FUN Movie Reviews

လက္မလႊတ္သင့္တဲ့ ၂၀၁၈ ရဲ႕ ဆုရဇာတ္ကားေကာင္း မ်ား

ပိတ္ရက္လည္း ေရာက္ေတာ့မယ္ဆိုေတာ့ မၾကည့္ရေသးတဲ့ကားေလးေတြ ေဒါင္းထားဦးမွ 😛

<<<ZawGyi>>>

၂၀၁၈ကုန္လို႔ ၂၀၁၉ထဲေရာက္လာေတာ့မယ္ေနာ္။ အဲ့ေတာ့ ၂၀၁၈ရဲ႕ အေကာင္းဆံုး ရုပ္ရွင္ေတြကိုေကာ ၾကည့္ၿပီးၾကၿပီလား? 😜 တကယ္ေတာ့ ၂၀၁၈ ဟာ စံုလင္လွတဲ့ ရုပ္ရွင္္အမ်ိဳးအစားမ်ားစြာနဲ႔ ေက်နပ္စရာ ဇာတ္ကားေကာင္းေတြ ထြက္ခဲ့တဲ့ႏွစ္လို႔ ေျပာရမွာပါ။ ၂၀၁၈ ေအာ္စကာဆုေပးပြဲနဲ႔ ေရႊကမၻာလံုးဆုေပးပြဲမွာ ပရိသတ္အမ်ားစု ေမွ်ာ္မွန္းထားတဲ့၊ ရသင့္ရထိုက္တဲ့ ဇာတ္လမ္းေတြကပဲ ဆုရခ့ဲတာျဖစ္ေလေတာ့ အားရေက်နပ္စရာႏွစ္ပါပဲ။

လက္မလြတ္တမ္း ၾကည့္သင့္တဲ့ ဆုရ ဇာတ္ကားေကာင္း တခ်ိဳ႕ကေတာ့..

(1)The Shape of Water

IMDB 7.4 ေတာင္ရခဲ့တဲ့ The Shape of Water ကေတာ့ ဆုေပးပြဲေတြမွာ ဆုအမ်ားဆံုး ရခဲ့တဲ့ရုပ္ရွင္ျဖစ္ပါတယ္။ ။ The Shape of Water ဟာ  ၾကည့္ရႈသူ ရင္ကိုရိုက္ခတ္ႏိုင္တဲ့ အခ်စ္ဇာတ္လမ္းတစ္ပုဒ္လို႔ေျပာရင္လည္း မမွားဘူးေပါ့ေနာ္။ ဇာတ္လမ္းကို ၁၉၆၂ ခုႏွစ္ ဘာလ္တီေမာမွာ ေနာက္ခံထားၿပီး ဇာတ္လမ္းအက်ဥ္းကိုေျပာရရင္ေတာ့ …

နားမၾကားတဲ့ အထီးက်န္ အမ်ိဳးသမီးျဖစ္သူ Elisa ဟာ အစိုးရရဲ႕ ဓာတ္ခြဲခန္းတစ္ခုမွာ သန္႔ရွင္းေရးလုပ္ကိုင္ သူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ရက္မွာေတာ့ Elisa ဟာ အစိုးရက လံုးဝလူသိမခံလိုတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို ေတြ႕သြားခဲ့ပါတယ္။ အဲဒါကေတာ့ လူလား၊ ငါးလား လို႔ေတာင္ ေျပာရခက္တဲ့ ဒ႑ာရီလာ ေရေနသတၱဝါတစ္ေကာင္ဟာ သူ(မ) အလုပ္လုပ္တဲ့ ဓာတ္ခြဲခန္းထဲမွာ ရွိေနတာ၊ အစိုးရရဲ႕ ရက္ရက္စက္စက္ စမ္းသပ္ခံေနရတာကို သိသြားတာပဲ ျဖစ္ပါတယ္။

အဲဒီ ဒ႑ရီလာသတၱဝါနဲ႔ Elisa တို႔ၾကားမွွာ သံေယာဇဥ္ တျဖည္းျဖည္းတြယ္ၿငိလာၿပီး ခ်စ္ျခင္းေမတၱာေတြ ေပါက္ဖြားလာတဲ့အခါ၊ ဒါေပမဲ့ တစ္ဖက္မွာလည္း ဒီသတၱဝါရဲ႕ အဆံုးသတ္ ကံၾကမၼာဟာ ရက္စက္တဲ့ အစိုးရအာဏာပိုင္ေတြ လက္ထဲမွာ ရွိေနတဲ့အခါ…မတူညီတဲ့ ကမၻာက ခ်စ္သူႏွစ္ေယာက္ဟာ အၾကပ္အတည္းထဲ ေရာက္လာခဲ့ပါတယ္။

ဒီရုပ္ရွင္ဟာ စိတ္ဝင္စားစရာေကာင္းၿပီး ဆန္းသစ္တဲ့ဇာတ္အိမ္နဲ႔အတူ ၾကည့္ရႈသူကို ဖမ္းစားႏိုင္ခဲ့တဲ့ သရုပ္ေဆာင္ခ်က္ေတြ၊ ေရေအာက္ ရိုက္ခ်က္ေတြ၊ ေသသပ္တဲ့ ကြန္ပ်ဴတာ အထူးျပဳလုပ္ခ်က္ ေတြေၾကာင့္ အကယ္ဒမီ အမ်ားဆံုး သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

(2) The Lady Bird

The Lady Bird ကေတာ့ အခ်စ္ဟာသဇာတ္ကား အမ်ိဴးအစားျဖစ္ၿပီး IMDB 7.5 အထိ ရထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Marion ဟာ ေယာက်ာ္းျဖစ္သူ အလုပ္ျပဳတ္သြားတာေၾကာင့္ မနားမေန အလုပ္လုပ္ၿပီး တစ္မိသားစုလံုးကို ရွာေကၽြးေနသူ ျဖစ္ပါတယ္။ မိသားစုဝင္ေငြရွာရတဲ့ အိမ္ေထာင္ဦးစီးသူ(မ)ဟာ တစ္ဖက္မွာေတာ့ သူ(မ)ရဲ႕ သမီးေလး အေပၚ မိခင္တာဝန္ထမ္းေဆာင္ရတာ သိပ္အဆင္မေျပလွပါဘူး။

သမီးေလးဟာ Marion လိုပဲ ခ်စ္ဖို႔ေကာင္းတဲ့ မိန္းကေလးျဖစ္ေပမဲ့ အရြယ္ေရာက္တဲ့ ငွယ္မဒီေလးလို အေဝးကို ပ်ံသန္းၾကည့္ခ်င္တဲ့၊ စြန္႔စားခ်င္တဲ့ စိတ္ဓာတ္ေၾကာင့္ မိခင္ျဖစ္သူနဲ႔ အၿမဲျပႆနာ ျဖစ္ရသူပါ။

ဒါေၾကာင့္ Lady Bird ဟာ အရြယ္ေရာက္လာတဲ့အခါ တဇြတ္တိုး လုပ္တတ္လာတဲ့၊ ပုန္ကန္တတ္လာတဲ့ သားသမီးနဲ႔ မိဘျဖစ္သူၾကားမွာ ျဖစ္တတ္တဲ့ ကေတာက္ကဆ ဆက္ဆံေရးအေၾကာင္း သဘာဝက်က်၊ လက္ေတြ႕က်က် ရိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ မိဘနဲ႔ သားသမီးဆက္ဆံေရးကို ပိုမို နားလည္ႏိုင္ေစမယ့္ Lady Bird ဟာ မိဘေတြ ၾကည့္သင့္တဲ့ ဇာတ္ကားေကာင္းျဖစ္ပါတယ္။

Related Article >>> ၂၀၁၈ အတြက္ IMDb ကေရြးခ်ယ္ထားတဲ့ အေကာင္းဆံုး ရုပ္ရွင္ကား (၅) ကား

(3) Coco

ဒါေလးကေတာ့ အေကာင္းဆံုးအန္နီေမးရွင္းရုပ္ရွင္ဆု၊ အေကာင္းဆံုးဇာတ္ဝင္ေတးဆု နဲ႔ အျခားဆုေပါင္းမ်ားစြာရခဲ့တဲ့ စိတ္ကူးယဥ္အန္နီေမးရွင္း ဇာတ္လမ္းအမ်ိဳးအစား ျဖစ္ပါတယ္။ ဇာတ္အိမ္အက်ဥ္းကေတာ့ မက္ဆီကန္ ကေလးငယ္မီေဂါဟာ အဆိုဝါသနာပါတဲ့ ကေလးပါ။ ဒါေပမဲ့ ထူးဆန္းတာကေတာ့ မီေဂါရဲ႕ အဘြားကစလို႔ သူ႔မိဘေတြအထိ သီခ်င္းဂီတကို ခါးခါးသီးသီး မုန္းတီးၿပီး လံုးဝမဆိုရ၊ နားမေထာင္ရလို႔ ပိတ္ပင္ထားၾကပါတယ္။ ဒီလို ဝါသနာနဲ႔ အိမ္မက္ကို ရိုက္ခ်ိဳးခံရတာေၾကာင့္ ေၾကကြဲေနတဲ့ မီေဂါဟာ အေၾကာင္းတစ္ခုေၾကာင့္ မေတာ္တဆ ဝိဉာဥ္ေတြေနတဲ့ တမလြန္ကမၻာကို ေရာက္သြားခဲ့ပါတယ္။

တမလြန္ကမၻာမွာ ေသဆံုးသြားတဲ့ မီေဂါတို႔ ဘိုးေဘးေတြ အားလံုးကို ေတြ႕ရသလို အရမ္းေပ်ာ္ေပ်ာ္ေနတတ္တဲ့ ဟက္တာ ဆိုတဲ့ ဂီတကၽြမ္းက်င္သူနဲ႔ သူငယ္ခ်င္းျဖစ္သြားခဲ့ပါတယ္။

ေပ်ာ္စရာေကာင္းတဲ့ ဝိဉာဥ္ၿမိဳ႕ေတာ္ႀကီးမွာ မီေဂါတစ္ေယာက္ သူျဖစ္ခ်င္တဲ့ အဆိုေတာ္အိမ္မက္ကို အေကာင္ထည္ေဖာ္ဖို႔ ႀကိဳးစားရင္း သူ႔မိသားစုရဲ႕ လွ်ိဳ႕ဝွက္ခ်က္နဲ႔ ေပ်ာက္ကြယ္ေနခဲ့တဲ့ အမွန္တရားတစ္ခုကို ရွာေဖြေတြ႕ရွိသြားတဲ့အခါ…..မီေဂါတစ္ေယာက္လည္း ဝိဉာဥ္ေလာကမွာ ဆက္ေနရင္ ထာဝရေပ်ာက္ကြယ္သြားမယ္ဆိုတာကို သိလိုက္ရတဲ့အခါ…

ကာတြန္းကားဆိုေပမဲ့ တကယ့္မက္ဆီကန္ရိုးရာအလွေတြ၊ ယဥ္ေက်းမႈေတြကို ထည့္သြင္းတင္ဆက္ထားတာမို႔ ၾကည့္ရတာ အေတာ္ေလး အရသာရွိပါတယ္။ ကာတြန္းကားဆိုလို႔ အထင္မေသးနဲ႔။ ကေလးတင္မဟုတ္ဘူး အက္ဒ္မင္တို႔ လူႀကီးေတြပါ မ်က္ရည္က်ဝမ္းနည္းရတဲ့အထိ အပီအျပင္ ခံစားခဲ့ရတဲ့ ရုပ္ရွင္ကားပါေနာ္။

(4) Dunkirk

ဒါကေတာ့ သမိုင္းအမွန္ကို ရိုက္ကူးထားတဲ့ သည္းထိတ္ရင္ဖို/ ဒရမ္မာ ဇာတ္ကားပါ။ IMDB 7.9 အထိ ရထားတဲ့ Dunkirk ဟာ ဒုတိယကမၻာစစ္မွွာ ပိတ္မိေနတဲ့ မဟာမိတ္တပ္သားေတြကို စြန္႔စြန္႔စားစားကယ္ထုတ္တဲ့ စစ္ဆင္ေရး အေၾကာင္းကို ရိုက္ထားတာပါ။

ဇာတ္လမ္းအက်ဥ္းကေတာ့ ၁၉၄၀ မွာ နာဇီဂ်ာမနီေတြက ျပင္သစ္ကိုရုတ္တရက္ က်ဴးေက်ာ္လိုက္တာေၾကာင့္ မဟာမိတ္ တပ္သားေလးသိန္းဟာ Dunkirk ဆိုတဲ့ ရြာေလးရဲ႕ ကမ္းေျခနဲ႔ သေဘာၤဆိပ္ကမ္းေတြမွာ ပုန္းေနခဲ့ရပါတယ္။ ဒီလို ပုန္းေနရၿပီး ထြက္ေျပးလြတ္ေျမာက္ႏိုင္ဖို႔ လမ္းစ သိပ္မရွိတဲ့ မဟာမိတ္တပ္သားေတြကို ေနာက္ဆံုးမွာ ေအာင္ေအာင္ျမင္ျမင္ ခက္ခက္ခဲခဲ ဘယ္လို ကယ္ထုတ္သြားၾကလဲဆိုတာ ရႈစားၾကပါလို႔….

စစ္ကားေတြ ႀကိဳက္ႏွစ္သက္တဲ့ သူေတြအတြက္ေတာ့ အေတာ္ေလး အဓိပၸါယ္ရွိတဲ့ ရုပ္ရွင္ကားေကာင္းပါပဲ။ အဲ့ရုပ္ရွင္မွာ အက္ဒ္မင္အႀကိဳက္ဆံုးစာသားကေတာ့ “လူေလးသိန္းဟာ အိမ္မျပန္ႏိုင္ေတာ့တဲ့အခါ အိမ္ဟာ သူတို႔ဆီေရာက္လာခဲ့ပါတယ္”တဲ့။ ဒီရုပ္ရွင္ဟာလည္း အကယ္ဒမီဆုမ်ားစြာ သိမ္းပိုက္ခဲ့ပါတယ္။

(5) Call me by your name

ဒါကေတာ့ IMDB 7.9 အထိရထားတဲ့ LGBT ဇာတ္ကားေလး ျဖစ္ၿပီး မူရင္းဝတၳဳေကာ ရုပ္ရွင္အျဖစ္ ျပန္အသက္သြင္းတဲ့အခါမွာေကာ ေအာင္ျမင္မႈရခဲ့တဲ့ ဇာတ္ကားေလးပါ။

အခ်ိန္ကာလကေတာ့ ၁၉၈၃ ရဲ႕ ေႏြရာသီတစ္ခု ျဖစ္ၿပီး ဆယ္ေက်ာ္သက္ေကာင္ေလး Elio ဟာ အီတီလီက Lombardy ေဒသမွာ သူ႔မိသားစုနဲ႔ အပန္းေျဖေနပါတယ္။ တစ္ရက္မွာေတာ့ Elio တို႔ အေဖဆီမွာ အလုပ္သင္လုပ္ဖို႔ ဆိုၿပီး Oliver ဆိုတဲ့ Ph.D ေက်ာင္းသားတစ္ေယာက္ ေရာက္လာခဲ့ပါတယ္။ Oliver နဲ႔ Elio တို႔ရဲ႕ ေတြ႕ဆံုမႈ၊ ခင္မင္ရင္းႏွီးမႈကေန ေပါက္ဖြားလာတဲ့ သံေယာဇဥ္ဟာ ေနာက္ဆံုးမွာေတာ့ သာမန္လူေတြလက္ခံဖို႔ ခက္ခဲတဲ့ သူတို႔ရဲ႕ စိတ္ဆႏၵအာသီသကို ႏွိုးထလာေစခဲ့ၿပီး Elio နဲ႔ Oliver တို႔ရဲ႕ဘဝကို လံုးဝေျပာင္းလဲသြားေစခဲ့ပါတယ္။

သိပ္ကို ၾကည္ႏူးစရာေကာင္းတဲ့ အီတလီရဲ႕ အလွေတြကို ေနာက္ခံထားၿပီး အဓိကမင္းသားႏွစ္ေယာက္ရဲ႕ ျပင္းျပတဲ့ သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ ၾကည့္ရႈသူ ရင္ထဲ ေႏြးေထြးသြားေစမယ့္၊ ပိုၿပီး လူသားဆန္လာတတ္ေစမယ့္၊ အခ်စ္ကို အခ်စ္လို႔သာ အျပစ္ကင္းကင္း ျမင္တတ္လာေစမယ့္ Gay ဇာတ္ကားေကာင္း တစ္ခုျဖစ္ပါတယ္။

Related Article >>> ‘မသိဘူး ရိုမယ္’ ဆိုတဲ့ေယာင္းတို႔အတြက္ အရိုဆံုးရုပ္ရွင္ကား (၂) ကား

(6)Three Billboards outside Ebbing, Missouri

IMDB 8.2 အထိ ရထားၿပီး မႈခင္းရုပ္ရွင္/ဒရာမာ အမ်ိဳးအစားျဖစ္ပါတယ္။ ဇာတ္အိမ္အက်ဥ္းကေတာ့ Mildred Hayes ဆိုတဲ့ အမ်ိဳးသမီးဟာ မုဒိန္းက်င့္ၿပီး သတ္ခံလိုက္ရတဲ့ သူ(မ) သမီးအတြက္ တရားမွ်တမႈကို ရွာေဖြဖို႔ ႀကိဳးစားေနသူပါ။ ဒါေပမဲ့ အားမစိုက္ထုတ္လိုတဲ့ Ebbing ၿမိဳ႕က ရဲေတြနဲ႔ အာဏာပိုင္ေတြကေတာ့ ဒီအမႈကို လ်စ္လ်ဴရႈေနခဲ့ပါတယ္။ သူတို႔ပဲလား ဆိုေတာ့ မဟုတ္ပါဘူး၊ မိခင္ေသာကကို ကိုယ္ခ်င္းမစာတဲ့ ၿမိဳ႕ခံျပည္သူေတြကလည္း ဒီအမႈမွာ အာဏာပိုင္ေတြနဲ႔ တစ္သားတည္းရပ္ေနခဲ့ပါတယ္။ ဒါေပမဲ့ သူ(မ)ဟာ လြယ္လြယ္နဲ႔ လက္ေလွ်ာ႔တတ္သူ မဟုတ္ပါဘူး။

(၇)လလံုးလံုး တရားခံကို ဖမ္းဆီးမႈ မလုပ္တဲ့အခါမွာေတာ့ သမီးျဖစ္သူအတြက္ အမွန္တရားနဲ႔ တရားမၽွတမႈကို ရဖို႔စိတ္ပိုင္းျဖတ္ထားတဲ့ Mildred Hayes တစ္ေယာက္ သူ႔နည္းသူ႔ဟန္နဲ႔ အပီအျပင္ ႀကိဳးစားလာခဲ့ပါေတာ့တယ္။

ဒါေတြကေတာ့ အကယ္ဒမီဆုနဲ႔ ေရႊကမၻာလံုးဆုေတြ သိမ္းပိုက္ႏိုင္ခဲ့တဲ့ ၂၀၁၈ရဲ႕ ဇာတ္ကားေကာင္းပါပဲ။ ဒီထဲမွာ ေယာင္းတိုဘယ္ကားေလးေတြ ၾကည့္ၿပီးၿပီလဲ?

Mia (For Her Myanmar)

<<<Unicode>>>

ပိတ်ရက်လည်း ရောက်တော့မယ်ဆိုတော့ မကြည့်ရသေးတဲ့ကားလေးတွေ ဒေါင်းထားဦးမှ 😛

၂၀၁၈ကုန်လို့ ၂၀၁၉ထဲရောက်လာတော့မယ်နော်။ အဲ့တော့ ၂၀၁၈ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေကိုကော ကြည့်ပြီးကြပြီလား?  တကယ်တော့ ၂၀၁၈ ဟာ စုံလင်လှတဲ့ ရုပ်ရှင်အမျိုးအစားများစွာနဲ့ ကျေနပ်စရာ ဇာတ်ကားကောင်းတွေ ထွက်ခဲ့တဲ့နှစ်လို့ ပြောရမှာပါ။ ၂၀၁၈ အော်စကာဆုပေးပွဲနဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ပရိသတ်အများစု မျှော်မှန်းထားတဲ့၊ ရသင့်ရထိုက်တဲ့ ဇာတ်လမ်းတွေကပဲ ဆုရခဲ့တာဖြစ်လေတော့ အားရကျေနပ်စရာနှစ်ပါပဲ။

လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဆုရ ဇာတ်ကားကောင်း တချို့ကတော့..

(1)The Shape of Water

IMDB 7.4 တောင်ရခဲ့တဲ့ The Shape of Water ကတော့ ဆုပေးပွဲတွေမှာ ဆုအများဆုံး ရခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ။ The Shape of Water ဟာ  ကြည့်ရှုသူ ရင်ကိုရိုက်ခတ်နိုင်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင်လည်း မမှားဘူးပေါ့နော်။ ဇာတ်လမ်းကို ၁၉၆၂ ခုနှစ် ဘာလ်တီမောမှာ နောက်ခံထားပြီး ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ …

နားမကြားတဲ့ အထီးကျန် အမျိုးသမီးဖြစ်သူ Elisa ဟာ အစိုးရရဲ့ ဓာတ်ခွဲခန်းတစ်ခုမှာ သန့်ရှင်းရေးလုပ်ကိုင် သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ Elisa ဟာ အစိုးရက လုံးဝလူသိမခံလိုတဲ့ လျှို့ဝှက်ချက်တစ်ခုကို တွေ့သွားခဲ့ပါတယ်။ အဲဒါကတော့ လူလား၊ ငါးလား လို့တောင် ပြောရခက်တဲ့ ဒဏ္ဍာရီလာ ရေနေသတ္တဝါတစ်ကောင်ဟာ သူ(မ) အလုပ်လုပ်တဲ့ ဓာတ်ခွဲခန်းထဲမှာ ရှိနေတာ၊ အစိုးရရဲ့ ရက်ရက်စက်စက် စမ်းသပ်ခံနေရတာကို သိသွားတာပဲ ဖြစ်ပါတယ်။

အဲဒီ ဒဏ္ဍရီလာသတ္တဝါနဲ့ Elisa တို့ကြားမှာ သံယောဇဉ် တဖြည်းဖြည်းတွယ်ငြိလာပြီး ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာတဲ့အခါ၊ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီသတ္တဝါရဲ့ အဆုံးသတ် ကံကြမ္မာဟာ ရက်စက်တဲ့ အစိုးရအာဏာပိုင်တွေ လက်ထဲမှာ ရှိနေတဲ့အခါ…မတူညီတဲ့ ကမ္ဘာက ချစ်သူနှစ်ယောက်ဟာ အကြပ်အတည်းထဲ ရောက်လာခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ စိတ်ဝင်စားစရာကောင်းပြီး ဆန်းသစ်တဲ့ဇာတ်အိမ်နဲ့အတူ ကြည့်ရှုသူကို ဖမ်းစားနိုင်ခဲ့တဲ့ သရုပ်ဆောင်ချက်တွေ၊ ရေအောက် ရိုက်ချက်တွေ၊ သေသပ်တဲ့ ကွန်ပျူတာ အထူးပြုလုပ်ချက် တွေကြောင့် အကယ်ဒမီ အများဆုံး သိမ်းပိုက်နိုင်ခဲ့ပါတယ်။

(2) The Lady Bird

The Lady Bird ကတော့ အချစ်ဟာသဇာတ်ကား အမျိူးအစားဖြစ်ပြီး IMDB 7.5 အထိ ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Marion ဟာ ယောကျာ်းဖြစ်သူ အလုပ်ပြုတ်သွားတာကြောင့် မနားမနေ အလုပ်လုပ်ပြီး တစ်မိသားစုလုံးကို ရှာကျွေးနေသူ ဖြစ်ပါတယ်။ မိသားစုဝင်ငွေရှာရတဲ့ အိမ်ထောင်ဦးစီးသူ(မ)ဟာ တစ်ဖက်မှာတော့ သူ(မ)ရဲ့ သမီးလေး အပေါ် မိခင်တာဝန်ထမ်းဆောင်ရတာ သိပ်အဆင်မပြေလှပါဘူး။

သမီးလေးဟာ Marion လိုပဲ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးဖြစ်ပေမဲ့ အရွယ်ရောက်တဲ့ ငှယ်မဒီလေးလို အဝေးကို ပျံသန်းကြည့်ချင်တဲ့၊ စွန့်စားချင်တဲ့ စိတ်ဓာတ်ကြောင့် မိခင်ဖြစ်သူနဲ့ အမြဲပြဿနာ ဖြစ်ရသူပါ။

ဒါကြောင့် Lady Bird ဟာ အရွယ်ရောက်လာတဲ့အခါ တဇွတ်တိုး လုပ်တတ်လာတဲ့၊ ပုန်ကန်တတ်လာတဲ့ သားသမီးနဲ့ မိဘဖြစ်သူကြားမှာ ဖြစ်တတ်တဲ့ ကတောက်ကဆ ဆက်ဆံရေးအကြောင်း သဘာဝကျကျ၊ လက်တွေ့ကျကျ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးဆက်ဆံရေးကို ပိုမို နားလည်နိုင်စေမယ့် Lady Bird ဟာ မိဘတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။

Related Article >>> ၂၀၁၈ အတွက် IMDb ကရွေးချယ်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၅) ကား

(3) Coco

ဒါလေးကတော့ အကောင်းဆုံးအန်နီမေးရှင်းရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်ဝင်တေးဆု နဲ့ အခြားဆုပေါင်းများစွာရခဲ့တဲ့ စိတ်ကူးယဉ်အန်နီမေးရှင်း ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်အိမ်အကျဉ်းကတော့ မက်ဆီကန် ကလေးငယ်မီဂေါဟာ အဆိုဝါသနာပါတဲ့ ကလေးပါ။ ဒါပေမဲ့ ထူးဆန်းတာကတော့ မီဂေါရဲ့ အဘွားကစလို့ သူ့မိဘတွေအထိ သီချင်းဂီတကို ခါးခါးသီးသီး မုန်းတီးပြီး လုံးဝမဆိုရ၊ နားမထောင်ရလို့ ပိတ်ပင်ထားကြပါတယ်။ ဒီလို ဝါသနာနဲ့ အိမ်မက်ကို ရိုက်ချိုးခံရတာကြောင့် ကြေကွဲနေတဲ့ မီဂေါဟာ အကြောင်းတစ်ခုကြောင့် မတော်တဆ ဝိဉာဉ်တွေနေတဲ့ တမလွန်ကမ္ဘာကို ရောက်သွားခဲ့ပါတယ်။

တမလွန်ကမ္ဘာမှာ သေဆုံးသွားတဲ့ မီဂေါတို့ ဘိုးဘေးတွေ အားလုံးကို တွေ့ရသလို အရမ်းပျော်ပျော်နေတတ်တဲ့ ဟက်တာ ဆိုတဲ့ ဂီတကျွမ်းကျင်သူနဲ့ သူငယ်ချင်းဖြစ်သွားခဲ့ပါတယ်။

ပျော်စရာကောင်းတဲ့ ဝိဉာဉ်မြို့တော်ကြီးမှာ မီဂေါတစ်ယောက် သူဖြစ်ချင်တဲ့ အဆိုတော်အိမ်မက်ကို အကောင်ထည်ဖော်ဖို့ ကြိုးစားရင်း သူ့မိသားစုရဲ့ လျှို့ဝှက်ချက်နဲ့ ပျောက်ကွယ်နေခဲ့တဲ့ အမှန်တရားတစ်ခုကို ရှာဖွေတွေ့ရှိသွားတဲ့အခါ…..မီဂေါတစ်ယောက်လည်း ဝိဉာဉ်လောကမှာ ဆက်နေရင် ထာဝရပျောက်ကွယ်သွားမယ်ဆိုတာကို သိလိုက်ရတဲ့အခါ…

ကာတွန်းကားဆိုပေမဲ့ တကယ့်မက်ဆီကန်ရိုးရာအလှတွေ၊ ယဉ်ကျေးမှုတွေကို ထည့်သွင်းတင်ဆက်ထားတာမို့ ကြည့်ရတာ အတော်လေး အရသာရှိပါတယ်။ ကာတွန်းကားဆိုလို့ အထင်မသေးနဲ့။ ကလေးတင်မဟုတ်ဘူး အက်ဒ်မင်တို့ လူကြီးတွေပါ မျက်ရည်ကျဝမ်းနည်းရတဲ့အထိ အပီအပြင် ခံစားခဲ့ရတဲ့ ရုပ်ရှင်ကားပါနော်။

(4) Dunkirk

ဒါကတော့ သမိုင်းအမှန်ကို ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို/ ဒရမ်မာ ဇာတ်ကားပါ။ IMDB 7.9 အထိ ရထားတဲ့ Dunkirk ဟာ ဒုတိယကမ္ဘာစစ်မှာ ပိတ်မိနေတဲ့ မဟာမိတ်တပ်သားတွေကို စွန့်စွန့်စားစားကယ်ထုတ်တဲ့ စစ်ဆင်ရေး အကြောင်းကို ရိုက်ထားတာပါ။

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၀ မှာ နာဇီဂျာမနီတွေက ပြင်သစ်ကိုရုတ်တရက် ကျူးကျော်လိုက်တာကြောင့် မဟာမိတ် တပ်သားလေးသိန်းဟာ Dunkirk ဆိုတဲ့ ရွာလေးရဲ့ ကမ်းခြေနဲ့ သဘောၤဆိပ်ကမ်းတွေမှာ ပုန်းနေခဲ့ရပါတယ်။ ဒီလို ပုန်းနေရပြီး ထွက်ပြေးလွတ်မြောက်နိုင်ဖို့ လမ်းစ သိပ်မရှိတဲ့ မဟာမိတ်တပ်သားတွေကို နောက်ဆုံးမှာ အောင်အောင်မြင်မြင် ခက်ခက်ခဲခဲ ဘယ်လို ကယ်ထုတ်သွားကြလဲဆိုတာ ရှုစားကြပါလို့….

စစ်ကားတွေ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ အတော်လေး အဓိပ္ပါယ်ရှိတဲ့ ရုပ်ရှင်ကားကောင်းပါပဲ။ အဲ့ရုပ်ရှင်မှာ အက်ဒ်မင်အကြိုက်ဆုံးစာသားကတော့ “လူလေးသိန်းဟာ အိမ်မပြန်နိုင်တော့တဲ့အခါ အိမ်ဟာ သူတို့ဆီရောက်လာခဲ့ပါတယ်”တဲ့။ ဒီရုပ်ရှင်ဟာလည်း အကယ်ဒမီဆုများစွာ သိမ်းပိုက်ခဲ့ပါတယ်။

(5) Call me by your name

ဒါကတော့ IMDB 7.9 အထိရထားတဲ့ LGBT ဇာတ်ကားလေး ဖြစ်ပြီး မူရင်းဝတ္ထုကော ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာကော အောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားလေးပါ။

အချိန်ကာလကတော့ ၁၉၈၃ ရဲ့ နွေရာသီတစ်ခု ဖြစ်ပြီး ဆယ်ကျော်သက်ကောင်လေး Elio ဟာ အီတီလီက Lombardy ဒေသမှာ သူ့မိသားစုနဲ့ အပန်းဖြေနေပါတယ်။ တစ်ရက်မှာတော့ Elio တို့ အဖေဆီမှာ အလုပ်သင်လုပ်ဖို့ ဆိုပြီး Oliver ဆိုတဲ့ Ph.D ကျောင်းသားတစ်ယောက် ရောက်လာခဲ့ပါတယ်။ Oliver နဲ့ Elio တို့ရဲ့ တွေ့ဆုံမှု၊ ခင်မင်ရင်းနှီးမှုကနေ ပေါက်ဖွားလာတဲ့ သံယောဇဉ်ဟာ နောက်ဆုံးမှာတော့ သာမန်လူတွေလက်ခံဖို့ ခက်ခဲတဲ့ သူတို့ရဲ့ စိတ်ဆန္ဒအာသီသကို နှိုးထလာစေခဲ့ပြီး Elio နဲ့ Oliver တို့ရဲ့ဘဝကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။

သိပ်ကို ကြည်နူးစရာကောင်းတဲ့ အီတလီရဲ့ အလှတွေကို နောက်ခံထားပြီး အဓိကမင်းသားနှစ်ယောက်ရဲ့ ပြင်းပြတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရှုသူ ရင်ထဲ နွေးထွေးသွားစေမယ့်၊ ပိုပြီး လူသားဆန်လာတတ်စေမယ့်၊ အချစ်ကို အချစ်လို့သာ အပြစ်ကင်းကင်း မြင်တတ်လာစေမယ့် Gay ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ်။

Related Article >>> ‘မသိဘူး ရိုမယ်’ ဆိုတဲ့ယောင်းတို့အတွက် အရိုဆုံးရုပ်ရှင်ကား (၂) ကား

(6)Three Billboards outside Ebbing, Missouri

IMDB 8.2 အထိ ရထားပြီး မှုခင်းရုပ်ရှင်/ဒရာမာ အမျိုးအစားဖြစ်ပါတယ်။ ဇာတ်အိမ်အကျဉ်းကတော့ Mildred Hayes ဆိုတဲ့ အမျိုးသမီးဟာ မုဒိန်းကျင့်ပြီး သတ်ခံလိုက်ရတဲ့ သူ(မ) သမီးအတွက် တရားမျှတမှုကို ရှာဖွေဖို့ ကြိုးစားနေသူပါ။ ဒါပေမဲ့ အားမစိုက်ထုတ်လိုတဲ့ Ebbing မြို့က ရဲတွေနဲ့ အာဏာပိုင်တွေကတော့ ဒီအမှုကို လျစ်လျူရှုနေခဲ့ပါတယ်။ သူတို့ပဲလား ဆိုတော့ မဟုတ်ပါဘူး၊ မိခင်သောကကို ကိုယ်ချင်းမစာတဲ့ မြို့ခံပြည်သူတွေကလည်း ဒီအမှုမှာ အာဏာပိုင်တွေနဲ့ တစ်သားတည်းရပ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ(မ)ဟာ လွယ်လွယ်နဲ့ လက်လျှော့တတ်သူ မဟုတ်ပါဘူး။

(၇)လလုံးလုံး တရားခံကို ဖမ်းဆီးမှု မလုပ်တဲ့အခါမှာတော့ သမီးဖြစ်သူအတွက် အမှန်တရားနဲ့ တရားမျှတမှုကို ရဖို့စိတ်ပိုင်းဖြတ်ထားတဲ့ Mildred Hayes တစ်ယောက် သူ့နည်းသူ့ဟန်နဲ့ အပီအပြင် ကြိုးစားလာခဲ့ပါတော့တယ်။

ဒါတွေကတော့ အကယ်ဒမီဆုနဲ့ ရွှေကမ္ဘာလုံးဆုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၁၈ရဲ့ ဇာတ်ကားကောင်းပါပဲ။ ဒီထဲမှာ ယောင်းတိုဘယ်ကားလေးတွေ ကြည့်ပြီးပြီလဲ?

Mia (For Her Myanmar)

References: vanityfair, imdb

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *