်တာဗျူးဖတ်ပြီးပြီလား”

“ကိုကလည်း ဟန်နီကိုယ်တိုင်ဖြေခဲ့တာပဲ ဘာဖတ်စရာလိုသေးလို့လဲ”

ဧကသည် မှန်ချပ်များဘက်သို့ မျက်နှာမူထားရာမှ ဟန်နီ့ဘက်သို့ ဖြတ်ခနဲ လှည့်ကြည့်သည်။ ထိုအချိန်တွင် မြင်ရသော ဧက ၏ မျက်ဝန်းများသည် ဟန်နီ့တစ်ကိုယ်လုံးကို အေးခဲသွားစေသည်။ ဒေါသတွေကို မထွေးနိုင်မအန်နိုင်နှင့် ပွေ့ပိုက်ထားရသည့် လူတစ်ယောက်၏ ကြောက်မက်ဖွယ်ရာ အမုန်းမျက်လုံးမျိုး။

“ဒါဖြင့် ကို ဖြေထားတဲ့ အင်တာဗျူးကိုရော ဖတ်ပြီးပြီလား”

“ဖတ်ပြီးပါပြီ… အဲ့ဒါဘာဖြစ်လို့လဲကို? ကို ဘာကိုဒီလောက်ထိဒေါသထွက်နေတာလဲ ဟန်နီသဘောမပေါက်ဘူး”

“မင်းအတွက် ငါက အရေးအကြီးအဆုံး မဟုတ်ဘူးလား… ငါ့အတွက်တော့ မင်းကအရေးအကြီးဆုံးပဲ”

“ကို… ဟန်နီ့ကို မင်းတွေငါတွေ သုံးပြီး ပြောစရာမလိုဘူးနော်… ဒီကိစ္စကို အေးအေးဆေးဆေးရှင်းလို့ရတယ်။ နောက်ပြီး မီဒီယာတစ်ခုက အင်တာဗျူးတစ်ခုကို ကိုဘာလို့ဒီလောက်အလေးအနက်ယူနေရတာလဲ.. ဒါက ပြဿနာဖြစ်ရမယ့် ကိစ္စကို မဟုတ်ဘူး ကို”

ဧက က ဟန်နီ့ဆီသို့ တစ်လှမ်းချင်းလျှောက်လာကာ ဟန်နီ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

“အင်တာဗျူးကို အလေးအနက်ထားတာ မဟုတ်ဘူး။ မင်းကိုအလေးအနက်ထားတာ.. မင်းပြောလိုက်သမျှ စကားလုံး တိုင်းကို အလေးအနက်ထားနေတာ။ ကို ကတော့ မင်းအတွက်ဆို ဘာမဆိုအကုန်စွန့်လွှတ်ရဲတယ်… အောင်မြင်မှုလား ချမ်းသာကြွယ်ဝမှုလား အနုပညာလား အရာရာကိုစွန့်လွှတ်ရဲတယ် မင်းသိလား”

စကားတစ်ခွန်းပြောလိုက်တိုင်း တစ်ခါတိုးပြီး ဆုပ်ကိုင်လိုက်သောကြောင့် ဟန်နီ့ပခုံးများ အောင့်သက်နာကျင်လာရသည်။ ဟန်နီက အနည်းငယ် လူးလွန့်ကာ ရုန်းကြည့်သော်လည်း ရုန်းလို့မရ။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း- ၃)

“ဟန်နီက ကို့ကို စွန့်လွှတ်မယ်လို့ မပြောခဲ့ဘူးလေ… ချစ်သူကိုရော အနုပညာကိုပါ မဆုံးရှုံးအောင်လို့ မယုတ်မလွန် ပြောခဲ့တာ”

“မလိုချင်ဘူး မင်းအတွက်အနုပညာကအရေးကြီးဆုံးပါဆို? ဒါဖြင့်ရင် ကိုက နံပါတ် ၁ မဟုတ်ဘူးပေါ့… တကယ်လို့များ တစ်ခုတည်းကို ရွေးချယ်ရမယ်ဆို မင်းဘယ်သူ့ကို ရွေးမလဲပြော”

“ကို ဖြေရခက်မယ့် မေးခွန်းတွေမေးမနေပါနဲ့ အခုချိန်မှာ ဘာပြဿနာမှလည်းမရှိဘူး ဘာမှလည်းရွေးချယ်စရာမရှိဘူး ဟန်နီတို့ အေးအေးချမ်းချမ်းပဲနေရအောင်”

ဟန်နီက ဧက၏ လက်များကို ဖြုတ်ချလိုက်သည်။ ဧက က ဟန်နီ့ကို အဓိပ္ပာယ်ဖော်ရခက်သော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။ ဝမ်းနည်းရိပ်တွေလား အားငယ်ရိပ်တွေလား ဘာမှန်းဟန်နီသေချာမသိ။

“ဟန်နီ ပြန်တော့မယ် ကို နောက်မှအေးအေးဆေးဆေးတွေ့တာပေါ့”

ဟန်နီ ဧကကို ကျောခိုင်းကာ တံခါးဝဘက် လှည့်ထွက်လိုက်သည်။ ဧကသု က ဘာစကားမှမပြောဘဲ ဟန်နီ့ကို စိုက်ကြည့်နေတုန်းပင်းဖြစ်သည်။ ဟန်နီသည် ဧကနှင့်တဖြည်းဖြည်းဝေးသွားသည်။ ဟန်နီ တံခါးဝနားရောက်သွားမှ ဧက ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာသည်။ ဟန်နီသာ ဒီတံခါးက အပြီးထွက်သွားခဲ့ရင်…..။ ဟန်နီသာ နောက်တစ်ကြိမ် ပြန်မလာဖြစ်တော့ရင်….။ ထို

အတွေးများက ဧကရဲ့ နှလုံးသားတစ်ခုလုံးကို ဆွဲခါလိုက်သလိုပင်။ ဧက ဟန်နီ့နောက်သို့အပြေး လိုက်သွားမိသည်။ ဟန်နီ့လက်ကို လှမ်းဆွဲရင်း တံခါးကိုတွန်းပိတ်လိုက်သည်။ ဟန်နီ့ကိုယ်လေးက ဧက လက်ထဲသို့ လွင့်ခနဲပါလာသည်။

“ကိုဘာလုပ်တာလဲ”

“ဟန်နီ မသွားပါနဲ့ မပြန်နဲ့တော့နော်”

“ကို ဘာတွေပြောနေတာလဲ ဟန်နီအိမ်ပြန်ရမယ် ညနေဘက် အလုပ်ရှိသေးတယ်”

“မပြန်နဲ့ ပြန်သွားပြီးရင် မင်းငါ့ဆီကို ပြန်မလာတော့ဘူးမလား”

ဟန်နီ ဧကကို စိတ်ပျက်စွာကြည့်လိုက်မိသည်။ ဧကရဲ့မျက်လုံးများက တစ်စုံတရာကို အရူးအမူးတမ်းတစွဲလမ်းနေသော လူတစ်ယောက်နှင့် တူနေသည်။ ဧကဆွဲထားသော လက်များကို ဟန်နီဆောင့်ရုန်းလိုက်ရင်း…

“အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့ကို… ပြီးတော့ ဟန်နီ့ကို အဲဒီလို ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်နဲ့ ဟန်နီမကြိုက်ဘူး ဟန်နီအခုအလုပ်ရှိတယ် ပြန်ရမယ် ညကျရင်ဖုန်းဆက်မယ်နော်”

ဟန်နီက နောက်တစ်ကြိမ် လှည့်ထွက်ဖို့ ကြိုးစားသည်။ သို့သော် ဧကက ဟန်နီ့ကို ပုခုံးကနေဆွဲလှည့်ကာ လက်ပြန်ရိုက်ချလိုက်သည်။ မျက်နှာတစ်ခြမ်းလုံး ကျိန်းစပ်နာကျင်သွားကာ တံခါးနားမှာတင် ဟန်နီ ပုံလျက်သား လဲကျသွားသည်။ ဧက၏ မထင်မှတ်ထားသော အပြုအမူကြောင့် ဟန်နီ ဘာပြောရမည်မှန်း မသိအောင်ပင် ဖြစ်သွားသည်။ နှုတ်ခမ်းအစွန်း၌လည်း သွေးစအနည်းငယ် စမ်းမိသည်။ ဧကက ဟန်နီ့ကို သေချာစိုက်ကြည့်ကာ“ငါက မသွားနဲ့ဆို မသွားနဲ့ပေါ့ ဒီထက်မနာချင်ရင် ငြိမ်ငြိမ်ထိုင်နေလိုက်” ဟု တစ်လုံးချင်းပြောလိုက်သည်။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း – ၂)

ဟန်နီသည် ဧက၏ အပြုအမူကို မယုံကြည်နိုင်စွာ ဘာပြောရမှန်း မသိဘဲ တံခါးဝနားမှာတင် ထိုင်ရင်း မျက်ရည်များ ကျလာသည်။ “ဘယ်လိုစိတ်နဲ့များ ဟန်နီ့ကိုရိုက်လိုက်တာလဲ။ ဟန်နီ့ကိုသူချစ်တယ်ဆိုတာရော ဘယ်လိုယုံရတော့မှာလဲ။” ဆိုသည့် အတွေးကသာ ဟန်နီ့ကို လွှမ်းမိုးနေသည်။

တံခါးနားတွင် ငိုနေသော ဟန်နီ့ကိုကြည့်ရင်းမှ ဧက အသိဝင်လာသည်။ သူဘာလုပ်လိုက်မိတာလဲ။ ဘာလို့ ဟန်နီ့ကို ရိုက်လိုက်မိတာလဲ။ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိဘဲ ရိုက်လိုက်မိတာကြောင့် ဧကပင် ကိုယ့်ကိုယ်ကိုယ် အံ့သြနေရသည်။ တကယ်တော့ဟန်နီ့ကို နာကျင်စေချင်လို့ ရိုက်လိုက်မိတာမျိုးမဟုတ်။ ဟန်နီ့ကို ဆုံးရှုံးရမှာကြောက်ပြီး စိတ်လွတ်သွားခြင်းသာ ဖြစ်သည်။

ဧက ဟန်နီ့နားကို တရွေ့ရွေ့လျောက်သွားပြီး ဟန်နီ့နားမှာ ထိုင်ချလိုက်သည်။ ဧကရိုက်လိုက်သောကြောင့် ဟန်နီ့မျက်နှာ ညာဘက်ခြမ်းမှာ ဖူးယောင်နေသည်။ နှုတ်ခမ်းမှာလည်း သွေးစတို့နှင့်… ဧက က ဟန်နီ့မျက်နှာကို ကိုင်ဖို့ လက်လှမ်းလိုက်စဉ် ဟန်နီက နောက်ကိုတွန့်ကာ ရှောင်လိုက်သည်။

“ဟန်နီ မငိုပါနဲ့တော့နော် ကိုတောင်းပန်ပါတယ် ကို စိတ်လွတ်သွားလို့ ကိုယ့်ဘာသာဘာ လုပ်လိုက်မိမှန်းတောင် မသိဘူး ဟန်နီရယ်… နောက်ထပ်မဖြစ်စေရဘူးနော်.. ဟန်နီ့မျက်နှာမှာ ရောင်နေတာကို ဆေးခန်းသွားပြရအောင်နော်.. ကို တောင်းပန်ပါတယ် ဟန်နီရယ်”

ဧကရဲ့ပုံစံကအခုကျတော့ ပုံမှန်လိုပင်ဖြစ်နေပြီး စကားလုံးများရော မျက်လုံးများပါ ပုံမှန်အတိုင်းနွေးထွေးနေသည်။ ခုနက ဒေါသတကြီး ဖြစ်နေတာက ဧကမဟုတ်ခဲ့သလိုပင်။

“လာ ထ.. ကို လိုက်ပို့မယ်”

“ဟင့်အင်း”

ဟန်နီက ရှောင်လိုက်တော့ ဧကက လက်နှစ်ဖက်ကို မြှောက်လိုက်ရင်း..

“အိုကေ ဟန်နီမကြိုက်ရင် ကိုမထိပါဘူး။ ဒါပေမဲ့ဟန်နီအခုဆေးခန်းသွားရမယ် ကို လိုက်ပို့မယ် ကဲ ထ”

“ဟန်နီ့ဘာသာသွားမယ် ယမုံ့ကို ဖုန်းဆက်ခေါ်မယ်…”

ဧကက သက်ပြင်းချလိုက်ရင်း “အိုကေပါ ဟန်နီ့သဘောပါပဲ ကို ဟန်နီ့ကို စိတ်ညစ်အောင် ထပ်မလုပ်ဘူးလို့ ကတိပေးပါတယ် နောက်ထပ်လည်းနာကျင်အောင်မလုပ်ဘူး အခုယမုံလာရင်အဆင်သင့်ဖြစ်အောင် ကိုတို့အောက်ဆင်း စောင့်နေရအောင်နော်”

ဟန်နီခေါင်းညိတ်ပြရင်း ထရပ်လိုက်သည်။ လစ်ဖ်ဖြင့် ကားပါကင်ကိုဆင်းလာပြီး ယမုံ့ကားရောက်လာသည်အထိ ဧက ကဟန်နီ့ကို ဂရုတစိုက်သာကြည့်နေခဲ့ပြီး လက်ဖျားနှင့်ပင် မတို့ခဲ့ပါ။ ဟန်နီကတော့ ဧကကို နားမလည်နိုင် မယုံကြည်နိုင်စိတ် တို့ရှုပ်ထွေးလျက် ယမုံ့ကားပေါ်သို့ တက်လိုက်ခဲ့တော့သည်။

ညိမ်း (UCSY)

No Comments Yet

Comments are closed