အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၁၀)

ယမံုသာ မေတြ႕ရင္ မေမ အသက္ အႏၱရာယ္ရွိတယ္!!! 

ယမံုက ဟန္နီ႔ကိုတြဲလာရင္း ဟန္နီဝတ္ထားေသာ အေႏြးအက်ႌကို လည္ပင္းနားအထိ ဇစ္ဆြဲေပးလိုက္သည္။ ဟန္နီကေတာ့ ေလေပၚမွာ လမ္းေလွ်ာက္ေနရသလို အားအင္ခ်ိနဲ႔ေနသည္။ အိမ္ထဲဝင္သြားသည့္အခါ မာမီက…

“သမီး ဘာျဖစ္တာလဲ”

“ဟို အန္တီ ဟန္နီက ေခါင္းနည္းနည္းမူးလို႔တဲ့ အားနည္းေနတဲ့ပံုပဲ”

“ဟုတ္လားသမီး ေနမေကာင္းဘူးလား မာမီ့ကိုလည္းမေျပာဘူး ေတာ္ေသးတာေပါ့ ယမံုေတြ႔လို႔ ေတာ္ၾကာ လမ္းမွာ မူးေမ့လဲေနမွျဖင့္ဒုကၡ”

“အန္တီ သမီး ဟန္နီ႔ကို အခန္းထဲတြဲေခၚေပးမယ္ေနာ္”

“ေအး ေအး သမီး”

မာမီကပါ ဟန္နီ႔ကို ေနာက္တစ္ဖက္က တြဲရင္း အိပ္ခန္းထဲ လိုက္ပို႔ေပးသည္။

“သမီး သက္သာလား မာမီ ဆရာဝန္ ပင့္လိုက္မယ္ေနာ္”

“အန္တီ ဟန္နီျပေနက် သမီးတို႔လမ္းထဲက ေဒါက္တာကိုပဲေခၚလိုက္မယ္ေလ… သူကနီးေတာ့ အဆင္ေျပတာေပါ့”

“ေအး ေအး အဆင္ေျပသားပဲ”

ယမံုက အခန္းျပင္ထြက္လာၿပီး ေဒါက္တာဇြဲသစ္ဆီသို႔ ဖုန္းဆက္လုိက္သည္။ တျခားဆရာဝန္ဆိုလွ်င္ ဟန္နီ႔လည္ပင္းက နီျမန္းေနတာကိုျမင္သည္ႏွင့္ ေမးခြန္းမ်ားေမးလာၿပီး ရႈပ္ေထြးသြားႏိုင္သည္။ ေဒါက္တာဇြဲသစ္ႏွင့္မွ အဆင္ေျပမည္။ ယမံုဖုန္းဆက္ၿပီး သိပ္မၾကာခင္ ေဒါက္တာဇြဲသစ္ေရာက္လာသည္။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၉)

“မေမ ဘယ္လိုျဖစ္တာလဲ မနက္က စကားေျပာေနတုန္းကပဲ အေကာင္း”

“မူးတယ္လို႔ ေျပာတာပဲ ေဒါက္တာရယ္”

ယမံုက ဝင္ေျပာေပးတုန္း မာမီက ေဒါက္တာ့ကို ဧည့္ခံဖို႔သြားျပင္မယ္ဆိုကာ ထြက္သြားသည္။

“တကယ္မူးတာပဲလား မေမ… တျခားဘာျဖစ္ေသးလဲ”

ဟန္နီက ဘာမွမေျပာဘဲ ငူငူႀကီး ေနေနေသာေၾကာင့္ ယမံုကပဲ ဝင္ေျပာရသည္။

“ကၽြန္မ သူတို႔သမီးရည္းစားႏွစ္ေယာက္ ရန္ျဖစ္ေနတဲ့ၾကားကေန ဟန္နီ႔ကိုေခၚလာတာ ေဒါက္တာ သူ႔လည္ပင္းမွာ..”

ယမံုစကားမဆံုးခင္တြင္ပင္ ေဒါက္တာဇြဲသစ္က ဟန္နီ႔လည္ပင္းကို ၾကည့္လိုက္သည္။

“မိန္းကေလးတစ္ေယာက္ကို ဒီလိုလုပ္တာ တဆိတ္လြန္လြန္းမေနဘူးလားဗ်ာ… ယမံုသာ မေတြ႕ရင္ မေမ အသက္ အႏၱရာယ္ရွိတယ္… အခုေတာ့ ဘာမွမျဖစ္ဘူး ကၽြန္ေတာ္ pressure တိုင္းမယ္ေနာ္”

“……..”

“pressure က ပံုမွန္ရွိရမွာထက္ က်ေနတယ္… ရုတ္တရက္ေၾကာက္စိတ္နဲ႔ stress ေၾကာင့္ပါ စိတ္ပူစရာေတာ့မရွိဘူး။  မေမကို အားေဆးေလးစြဲေသာက္ေစခ်င္တယ္။ လုပ္ရတဲ့ အလုပ္ကလူေရာ စိတ္ေရာ ပင္ပန္းတာမလား ၿပီးေတာ့ တျခား relationship ကလည္း ပင္ပန္းေစေတာ့ လူေတာင့္မခံႏိုင္မွာ စိုးရိမ္တယ္… အခု ေဆးထိုးေပးမယ္ တစ္ခုခုစားၿပီး ေဆးေသာက္ေပါ့”

“ႂကြလာေပးတာ ေက်းဇူးတင္ပါတယ္ ေဒါက္တာရယ္ အန္တီ႔သမီးေလးက အဲ့ဒီလိုပဲ ေနမေကာင္းတာလဲမေျပာဘူး”

“ရပါတယ္ အန္တီ မေမနဲ႔က ခင္ေနၿပီးသားပဲ အခု သူ႔ကိုတစ္ခုခုေကၽြးၿပီး ကၽြန္ေတာ္ကိုယ္တိုင္ေဆးတိုက္ခဲ့ခ်င္တယ္”

“ရပါတယ္ အန္တီ ေခါက္ဆြဲ ျပဳတ္ထားတယ္… ေဒါက္တာ့အတြက္လည္း မုန္႔နဲ႔ေကာ္ဖီစီစဥ္ထားၿပီးသားပါ သံုးေဆာင္ပါဦး”

ဟန္နီ႔မာမီနဲ႔ ေဒါက္တာဇြဲသစ္ အခန္းျပင္ထြက္သြားမွ ယမံုက ဟန္နီ႔နားကို ေျပးကပ္သြားသည္။

“ဟဲ့ ဟန္နီ အဆင္ေျပရဲ့လား”

“အင္း ရပါတယ္ဟာ..”

“နင္တို႔ ဘယ္လို..”

“ငါအခု ဘာမွမေျပာခ်င္ေသးဘူး ယမံုရယ္ ငါအရမ္းပင္ပန္းေနတယ္”

“ေအးပါ နင္ေျပာခ်င္မွေျပာ… အခုေတာ့ ေဆးေသာက္ဖို႔အတြက္ တစ္ခုခု အရင္စားရမယ္ မာမီ ေခါက္ဆြဲျပဳတ္ထားတာ ငါသြားယူခဲ့မယ္”

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း – ၈)

ယမံုခြံ႔ေပးတဲ့ ေခါက္ဆြဲျပဳတ္စားၿပီးေတာ့ ဇြဲသစ္တိုက္တဲ့ ေဆး ေသာက္ကာ ဟန္နီႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္သြားခဲ့သည္။

အိပ္ရာမွ ႏိုးလာေတာ့ ဟန္နီ႔ေဘးတြင္ ယမံုရွိေနေသးသည္။

“ဟန္နီ ႏိုးၿပီလား သက္သာလား”

“အင္း ေနေကာင္းပါတယ္”

“ေတာ္ေသးတာေပါ့ နင္အၾကာႀကီးအိပ္ေပ်ာ္ေနလို႔ ေဒါက္တာက စိတ္ပူေနတာ။ သူ ေဆးရံုေတာင္ မသြားေတာ့ဘဲ နင့္ကိုတစ္ခ်ိန္လံုးထိုင္ေစာင့္ေနတာ။ ခုနကမွ meeting ရွိတယ္ဆိုၿပီး ဖုန္းလာလို႔ စိတ္မခ်ျဖစ္ေနတဲ့ၾကားက ျပန္သြားတာ”

“ငါအရမ္းပင္ပန္းသြားလို႔ပါ မာမီေရာ”

“ရွိတယ္… နင့္အတြက္ ညေနစာသြားခ်က္ေနတယ္… ဧကသု နင့္ဖုန္းကို ဆက္တိုက္ေခၚေနလို႔ ငါပိတ္ထားလိုက္တယ္။ နင္တို႔ဘာျဖစ္ခဲ့တာလဲ ငါ့ကိုေျပာျပလို႔ရၿပီလား”

“အင္း ဝရံတာထြက္ရေအာင္ဟာ… အခန္းထဲမွာေနရတာ အသက္႐ွဴၾကပ္တယ္”

ယမံုႏွင့္ ဟန္နီတို႔ ဝရံတာဘက္ကို ထြက္လာခဲ့သည္။

“ဒါနဲ႔ နင္ကေရာ… ဘယ္လိုလုပ္ ငါ့ဆီကို ေရာက္လာတာလဲ”

“ေနာက္ႏွစ္ရက္ေနရင္ ကေလာမွာ MTV ႏွစ္ခုနဲ႔ ေၾကာ္ျငာရိုက္ဖို႔ ခရီးထြက္ရမယ္ဆိုတာ နင့္ကိုလာေျပာတာ ဒီမနက္ပဲ ဒါရိုက္တာကဆက္သြယ္လို႔”

“ေၾသာ္ ေတာ္ေသးတာေပါ့ မဟုတ္ရင္ ငါေသေနေလာက္ၿပီ”

ဟန္နီကျဖစ္ခဲ့သည့္အေၾကာင္းမ်ားကို ယမံုကိိုေျပာျပလိုက္သည္။ ယမံုက ဟန္နီေျပာေသာစကားမ်ားကုိ မယံုႏိုင္သလုိ ၾကည့္ေနသည္။

“ေသခ်ာတယ္ဟန္နီ သူက စိတ္ပံုမွန္မဟုတ္တဲ့လူပဲျဖစ္ရမယ္ ဘာမဟုတ္တဲ့ကိစၥကို စြပ္စြဲၿပီး နင့္ကို နာက်င္ေအာင္လုပ္တာ ငါတရားစြဲပစ္မယ္”

“ေတာ္ပါၿပီ ယမံုရယ္ ငါသူ႔ကိုအရမ္းေၾကာက္ေနၿပီ သူ႔ကိုခ်စ္တာကသပ္သပ္၊ ေၾကာက္တာကသပ္သပ္ပဲ။ အရင္တစ္ေခါက္လို ခ်စ္တဲ့စိတ္က ေၾကာက္တဲ့စိတ္ကိုဖံုးမသြားႏိုင္ေတာ့ဘူး။ နင္သာေရာက္မလာရင္ သူငါ့ကိုအေသသတ္မွာ သိလား”

ဟန္နီကေျပာရင္း မ်က္ရည္က်လာေသာေၾကာင့္ ယမံုက ဟန္နီ႔ကို ေပြ႔ဖက္ေပးထားလိုက္သည္။

“နင္သူ႔ကိုအဆက္အသြယ္ျဖတ္လိုက္ပါေတာ့ဟာ… ဒီရက္ပိုင္းနင့္နားမွာ ငါ အၿမဲရွိေနမယ္သိလား နင္ဘာမွ မေၾကာက္နဲ႔… ၿပီးေတာ့ ေဒါက္တာဇြဲသစ္ကလည္း နင့္ကိုေစာင့္ေရွာက္ေပးမွာပါ… သူက နင့္ကို အရမ္းစိတ္မခ်ျဖစ္ေနတာ… နင္ ခံစားေနရတာသိေပမဲ့ ငါဒီစကားကို ေျပာရဦးမယ္ နင့္ဘဝအတြက္ အသင့္ေတာ္ဆံုးသူက ေဒါက္တာဇြဲသစ္ပါ ဟန္နီရယ္… သူနင့္ကို စိတ္ဝင္စားေနတာ နင္လည္းသိမွာပါ။ မသိဘူးဆိုရင္လည္း အဲ့ဒါ ဧကသုအေပၚမွာ သစၥာရွိေနခ်င္တဲ့ နင့္စိတ္ေၾကာင့္ပါ။ အခုေဝးေဝးကိုမၾကည့္နဲ႔ေတာ့ နင္နဲ႔အနီးအနားမွာရွိတဲ့ ေဒါက္တာဇြဲသစ္ကို စဥ္းစားၾကည့္”

“ယမံုရယ္ ငါ ကိုနဲ႔အဆက္အသြယ္မလုပ္ခ်င္ေတာ့သလို ဘယ္သူ႔ကိုမွလည္း မစဥ္းစားခ်င္ေသးပါဘူးဟာ.. ငါ့စိတ္ကို ခဏတာ အနားေပးလိုက္ခ်င္ေသးတယ္”

“ေအးပါ ေအးပါ ငါနားလည္ပါတယ္…”

ယမံုက ဟန္နီ႔ကိုေနာက္တစ္ႀကိမ္ တင္းတင္းၾကပ္ၾကပ္ေလးဖက္ၿပီး ေက်ာကုန္းေလးကိုပုတ္ကာ အားေပးလိုက္သည္။

ျခံဝကေနလွမ္းၾကည့္ေနေသာ ေဒါက္တာဇြဲသစ္သည္ သူငယ္ခ်င္းႏွစ္ေယာက္၏ ၾကည္ႏူးစရာအခ်ိန္ေလးကို မေႏွာင့္ယွက္ ခ်င္ေသာေၾကာင့္ အိမ္ထဲမဝင္ေတာ့ဘဲ လွည့္ျပန္လာခဲ့ေလသည္။ မေမရယ္… မေမ ေနေကာင္းသြားတယ္ဆိုတာနဲ႔တင္ ကၽြန္ေတာ့္မွာ စိတ္ေအးရပါၿပီ။ မေမ ဘဝေလး ေအးခ်မ္းဖို႔ေတာ့ ကၽြန္ေတာ္ ႀကိဳးစားၾကည့္ခ်င္ေပမဲ့… 

ညိမ္း (UCSY)

<<< Unicode >>>

ယမုံသာ မတွေ့ရင် မမေ အသက် အန္တရာယ်ရှိတယ်!!! 

ယမုံက ဟန်နီ့ကိုတွဲလာရင်း ဟန်နီဝတ်ထားသော အနွေးအင်္ကျီကို လည်ပင်းနားအထိ ဇစ်ဆွဲပေးလိုက်သည်။ ဟန်နီကတော့ လေပေါ်မှာ လမ်းလျှောက်နေရသလို အားအင်ချိနဲ့နေသည်။ အိမ်ထဲဝင်သွားသည့်အခါ မာမီက…

“သမီး ဘာဖြစ်တာလဲ”

“ဟို အန်တီ ဟန်နီက ခေါင်းနည်းနည်းမူးလို့တဲ့ အားနည်းနေတဲ့ပုံပဲ”

“ဟုတ်လားသမီး နေမကောင်းဘူးလား မာမီ့ကိုလည်းမပြောဘူး တော်သေးတာပေါ့ ယမုံတွေ့လို့ တော်ကြာ လမ်းမှာ မူးမေ့လဲနေမှဖြင့်ဒုက္ခ”

“အန်တီ သမီး ဟန်နီ့ကို အခန်းထဲတွဲခေါ်ပေးမယ်နော်”

“အေး အေး သမီး”

မာမီကပါ ဟန်နီ့ကို နောက်တစ်ဖက်က တွဲရင်း အိပ်ခန်းထဲ လိုက်ပို့ပေးသည်။

“သမီး သက်သာလား မာမီ ဆရာဝန် ပင့်လိုက်မယ်နော်”

“အန်တီ ဟန်နီပြနေကျ သမီးတို့လမ်းထဲက ဒေါက်တာကိုပဲခေါ်လိုက်မယ်လေ… သူကနီးတော့ အဆင်ပြေတာပေါ့”

“အေး အေး အဆင်ပြေသားပဲ”

ယမုံက အခန်းပြင်ထွက်လာပြီး ဒေါက်တာဇွဲသစ်ဆီသို့ ဖုန်းဆက်လိုက်သည်။ တခြားဆရာဝန်ဆိုလျှင် ဟန်နီ့လည်ပင်းက နီမြန်းနေတာကိုမြင်သည်နှင့် မေးခွန်းများမေးလာပြီး ရှုပ်ထွေးသွားနိုင်သည်။ ဒေါက်တာဇွဲသစ်နှင့်မှ အဆင်ပြေမည်။ ယမုံဖုန်းဆက်ပြီး သိပ်မကြာခင် ဒေါက်တာဇွဲသစ်ရောက်လာသည်။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၉)

“မမေ ဘယ်လိုဖြစ်တာလဲ မနက်က စကားပြောနေတုန်းကပဲ အကောင်း”

“မူးတယ်လို့ ပြောတာပဲ ဒေါက်တာရယ်”

ယမုံက ဝင်ပြောပေးတုန်း မာမီက ဒေါက်တာ့ကို ဧည့်ခံဖို့သွားပြင်မယ်ဆိုကာ ထွက်သွားသည်။

“တကယ်မူးတာပဲလား မမေ… တခြားဘာဖြစ်သေးလဲ”

ဟန်နီက ဘာမှမပြောဘဲ ငူငူကြီး နေနေသောကြောင့် ယမုံကပဲ ဝင်ပြောရသည်။

“ကျွန်မ သူတို့သမီးရည်းစားနှစ်ယောက် ရန်ဖြစ်နေတဲ့ကြားကနေ ဟန်နီ့ကိုခေါ်လာတာ ဒေါက်တာ သူ့လည်ပင်းမှာ..”

ယမုံစကားမဆုံးခင်တွင်ပင် ဒေါက်တာဇွဲသစ်က ဟန်နီ့လည်ပင်းကို ကြည့်လိုက်သည်။

“မိန်းကလေးတစ်ယောက်ကို ဒီလိုလုပ်တာ တဆိတ်လွန်လွန်းမနေဘူးလားဗျာ… ယမုံသာ မတွေ့ရင် မမေ အသက် အန္တရာယ်ရှိတယ်… အခုတော့ ဘာမှမဖြစ်ဘူး ကျွန်တော် pressure တိုင်းမယ်နော်”

“……..”

“pressure က ပုံမှန်ရှိရမှာထက် ကျနေတယ်… ရုတ်တရက်ကြောက်စိတ်နဲ့ stress ကြောင့်ပါ စိတ်ပူစရာတော့မရှိဘူး။  မမေကို အားဆေးလေးစွဲသောက်စေချင်တယ်။ လုပ်ရတဲ့ အလုပ်ကလူရော စိတ်ရော ပင်ပန်းတာမလား ပြီးတော့ တခြား relationship ကလည်း ပင်ပန်းစေတော့ လူတောင့်မခံနိုင်မှာ စိုးရိမ်တယ်… အခု ဆေးထိုးပေးမယ် တစ်ခုခုစားပြီး ဆေးသောက်ပေါ့”

“ကြွလာပေးတာ ကျေးဇူးတင်ပါတယ် ဒေါက်တာရယ် အန်တီ့သမီးလေးက အဲ့ဒီလိုပဲ နေမကောင်းတာလဲမပြောဘူး”

“ရပါတယ် အန်တီ မမေနဲ့က ခင်နေပြီးသားပဲ အခု သူ့ကိုတစ်ခုခုကျွေးပြီး ကျွန်တော်ကိုယ်တိုင်ဆေးတိုက်ခဲ့ချင်တယ်”

“ရပါတယ် အန်တီ ခေါက်ဆွဲ ပြုတ်ထားတယ်… ဒေါက်တာ့အတွက်လည်း မုန့်နဲ့ကော်ဖီစီစဉ်ထားပြီးသားပါ သုံးဆောင်ပါဦး”

ဟန်နီ့မာမီနဲ့ ဒေါက်တာဇွဲသစ် အခန်းပြင်ထွက်သွားမှ ယမုံက ဟန်နီ့နားကို ပြေးကပ်သွားသည်။

“ဟဲ့ ဟန်နီ အဆင်ပြေရဲ့လား”

“အင်း ရပါတယ်ဟာ..”

“နင်တို့ ဘယ်လို..”

“ငါအခု ဘာမှမပြောချင်သေးဘူး ယမုံရယ် ငါအရမ်းပင်ပန်းနေတယ်”

“အေးပါ နင်ပြောချင်မှပြော… အခုတော့ ဆေးသောက်ဖို့အတွက် တစ်ခုခု အရင်စားရမယ် မာမီ ခေါက်ဆွဲပြုတ်ထားတာ ငါသွားယူခဲ့မယ်”

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း – ၈)

ယမုံခွံ့ပေးတဲ့ ခေါက်ဆွဲပြုတ်စားပြီးတော့ ဇွဲသစ်တိုက်တဲ့ ဆေး သောက်ကာ ဟန်နီနှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်။

အိပ်ရာမှ နိုးလာတော့ ဟန်နီ့ဘေးတွင် ယမုံရှိနေသေးသည်။

“ဟန်နီ နိုးပြီလား သက်သာလား”

“အင်း နေကောင်းပါတယ်”

“တော်သေးတာပေါ့ နင်အကြာကြီးအိပ်ပျော်နေလို့ ဒေါက်တာက စိတ်ပူနေတာ။ သူ ဆေးရုံတောင် မသွားတော့ဘဲ နင့်ကိုတစ်ချိန်လုံးထိုင်စောင့်နေတာ။ ခုနကမှ meeting ရှိတယ်ဆိုပြီး ဖုန်းလာလို့ စိတ်မချဖြစ်နေတဲ့ကြားက ပြန်သွားတာ”

“ငါအရမ်းပင်ပန်းသွားလို့ပါ မာမီရော”

“ရှိတယ်… နင့်အတွက် ညနေစာသွားချက်နေတယ်… ဧကသု နင့်ဖုန်းကို ဆက်တိုက်ခေါ်နေလို့ ငါပိတ်ထားလိုက်တယ်။ နင်တို့ဘာဖြစ်ခဲ့တာလဲ ငါ့ကိုပြောပြလို့ရပြီလား”

“အင်း ဝရံတာထွက်ရအောင်ဟာ… အခန်းထဲမှာနေရတာ အသက်ရှူကြပ်တယ်”

ယမုံနှင့် ဟန်နီတို့ ဝရံတာဘက်ကို ထွက်လာခဲ့သည်။

“ဒါနဲ့ နင်ကရော… ဘယ်လိုလုပ် ငါ့ဆီကို ရောက်လာတာလဲ”

“နောက်နှစ်ရက်နေရင် ကလောမှာ MTV နှစ်ခုနဲ့ ကြော်ငြာရိုက်ဖို့ ခရီးထွက်ရမယ်ဆိုတာ နင့်ကိုလာပြောတာ ဒီမနက်ပဲ ဒါရိုက်တာကဆက်သွယ်လို့”

“သြော် တော်သေးတာပေါ့ မဟုတ်ရင် ငါသေနေလောက်ပြီ”

ဟန်နီကဖြစ်ခဲ့သည့်အကြောင်းများကို ယမုံကိုပြောပြလိုက်သည်။ ယမုံက ဟန်နီပြောသောစကားများကို မယုံနိုင်သလို ကြည့်နေသည်။

“သေချာတယ်ဟန်နီ သူက စိတ်ပုံမှန်မဟုတ်တဲ့လူပဲဖြစ်ရမယ် ဘာမဟုတ်တဲ့ကိစ္စကို စွပ်စွဲပြီး နင့်ကို နာကျင်အောင်လုပ်တာ ငါတရားစွဲပစ်မယ်”

“တော်ပါပြီ ယမုံရယ် ငါသူ့ကိုအရမ်းကြောက်နေပြီ သူ့ကိုချစ်တာကသပ်သပ်၊ ကြောက်တာကသပ်သပ်ပဲ။ အရင်တစ်ခေါက်လို ချစ်တဲ့စိတ်က ကြောက်တဲ့စိတ်ကိုဖုံးမသွားနိုင်တော့ဘူး။ နင်သာရောက်မလာရင် သူငါ့ကိုအသေသတ်မှာ သိလား”

ဟန်နီကပြောရင်း မျက်ရည်ကျလာသောကြောင့် ယမုံက ဟန်နီ့ကို ပွေ့ဖက်ပေးထားလိုက်သည်။

“နင်သူ့ကိုအဆက်အသွယ်ဖြတ်လိုက်ပါတော့ဟာ… ဒီရက်ပိုင်းနင့်နားမှာ ငါ အမြဲရှိနေမယ်သိလား နင်ဘာမှ မကြောက်နဲ့… ပြီးတော့ ဒေါက်တာဇွဲသစ်ကလည်း နင့်ကိုစောင့်ရှောက်ပေးမှာပါ… သူက နင့်ကို အရမ်းစိတ်မချဖြစ်နေတာ… နင် ခံစားနေရတာသိပေမဲ့ ငါဒီစကားကို ပြောရဦးမယ် နင့်ဘဝအတွက် အသင့်တော်ဆုံးသူက ဒေါက်တာဇွဲသစ်ပါ ဟန်နီရယ်… သူနင့်ကို စိတ်ဝင်စားနေတာ နင်လည်းသိမှာပါ။ မသိဘူးဆိုရင်လည်း အဲ့ဒါ ဧကသုအပေါ်မှာ သစ္စာရှိနေချင်တဲ့ နင့်စိတ်ကြောင့်ပါ။ အခုဝေးဝေးကိုမကြည့်နဲ့တော့ နင်နဲ့အနီးအနားမှာရှိတဲ့ ဒေါက်တာဇွဲသစ်ကို စဉ်းစားကြည့်”

“ယမုံရယ် ငါ ကိုနဲ့အဆက်အသွယ်မလုပ်ချင်တော့သလို ဘယ်သူ့ကိုမှလည်း မစဉ်းစားချင်သေးပါဘူးဟာ.. ငါ့စိတ်ကို ခဏတာ အနားပေးလိုက်ချင်သေးတယ်”

“အေးပါ အေးပါ ငါနားလည်ပါတယ်…”

ယမုံက ဟန်နီ့ကိုနောက်တစ်ကြိမ် တင်းတင်းကြပ်ကြပ်လေးဖက်ပြီး ကျောကုန်းလေးကိုပုတ်ကာ အားပေးလိုက်သည်။

ခြံဝကနေလှမ်းကြည့်နေသော ဒေါက်တာဇွဲသစ်သည် သူငယ်ချင်းနှစ်ယောက်၏ ကြည်နူးစရာအချိန်လေးကို မနှောင့်ယှက် ချင်သောကြောင့် အိမ်ထဲမဝင်တော့ဘဲ လှည့်ပြန်လာခဲ့လေသည်။ မမေရယ်… မမေ နေကောင်းသွားတယ်ဆိုတာနဲ့တင် ကျွန်တော့်မှာ စိတ်အေးရပါပြီ။ မမေ ဘဝလေး အေးချမ်းဖို့တော့ ကျွန်တော် ကြိုးစားကြည့်ချင်ပေမဲ့… 

ညိမ်း (UCSY)

No Comments Yet

Comments are closed