FUN Knowledge

ဝေဖန်သံတွေကြားက Canal+ ဘာလဲ။ ဘယ်လဲ။

မြန်မာနိုင်ငံအတွက်သီးသန့်ရုပ်သံလိုင်း (၈) လိုင်းတောင်ပါတယ်တဲ့နော်။

ယောင်းတို့ရေ… အက်မင်တို့မနေ့က Canal+ ရုပ်သံလိုင်းရဲ့ သတင်းစာရှင်းလင်းပွဲအခမ်းအနားကို သွားရင်း သိလာတာလေးတွေကို ယောင်းယောင်းတို့ကို မျှဝေပေးချင်ပါတယ်။ Canal+ ဆိုတာ ပြင်သစ်နိုင်ငံအခြေစိုက် အခပေးရုပ်သံလိုင်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက 4tv,5 network တို့ရဲ့ CEO ဦးဝင်းမော် နဲ့ Canal+ CEO တို့ညှိနှိုင်းကြပြီး (၂) နှစ်ကြာအချိန်ယူလို့ ၂၀၁၇ မှာစစ်တမ်းကောက်ယူပြီး အခု ၂၀၁၈ ဖေဖော်ဝါရီမှာ တရားဝင်မိတ်ဆက်လိုက်ပါပြီ။

အာရှမှာCanal+  ဖြန့်ချိခြင်းဟာ ဗီယက်နမ်ပြီးရင် မြန်မာနိုင်ငံသည် ဒုတိယမြောက်နိုင်ငံဖြစ်ပါတယ်။  ဇန်နဝါရီလ ၂၉ ရက်နေ့ကနေစပြီး ရုပ်သံလိုင်း (၇၈) လိုင်းကိုစတင်ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ရှယ်နဲ့ ထူးရှယ်ဆိုပြီး package(အစီအစဉ်) နှစ်မျိုးရှိပြီး ရှယ်မှာတော့ ရုပ်သံလိုင်း (၃၆) လိုင်းပါဝင်ကာ ထူးရှယ်မှာတော့ ရုပ်သံလိုင်း (၇၈) လိုင်းပါဝင်ပါတယ်။ 4tv စက်ရှိပြီးသားအိမ်တွေမှာကတော့ ကျန်ရှိနေသေးတဲ့အစီအစဉ်အလိုက် အခမဲ့ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ လဲသိရပါတယ်။ 4tv မရှိတဲ့လူတွေလဲ ကြည့်ရှုနိုင်အောင် အစီအစဉ်တွေဆွဲနေပါသေးတယ်တဲ့။

ကောလ်စင်တာ (call center) ၅ ခုရှိပြီး ရန်ကုန်မြို့မှာ (၄) ခုနဲ့ မန္တလေးမြို့မှာ (၁) ခုဖြစ်ပါတယ်။ ရန်ကုန်မှာ စတိုး (၅) ခုဖွင့်ခဲ့ပြီး မန္တလေးမှာ မကြာခင်အချိန်အတွင်းဖွင့်နိုင်ဖို့ ကြိုးစားနေပြီလို့ သိရပါတယ်။ Canal+ ရဲ့အရောင်းဆိုင်တွေမှာတော့ ဝယ်သူတစ်ဦးတစ်ယောက်ချင်းကို သေချာဂရုစိုက်ပေးမှာဖြစ်ပြီး customer service ကိုသေချာဂရုစိုက်ပေးမယ်လို့ကတိပေးထားပါတယ်။ ဝယ်သူတွေအနေနဲ့ ပိုပြီးလွယ်ကူသွားစေဖို့ Reddot ရှိတဲ့ ABCတို့ G&G တို့လို ဆိုင်တိုင်းမှာ အလွယ်တကူသက်တမ်းတိုးလို့ရအောင် စီစဉ်ထားပါသေးတယ်။ မိုဘိုင်းကနေတစ်ဆင့် အလွယ်တကူ သက်တမ်းတိုးလို့ရမယ့် အစီအစဉ်တွေလည်း ဆောင်ရွက်နေပြီး ကြိုတင်ပြင်ဆင်မှုတွေကြားက အဆင်မပြေမှုတွေဖြစ်ခဲ့တာမို့ အနူးညွတ်တောင်းပန်ပါတယ်ဆိုတဲ့ အကြောင်းနဲ့ ပိုပြီးကောင်းတဲ့ ဝန်ဆောင်မှုတွေအတွက်လည်း ကြိုးစားပြုပြင်နေပါကြောင်း ထပ်လောင်းပြီး ပြောကြားခဲ့ပါတယ်။

Related Article >>> တစ်ကိုယ်ရည်သင်ယူခြင်းအနုပညာ

Forever Group က ကွာလတီပိုင်းကို သေချာထိန်းသိမ်းပြီး မြန်မာပြည်သူ၊ ပြည်သားတွေအတွက် သီးသန့်ရုပ်သံလိုင်း (၈) လိုင်းကိုထုတ်လွှင့်ပေးမှာဖြစ်တယ်လို့လည်း သိရပါသေးတယ်။ Zat Lann (ဇာတ်လမ်း), Gi Ta (ဂီတ), Har Ta (ဟာသ) , Pu Tu Tu (ပူတူတူး ) , Cha Tate (ချာတိတ်) , Mal Madi (မယ်မဒီ) , Action (အက်ရှင်) ,  Su San (စူးစမ်း) စတာတွေပါ။ အစီအစဉ်တစ်ခုစီမှာ ပြည်သူချစ်အနုပညာရှင်တွေကိုလဲ brand ambassador အနေနဲ့ခန့်ထားပါသေးတယ်။ ကိုယ်ပိုင်ဇာတ်လမ်းတွဲ၊ စကားဝိုင်းနဲ့၊ ဇာတ်လမ်းတွေကို ကိုယ်ပိုင်ထုတ်လုပ်သွားမှာဖြစ်ပြီး သူမတူတဲ့ဆန်းသစ်မှုတွေနဲ့ တင်ဆက်သွားမှာပါတဲ့။

အက်ဒ်မင်တို့ For Her Myanmar က Canel+ နဲ့ပူးပေါင်းပြီး မယ်မဒီဆိုတဲ့ ရုပ်သံလိုင်းကနေ အမျိုးသမီးတွေအတွက် အင်အားဖြစ်စေမယ့် ဇာတ်လမ်းတွေ၊ စကားပြောအစီအစဉ်တွေကိုလဲ ပူးပေါင်းတင်ဆက်ထားတာမို့ စောင့်ကြည့်ပေးပါဦးလို့။ ဧပြီလအကုန်မှာလည်း အထူးသီးသန့် ပရိုဂရမ်တစ်ခုရှိပါသေးတယ်တဲ့။ ပြည့်ပြည့်စုံစုံနဲ့ အရည်အသွေးကောင်းကောင်း ရုပ်သံလိုင်းတွေကို ထုတ်လွှင့်ပေးမယ်လို့ဆိုထားတာကြောင့် စောင့်ကြည့်ရမယ့်ရုပ်သံလိုင်းတစ်လိုင်းပါပဲ..  ယောင်းတို့ရောဘယ်လိုထင်လဲ?

Hnin Ei Oo ( For Her Myanmar )

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *