FUN

ယာဉ်မတော်တဆမှုကြောင့် သေလုမျောပါးဖြစ်ခဲ့ကြတဲ့ Cele များ

ယာဉ်တိုက်မှုရယ်လို့ ဖြစ်ကြပြီဆိုရင် အနည်းနဲ့ အများတော့ ထိခိုက်ကြတာပဲလေ… အဲ့ဒီထဲကမှ ဒီဆယ်လီတွေကတော့ သေလုမြောပါး ခံစားလိုက်ရတာပေါ့..

ယောင်းတို့ရေ … accident ဖြစ်ဖူးတဲ့သူရှိကြလား ? Admin ကတော့ တစ်ခါမှမဖြစ်ဖူးဘူး ။  မဖြစ်ပါစေနဲ့လို့လည်း အမြဲဆုတောင်းမိတယ် ။ ခံစားရတာတော့ အနည်းနဲ့ အများကောင်းမှာမဟုတ်ဘူးလေနော် … ဒီလိုကြောက်ဖို့ကောင်းတဲ့ accident တွေအကြောင်းစဉ်းစားမိတော့ ပရိတ်သတ်အချစ်တော် Cele တစ်ချို့ လဲ accident တွေဖြစ်ဖူးတယ်ဆိုတာလေး သွားသတိရမိတယ်။ accident ဖြစ်ပြီး ဆေးရုံရောက်ခဲ့ဖူးတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ …

၁။ Tangmo Nida

ထိုင်းမော်ဒယ်လ်လည်းဖြစ် မင်းသမီးလည်းဖြစ်တဲ့ Tangmo Nida ဟာ ၂၀၀၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ accident ကြောင့် သုံးလလောက်ကုသမှုခံယူလိုက်ရဖူးပါတယ် ။ အဝေးပြေး လမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တဲ့ ဒီ accident ဟာ မင်းသမီး ကားမောင်းရင်း အိပ်ငိုက်သွားလို့ဖြစ်သွားတာလို့ ဆိုပါတယ် ။ ဒီမင်းသမီးလေးဟာ အိပ်ဆေးအလွန်အကျွံသောက်သုံးပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့လည်း ကြံစည်ခဲ့ဖူးပါတယ်တဲ့ ။

၂။ Margie Rasri

စပိန်နဲ့ထိုင်းနွယ်ဖွားမင်းသမီးလေးတစ်ဦးဖြစ်တဲ့ Margie ရဲ့ ယာဉ်မတော်တဆမှုကတော့၂၀၀၉ ခုနှစ်မှာဖြစ်တာပါ ။ အဲဒီ accident မှာ မင်းသမီးလေးဟာ ဒူးဒဏ်ရာ ရသွားခဲ့ပါတယ် ။ ခုချိန်မှာတော့ မင်းသမီးလေးဟာ သူ့ရဲ့ စေ့စပ်ထားတဲ့ ချစ်သူနဲ့တောင်လက်ထပ်တော့မှာပါ။

Related Article >>> ထိပ်တန်းကိုရီးယား Idolများနဲ့ သူတို့ရဲ့တန်ဖိုးကြီးကားများ

၃။ Amy Amelia

ဒီမင်းသမီးလေးကတော့ သေလုမျောပါးကိုဖြစ်ခဲ့တာပါ ။ လမ်းပေါ်က လျှပ်စစ်ဓါတ်တိုင်ကိုတိုက်မိပြီး တစ်ကိုယ်လုံးဒဏ်ရာရခဲ့ပါတယ် ။
နဂိုအတိုင်းပြန်ဖြစ်မို့၂ နှစ်လောက် အချိန်ယူပြီး ပြန်ကုခဲ့ရပါတယ် ။

၎။ Lee Min Ho

၂၀၀၆ခုနှစ်တုန်းက ပရိတ်သတ်အချစ်တော် Korea မင်းသားချော လီမင်ဟိုဟာလည်း အတော်ပြင်းထန်တဲ့ ကား accident နဲ့ ကြုံခဲ့ဖူးသူပါ ။ သူငယ်ချင်းတွေနဲ့ အပြင်သွားပြီးပြန်အလာမှာဖြစ်တာပါတဲ့ ။ ကံကောင်းလို့ သေကံမရောက်ခဲ့တဲ့ accident ပဲဖြစ်ပါတယ် ။ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပြီး Lee Min Ho ကတော ညာဘက်ပေါင်ရိုးနဲ့ ခြေကျင်းဝတ် ကျိုးသွားခဲ့ပြီး ဘယ်ဘက် ဒူးခေါင်း အရွတ်လည်း ပြဲထွက်ခဲ့ပါတယ်။ သူတို့နဲ့ တိုက်မိတဲ့ တစ်ဖက်ကားကတော့ မောင်းသူရောဘေးလူပါ နှစ်ယောက်စလုံး ဆုံးသွားပါတယ်..

Related Article >>> အကောင်းလုပ်ခဲ့ပေမယ့် အဆိုးဝေဖန်မှုတွေပဲ ပြန်ရရှိလိုက်တဲ့ ထိုင်း Cele 10 ဦး

၅။ Jung Ii Woo

မင်းသား  Jung Ii Woo ဟာလည်း လီမင်ဟိုနဲ့ ငယ်သူငယ်ချင်းဖြစ်ပြီးတော့ လီမင်ဟိုကြုံခဲ့တဲ့ ပြင်းထန်တဲ့ ကား accident ဖြစ်တုန်းက သူလဲ အဲဒီကားထဲမှာရှိနေခဲ့ပါတယ် ။ ကုသမှုတွေခံယူခဲ့ရပေမယ့် လက်ကောက်ဝတ်နဲ့ တင်ပါး ပြင်းထန်တဲ့ဒဏ်ရာရခဲ့တဲ့အပြင် ဦးခေါင်းထဲသွေးယိုခဲ့မှုကြောင့် ဦးနှောက်သွေးခဲတဲ့ ရောဂါဝေဒနာ ကို ခုထိခံစားနေရတာပါ ။ တကယ်လို့ ဦးနှောက်ထဲမှာ သွေးကြောဟာ ရုတ်တရက် ပေါက်ထွက်ခဲ့မယ်ဆိုရင် အသက်အန္တရာယ် ရှိနိုင်မှုက ၃၀% ကနေ ၄၀%ထိဖြစ်နိုင်ပါတယ် ။

၆။ Bella Ranne

Bella Ranne ကတော့ ထိုင်းနဲ့ ဗြိတိန် သွေးနှော မင်းသမီးလေးတစ်လက်ဖြစ်ပြီး မြန်မာပရိတ်သတ်ရဲ့ အချစ်တော်တစ်ယောက်လဲဖြစ်ပါတယ် ။ သူမဟာလည်း Accident ကြောင့်ဆေးရုံရောက်ခဲ့ရဖူးပါတယ် ။  ၂၀၁၃ ခုနှစ်မှာ မင်းသမီးလေး Bella ဟာ ကား accident ဖြစ်ခဲ့တာပါ ။
ကားကို သူမကိုယ်တိုင်မောင်းခဲ့တာတော့ မဟုတ်ပါဘူး ။ သူမရဲ့ ကားဒရိုင်ဘာက ကားရှေ့ မှာခွေးတစ်ကောင်ဖြတ်ပြေးတာကို ရုတ်တရက် ကားဘရိတ်အုပ်လိုက်မိလို့
နောက်ခန်းမှာထိုင်နေတဲ့ မင်းသမီးရဲ့ တစ်ကိုယ်လုံးကို ကိုင်ရိုက်လိုက်သလိုဖြစ်သွားတာ ပါ ။ မင်းသမီးလဲ တစ်လလောက်ဆေးရုံတက်ခဲ့ရပါတယ် ။

၇။ Ice Preechaya

ဒီမင်းသမီးလေးကိုလည်း မြန်မာပြည်မှာ မသိတဲ့သူရှားပါလိမ့်မယ် ။ သူမပါဝင်တဲ့ဇာတ်ကား I am fine thank you , love you ဆိုတဲ့ဇာတ်ကားဟာ မြန်မာနိုင်ငံမှာအရမ်းအောင်မြင်မှုရခဲ့တဲ့ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ် ။ ထိုဇာတ်ကားထဲမှာ သူမက အင်္ဂလိပ်စာဆရာမလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၃ မှာဖြစ်ခဲ့တဲ့ကား accident ဟာ မင်းသမီးက ခါးပတ်မပတ်ဘဲမောင်းနေစဉ်မှာ Truck ကားတစ်စီးနဲ့တိုက်မိခဲ့တာဖြစ်ပါ တယ် ။ မင်းသမီးရဲ့ တစ်ကိုယ်လုံးနဲ့ မျက်နှာမှာပါ ဒဏ်ရာများရရှိခဲ့တာပါ ။

 

Accident တွေဆိုတာကတော့ သတိမထားမိတဲ့အချိန်တွေကဖြစ်တတ် တဲ့အရာတွေပါ ။ အခန့်မသင့်ရင် အသက်အန္တရာယ်ပါထိခိုက်နိုင်ပေမယ့် သူတို့ကတော့ ကံကောင်းထောက်မလို့ အသက်အန္တရာယ်ကလွတ်မြောက်ခဲ့ပါတယ် ။ သူတို့ကတော့ accident ဖြစ်ခဲ့ဖူးပြီဖြစ်တဲ့အတွက် နောက်ကို လမ်းသွားတဲ့အခါ သူများထက်ပိုပြီးသတိထားတတ်နေမှာပေါ့နော် … ဒါကလည်း အဆိုးထဲကအကောင်းပါပဲ ယောင်းတို့ရေ …

အသဲကျော် ( For Her Myanmar )

AThae Kyaw
အသဲ ကတော့ For Her Myanmar မှာ အသုပ်စုံပါ ။ အလုပ်ခွင်အကြောင်းတွေလဲရေးသလို အလှအပအကြောင်းတွေလဲ စိတ်ကူးပေါက်ရင် ရေးတာပဲ ... စာအုပ်တွေ အကြောင်းလဲရေးတယ် ... Mood ၀င်တဲ့နေ့တွေဆို ၀တ္ထုတိုတွေလည်း ရေးဖြစ်တယ် ။ စာဖတ်သူကို motivation ဖြစ်စေမယ့် စာလေးတွေရေးရတာ သိပ်သဘောကျတယ် ။ နေ့တိုင်း ရုပ်ရှင်မကြည့်တဲ့နေ့မရှိတဲ့ ရုပ်ရှင်ဝါသနာအိုးဆိုတော့ Movie Review နဲ့ အနုပညာရေးရာသတင်းတွေ ရေးရတာကို အကြိုက်ဆုံးပဲ ... ။ မကျွမ်းကျင်ဆုံးကတော့ အချစ်ရေးအချစ်ရာတွေပါ ... အာ့မို့ အချစ်ရေးကိစ္စတွေမှာဆို အသဲ လက်ရာဆောင်းပါး ကို တွေ့ရခဲပါတယ် ဟီး အကောင်းဆုံးကြိုးစားသွားမှာမို့ အသဲရဲ့ စာလေးတွေကို အားပေးကြပါဦး ယောင်းတို့ရေ .

Leave a Reply

Your email address will not be published. Required fields are marked *