ခ်စ္သူမ်ားေန႔မွာ စင္ဂယ္လ္ ျဖစ္ေနရျခင္းရဲ႕ အားသာခ်က္မ်ား

V-day မွာ ဖံုထလာတဲ့ Rs ေတြကို ဒီလုိ ႂကြယ္လိုက္ပါ

ခ်စ္သူမ်ားေန႔ နီးလာေတာ့ စင္ဂယ္လ္ေတြ အားက်ၾကစမ္းဆုိၿပီး Rs ေတြ ဖုန္ထတာခံေနရၿပီလား ေယာင္းေရ။ သူတုိ႔ ဖုန္ထလာတဲ့အခါ ေျပာစရာမ႐ွိမျဖစ္ရေအာင္ အက္ဒ္မင္က Valentine’s Day မွာ ဘာေၾကာင့္ စင္ဂယ္လ္ျဖစ္ရတာ ေပ်ာ္စရာေကာင္းလဲ ဆိုတာ ေျပာေပးမယ္ေနာ္။

၁။ ပိုက္ဆံမကုန္ဘူ

ဒါ အဓိကပဲေလ။ Rs ေတြ ဟာ ဘယ္ေလာက္ သနားဖို႔ေကာင္းလဲ။ ခ်စ္သူမ်ားေန႔ နီးလာၿပီဆို မစားရက္ မေသာက္ရက္ ပိုက္ဆံေတြစုရတယ္။ ပိုက္ဆံပို႐ွာရတယ္။ လက္ေဆာင္ေတြဝယ္ရ၊ အစားအေသာက္ေတြအတူစားရနဲ႔ ပိုက္ဆံေတြထြက္တယ္ေနာ္။ Vday မတုိင္ခင္ နဲ႔ Vday အၿပီးမွာ သူတို႔ေတြ မြဲေနခ်ိန္ ကိုယ္ေတြက စင္ေပၚကေန မုန္႔ေလးစားရင္းၾကည့္ေန႐ံုပဲ.. ငွင္းငွင္း..

၂။ အလုပ္မ႐ႈပ္ဘူး။ 

Rs ေတြကေတာ့ ထင္လိမ့္မယ္။ V-day မွာ သူတုိ႔ကိုၾကည့္ၿပီး စင္ဂယ္လ္ေတြက အားက်ေနတာလို႔။ တကယ္က ဘယ္ဟုတ္မလဲ ေယာင္းရယ္။ Single ေတြက သူတို႔ကိုၾကည့္ၿပီး ပင္ပန္းလုိက္တာလုိ႔ ေတြးေနတာေလ။ လက္ေဆာင္ေတြ စိတ္တိုင္းမက်မခ်င္း ႐ွာဝယ္ရ၊ သြားဖို႔ လာဖုိ႔ ျပင္ဆင္ရ၊ အဝတ္အစားေတြ လုိက္ဖက္ေအာင္ စီစဥ္ရနဲ႔ မဟုတ္လား။ ဒီလုိအခ်ိန္မွာ ကိုယ္ကလည္း ညဝတ္အက်ႌေလးနဲ႔ အိပ္ယာေပၚ မုန္႔ထုပ္ေတြနဲ႔ ႏွပ္ရင္း သူတို႔ပင္ပန္းတာ ထိုင္ၾကည့္ေန.. ေအးေဆးပဲ.. :3

Relative Article >>> ဥာဏ္ရည္ျမင့္မားတဲ့ မိန္းကေလးေတြဘာေၾကာင့္ Single ျဖစ္ေနရတာလဲ

၃။ စိတ္မညစ္ရဘူး

V-day မွာ Rs ေတြဟာ လူေ႐ွ႕မွာသာ ေပ်ာ္တယ္ ဘာတယ္ လုပ္ေနတာေနာ္။ သူတို႔ေတြ စိတ္ညစ္ရ စိတ္ပင္ပန္းရတာေတြ အမ်ားႀကီး!!! အစီအစဥ္ေတြက ထင္သလိုျဖစ္မလာလုိ႔ စိတ္ညစ္ရ၊ ခ်စ္သူက လက္ေဆာင္ေတြကို ကိုယ္လုိခ်င္တဲ့အတိုင္း မေပးလို႔ စိတ္တိုရ၊ ႐ုိမယ္ထင္ထားတဲ့ စားေသာက္ဆိုင္က ဂ်င္းျဖစ္ေနလို႔ ငိုရ ဒါေတြက် ဖံုးထား၊ ဖိထားၿပီး ရိုတာေလးတစ္ကြက္တည္း ဒါ့ပံုရိုက္ တင္ေနၾကရမွာေလ.. အံမာေလး.. အံခြေနဘီ ငိငိ..

Related Article >>> Singleတစ္ေယာက္ရဲ႕ အားသာခ်က္မ်ား

၄။ ဘယ္သူနဲ႔မွ ခြဲေဝစရာမလုိ

သူတုိ႔ကေတာ့ ေခ်ာကလက္ေလးတစ္ေတာင့္ကို ႏွစ္ေယာက္ခြဲစားရတာမ်ား ႐ိုတယ္ ထင္ခ်င္ထင္မွာေလ။ ကိုယ္ေတြကေတာ့ ေအးေဆးပဲ… ကိုယ့္မုန္႔ကို ဘယ္သူမွ လာထိလို႔ မရဘူး :3  ဒီေတာ့ ေခ်ာကလက္တစ္ေတာင့္ ႏွစ္ေယာက္ခြဲစားမယ့္အစား ကိုယ့္စိတ္ႀကိဳက္ ေခ်ာကလက္ေပါင္းစံု ဗိုက္ကားေအာင္ စားလုိ႔ရပါတယ္ေနာ္။ (ဝယ္ေပးမယ့္သူ မရွိတာေလးကလြဲၿပီးေပါ့ေလ.. 😛 )

၅။ တစ္ေနကုန္ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္

ကိုကိုေရ သည္းက ဒီဆိုင္မွာစားမယ္ ဟာ သည္းကလည္း ကိုကိုက ဟိုဆိုင္ႀကိဳက္တာ.. ၾကားဖူးေနတယ္မလား??  Rs ေတြ ညွိႏိႈင္းရင္း ရန္ျဖစ္ေနၾကတဲ့ အသံေတြေလ…

စင္ဂယ္လ္ေတြ ဆိုသည္မွာ ဘာမွညွိႏိႈင္းစရာမလို။ ဟယ္ ဟိုဆုိင္စားခ်င္တယ္ ဝင္စားလုိက္၊ ဟယ္ ဟို ႐ုပ္႐ွင္ၾကည့္ခ်င္တယ္ ဝင္ၾကည့္လိုက္႐ံုပဲ ဘယ္ေလာက္မ်ား ေပ်ာ္စရာေကာင္းလဲကြယ္။

ကဲ .. စင္ဂယ္လ္ ေယာင္းေလးတို႔ေရ စင္ဂယ္လ္ျဖစ္ခြင့္ရတာ ဘယ္ေလာက္မ်ား ကံေကာင္းလဲဆိုတာ Rs ေတြကို ေျပာျပရင္း ေခ်ႏိုင္ၿပီဟုတ္? အဲ..အဲ… သူတို႔ ျပန္ေျပာစရာ ရွိေသးတယ္..V-day အတြက္ဆိုရင္ ခ်စ္သူေတြအတြက္ပဲ ပြဲေတြ လုပ္ေပးၾကတာေလ.. နင္တို႔ စင္ဂယ္လ္ေတြအတြက္ ဘာပြဲရွိလို႔လဲဆိုၿပီးေတာ့ေပါ့… ဒီအခါလည္း ေခါင္းငံု႔မခံနဲ႔ေနာ္ ေယာင္းတို႔.. ေယာင္းတို႔ဘက္က မင္မင္တို႔ ရွိေဒ 😀

စင္ဂယ္လ္ေလးေတြအတြက္  V-day ညမွာ စီစဥ္ထားတဲ့ Singles’ Night ေလးသာ လက္ညွိဳး ထိုးျပၿပီး ျပန္ေမးလက္!! နင္တို႔ေတြအတြက္ Mask Party ရွိသလားလို႔ .. အယ္လဲ့…. ပြဲအေၾကာင္း အေသးစိတ္ျပန္ေျပာျပၿပီး ေခ်ခ်ခ်င္ရင္ေတာ့ ဒီ လင့္ခ္ ေလးမွာ ၾကည့္ၾကပါ ေယာင္းတို႔.. ၾကည့္ရင္း စိတ္ပါလာရင္ေတာ့ ဒီလင့္ခ္ ေလးမွာ Register လုပ္ၿပီး ပြဲလာလို႔ ရပါတယ္လို႔…

စင္ဂယ္လ္ဘဝမွာ လြတ္လပ္စြာ မ်ားမ်ားေပ်ာ္ႏိုင္ၾကပါေစလုိ႔ အက္ဒ္မင္ကလည္း ဆုေတာင္းေပးလိုက္ပါတယ္႐ွင္!!

Sugar Cane (For Her Myanmar)

<<< Unicode >>>

V-day မှာ ဖုံထလာတဲ့ Rs တွေကို ဒီလို ကြွယ်လိုက်ပါ

ချစ်သူများနေ့ နီးလာတော့ စင်ဂယ်လ်တွေ အားကျကြစမ်းဆိုပြီး Rs တွေ ဖုန်ထတာခံနေရပြီလား ယောင်းရေ။ သူတို့ ဖုန်ထလာတဲ့အခါ ပြောစရာမရှိမဖြစ်ရအောင် အက်ဒ်မင်က Valentine’s Day မှာ ဘာကြောင့် စင်ဂယ်လ်ဖြစ်ရတာ ပျော်စရာကောင်းလဲ ဆိုတာ ပြောပေးမယ်နော်။

၁။ ပိုက်ဆံမကုန်ဘူး

ဒါ အဓိကပဲလေ။ Rs တွေ ဟာ ဘယ်လောက် သနားဖို့ကောင်းလဲ။ ချစ်သူများနေ့ နီးလာပြီဆို မစားရက် မသောက်ရက် ပိုက်ဆံတွေစုရတယ်။ ပိုက်ဆံပိုရှာရတယ်။ လက်ဆောင်တွေဝယ်ရ၊ အစားအသောက်တွေအတူစားရနဲ့ ပိုက်ဆံတွေထွက်တယ်နော်။ Vday မတိုင်ခင် နဲ့ Vday အပြီးမှာ သူတို့တွေ မွဲနေချိန် ကိုယ်တွေက စင်ပေါ်ကနေ မုန့်လေးစားရင်းကြည့်နေရုံပဲ.. ငှင်းငှင်း..

၂။ အလုပ်မရှုပ်ဘူး။ 

Rs တွေကတော့ ထင်လိမ့်မယ်။ V-day မှာ သူတို့ကိုကြည့်ပြီး စင်ဂယ်လ်တွေက အားကျနေတာလို့။ တကယ်က ဘယ်ဟုတ်မလဲ ယောင်းရယ်။ Single တွေက သူတို့ကိုကြည့်ပြီး ပင်ပန်းလိုက်တာလို့ တွေးနေတာလေ။ လက်ဆောင်တွေ စိတ်တိုင်းမကျမချင်း ရှာဝယ်ရ၊ သွားဖို့ လာဖို့ ပြင်ဆင်ရ၊ အဝတ်အစားတွေ လိုက်ဖက်အောင် စီစဉ်ရနဲ့ မဟုတ်လား။ ဒီလိုအချိန်မှာ ကိုယ်ကလည်း ညဝတ်အင်္ကျီလေးနဲ့ အိပ်ယာပေါ် မုန့်ထုပ်တွေနဲ့ နှပ်ရင်း သူတို့ပင်ပန်းတာ ထိုင်ကြည့်နေ.. အေးဆေးပဲ.. :3

Relative Article >>> ဉာဏ်ရည်မြင့်မားတဲ့ မိန်းကလေးတွေဘာကြောင့် Single ဖြစ်နေရတာလဲ

၃။ စိတ်မညစ်ရဘူး

V-day မှာ Rs တွေဟာ လူရှေ့မှာသာ ပျော်တယ် ဘာတယ် လုပ်နေတာနော်။ သူတို့တွေ စိတ်ညစ်ရ စိတ်ပင်ပန်းရတာတွေ အများကြီး!!! အစီအစဉ်တွေက ထင်သလိုဖြစ်မလာလို့ စိတ်ညစ်ရ၊ ချစ်သူက လက်ဆောင်တွေကို ကိုယ်လိုချင်တဲ့အတိုင်း မပေးလို့ စိတ်တိုရ၊ ရိုမယ်ထင်ထားတဲ့ စားသောက်ဆိုင်က ဂျင်းဖြစ်နေလို့ ငိုရ ဒါတွေကျ ဖုံးထား၊ ဖိထားပြီး ရိုတာလေးတစ်ကွက်တည်း ဒါ့ပုံရိုက် တင်နေကြရမှာလေ.. အံမာလေး.. အံခွနေဘီ ငိငိ..

Related Article >>> Singleတစ်ယောက်ရဲ့ အားသာချက်များ

၄။ ဘယ်သူနဲ့မှ ခွဲဝေစရာမလို

သူတို့ကတော့ ချောကလက်လေးတစ်တောင့်ကို နှစ်ယောက်ခွဲစားရတာများ ရိုတယ် ထင်ချင်ထင်မှာလေ။ ကိုယ်တွေကတော့ အေးဆေးပဲ… ကိုယ့်မုန့်ကို ဘယ်သူမှ လာထိလို့ မရဘူး :3  ဒီတော့ ချောကလက်တစ်တောင့် နှစ်ယောက်ခွဲစားမယ့်အစား ကိုယ့်စိတ်ကြိုက် ချောကလက်ပေါင်းစုံ ဗိုက်ကားအောင် စားလို့ရပါတယ်နော်။ (ဝယ်ပေးမယ့်သူ မရှိတာလေးကလွဲပြီးပေါ့လေ.. 😛 )

၅။ တစ်နေကုန် ကိုယ်ကြိုက်တာ ကိုယ်လုပ်

ကိုကိုရေ သည်းက ဒီဆိုင်မှာစားမယ် ဟာ သည်းကလည်း ကိုကိုက ဟိုဆိုင်ကြိုက်တာ.. ကြားဖူးနေတယ်မလား??  Rs တွေ ညှိနှိုင်းရင်း ရန်ဖြစ်နေကြတဲ့ အသံတွေလေ…

စင်ဂယ်လ်တွေ ဆိုသည်မှာ ဘာမှညှိနှိုင်းစရာမလို။ ဟယ် ဟိုဆိုင်စားချင်တယ် ဝင်စားလိုက်၊ ဟယ် ဟို ရုပ်ရှင်ကြည့်ချင်တယ် ဝင်ကြည့်လိုက်ရုံပဲ ဘယ်လောက်များ ပျော်စရာကောင်းလဲကွယ်။

ကဲ .. စင်ဂယ်လ် ယောင်းလေးတို့ရေ စင်ဂယ်လ်ဖြစ်ခွင့်ရတာ ဘယ်လောက်များ ကံကောင်းလဲဆိုတာ Rs တွေကို ပြောပြရင်း ချေနိုင်ပြီဟုတ်? အဲ..အဲ… သူတို့ ပြန်ပြောစရာ ရှိသေးတယ်..V-day အတွက်ဆိုရင် ချစ်သူတွေအတွက်ပဲ ပွဲတွေ လုပ်ပေးကြတာလေ.. နင်တို့ စင်ဂယ်လ်တွေအတွက် ဘာပွဲရှိလို့လဲဆိုပြီးတော့ပေါ့… ဒီအခါလည်း ခေါင်းငုံ့မခံနဲ့နော် ယောင်းတို့.. ယောင်းတို့ဘက်က မင်မင်တို့ ရှိဒေ 😀

စင်ဂယ်လ်လေးတွေအတွက်  V-day ညမှာ စီစဉ်ထားတဲ့ Singles’ Night လေးသာ လက်ညှိုး ထိုးပြပြီး ပြန်မေးလက်!! နင်တို့တွေအတွက် Mask Party ရှိသလားလို့ .. အယ်လဲ့…. ပွဲအကြောင်း အသေးစိတ်ပြန်ပြောပြပြီး ချေချချင်ရင်တော့ ဒီ လင့်ခ် လေးမှာ ကြည့်ကြပါ ယောင်းတို့.. ကြည့်ရင်း စိတ်ပါလာရင်တော့ ဒီလင့်ခ် လေးမှာ Register လုပ်ပြီး ပွဲလာလို့ ရပါတယ်လို့…

စင်ဂယ်လ်ဘဝမှာ လွတ်လပ်စွာ များများပျော်နိုင်ကြပါစေလို့ အက်ဒ်မင်ကလည်း ဆုတောင်းပေးလိုက်ပါတယ်ရှင်!!

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed