ေယာင္းတို႕ေစာင့္ေမွ်ာ္ေနၾကတဲ့ ဒီတစ္ပတ္ Billboard မွာ ေဟာ့အျဖစ္ဆံုး သီခ်င္း (၁၀) ပုဒ္

Top Ten ေနရာကသီခ်င္းေတြမွ နားမေထာင္ရင္ မိုက္မဲရာက်သြားမွာေပါ့     

ေယာင္းတို႔ေရ…နားေထာင္ေနက်သီခ်င္းေတြခ်ည္းပဲ နားေထာင္ေနရတာရုိးအီေနၿပီလား ? အသစ္အသစ္ေတြထြက္ေနတဲ့ေခတ္ႀကီးမွာ ေနာက္က်မက်န္ခဲ့ရေလေအာင္ billboard မွာ ဒီတစ္ပတ္အတြင္း  top ten  ေနရာက ဦးေဆာင္ေနတဲ့ သီခ်င္းေတြကို stella က ေျပာျပေပးသြားမယ္ေနာ္။

(၁၀) Travis Scott – Sicko Mode

နံပါတ္ (၁၀) ေနရာမွာေတာ့ “Sicko Mode” သီခ်င္းရွိေနပါတယ္။ Kylie Jenner ရဲ႕ခ်စ္သူ Travis Scott သီဆိုထားတဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ၿပီး Drake ကလည္း ပါဝင္အားျဖည့္ေပးထားပါတယ္။

Related article >>> ၂၀၁၈ အတြက္ IMDb ကေရြးခ်ယ္ထားတဲ့ အေကာင္းဆံုး ရုပ္ရွင္ကား (၅) ကား

(၉) Middle Child – J. Cole

အေမရိကန္ရက္ပ္ပါ J. Cole ရဲ႕ “Middle Child” သီခ်င္းကေတာ့ နံပါတ္ (၉) ေနရာကေန ေတာ္ေတာ္ေပါက္ေနပါတယ္။ ေယာင္းက ရက္ပ္ေတြႀကိဳက္ႏွစ္သက္သူဆိုရင္ေတာ့ ဒီသီခ်င္းကို နားေထာင္ၾကည့္လိုက္ပါ။

(၈) Happier – Marshmello & Bastille

DJ Marshmello ရဲ႕ “Happier” က ဒီတစ္ပတ္အတြက္ နံပါတ္ (၈) ေနရာကို ေလွ်ာက်သြားပါတယ္။ “Happier” ကို နားေထာင္မိရင္ သူ႔ရဲ႕ Mtv ေလးကိုပါ ၾကည့္လိုက္ပါဦး။

Related article >>> စာဂ်ပိုးတို႔အတြက္ အဂၤလိပ္ဝတၳဳ(၃)အုပ္

(၇) Wow – Post Malone

လူငယ္ႀကိဳက္အဆိုေတာ္ Post Malone ရဲ႕ “Wow” သီခ်င္းက ဒီတစ္ပတ္မွာ အေပၚကိုတစ္ဆင့္တက္လာကို ေတြ႔ရပါတယ္။ ဒီသီခ်င္းက Billboard Top 100 chart မွာ ရွိေနတာ (၁၁) ပတ္ေတာင္ ရွိေနပါၿပီ။

(၆) Shallow – Lady Gaga & Bradley Cooper

၂၀၁၉ ေအာ္စကာဆုေပးပြဲမွာ Best Original Song ဆုရရွိထားတဲ့ “Shallow” က “A Star Is Born” ရုပ္ရွင္ကားထဲက Lady Gaga နဲ႔ Bradley Cooper ရဲ႕ သီခ်င္းေလးပါ။ လူေတာ္ေတာ္မ်ားမ်ားရဲ႕အသည္းကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ သီခ်င္းမို႔ နားေထာင္ျဖစ္ေအာင္နားေထာင္လိုက္ေနာ္။

(၅) Without Me – Halsey

Halsey ရဲ႕ “Without Me” သီခ်င္းက အရင္တစ္ပတ္နံပါတ္သံုးေနရာမွာ ရွိေနရာမွ အခုတစ္ပတ္မွာ နံပါတ္ (၅) ေနရာကို ေရာက္သြားပါတယ္။ အသည္းကြဲေနတဲ့ ေယာင္းတို႔ အႀကိဳက္ေတြ႔ေလာက္မယ္ ထင္ပါရဲ႕။

(၄) Sunflower – Post Malone & Swae Lee

Spider-Man: Into The Spider-Verse ရုပ္ရွင္ထဲက ဇာတ္ဝင္သီခ်င္းျဖစ္တဲ့ “Sunflower” က ဒီတစ္ပတ္ရဲ႕ နံပါတ္ (၄) ေနရာမွာပါ။ Post Malone နဲ႔ Swae Lee တို႔ရဲ႕သီခ်င္းျဖစ္တာေၾကာင့္ လူငယ္ႀကိဳက္သီခ်င္းတစ္ပုဒ္ပါပဲ။

Related article >>> ေယာင္းကို မ်က္ရည္ျခဴမယ့္ အေကာင္းဆံုးရုပ္ရွင္ (၃) ကား

(၃) Please Me – Cardi B & Bruno Mars

“Please Me” သီခ်င္းဟာ အရင္တစ္ပတ္က နံပါတ္ (၁၄) ေနရာမွာ ရွိေနရာမွ အခု နံပါတ္ (၃) ကို ခုန္တက္လာတာပါ။ Bruno Mars နဲ႔ Cardi B သီဆိုထားတာမို႔ ေယာင္းတို႔အႀကိဳက္ေတြမွာ ေသခ်ာပါတယ္။

(၂) 7 Rings – Ariana Grande

ခ်စ္စရာ ေပါ့ပ္ အဆိုေတာ္မေလး Ariana Grande ရဲ႕ “7 Rings” သီခ်င္းကေတာ့ ဒီတစ္ပတ္မွာလည္း နံပါတ္ (၂) ေနရာမွာ ရွိေနပါတယ္။

(၁) Suckers – Jonas Brothers

၂၀၀၀ ခုႏွစ္ဝန္းက်င္က ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ Jonas Brothers က ေျခာက္ႏွစ္ၾကာၿပီးတဲ့ေနာက္မွာ ပထမဆံုးသီခ်င္းျဖစ္တဲ့ “Suckers” နဲ႔ billboard နံပါတ္(၁) ေနရာကို သိမ္းပိုက္ထားပါတယ္။

ကဲ…ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း ဒီတစ္ပတ္အတြက္ နားေထာင္စရာသီခ်င္းေတြ တစ္ပံုတစ္ပင္ရေလာက္ၿပီေပါ့ေနာ္။ ဒါဆိုရင္ေတာ့ ဒီေလာက္နဲ႔ပဲနားလိုက္ၾကရေအာင္။ ေနာက္တစ္ပတ္မွ ထပ္ေတြ႔ၾကမယ္။

Stella (For Her Myanmar)

<<<Unicode>>>

Top Ten နေရာကသီချင်းတွေမှ နားမထောင်ရင် မိုက်မဲရာကျသွားမှာပေါ့     

ယောင်းတို့ရေ…နားထောင်နေကျသီချင်းတွေချည်းပဲ နားထောင်နေရတာရိုးအီနေပြီလား ? အသစ်အသစ်တွေထွက်နေတဲ့ခေတ်ကြီးမှာ နောက်ကျမကျန်ခဲ့ရလေအောင် billboard မှာ ဒီတစ်ပတ်အတွင်း  top ten  နေရာက ဦးဆောင်နေတဲ့ သီချင်းတွေကို stella က ပြောပြပေးသွားမယ်နော်။

(၁၀) Travis Scott – Sicko Mode

နံပါတ် (၁၀) နေရာမှာတော့ “Sicko Mode” သီချင်းရှိနေပါတယ်။ Kylie Jenner ရဲ့ချစ်သူ Travis Scott သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Drake ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။

Related article >>> ၂၀၁၈ အတွက် IMDb ကရွေးချယ်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၅) ကား

(၉) Middle Child – J. Cole

အမေရိကန်ရက်ပ်ပါ J. Cole ရဲ့ “Middle Child” သီချင်းကတော့ နံပါတ် (၉) နေရာကနေ တော်တော်ပေါက်နေပါတယ်။ ယောင်းက ရက်ပ်တွေကြိုက်နှစ်သက်သူဆိုရင်တော့ ဒီသီချင်းကို နားထောင်ကြည့်လိုက်ပါ။

(၈) Happier – Marshmello & Bastille

DJ Marshmello ရဲ့ “Happier” က ဒီတစ်ပတ်အတွက် နံပါတ် (၈) နေရာကို လျှောကျသွားပါတယ်။ “Happier” ကို နားထောင်မိရင် သူ့ရဲ့ Mtv လေးကိုပါ ကြည့်လိုက်ပါဦး။

Related article >>> စာဂျပိုးတို့အတွက် အင်္ဂလိပ်ဝတ္ထု(၃)အုပ်

(၇) Wow – Post Malone

လူငယ်ကြိုက်အဆိုတော် Post Malone ရဲ့ “Wow” သီချင်းက ဒီတစ်ပတ်မှာ အပေါ်ကိုတစ်ဆင့်တက်လာကို တွေ့ရပါတယ်။ ဒီသီချင်းက Billboard Top 100 chart မှာ ရှိနေတာ (၁၁) ပတ်တောင် ရှိနေပါပြီ။

(၆) Shallow – Lady Gaga & Bradley Cooper

၂၀၁၉ အော်စကာဆုပေးပွဲမှာ Best Original Song ဆုရရှိထားတဲ့ “Shallow” က “A Star Is Born” ရုပ်ရှင်ကားထဲက Lady Gaga နဲ့ Bradley Cooper ရဲ့ သီချင်းလေးပါ။ လူတော်တော်များများရဲ့အသည်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ သီချင်းမို့ နားထောင်ဖြစ်အောင်နားထောင်လိုက်နော်။

(၅) Without Me – Halsey

Halsey ရဲ့ “Without Me” သီချင်းက အရင်တစ်ပတ်နံပါတ်သုံးနေရာမှာ ရှိနေရာမှ အခုတစ်ပတ်မှာ နံပါတ် (၅) နေရာကို ရောက်သွားပါတယ်။ အသည်းကွဲနေတဲ့ ယောင်းတို့ အကြိုက်တွေ့လောက်မယ် ထင်ပါရဲ့။

(၄) Sunflower – Post Malone & Swae Lee

Spider-Man: Into The Spider-Verse ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Sunflower” က ဒီတစ်ပတ်ရဲ့ နံပါတ် (၄) နေရာမှာပါ။ Post Malone နဲ့ Swae Lee တို့ရဲ့သီချင်းဖြစ်တာကြောင့် လူငယ်ကြိုက်သီချင်းတစ်ပုဒ်ပါပဲ။

Related article >>> ယောင်းကို မျက်ရည်ခြူမယ့် အကောင်းဆုံးရုပ်ရှင် (၃) ကား

(၃) Please Me – Cardi B & Bruno Mars

“Please Me” သီချင်းဟာ အရင်တစ်ပတ်က နံပါတ် (၁၄) နေရာမှာ ရှိနေရာမှ အခု နံပါတ် (၃) ကို ခုန်တက်လာတာပါ။ Bruno Mars နဲ့ Cardi B သီဆိုထားတာမို့ ယောင်းတို့အကြိုက်တွေမှာ သေချာပါတယ်။

(၂) 7 Rings – Ariana Grande

ချစ်စရာ ပေါ့ပ် အဆိုတော်မလေး Ariana Grande ရဲ့ “7 Rings” သီချင်းကတော့ ဒီတစ်ပတ်မှာလည်း နံပါတ် (၂) နေရာမှာ ရှိနေပါတယ်။Related article >>> ဖက်ရှင်ချစ်သူ ယောင်းယောင်းတို့ မဖြစ်မနေ ကြည့်ထားသင့်တဲ့ ရုပ်ရှင် (၅) ကား

(၁) Suckers – Jonas Brothers

၂၀၀၀ ခုနှစ်ဝန်းကျင်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် Jonas Brothers က ခြောက်နှစ်ကြာပြီးတဲ့နောက်မှာ ပထမဆုံးသီချင်းဖြစ်တဲ့ “Suckers” နဲ့ billboard နံပါတ်(၁) နေရာကို သိမ်းပိုက်ထားပါတယ်။

ကဲ…ဒီလောက်ဆိုရင် ယောင်းတို့လည်း ဒီတစ်ပတ်အတွက် နားထောင်စရာသီချင်းတွေ တစ်ပုံတစ်ပင်ရလောက်ပြီပေါ့နော်။ ဒါဆိုရင်တော့ ဒီလောက်နဲ့ပဲနားလိုက်ကြရအောင်။ နောက်တစ်ပတ်မှ ထပ်တွေ့ကြမယ်။

Stella (For Her Myanmar)

No Comments Yet

Comments are closed