FUN Love

အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း- ၃)

ဧကသု၏ အေျပာအဆို၊ အမူအရာ၊ အၾကည့္၊ အရာအားလံုးက ဟန္နီ႔အတြက္ ရင္ခုန္စရာမ်ားျဖစ္ေနသည္။

႐ႈတင္ရွိသည့္ ဟိုတယ္ဝင္းထဲသို႔ ကားကိုေကြ႔ဝင္ၿပီး ကားပါကင္မွာ ေနရာတက် ထိုးထားလိုက္သည္။ ဧကသုက ႐ႈတင္ကိုတစ္ေယာက္တည္းလာေလ့ရွိၿပီး သူ႔မန္ေနဂ်ာက ေနာက္မွ ကားႏွင့္ သီးသန္႔လာေလ့ရွိသည္။ ဒီေန႔လိုမ်ိဳး MTV ရိုက္ကြင္းလိုမ်ိဳး ဆိုလွ်င္ေတာ့ တစ္ေယာက္တည္းသာ အဝတ္အစား စီစဥ္ၿပီး လာေလ့ရွိသည္။ အဝတ္အစားထည့္ထားေသာ လက္ေဂ့ဂ်္ကို ကားေနာက္ခန္းမွဆြဲခ်ၿပီး ဟိုတယ္ေလာ္ဘီထဲသို႔၀င္ခဲ့သည္။ ဒါရိုက္တာနွင့္ ရိုက္ကြင္းအဖြဲ႔သားမ်ားက  ေရာက္ႏွင့္ေနၿပီျဖစ္သည္။

“ဆရာ ကၽြန္ေတာ္ေနာက္မက်ပါဘူးေနာ္”

“ေနာက္မက်ပါဘူး ဧကရာ… မင္းကအၿမဲ အခ်ိန္မွန္တာပဲကို”

“ဘယ္ေတာ့စမွာလဲ”

“ခဏေနရင္ စမယ္ ကုေဋထက္နဲ႔ မင္းေမာင္ က်န္ေသးတယ္ ဟန္နီေမက ေရာက္ေနၿပီ”

ဟန္နီေမဆိုေသာအသံေၾကာင့္ ဧက မ်က္ခံုးပင့္သြားသည္။ အစက ဒီရိုက္ကြင္းမွာ ဟန္နီေမပါတယ္ဟု မၾကားမိ..  ကုေဋထက္ႏွင့္ ႏွစ္ေယာက္တည္းဟု ၾကားထားသည္ေလ။

“ဟန္နီေမ ဟုတ္လား…”

“ေအး အဆိုေတာ္နဲ႔ စကားထပ္ေျပာျဖစ္ေတာ့ ဇာတ္ပံုစံနည္းနည္းေျပာင္းသြားတယ္ မင္းနဲ႔ ကုေဋက တစ္တြဲ မင္းေမာင္နဲ႔ ဟန္နီေမက တစ္တြဲ အဲဒီလိုေလး ပံုေဖာ္ရင္ ပိုေကာင္းမယ္ထင္လို႔”

“ေၾသာ္… ဟန္နီေမက အခုဘယ္မွာလဲ”

“outdoor scene စမွာမို႔လို႔ ေရကူးကန္နားမွာ…ဒါနဲ႔ ဧက ဟန္နီေမက မင္းနဲ႔သိတယ္မလား”

“အင္း အဲဒါေၾကာင့္ သြားႏႈတ္ဆက္မလို႔”

ဧက ဒါရိုက္တာကို ျပန္ေျဖၿပီး ေရကူးကန္ဘက္ ထြက္လာခဲ့သည္။ ေရကူးကန္နားတြင္ ဒူးဖံုးဂါဝန္အျဖဴေလးနွင့္ ဂ်င္းအက်ႌအပါးေလး ထပ္ဝတ္ထားေသာ ဟန္နီေမ့ကို ေတြ႕လိုက္ရသည္။ ဧကေျခလွမ္းမ်ားက အလိုလို ဟန္နီေမရွိရာကို လွမ္းေနမိသည္။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း

“ေမာနင္း ဟန္နီ”

“ဟယ္ ကိုဧက ဘယ္ကိုလာတာလဲ”

“ဟန္နီ႔ဆီကိုေလ”

“ဟင္..”

“ေၾသာ္ ဒီလုိေလ ကၽြန္ေတာ္ကရိုက္ကြင္းကိုလာတာ ဒါေပမဲ့ ဟန္နီ႔ကိုေတြ႔လိုက္လို႔ ဟန္နီ႔ဆီကိုလာလိုက္တာ”

“ေၾသာ္ ဟုတ္ကဲ့”

“ဟန္နီ႔ၾကည့္ရတာ ကိုယ့္ကိုျမင္တာ သိပ္ဝမ္းမသာသလိုပဲေနာ္”

“မဟုတ္ပါဘူး ဝမ္းသာပါတယ္ ဟန္နီက ဒီလုိပဲေနတတ္လို႔ပါ”

“ထားပါေတာ့ ထုိင္ရေအာင္ေလ”

ဧက ကေရကူးကန္ေဘးနားက ခံုေလးကိုလက္နဲ႔ညႊန္ျပေတာ့ ဟန္နီလည္းေခါင္းညိတ္ရင္း ထုိင္ခ်လိုက္သည္။ တကယ္ေတာ့ ဟန္နီသည္ ဧကသုကို မထင္မွတ္ဘဲ ျမင္လိုက္ရေတာ့ ထခံုမိမတတ္ ဝမ္းသာသြားသည္။ ဝမ္းသာလံုး ဆို႔သြားလို႔ ဘာမွ ျပန္မေျပာႏိုင္ေလာက္ေအာင္သာ ျဖစ္သြားျခင္းျဖစ္သည္။

ၾကည့္လိုက္တုိင္း ေႏြးေထြးပံုေပၚေသာ မ်က္ဝန္းမ်ားက ဟန္နီ႔ ကို လွလွပပႀကီး ဖမ္းစားေနေလၿပီ။ ဧကသု၏ အေျပာအဆို၊ အမူအရာ၊ အၾကည့္၊ အရာအားလံုးက ဟန္နီ႔အတြက္ ရင္ခုန္စရာမ်ားျဖစ္ေနသည္။ ဟန္နီႏွင့္ ဧကသုစကားလက္ဆံုက်ေနစဥ္ ယမံုေရာက္လာသည္။

“ဟန္နီေရ ရႈတင္စေတာ့မယ္…. ေနပါဦး ဒါဘယ္သူလဲ… ကိုဧကသုပါလား.. ကၽြန္မသူငယ္ခ်င္းကို တစ္ခုခု တိုက္လိုက္ေသးလား””

“ဟင္ မတိုက္ပါဘူးဗ်ာ ဘာလို႔လဲ”

“ေၾသာ္ စိတ္ပူလို႔ပါ ဟိုေန႔ညကလို အလာဂ်ီထမွာစိုးလို႔”

ယမံု႔ရဲ့စကားကိုၾကားေတာ့ ဧကသုက ဟန္နီ႔ဘက္ကိုလွည့္ၾကည့္သည္။ ဟန္နီကေတာ့ ယမံု႔ကို အလိုက္မသိေလျခင္း ဟု စိတ္ထဲကႀကိတ္ၿပီး အျပစ္တင္ကာ ဧကကို အားနာျပံဳးေလး ျပံဳးျပလိုက္သည္။

“အားနာလိုက္တာ ဟန္နီရယ္ ကၽြန္ေတာ္ တကယ္ကို မရည္ရြယ္တာပါ”

“ရပါတယ္ ကိုဧက နည္းနည္းပါးပါးပါပဲ”

“ကဲ ဟန္နီ ရႈတင္က စေတာ့မယ္ ကိုဧကသု ရွင့္ကိုဒါရိုက္တာေခၚေနၿပီ”

ယမံု ၾကားက ဝင္ေျပာလိုက္ေတာ့ ဧကသုက “အိုေက” ဟုေျပာကာ ဟိုတယ္ထဲျပန္ဝင္သြားသည္။ ဟန္နီက ယမံု႔ကို  မ်က္ေစာင္းထုိးရင္း…

“ယမံုကလည္း ဘာလို႔ေျပာလိုက္တာလဲ အားနာစရာႀကီး”

“ဟဲ့ ဘာအားနာစရာလိုလဲ.. သူတိုက္တာေသာက္ၿပီး နင္အလာဂ်ီျဖစ္တာအမွန္ပဲေလ မဟုတ္ဘူးလား”

“ဒါေတာ့ ဒါေပါ့ဟယ္ ဒါေပမဲ့..”

“ဒါေပမဲ့မေနနဲ႔… နင္ေနာ္ သူ႔ကိုဆို ပိုလြန္းတယ္… နင့္မွာ မိတ္ေဆြအသစ္တိုးလာတာ ငါဝမ္းသာပါတယ္ ဒါေပမဲ့ သူ႔ကိုေတာ့ မိတ္ေဆြအဆင့္ထက္ မပိုေစခ်င္ဘူး သူ႔မ်က္လံုးေတြက ပံုမွန္မဟုတ္ဘူး”

“ဟင္ ဒီေလာက္လွတဲ့မ်က္လံုးေတြကို” ဆိုေသာ စကားကိုေတာ့ စိတ္ထဲမွသာ ျပန္ေျပာလိုက္မိသည္။ ယမံုက ဟန္နီ႔ကို ေစတနာအမွန္ႏွင့္ စိတ္ပူေပးေနမွန္း သိေသာေၾကာင့္ “အင္းပါ” ဟုသာ ေျပာလိုက္သည္။ သို႔ေသာ္ ဧကသုက ယမံု စိတ္ပူေနသလိုမဟုတ္ဘဲ စိတ္ရင္းေကာင္းၿပီး ေႏြးေထြးၾကင္နာတတ္သူျဖစ္ေၾကာင္း ဟန္နီကိုယ္တိုင္သာ သိေလသည္။

======================================

ဟန္နီသည္ သီခ်င္းေလးညည္းရင္း ကားကို ခပ္မွန္မွန္ေလးေမာင္းလာခဲ့သည္။ ပံုမွန္ဆို ဟန္နီက ကားေမာင္းၿပီး သြားေလ့ရွိသူမဟုတ္ေပမဲ့ ဒီေန႔ေတာ့ ယမံု႔ကို မေခၚခ်င္ေသာေၾကာင့္ ကိုယ္တိုင္ ေမာင္းလာခဲ့ျခင္းျဖစ္သည္။ ဒီေန႔မနက္တစ္ပိုင္းလံုးအားၿပီး ညေနပိုင္းသာ ရႈတင္ရွိေသာေၾကာင့္ ယမံုက ဟန္နီ႔အနားတြင္ရွိမေနသည္က တစ္ေယာက္တည္းသြားခ်င္ေသာ ဟန္နီ႔အတြက္အခြင့္ေကာင္းပင္ျဖစ္သည္။ ပါတီပြဲတြင္ ဧကတိုက္ေသာအေအးကိုေသာက္ရင္း အလာဂ်ီျဖစ္သြားေသာ ကိစၥ ကို ဧကသုက ေတာင္းပန္ရင္း ေန႔လယ္စာေကၽြးခ်င္သည္ ဆိုေသာေၾကာင့္ ဟန္နီက ယမံုမသိေအာင္ တိတ္တိတ္ကေလး လက္ခံၿပီး ထြက္လာခဲ့ျခင္းျဖစ္သည္။

ဟန္နီက ကားကုိ လမ္းသြယ္မွ လမ္းမတန္းသို႔ ေကြ႔ၿပီးအထြက္တြင္ လမ္းမတန္းမွ  ေကြ႔၀င္လာေသာ လူတစ္ေယာက္ကိုရုတ္တရက္ျမင္လိုက္ေသာေၾကာင့္ ကားကိုဘရိတ္အျမန္အုပ္လိုက္ရသည္။ ကၽြီကနဲ ျမည္သံနွင့္အတူ ဟန္နီလည္း ေရွ႕ကိုငိုက္က်သြားသည္။ သြားၿပီ.. တိုက္ၿပီလားမသိ..။ ဟန္နီ႔တစ္ကိုယ္လံုးတုန္ယင္စြာျဖင့္ ကားေရွ႕ကိုလည္ပင္းရွည္ကာၾကည့္လိုက္သည္။ ဟန္နီ႔ကားႏွင့္တိုးမိေသာသူက သူ႔ဘာသာကုန္းရုန္းထၿပီး ေပသြားေသာ ဖုန္မ်ားကိုခါေနသည္။ ဟန္နီသည္ ရင္ဘတ္ကိုဖိကာ “ေတာ္ေသးတာေပါ့” ဟုခပ္တိုးတိုးေရရြတ္ရင္း ကားတံခါးဖြင့္ကာဆင္းလိုက္သည္။

“ဘာျဖစ္သြားေသးလဲဟင္ ဟန္နီေတာင္းပန္ပါတယ္ေနာ္ ရွင္ကရုတ္တရက္ၾကီးထြက္လာလို႔ပါ”

“ရပါတယ္ ကၽြန္ေတာ္လည္းကားကိုမျမင္လိုက္လို႔… ဟာ မဟန္နီေမပါလား ေနေကာင္းသြားၿပီေပါ့”

ထိုသူကႏႈတ္ဆက္မွ ဟန္နီကေသခ်ာၾကည့္မိသည္။ ဟိုတစ္ခါက ကပိုကယိုျဖစ္ေနတဲ့ ဆရာဝန္က အခုက်ေတာ့ ရွပ္လက္ရွည္ႏွင့္စတိုင္ပန္ႏွင့္ သပ္ရပ္ေနသည္။ ဆံပင္ကိုလည္း ေသခ်ာၿဖီးထားေသာေၾကာင့္ ဒီတစ္ခါမွာေတာ့ ဆရာဝန္ပံု ေပါက္ေနေလသည္။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း – ၂)

“ေၾသာ္ မွတ္ေတာင္မမွတ္မိဘူး”

“ကၽြန္ေတာ္ အရမ္းေခ်ာေနလို႔ မေမ မမွတ္မိတာ သဘာဝက်ပါတယ္”

“ဟင္ ဘယ္လိုေခၚလိုက္တယ္”

“မေမ လို႔ေခၚလိုက္တာပါ နာမည္အျပည့္အစံုေခၚေတာ့ နည္းနည္းရွည္သလားလို႔”

“မရွည္ပါဘူး ၃ လံုးတည္းေလ ဟန္ နီ ေမ”

ဇြဲသစ္က ဟန္နီေမေျပာေသာ ပံုေလးကို သေဘာက်ကာၿပံဳးလိုက္ရင္း…

“ဟုတ္ပါၿပီ မေမက မႀကိဳက္ရင္လည္း မေခၚေတာ့ပါဘူး… ေၾသာ္ ေျပာရင္းဆိုရင္းေခၚမိျပန္ၿပီ”

ဟန္နီက ဇြဲသစ္ကိုမ်က္ေစာင္းထိုးလိုက္ရင္း..

“ကဲ ထားလိုက္ေတာ့ ဘာမွမျဖစ္ဘူးဆိုရင္လည္း ကၽြန္မသြားေတာ့မယ္”

“ဟုတ္ကဲ့ ကားကို သထိထားေမာင္းပါ”

ေခါင္းတစ္ခ်က္ညိတ္ျပကာ ကားေပၚတက္ၿပီး ေမာင္းထြက္သြားသည့္ ဟန္နီ႔ကားေလးကို ျမင္ကြင္းမွ ေပ်ာက္သြားသည္အထိ ဇြဲသစ္ရပ္ၾကည့္ေနမိသည္။

ညိမ္း (UCSY)

<<< Unicode >>>

ဧကသု၏ အပြောအဆို၊ အမူအရာ၊ အကြည့်၊ အရာအားလုံးက ဟန်နီ့အတွက် ရင်ခုန်စရာများဖြစ်နေသည်။

ရှုတင်ရှိသည့် ဟိုတယ်ဝင်းထဲသို့ ကားကိုကွေ့ဝင်ပြီး ကားပါကင်မှာ နေရာတကျ ထိုးထားလိုက်သည်။ ဧကသုက ရှုတင်ကိုတစ်ယောက်တည်းလာလေ့ရှိပြီး သူ့မန်နေဂျာက နောက်မှ ကားနှင့် သီးသန့်လာလေ့ရှိသည်။ ဒီနေ့လိုမျိုး MTV ရိုက်ကွင်းလိုမျိုး ဆိုလျှင်တော့ တစ်ယောက်တည်းသာ အဝတ်အစား စီစဉ်ပြီး လာလေ့ရှိသည်။ အဝတ်အစားထည့်ထားသော လက်ဂေ့ဂျ်ကို ကားနောက်ခန်းမှဆွဲချပြီး ဟိုတယ်လော်ဘီထဲသို့ဝင်ခဲ့သည်။ ဒါရိုက်တာနှင့် ရိုက်ကွင်းအဖွဲ့သားများက ရောက်နှင့်နေပြီဖြစ်သည်။

“ဆရာ ကျွန်တော်နောက်မကျပါဘူးနော်”

“နောက်မကျပါဘူး ဧကရာ… မင်းကအမြဲ အချိန်မှန်တာပဲကို”

“ဘယ်တော့စမှာလဲ”

“ခဏနေရင် စမယ် ကုဋေထက်နဲ့ မင်းမောင် ကျန်သေးတယ် ဟန်နီမေက ရောက်နေပြီ”

ဟန်နီမေဆိုသောအသံကြောင့် ဧက မျက်ခုံးပင့်သွားသည်။ အစက ဒီရိုက်ကွင်းမှာ ဟန်နီမေပါတယ်ဟု မကြားမိ.. ကုဋေထက်နှင့် နှစ်ယောက်တည်းဟု ကြားထားသည်လေ။

“ဟန်နီမေ ဟုတ်လား…”

“အေး အဆိုတော်နဲ့ စကားထပ်ပြောဖြစ်တော့ ဇာတ်ပုံစံနည်းနည်းပြောင်းသွားတယ် မင်းနဲ့ ကုဋေက တစ်တွဲ မင်းမောင်နဲ့ ဟန်နီမေက တစ်တွဲ အဲဒီလိုလေး ပုံဖော်ရင် ပိုကောင်းမယ်ထင်လို့”

“သြော်… ဟန်နီမေက အခုဘယ်မှာလဲ”

“outdoor scene စမှာမို့လို့ ရေကူးကန်နားမှာ…ဒါနဲ့ ဧက ဟန်နီမေက မင်းနဲ့သိတယ်မလား”

“အင်း အဲဒါကြောင့် သွားနှုတ်ဆက်မလို့”

ဧက ဒါရိုက်တာကို ပြန်ဖြေပြီး ရေကူးကန်ဘက် ထွက်လာခဲ့သည်။ ရေကူးကန်နားတွင် ဒူးဖုံးဂါဝန်အဖြူလေးနှင့် ဂျင်းအင်္ကျီအပါးလေး ထပ်ဝတ်ထားသော ဟန်နီမေ့ကို တွေ့လိုက်ရသည်။ ဧကခြေလှမ်းများက အလိုလို ဟန်နီမေရှိရာကို လှမ်းနေမိသည်။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း

“မောနင်း ဟန်နီ”

“ဟယ် ကိုဧက ဘယ်ကိုလာတာလဲ”

“ဟန်နီ့ဆီကိုလေ”

“ဟင်..”

“သြော် ဒီလိုလေ ကျွန်တော်ကရိုက်ကွင်းကိုလာတာ ဒါပေမဲ့ ဟန်နီ့ကိုတွေ့လိုက်လို့ ဟန်နီ့ဆီကိုလာလိုက်တာ”

“သြော် ဟုတ်ကဲ့”

“ဟန်နီ့ကြည့်ရတာ ကိုယ့်ကိုမြင်တာ သိပ်ဝမ်းမသာသလိုပဲနော်”

“မဟုတ်ပါဘူး ဝမ်းသာပါတယ် ဟန်နီက ဒီလိုပဲနေတတ်လို့ပါ”

“ထားပါတော့ ထိုင်ရအောင်လေ”

ဧက ကရေကူးကန်ဘေးနားက ခုံလေးကိုလက်နဲ့ညွှန်ပြတော့ ဟန်နီလည်းခေါင်းညိတ်ရင်း ထိုင်ချလိုက်သည်။ တကယ်တော့ ဟန်နီသည် ဧကသုကို မထင်မှတ်ဘဲ မြင်လိုက်ရတော့ ထခုံမိမတတ် ဝမ်းသာသွားသည်။ ဝမ်းသာလုံး ဆို့သွားလို့ ဘာမှ ပြန်မပြောနိုင်လောက်အောင်သာ ဖြစ်သွားခြင်းဖြစ်သည်။

ကြည့်လိုက်တိုင်း နွေးထွေးပုံပေါ်သော မျက်ဝန်းများက ဟန်နီ့ ကို လှလှပပကြီး ဖမ်းစားနေလေပြီ။ ဧကသု၏ အပြောအဆို၊ အမူအရာ၊ အကြည့်၊ အရာအားလုံးက ဟန်နီ့အတွက် ရင်ခုန်စရာများဖြစ်နေသည်။ ဟန်နီနှင့် ဧကသုစကားလက်ဆုံကျနေစဉ် ယမုံရောက်လာသည်။

“ဟန်နီရေ ရှုတင်စတော့မယ်…. နေပါဦး ဒါဘယ်သူလဲ… ကိုဧကသုပါလား.. ကျွန်မသူငယ်ချင်းကို တစ်ခုခု တိုက်လိုက်သေးလား””

“ဟင် မတိုက်ပါဘူးဗျာ ဘာလို့လဲ”

“သြော် စိတ်ပူလို့ပါ ဟိုနေ့ညကလို အလာဂျီထမှာစိုးလို့”

ယမုံ့ရဲ့စကားကိုကြားတော့ ဧကသုက ဟန်နီ့ဘက်ကိုလှည့်ကြည့်သည်။ ဟန်နီကတော့ ယမုံ့ကို အလိုက်မသိလေခြင်း ဟု စိတ်ထဲကကြိတ်ပြီး အပြစ်တင်ကာ ဧကကို အားနာပြုံးလေး ပြုံးပြလိုက်သည်။

“အားနာလိုက်တာ ဟန်နီရယ် ကျွန်တော် တကယ်ကို မရည်ရွယ်တာပါ”

“ရပါတယ် ကိုဧက နည်းနည်းပါးပါးပါပဲ”

“ကဲ ဟန်နီ ရှုတင်က စတော့မယ် ကိုဧကသု ရှင့်ကိုဒါရိုက်တာခေါ်နေပြီ”

ယမုံ ကြားက ဝင်ပြောလိုက်တော့ ဧကသုက “အိုကေ” ဟုပြောကာ ဟိုတယ်ထဲပြန်ဝင်သွားသည်။ ဟန်နီက ယမုံ့ကို မျက်စောင်းထိုးရင်း…

“ယမုံကလည်း ဘာလို့ပြောလိုက်တာလဲ အားနာစရာကြီး”

“ဟဲ့ ဘာအားနာစရာလိုလဲ.. သူတိုက်တာသောက်ပြီး နင်အလာဂျီဖြစ်တာအမှန်ပဲလေ မဟုတ်ဘူးလား”

“ဒါတော့ ဒါပေါ့ဟယ် ဒါပေမဲ့..”

“ဒါပေမဲ့မနေနဲ့… နင်နော် သူ့ကိုဆို ပိုလွန်းတယ်… နင့်မှာ မိတ်ဆွေအသစ်တိုးလာတာ ငါဝမ်းသာပါတယ် ဒါပေမဲ့ သူ့ကိုတော့ မိတ်ဆွေအဆင့်ထက် မပိုစေချင်ဘူး သူ့မျက်လုံးတွေက ပုံမှန်မဟုတ်ဘူး”

“ဟင် ဒီလောက်လှတဲ့မျက်လုံးတွေကို” ဆိုသော စကားကိုတော့ စိတ်ထဲမှသာ ပြန်ပြောလိုက်မိသည်။ ယမုံက ဟန်နီ့ကို စေတနာအမှန်နှင့် စိတ်ပူပေးနေမှန်း သိသောကြောင့် “အင်းပါ” ဟုသာ ပြောလိုက်သည်။ သို့သော် ဧကသုက ယမုံ စိတ်ပူနေသလိုမဟုတ်ဘဲ စိတ်ရင်းကောင်းပြီး နွေးထွေးကြင်နာတတ်သူဖြစ်ကြောင်း ဟန်နီကိုယ်တိုင်သာ သိလေသည်။

======================================

ဟန်နီသည် သီချင်းလေးညည်းရင်း ကားကို ခပ်မှန်မှန်လေးမောင်းလာခဲ့သည်။ ပုံမှန်ဆို ဟန်နီက ကားမောင်းပြီး သွားလေ့ရှိသူမဟုတ်ပေမဲ့ ဒီနေ့တော့ ယမုံ့ကို မခေါ်ချင်သောကြောင့် ကိုယ်တိုင် မောင်းလာခဲ့ခြင်းဖြစ်သည်။ ဒီနေ့မနက်တစ်ပိုင်းလုံးအားပြီး ညနေပိုင်းသာ ရှုတင်ရှိသောကြောင့် ယမုံက ဟန်နီ့အနားတွင်ရှိမနေသည်က တစ်ယောက်တည်းသွားချင်သော ဟန်နီ့အတွက်အခွင့်ကောင်းပင်ဖြစ်သည်။ ပါတီပွဲတွင် ဧကတိုက်သောအအေးကိုသောက်ရင်း အလာဂျီဖြစ်သွားသော ကိစ္စ ကို ဧကသုက တောင်းပန်ရင်း နေ့လယ်စာကျွေးချင်သည် ဆိုသောကြောင့် ဟန်နီက ယမုံမသိအောင် တိတ်တိတ်ကလေး လက်ခံပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။

ဟန်နီက ကားကို လမ်းသွယ်မှ လမ်းမတန်းသို့ ကွေ့ပြီးအထွက်တွင် လမ်းမတန်းမှ ကွေ့ဝင်လာသော လူတစ်ယောက်ကိုရုတ်တရက်မြင်လိုက်သောကြောင့် ကားကိုဘရိတ်အမြန်အုပ်လိုက်ရသည်။ ကျွီကနဲ မြည်သံနှင့်အတူ ဟန်နီလည်း ရှေ့ကိုငိုက်ကျသွားသည်။ သွားပြီ.. တိုက်ပြီလားမသိ..။ ဟန်နီ့တစ်ကိုယ်လုံးတုန်ယင်စွာဖြင့် ကားရှေ့ကိုလည်ပင်းရှည်ကာကြည့်လိုက်သည်။ ဟန်နီ့ကားနှင့်တိုးမိသောသူက သူ့ဘာသာကုန်းရုန်းထပြီး ပေသွားသော ဖုန်များကိုခါနေသည်။ ဟန်နီသည် ရင်ဘတ်ကိုဖိကာ “တော်သေးတာပေါ့” ဟုခပ်တိုးတိုးရေရွတ်ရင်း ကားတံခါးဖွင့်ကာဆင်းလိုက်သည်။

“ဘာဖြစ်သွားသေးလဲဟင် ဟန်နီတောင်းပန်ပါတယ်နော် ရှင်ကရုတ်တရက်ကြီးထွက်လာလို့ပါ”

“ရပါတယ် ကျွန်တော်လည်းကားကိုမမြင်လိုက်လို့… ဟာ မဟန်နီမေပါလား နေကောင်းသွားပြီပေါ့”

ထိုသူကနှုတ်ဆက်မှ ဟန်နီကသေချာကြည့်မိသည်။ ဟိုတစ်ခါက ကပိုကယိုဖြစ်နေတဲ့ ဆရာဝန်က အခုကျတော့ ရှပ်လက်ရှည်နှင့်စတိုင်ပန်နှင့် သပ်ရပ်နေသည်။ ဆံပင်ကိုလည်း သေချာဖြီးထားသောကြောင့် ဒီတစ်ခါမှာတော့ ဆရာဝန်ပုံ ပေါက်နေလေသည်။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း – ၂)

“သြော် မှတ်တောင်မမှတ်မိဘူး”

“ကျွန်တော် အရမ်းချောနေလို့ မမေ မမှတ်မိတာ သဘာဝကျပါတယ်”

“ဟင် ဘယ်လိုခေါ်လိုက်တယ်”

“မမေ လို့ခေါ်လိုက်တာပါ နာမည်အပြည့်အစုံခေါ်တော့ နည်းနည်းရှည်သလားလို့”

“မရှည်ပါဘူး ၃ လုံးတည်းလေ ဟန် နီ မေ”

ဇွဲသစ်က ဟန်နီမေပြောသော ပုံလေးကို သဘောကျကာပြုံးလိုက်ရင်း…

“ဟုတ်ပါပြီ မမေက မကြိုက်ရင်လည်း မခေါ်တော့ပါဘူး… သြော် ပြောရင်းဆိုရင်းခေါ်မိပြန်ပြီ”

ဟန်နီက ဇွဲသစ်ကိုမျက်စောင်းထိုးလိုက်ရင်း..

“ကဲ ထားလိုက်တော့ ဘာမှမဖြစ်ဘူးဆိုရင်လည်း ကျွန်မသွားတော့မယ်”

“ဟုတ်ကဲ့ ကားကို သထိထားမောင်းပါ”

ခေါင်းတစ်ချက်ညိတ်ပြကာ ကားပေါ်တက်ပြီး မောင်းထွက်သွားသည့် ဟန်နီ့ကားလေးကို မြင်ကွင်းမှ ပျောက်သွားသည်အထိ ဇွဲသစ်ရပ်ကြည့်နေမိသည်။

ညိမ်း (UCSY)

Leave a Reply

Your email address will not be published. Required fields are marked *