FUN

အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း – ၂)

တကယ္တမ္း ယမံုေျပာ၍သာ ဆရာဝန္ဟူ၍ ယံုရသည္၊ ကပိုကယို၊ ရႈပ္ပြပြျဖစ္ေနေသာ ထိုလူသား၏ မ်က္မွန္ေအာက္ကေန လူကိုျပဴးၿပဲၾကည့္ေနပံုကိုကစ ေၾကာင္ေတာင္ေတာင္ ႏိုင္လွသည္။

“အား ယားလိုက္တာ”

ဟန္နီသည္ လက္ဝါးအခ်င္းခ်င္းပြတ္ရင္း အိပ္ယာထက္မွာ ဝုန္းခနဲ ထထိုင္လိုက္မိသည္။ လက္ဝါးႏွစ္ဖက္ႏွင့္ လက္တစ္ေလွ်ာက္ နီရဲေသာ အကြက္မ်ား အစက္မ်ား ထကာ စပ္ဖ်ဥ္းဖ်ဥ္းနွင့္ ယားေနသည္။ အလာဂ်ီ ထၿပီ။ ညက ကိုယ္ထဲ အနည္းငယ္သာဝင္ခဲ့ေသာ အယ္လ္ကိုေဟာပမာဏနည္းနည္းက မ်ားမ်ားပညာျပေနေခ်ၿပီ။ အိပ္ရာေဘးက စားပြဲတင္နာရီကို လွမ္းယူ ၾကည့္လိုက္ေတာ့ မနက္ ၃ နာရီသာရွိေသးသည္။ မိုးမလင္းေသးခ်ိန္မို႔ ေဆးခန္းသြားဖို႔ကလည္း အဆင္မေျပေလာက္ေသး။

ဟန္နီတကၠသိုလ္တက္သည့္ အခ်ိန္၊ ယမံုတို႔ အိမ္တြင္ ပါတီလုပ္ရင္း ဝိုင္ေသာက္ကတည္းက ဟန္နီ႔မွာ အလာဂ်ီ ထၿပီး အယ္လ္ကိုေဟာႏွင့္ မတည့္မွန္း သိခဲ့ရသည္။ ထိုအခ်ိန္မွ စ၍ အယ္လ္ကိုေဟာႏွင့္ ပတ္သက္သမွ်ကို ေရွာင္ခဲ့တာ မေန႔ ညအေစာပိုင္းအထိပင္။ ဧကသု ယူလာေပးေသာ အေအးခြက္ထဲတြင္ အယ္လ္ကိုေဟာပါမွန္းမသိဘဲ ေသာက္မိ ကတည္းက အလာဂ်ီထေတာ့မည္မွန္း သိခဲ့ေသာ္ျငား ခ်က္ခ်င္းမျဖစ္ဘဲ မနက္ေစာေစာမွ ထျဖစ္တာေၾကာင့္ ေဆးဝယ္ရန္ လည္း အခက္။ ေဆးခန္းသြားရန္လည္း အခက္ ျဖစ္ေနသည္။

ဟန္နီ မွန္တင္ခံုေရွ႕ကိုေျပးသြားၿပီး မ်က္ႏွာ လည္ပင္းနွင့္ ေက်ာျပင္ဘက္ကို လွည့္ၾကည့္လိုက္သည္။ ကံေကာင္းစြာႏွင့္ ထိုေနရာမ်ားတြင္ေတာ့ ဘာမွရွိမေန။ လက္နွစ္ဖက္တြင္သာ နီရဲေနသည္။ ဒီပံုအတိုင္းဆို မနက္ရႈတင္ေတာင္ ဖ်က္ပစ္ရကိန္း ဆိုက္ေနၿပီ မဟုတ္ပါလား…

စားပြဲေပၚမွ ဖုန္းကိုေကာက္ယူကာ ယမံု႔ဆီသို႔ဖုန္းေခၚလိုက္သည္။ မနက္ ၃ နာရီမို႔ အားနာေပမဲ့ အားကိုးတိုင္ပင္စရာက ယမံုသာ ရွိသည္။ ေမေမ့ကိုႏိႈးၿပီးေျပာရင္လည္း ေနာက္ဆံုးတြင္ “ယမံု႔ကို ဖုန္းဆက္” ဆိုသည့္ စကားသာ ထြက္လာလိမ့္မည္မွန္း ေသခ်ာေနသည္။

“ဟဲလို ယမံု… ငါအလာဂ်ီထေနတယ္”

“ဘာ ဘာျဖစ္တယ္”

“အလာဂ်ီေလ အယ္လ္ကိုေဟာအလာဂ်ီ ထေနတယ္လို႔ လက္ႏွစ္ဖက္လံုးနီရဲၿပီး စပ္ဖ်ဥ္းဖ်ဥ္း ယားက်ိက်ိနဲ႔”

“ဟဲ့ ဟန္နီ နင္ အယ္လ္ကိုေဟာအလာဂ်ီရွိမွန္းသိလို႔ ေရွာင္ခဲ့တာ ၾကာၿပီမဟုတ္လား ဘယ္လိုျဖစ္လို႔ ဒီအခ်ိန္ႀကီး ထျဖစ္ရတာလဲ”

“အဲဒါက ေနာက္မွေျပာမယ္ဟာ အခု ငါဘယ္လိုလုပ္ရမလဲ”

“ေဆးခန္းသြားရမွာေပါ့ ေဆးေလးဘာေလး လိမ္းမွ အဆင္ေျပမွာ”

“ဒီအခ်ိန္ႀကီး ဘယ္ေဆးခန္းရွိမွာလဲ… ေဆးရံုပဲသြားရမလား”

“ငါတို႔လမ္းထဲမွာ ေဆးခန္းတစ္ခုေတာ့ရွိတယ္ ဆရာဝန္က သူ႔အိမ္မွာပဲ ဖြင့္ထားတာ အဲဒီကိုသြားၾကည့္မလား ငါလာေခၚမယ္ေလ”

“အိုေကေလ သြားတာေပါ့”

ႏွစ္လမ္းေက်ာ္မွာေနတဲ့ ယမံုက ခဏေလးႏွင့္ ေရာက္လာမည္မို႔ ဟန္နီက ေမေမ့ကိုႏႈိး၍ အက်ိဳးအေၾကာင္း ေျပာျပကာ အိမ္ေရွ႕ထြက္ေစာင့္ေနလိုက္သည္။ ယမံု႔ကားေရာက္လာသည္ႏွင့္ ကားေပၚတက္ၿပီး ယမံုက ေဆးခန္းကို အျမန္ ေမာင္းေတာ့သည္။ ၆ ထပ္တိုက္ ေရွ႕မွာ ကားကိုရပ္လိုက္ၿပီး လူေခၚဘဲလ္ကို နွိပ္လိုက္သည္။

၅ မိနစ္ေလာက္ၾကာမွ ေျမညီထပ္ကေန ဆံပင္စုတ္ဖြား အဝတ္အစား ကပိုကယိုနွင့္ လူတစ္ေယာက္ထြက္လာသည္။ လက္ထဲမွ ကိုင္းအနက္နွင့္ မ်က္မွန္ေလးေထာင့္ကို တပ္ရင္း ဟန္နီႏွင့္ ယမံု႔ကို ျပဴးၿပဲၿပီး ၾကည့္ေနသည္။

“ဘယ္သူေတြလဲဗ်… ဒီအခ်ိန္ႀကီး ဘာကိစၥရွိလို႔လဲ”

“အေရးႀကီးလို႔ပါ ေဒါက္တာ ကၽြန္မသူငယ္ခ်င္း အလာဂ်ီထလို႔ပါ”

“ေၾသာ္ လာ လာ အထဲဝင္”

ထိုလူက သံပန္းတံခါးကို ဖြင့္ေပးကာ ေရွ႕ကေန၀င္သြားသည္။ ဟန္နီက ယမံုေနာက္ကလိုက္ဝင္ရင္း “သူက ဆရာဝန္ လား” ဟုခပ္တိုးတိုးေမးျခင္းကို ယမံုက မ်က္လံုးျပဴးရင္း ေခါင္းညိတ္ျပရင္းျဖင့္ ေျဖေလသည္။ တကယ္တမ္း ယမံုေျပာ၍သာ ဆရာဝန္ဟူ၍ ယံုရသည္၊ ကပိုကယို၊ ရႈပ္ပြပြျဖစ္ေနေသာ ထိုလူသား၏ မ်က္မွန္ေအာက္ကေန လူကိုျပဴးၿပဲၾကည့္ေနပံုကိုကစ ေၾကာင္ေတာင္ေတာင္ ႏိုင္လွသည္။

ထိုလူက တိုက္ခန္းေရွ႕ျခမ္းက သီးသန္႔ဖြဲ႔ထားေသာ အခန္းေလးထဲဝင္ကာ  မီးဖြင့္လိုက္သည္။ ေဆးခန္းအတြက္ သီးသန္႔ဖြဲ႔ထားေသာ အခန္းေလးထဲက ေလးေပမီးေခ်ာင္းေလး လင္းသြားသည္။ မီးလင္းသြားမွ နံရံတြင္ကပ္ထားေသာ  ေဒါက္တာဇြဲသစ္ ဆိုေသာ ဆိုင္းဘုတ္အျပာေလးကိုေတြ႕လိုက္သည္။

“ထိုင္ပါ ညီမ ဘယ္လိုျဖစ္တာလဲ”

“အယ္လ္ကိုေဟာအလာဂ်ီပါ”

ေဒါက္တာဇြဲသစ္က ဟန္နီ႔လက္ႏွစ္ဖက္ကို ဆြဲၾကည့္ရင္း

“အယ္လ္ကိုေဟာ အလာဂ်ီမွန္းသိတယ္ဆိုေတာ့ အရင္ကတည္းက ျဖစ္ဖူးတယ္ေပါ့ ဟုတ္လား ?? ဒါနဲ႔မ်ား ဘာလို႔မ်ား  ထပ္ေသာက္တာလဲဗ်ာ ဒီေလာက္ခံရခက္တာကို”

“သိရဲ့သားနဲ႔ေတာ့ ေသာက္မလားရွင္… သူငယ္ခ်င္းက ယူလာေပးတာကို မေတာ္တဆ ေသာက္လိုက္မိတာ”

ဟန္နီက မ်က္ေစာင္းထိုးရင္း ဘုဆတ္ဆတ္ ျပန္ေျပာလိုက္သည္။ ဒီေလာက္ ခံရဆိုးတဲ့ ေဝဒနာကို မည္သူက မတည့္မွန္း သိလ်က္ႏွင့္ ေသာက္ေနမည္နည္း!! ဟန္နီ႔ပံုကိုၾကည့္ကာ သူက ျပံဳးလိုက္ရင္း…

“ပမာဏေတာ့ နည္းတဲ့ပံုပါပဲ… လက္မွာ ျဖစ္တာဆိုေတာ့”

“တစ္ငံုပဲ ေသာက္ခဲ့တာပါ”

“အင္း အဲဒါ ကံေကာင္းသြားတယ္.. ကဲ လိမ္းေဆးပဲ ေပးလိုက္မယ္ ပြတ္မလိမ္းနဲ႔ ဖြဖြေလးလိမ္းေပးေနာ္”

ဟန္နီက ေခါင္းညိတ္လိုက္စဥ္ ယမံုက ဝင္ေျပာသည္။

“မနက္ျဖန္ေတာ့ ေပ်ာက္မွာပါေနာ္ ေဒါက္တာ”

“မနက္ျဖန္ေတာ့ အလုပ္ခြင့္ယူလိုက္ရင္ ပိုေကာင္းမွာပါ… အိမ္မွာပဲ သက္ေတာင့္သက္သာ နားေစခ်င္တယ္ ဘာအလုပ္ လုပ္သလဲ”

ထိုေမးခြန္းကို ေမးလိုက္ေသာေၾကာင့္ ဟန္နီသူ႔ကို ဖ်တ္ခနဲၾကည့္လုိက္မိသည္။ ဟန္နီသည္ လွ်မ္းလွ်မ္းေတာက္   ေအာင္ျမင္ေနတာမ်ိဳး မဟုတ္ေသးေသာ္လည္း ေၾကာ္ျငာ မဂၢဇင္းေတြမွာ မၾကာခဏ ပါေနသူျဖစ္သည္။ သူသိလ်က္နဲ႔ တမင္မ်ား ေမးေနလားဟု အကဲခတ္ေသာ္လည္း သူ႔မ်က္နွာကပံုမွန္ပင္။

“သ႐ုပ္ေဆာင္ပါဆရာ”

ဟန္နီက မေျဖေသာေၾကာင့္ ယမံုကပဲ  ဝင္ေျဖသည္။

“ေၾသာ္… ဒါဆိုလည္း ႐ႈတင္တစ္ရက္ေလာက္ေတာ့နားလိုက္ပါ။ မိတ္ကပ္ေတြဘာေတြ လိမ္းရင္ ပိုိဆိုးမွာ… ကဲ ေဆးမွတ္တမ္းေလးယူရေအာင္ နာမည္က…”

“ဟန္နီေမ”

“အသက္..”

“၂၄”

Related Article >>> သစ္ခက္ေလးရဲ႕ေကာင္းကင္ၿပာ

=================================

ေဆးခန္းထဲကထြက္လာေတာ့ အလင္းေရာင္ အနည္းငယ္ ျမင္ေနရၿပီျဖစ္၍ တိုက္ခန္းေရွ႕က “ဇြဲ ေဆးကုခန္း”  ဆိုေသာ ဆိုင္းဘုတ္ကို ျမင္လိုက္ရသည္။ ေဝလီေဝလင္းမွာ ေဆးထကုေပးတာ အားနာစရာ ေက်းဇူးတင္စရာေပမဲ့ ဟန္နီ ကေတာ့ သိပ္မေက်နပ္ခ်င္။ လူကိုဆရာႀကီးလုပ္တာေရာ ဟန္နီ႔ကို သိေတာင္သိပံုမေပၚတာေရာကို မေက်နပ္။

“ဟဲ့ ဟန္နီ မ်က္နွာကလည္း စူပုပ္လို႔ ဘာျဖစ္ေနတာလဲ”

“ဟိုလူေပါ့.. ငါ့ကို သိေတာင္မသိဘူး”

“ေဒါက္တာကိုေျပာတာလား… သူက တီဗီမၾကည့္လို႔ေနမွာေပါ့ဟာ”

“ဘာပဲျဖစ္ျဖစ္ဟာ ေမာ္ဒယ္လ္လို႔ေျပာတာေတာင္ နည္းနည္းမွအံ့ၾသပံုမျပဘူး ဘယ္လိုလူလဲမသိဘူး… ေၾကာင္ေတာင္ေတာင္ ယိုတိယိုရြဲနဲ႔… ဆရာကလည္းလုပ္ေသးတယ္”

“ေအး အဲ့ဒီေၾကာင္ေတာင္ေတာင္နဲ႔ လူကပဲ မနက္ ၃ နာရီခြဲႀကီး နင့္ကို ေဆးထကုေပးတာ မဟုတ္ဘူးလား”

“ဟုတ္ပါတယ္ အဲ့ဒါေၾကာင့္လည္း ဘာမွမေျပာဘဲ သည္းခံေနတာ”

“အမေလး ဟန္နီရယ္ မဟုတ္တာကို ေကာက္ခ်င္ေနျပန္ၿပီ ကဲ ဒီေန႔ေတာ့ အိမ္မွာနားလိုက္ ဒီေန႔က ဓာတ္ပံု႐ႈတင္ပဲ ရွိတာမို႔လို႔ ေတာ္ေသးတယ္ ေနာက္ဆို အစားအေသာက္ အေနအထိုင္ ဆင္ျခင္ ၾကားလား… ေနာက္တစ္ပတ္လည္း အခ်ိန္ေတြက အျပည့္ေနာ္ ေနာက္လဆိုရင္ ဇာတ္လမ္းစရိုက္ေတာ့မွာ”

“ေအးပါဟာ… ငါဂ႐ုစိုက္ပါ့မယ္”

“အခု အလာဂ်ီက ဧကသုလက္ခ်က္ မဟုတ္လား”

“သူကတမင္လုပ္တာမဟုတ္ပါဘူးဟ မသိလုိ႔ယူလာေပးတာ ငါလည္း မသိလုိ႔ ေသာက္လိုက္တာ”

“အင္း အခုကတည္းက ကာေျပာေနတယ္ မိန္းမေနာ္ အခ်ိဳးေတြေျပာင္းေနၿပီ”

ယမံုေျပာတာကို ဟန္နီကဘာမွျပန္မေျပာဘဲ ရယ္သာရယ္ေနလိုက္သည္။ အိမ္ေရာက္ေတာ့ ေမေမက ဟန္နီ႔ ကို ေဆးလိမ္းေပးၿပီးေနာက္ ဟန္နီလည္း အိပ္ရာထဲျပန္ဝင္ကာ ေခြေနလိုက္သည္။ အေတြးထဲတြင္ စိုးမိုးလာေသာ ဧကသု ၏ အျပံဳးခ်ိဳခ်ိဳေလးမ်ားက ေဒါက္တာဇြဲသစ္ေၾကာင့္ ျဖစ္ခဲ့ရေသာ ေဒါသေတြကို လႊမ္းမိုးကာ ပတ္ဝန္းက်င္တစ္ခုလံုး ခ်ိဳျမလာသလိုပင္..

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း

============================

ေကာ္ဖီပူပူတစ္ခြက္ကို အရသာခံေသာက္ရင္း မနက္ခင္းေနထြက္လာသည္ကို ၾကည့္ရသည့္ ခံစားခ်က္ကို ဧကသု အႀကိဳက္ဆံုးျဖစ္သည္။ မွန္ေရွ႕တြင္ ကာထားေသာ လိုက္ကာရွည္ႏွစ္စကို ဆြဲၿပီး ေဘးကပ္ပစ္လိုက္သည္။ ရန္ကုန္ၿမိဳ႕၏ မနက္ ၄ နာရီခြဲအခ်ိန္သည္ အနည္းငယ္ ေအးခ်မ္းေနသည္ဟု ထင္ရသည္။ မၾကာမီအခ်ိန္တြင္ ကားမ်ား လူမ်ား ျဖင့္ လမ္းမမ်ားေပၚတြင္ ျပည့္ႏွက္လာေတာ့မည္။ ကြန္ဒို ၁၀ ထပ္ေျမာက္မွ လွမ္းျမင္ရေသာေကာင္းကင္သည္ တိမ္လႊာမ်ား အုပ္ဆိုင္းကာ ထူထူထဲထဲရွိလွသည္။ ေနမင္းမွျဖာထြက္ေသာ လိေမၼာ္ေရာင္အလင္းတန္းမ်ားကလည္း  တိမ္စိုင္မ်ားၾကားမွ ထိုးေဖာက္ယိုစီးလ်က္ရွိသည္။

ဧက ေကာ္ဖီခြက္ကိုကိုင္ရင္း မွန္နွင့္မ်က္ႏွာခ်င္းဆိုင္ခ်ထားေသာ ဆိုဖာခံုေပၚထုိင္ခ်လိုက္သည္။ နံရံကပ္ဘီ႐ိုေပၚတင္ ထားေသာ အေမႊးရည္ျဖန္းစက္ကေလးမွ အေငြ႔ဖြားေလးမ်ားထြက္လာကာ လာဗင္ဒါရန႔ံမ်ား သင္းပ်ံ႕လာေတာ့သည္။ နွာသိီးဝ သို႔ တိုးေဝွ႕လာေသာ လာဗင္ဒါရနံ႔ကို ရေတာ့မွ ညက ေတြ႕ခဲ့ရေသာ ခရမ္းႏုေရာင္မိန္းကေလးကို သတိရမိသည္။ ဟန္နီေမ… ခရမ္းေရာင္ေလးဝတ္ထားေတာ့ လာဗင္ဒါပန္းေလးႏွင့္ေတာင္ တူသလိုလိုပင္။

ဧက မိန္းကေလးအမ်ားႀကီးနွင့္ ေတြ႕ဖူးသည္။ ခဏတာ ခင္မင္ဖူးသည္။ သို႔ေသာ္ တစ္ေယာက္ကိုမွ ဟန္နီေမ ကဲ့သို႔ စိတ္ထဲစြဲစြဲထင္ထင္ မရွိလွ။ ဧကသုက ေက်ာ္ၾကားသည္။ လူအမ်ားစုက သူ႔ေက်ာ္ၾကားမႈေၾကာင့္သာ သူ႔ကို ခင္မင္ရင္းႏွီးလို ၾကသည္။ ထို႔ေၾကာင့္ သူ႔တြင္မိတ္ေဆြအစစ္ေတာ့ ေတာ္ေတာ္ရွားသည္။ အနုပညာေလာကတြင္းမွ ေမာင္နွမလို ခင္မင္ရသူ အခ်ိဳ႕နွင့္ ေက်ာင္းကတည္းက ခင္ခဲ့သည့္ သူငယ္ခ်င္းအခ်ိဳ႕ေလာက္သာ သူ႔အတြက္ အစစ္အမွန္ျဖစ္သည္။ မိန္းကေလးမ်ားနွင့္ ပတ္သက္လာလွ်င္လည္း ထိုနည္းအတိုင္းပင္။ ေအာင္ျမင္လိုေသာ တက္သစ္စကေလးမ်ားက သူ႔ကိုကပ္သည္။ ပိုက္ဆံရွိ အသိုင္းအဝိုင္းႀကီးႀကီးက မိန္းကေလးမ်ားက သူ႔ကိုကပ္သည္။ သို႔ေသာ္ အတုအေယာင္မ်ားပင္။ ထို႔ေၾကာင့္ ဧကေဘးတြင္ မိန္းကေလးမ်ား ဝိုင္းေနေသာ္လည္း ဧက နွလံုးသားကိုေတာ့ မည္သူကမွ ကိုင္မလႈပ္ႏိုင္ေသး။

ဟန္နီေမကို ေတြ႕ဖူးေသာ္လည္း တကယ္တမ္း စကားေျပာဖူးၿပီးမွ စိတ္ဝင္စားမိလာသည္မို႔ ကိုယ္ကိုယ္တိုင္ပင္ အံ့ၾသရသည္။ ညက သူေပးလိုက္သည့္ ဝိုင္တစ္ခြက္ေၾကာင့္ အလာဂ်ီမ်ား ထေနေသးလားလို႔ စိတ္ထဲထင့္သြားသည္။ ဖုန္းဆက္ေမးရေအာင္လည္း ဖုန္းနံပါတ္က မသိ။ ေဖ့စ္ဘုတ္တြင္လည္း သူငယ္ခ်င္းမဟုတ္။ ဒီထက္ပိုဆိုးသည္က သူ႔ဘက္က တမင္တကာ လိုက္ေရာေနသည္ဟု အထင္ခံရမွာကိုလည္း ေၾကာက္ရေသးသည္ မဟုတ္ပါလား။ ထို႔ေၾကာင့္ ဒီမနက္ေတာ့ တျဖည္းျဖည္းခ်င္းထြက္ လာသည့္ေနမင္းကို အရသာမခံႏိုင္ဘဲ စိတ္မသက္မသာျဖင့္သာ ထုိင္ၾကည့္ေနမိေတာ့သည္။

ညိမ္း (UCSY)

<<< Unicode >>>

 

တကယ်တမ်း ယမုံပြော၍သာ ဆရာဝန်ဟူ၍ ယုံရသည်၊ ကပိုကယို၊ ရှုပ်ပွပွဖြစ်နေသော ထိုလူသား၏ မျက်မှန်အောက်ကနေ လူကိုပြူးပြဲကြည့်နေပုံကိုကစ ကြောင်တောင်တောင် နိုင်လှသည်။

“အား ယားလိုက်တာ”

ဟန်နီသည် လက်ဝါးအချင်းချင်းပွတ်ရင်း အိပ်ယာထက်မှာ ဝုန်းခနဲ ထထိုင်လိုက်မိသည်။ လက်ဝါးနှစ်ဖက်နှင့် လက်တစ်လျှောက် နီရဲသော အကွက်များ အစက်များ ထကာ စပ်ဖျဉ်းဖျဉ်းနှင့် ယားနေသည်။ အလာဂျီ ထပြီ။ ညက ကိုယ်ထဲ အနည်းငယ်သာဝင်ခဲ့သော အယ်လ်ကိုဟောပမာဏနည်းနည်းက များများပညာပြနေချေပြီ။ အိပ်ရာဘေးက စားပွဲတင်နာရီကို လှမ်းယူ ကြည့်လိုက်တော့ မနက် ၃ နာရီသာရှိသေးသည်။ မိုးမလင်းသေးချိန်မို့ ဆေးခန်းသွားဖို့ကလည်း အဆင်မပြေလောက်သေး။

ဟန်နီတက္ကသိုလ်တက်သည့် အချိန်၊ ယမုံတို့ အိမ်တွင် ပါတီလုပ်ရင်း ဝိုင်သောက်ကတည်းက ဟန်နီ့မှာ အလာဂျီ ထပြီး အယ်လ်ကိုဟောနှင့် မတည့်မှန်း သိခဲ့ရသည်။ ထိုအချိန်မှ စ၍ အယ်လ်ကိုဟောနှင့် ပတ်သက်သမျှကို ရှောင်ခဲ့တာ မနေ့ ညအစောပိုင်းအထိပင်။ ဧကသု ယူလာပေးသော အအေးခွက်ထဲတွင် အယ်လ်ကိုဟောပါမှန်းမသိဘဲ သောက်မိ ကတည်းက အလာဂျီထတော့မည်မှန်း သိခဲ့သော်ငြား ချက်ချင်းမဖြစ်ဘဲ မနက်စောစောမှ ထဖြစ်တာကြောင့် ဆေးဝယ်ရန် လည်း အခက်။ ဆေးခန်းသွားရန်လည်း အခက် ဖြစ်နေသည်။

ဟန်နီ မှန်တင်ခုံရှေ့ကိုပြေးသွားပြီး မျက်နှာ လည်ပင်းနှင့် ကျောပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ ကံကောင်းစွာနှင့် ထိုနေရာများတွင်တော့ ဘာမှရှိမနေ။ လက်နှစ်ဖက်တွင်သာ နီရဲနေသည်။ ဒီပုံအတိုင်းဆို မနက်ရှုတင်တောင် ဖျက်ပစ်ရကိန်း ဆိုက်နေပြီ မဟုတ်ပါလား…

စားပွဲပေါ်မှ ဖုန်းကိုကောက်ယူကာ ယမုံ့ဆီသို့ဖုန်းခေါ်လိုက်သည်။ မနက် ၃ နာရီမို့ အားနာပေမဲ့ အားကိုးတိုင်ပင်စရာက ယမုံသာ ရှိသည်။ မေမေ့ကိုနှိုးပြီးပြောရင်လည်း နောက်ဆုံးတွင် “ယမုံ့ကို ဖုန်းဆက်” ဆိုသည့် စကားသာ ထွက်လာလိမ့်မည်မှန်း သေချာနေသည်။

“ဟဲလို ယမုံ… ငါအလာဂျီထနေတယ်”

“ဘာ ဘာဖြစ်တယ်”

“အလာဂျီလေ အယ်လ်ကိုဟောအလာဂျီ ထနေတယ်လို့ လက်နှစ်ဖက်လုံးနီရဲပြီး စပ်ဖျဉ်းဖျဉ်း ယားကျိကျိနဲ့”

“ဟဲ့ ဟန်နီ နင် အယ်လ်ကိုဟောအလာဂျီရှိမှန်းသိလို့ ရှောင်ခဲ့တာ ကြာပြီမဟုတ်လား ဘယ်လိုဖြစ်လို့ ဒီအချိန်ကြီး ထဖြစ်ရတာလဲ”

“အဲဒါက နောက်မှပြောမယ်ဟာ အခု ငါဘယ်လိုလုပ်ရမလဲ”

“ဆေးခန်းသွားရမှာပေါ့ ဆေးလေးဘာလေး လိမ်းမှ အဆင်ပြေမှာ”

“ဒီအချိန်ကြီး ဘယ်ဆေးခန်းရှိမှာလဲ… ဆေးရုံပဲသွားရမလား”

“ငါတို့လမ်းထဲမှာ ဆေးခန်းတစ်ခုတော့ရှိတယ် ဆရာဝန်က သူ့အိမ်မှာပဲ ဖွင့်ထားတာ အဲဒီကိုသွားကြည့်မလား ငါလာခေါ်မယ်လေ”

“အိုကေလေ သွားတာပေါ့”

နှစ်လမ်းကျော်မှာနေတဲ့ ယမုံက ခဏလေးနှင့် ရောက်လာမည်မို့ ဟန်နီက မေမေ့ကိုနှိုး၍ အကျိုးအကြောင်း ပြောပြကာ အိမ်ရှေ့ထွက်စောင့်နေလိုက်သည်။ ယမုံ့ကားရောက်လာသည်နှင့် ကားပေါ်တက်ပြီး ယမုံက ဆေးခန်းကို အမြန် မောင်းတော့သည်။ ၆ ထပ်တိုက် ရှေ့မှာ ကားကိုရပ်လိုက်ပြီး လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။

၅ မိနစ်လောက်ကြာမှ မြေညီထပ်ကနေ ဆံပင်စုတ်ဖွား အဝတ်အစား ကပိုကယိုနှင့် လူတစ်ယောက်ထွက်လာသည်။ လက်ထဲမှ ကိုင်းအနက်နှင့် မျက်မှန်လေးထောင့်ကို တပ်ရင်း ဟန်နီနှင့် ယမုံ့ကို ပြူးပြဲပြီး ကြည့်နေသည်။

“ဘယ်သူတွေလဲဗျ… ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ”

“အရေးကြီးလို့ပါ ဒေါက်တာ ကျွန်မသူငယ်ချင်း အလာဂျီထလို့ပါ”

“သြော် လာ လာ အထဲဝင်”

ထိုလူက သံပန်းတံခါးကို ဖွင့်ပေးကာ ရှေ့ကနေဝင်သွားသည်။ ဟန်နီက ယမုံနောက်ကလိုက်ဝင်ရင်း “သူက ဆရာဝန် လား” ဟုခပ်တိုးတိုးမေးခြင်းကို ယမုံက မျက်လုံးပြူးရင်း ခေါင်းညိတ်ပြရင်းဖြင့် ဖြေလေသည်။ တကယ်တမ်း ယမုံပြော၍သာ ဆရာဝန်ဟူ၍ ယုံရသည်၊ ကပိုကယို၊ ရှုပ်ပွပွဖြစ်နေသော ထိုလူသား၏ မျက်မှန်အောက်ကနေ လူကိုပြူးပြဲကြည့်နေပုံကိုကစ ကြောင်တောင်တောင် နိုင်လှသည်။

ထိုလူက တိုက်ခန်းရှေ့ခြမ်းက သီးသန့်ဖွဲ့ထားသော အခန်းလေးထဲဝင်ကာ မီးဖွင့်လိုက်သည်။ ဆေးခန်းအတွက် သီးသန့်ဖွဲ့ထားသော အခန်းလေးထဲက လေးပေမီးချောင်းလေး လင်းသွားသည်။ မီးလင်းသွားမှ နံရံတွင်ကပ်ထားသော ဒေါက်တာဇွဲသစ် ဆိုသော ဆိုင်းဘုတ်အပြာလေးကိုတွေ့လိုက်သည်။

“ထိုင်ပါ ညီမ ဘယ်လိုဖြစ်တာလဲ”

“အယ်လ်ကိုဟောအလာဂျီပါ”

ဒေါက်တာဇွဲသစ်က ဟန်နီ့လက်နှစ်ဖက်ကို ဆွဲကြည့်ရင်း

“အယ်လ်ကိုဟော အလာဂျီမှန်းသိတယ်ဆိုတော့ အရင်ကတည်းက ဖြစ်ဖူးတယ်ပေါ့ ဟုတ်လား ?? ဒါနဲ့များ ဘာလို့များ ထပ်သောက်တာလဲဗျာ ဒီလောက်ခံရခက်တာကို”

“သိရဲ့သားနဲ့တော့ သောက်မလားရှင်… သူငယ်ချင်းက ယူလာပေးတာကို မတော်တဆ သောက်လိုက်မိတာ”

ဟန်နီက မျက်စောင်းထိုးရင်း ဘုဆတ်ဆတ် ပြန်ပြောလိုက်သည်။ ဒီလောက် ခံရဆိုးတဲ့ ဝေဒနာကို မည်သူက မတည့်မှန်း သိလျက်နှင့် သောက်နေမည်နည်း!! ဟန်နီ့ပုံကိုကြည့်ကာ သူက ပြုံးလိုက်ရင်း…

“ပမာဏတော့ နည်းတဲ့ပုံပါပဲ… လက်မှာ ဖြစ်တာဆိုတော့”

“တစ်ငုံပဲ သောက်ခဲ့တာပါ”

“အင်း အဲဒါ ကံကောင်းသွားတယ်.. ကဲ လိမ်းဆေးပဲ ပေးလိုက်မယ် ပွတ်မလိမ်းနဲ့ ဖွဖွလေးလိမ်းပေးနော်”

ဟန်နီက ခေါင်းညိတ်လိုက်စဉ် ယမုံက ဝင်ပြောသည်။

“မနက်ဖြန်တော့ ပျောက်မှာပါနော် ဒေါက်တာ”

“မနက်ဖြန်တော့ အလုပ်ခွင့်ယူလိုက်ရင် ပိုကောင်းမှာပါ… အိမ်မှာပဲ သက်တောင့်သက်သာ နားစေချင်တယ် ဘာအလုပ် လုပ်သလဲ”

ထိုမေးခွန်းကို မေးလိုက်သောကြောင့် ဟန်နီသူ့ကို ဖျတ်ခနဲကြည့်လိုက်မိသည်။ ဟန်နီသည် လျှမ်းလျှမ်းတောက် အောင်မြင်နေတာမျိုး မဟုတ်သေးသော်လည်း ကြော်ငြာ မဂ္ဂဇင်းတွေမှာ မကြာခဏ ပါနေသူဖြစ်သည်။ သူသိလျက်နဲ့ တမင်များ မေးနေလားဟု အကဲခတ်သော်လည်း သူ့မျက်နှာကပုံမှန်ပင်။

“သရုပ်ဆောင်ပါဆရာ”

ဟန်နီက မဖြေသောကြောင့် ယမုံကပဲ ဝင်ဖြေသည်။

“သြော်… ဒါဆိုလည်း ရှုတင်တစ်ရက်လောက်တော့နားလိုက်ပါ။ မိတ်ကပ်တွေဘာတွေ လိမ်းရင် ပိုဆိုးမှာ… ကဲ ဆေးမှတ်တမ်းလေးယူရအောင် နာမည်က…”

“ဟန်နီမေ”

“အသက်..”

“၂၄”

Related Article >>> သစ်ခက်လေးရဲ့ကောင်းကင်ပြာ

=================================

ဆေးခန်းထဲကထွက်လာတော့ အလင်းရောင် အနည်းငယ် မြင်နေရပြီဖြစ်၍ တိုက်ခန်းရှေ့က “ဇွဲ ဆေးကုခန်း” ဆိုသော ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။ ဝေလီဝေလင်းမှာ ဆေးထကုပေးတာ အားနာစရာ ကျေးဇူးတင်စရာပေမဲ့ ဟန်နီ ကတော့ သိပ်မကျေနပ်ချင်။ လူကိုဆရာကြီးလုပ်တာရော ဟန်နီ့ကို သိတောင်သိပုံမပေါ်တာရောကို မကျေနပ်။

“ဟဲ့ ဟန်နီ မျက်နှာကလည်း စူပုပ်လို့ ဘာဖြစ်နေတာလဲ”

“ဟိုလူပေါ့.. ငါ့ကို သိတောင်မသိဘူး”

“ဒေါက်တာကိုပြောတာလား… သူက တီဗီမကြည့်လို့နေမှာပေါ့ဟာ”

“ဘာပဲဖြစ်ဖြစ်ဟာ မော်ဒယ်လ်လို့ပြောတာတောင် နည်းနည်းမှအံ့သြပုံမပြဘူး ဘယ်လိုလူလဲမသိဘူး… ကြောင်တောင်တောင် ယိုတိယိုရွဲနဲ့… ဆရာကလည်းလုပ်သေးတယ်”

“အေး အဲ့ဒီကြောင်တောင်တောင်နဲ့ လူကပဲ မနက် ၃ နာရီခွဲကြီး နင့်ကို ဆေးထကုပေးတာ မဟုတ်ဘူးလား”

“ဟုတ်ပါတယ် အဲ့ဒါကြောင့်လည်း ဘာမှမပြောဘဲ သည်းခံနေတာ”

“အမလေး ဟန်နီရယ် မဟုတ်တာကို ကောက်ချင်နေပြန်ပြီ ကဲ ဒီနေ့တော့ အိမ်မှာနားလိုက် ဒီနေ့က ဓာတ်ပုံရှုတင်ပဲ ရှိတာမို့လို့ တော်သေးတယ် နောက်ဆို အစားအသောက် အနေအထိုင် ဆင်ခြင် ကြားလား… နောက်တစ်ပတ်လည်း အချိန်တွေက အပြည့်နော် နောက်လဆိုရင် ဇာတ်လမ်းစရိုက်တော့မှာ”

“အေးပါဟာ… ငါဂရုစိုက်ပါ့မယ်”

“အခု အလာဂျီက ဧကသုလက်ချက် မဟုတ်လား”

“သူကတမင်လုပ်တာမဟုတ်ပါဘူးဟ မသိလို့ယူလာပေးတာ ငါလည်း မသိလို့ သောက်လိုက်တာ”

“အင်း အခုကတည်းက ကာပြောနေတယ် မိန်းမနော် အချိုးတွေပြောင်းနေပြီ”

ယမုံပြောတာကို ဟန်နီကဘာမှပြန်မပြောဘဲ ရယ်သာရယ်နေလိုက်သည်။ အိမ်ရောက်တော့ မေမေက ဟန်နီ့ ကို ဆေးလိမ်းပေးပြီးနောက် ဟန်နီလည်း အိပ်ရာထဲပြန်ဝင်ကာ ခွေနေလိုက်သည်။ အတွေးထဲတွင် စိုးမိုးလာသော ဧကသု ၏ အပြုံးချိုချိုလေးများက ဒေါက်တာဇွဲသစ်ကြောင့် ဖြစ်ခဲ့ရသော ဒေါသတွေကို လွှမ်းမိုးကာ ပတ်ဝန်းကျင်တစ်ခုလုံး ချိုမြလာသလိုပင်..

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း

============================

ကော်ဖီပူပူတစ်ခွက်ကို အရသာခံသောက်ရင်း မနက်ခင်းနေထွက်လာသည်ကို ကြည့်ရသည့် ခံစားချက်ကို ဧကသု အကြိုက်ဆုံးဖြစ်သည်။ မှန်ရှေ့တွင် ကာထားသော လိုက်ကာရှည်နှစ်စကို ဆွဲပြီး ဘေးကပ်ပစ်လိုက်သည်။ ရန်ကုန်မြို့၏ မနက် ၄ နာရီခွဲအချိန်သည် အနည်းငယ် အေးချမ်းနေသည်ဟု ထင်ရသည်။ မကြာမီအချိန်တွင် ကားများ လူများ ဖြင့် လမ်းမများပေါ်တွင် ပြည့်နှက်လာတော့မည်။ ကွန်ဒို ၁၀ ထပ်မြောက်မှ လှမ်းမြင်ရသောကောင်းကင်သည် တိမ်လွှာများ အုပ်ဆိုင်းကာ ထူထူထဲထဲရှိလှသည်။ နေမင်းမှဖြာထွက်သော လိမ္မော်ရောင်အလင်းတန်းများကလည်း တိမ်စိုင်များကြားမှ ထိုးဖောက်ယိုစီးလျက်ရှိသည်။

ဧက ကော်ဖီခွက်ကိုကိုင်ရင်း မှန်နှင့်မျက်နှာချင်းဆိုင်ချထားသော ဆိုဖာခုံပေါ်ထိုင်ချလိုက်သည်။ နံရံကပ်ဘီရိုပေါ်တင် ထားသော အမွှေးရည်ဖြန်းစက်ကလေးမှ အငွေ့ဖွားလေးများထွက်လာကာ လာဗင်ဒါရနံ့များ သင်းပျံ့လာတော့သည်။ နှာသီးဝ သို့ တိုးဝှေ့လာသော လာဗင်ဒါရနံ့ကို ရတော့မှ ညက တွေ့ခဲ့ရသော ခရမ်းနုရောင်မိန်းကလေးကို သတိရမိသည်။ ဟန်နီမေ… ခရမ်းရောင်လေးဝတ်ထားတော့ လာဗင်ဒါပန်းလေးနှင့်တောင် တူသလိုလိုပင်။

ဧက မိန်းကလေးအများကြီးနှင့် တွေ့ဖူးသည်။ ခဏတာ ခင်မင်ဖူးသည်။ သို့သော် တစ်ယောက်ကိုမှ ဟန်နီမေ ကဲ့သို့ စိတ်ထဲစွဲစွဲထင်ထင် မရှိလှ။ ဧကသုက ကျော်ကြားသည်။ လူအများစုက သူ့ကျော်ကြားမှုကြောင့်သာ သူ့ကို ခင်မင်ရင်းနှီးလို ကြသည်။ ထို့ကြောင့် သူ့တွင်မိတ်ဆွေအစစ်တော့ တော်တော်ရှားသည်။ အနုပညာလောကတွင်းမှ မောင်နှမလို ခင်မင်ရသူ အချို့နှင့် ကျောင်းကတည်းက ခင်ခဲ့သည့် သူငယ်ချင်းအချို့လောက်သာ သူ့အတွက် အစစ်အမှန်ဖြစ်သည်။ မိန်းကလေးများနှင့် ပတ်သက်လာလျှင်လည်း ထိုနည်းအတိုင်းပင်။ အောင်မြင်လိုသော တက်သစ်စကလေးများက သူ့ကိုကပ်သည်။ ပိုက်ဆံရှိ အသိုင်းအဝိုင်းကြီးကြီးက မိန်းကလေးများက သူ့ကိုကပ်သည်။ သို့သော် အတုအယောင်များပင်။ ထို့ကြောင့် ဧကဘေးတွင် မိန်းကလေးများ ဝိုင်းနေသော်လည်း ဧက နှလုံးသားကိုတော့ မည်သူကမှ ကိုင်မလှုပ်နိုင်သေး။

ဟန်နီမေကို တွေ့ဖူးသော်လည်း တကယ်တမ်း စကားပြောဖူးပြီးမှ စိတ်ဝင်စားမိလာသည်မို့ ကိုယ်ကိုယ်တိုင်ပင် အံ့သြရသည်။ ညက သူပေးလိုက်သည့် ဝိုင်တစ်ခွက်ကြောင့် အလာဂျီများ ထနေသေးလားလို့ စိတ်ထဲထင့်သွားသည်။ ဖုန်းဆက်မေးရအောင်လည်း ဖုန်းနံပါတ်က မသိ။ ဖေ့စ်ဘုတ်တွင်လည်း သူငယ်ချင်းမဟုတ်။ ဒီထက်ပိုဆိုးသည်က သူ့ဘက်က တမင်တကာ လိုက်ရောနေသည်ဟု အထင်ခံရမှာကိုလည်း ကြောက်ရသေးသည် မဟုတ်ပါလား။ ထို့ကြောင့် ဒီမနက်တော့ တဖြည်းဖြည်းချင်းထွက် လာသည့်နေမင်းကို အရသာမခံနိုင်ဘဲ စိတ်မသက်မသာဖြင့်သာ ထိုင်ကြည့်နေမိတော့သည်။

ညိမ်း (UCSY)

 

Leave a Reply

Your email address will not be published. Required fields are marked *