ရာသီဖြားအလိုက္ကြဲျပားသြားတဲ့ ေယာင္းတို႕ရဲ႕အက်င့္ဆိုးေလးမ်ား

ေဖာ္ေကာင္လုပ္လုိက္ပါၿပီရွန္ 😛 

လူတိုင္းဆီမွာ ေကာင္းတဲ့အက်င့္ေတြပဲရွိတတ္ၾကတာ မဟုတ္ပါဘူး။ မေကာင္းတဲ့အက်င့္ ၊ မေကာင္းတဲ့စရိုက္ေတြလည္း ရွိတတ္ၾကပါေသးတယ္။ ဒီတစ္ခါ မင္မင္ ေဖာ္ေကာင္လုပ္မယ့္အေၾကာင္းအရာကေတာ့ ရာသီခြင္အရ ေယာင္းတို႔ရဲ႕ အက်င့္ဆိုးေလးေတြပါ။ 😛 မွန္မမွန္ ဖတ္ၾကည့္ၾကေနာ္။ 😀

Aries (March21-April 19)

မိႆရာသီဖြားေလးေတြက စိတ္မရွည္တတ္ၾကပါဘူး။ မစဥ္းစားဘဲ ဇြတ္လုပ္တတ္တာေၾကာင့္ အမွားေတြလုပ္မိတတ္ၾကပါတယ္။ အေရွ႕ကိုပဲ တြန္းအားေပးလုပ္တဲ့အက်င့္ရွိလို႔ ဆက္ဆံေရးမေကာင္းတတ္ၾကပါဘူး။ သူတို႔ဆီမွာ ဂရုစိုက္တတ္တဲ့ အက်င့္ေလးရေအာင္ ခ်စ္စရာေကာင္းတဲ့ တိရစာၦန္ေလးေတြ အေပ်ာ္ေမြးတာ ၊  လွပတဲ့အပင္ေလးေတြစိုက္ေပးတာမ်ိဳး ျပဳလုပ္ေပးၿပီး မိႆရာသီဖြား ေလးေတြရဲ႕ တစ္ကိုယ္ေကာင္းဆန္တဲ့ အက်င့္ေလးေတြကိုျပဳျပင္လို႔ရပါတယ္။

Taurus (April 20 – May 20)

ၿပိႆရာသီဖြားေလးေတြကေတာ့  ပစၥည္းဥစၥာေတြကိုခ်စ္ျမတ္နိုးၾကပါတယ္။ အဲ့စိတ္ေလးေတြကပဲ သူတို႔ေလးေတြကို စိတ္ရႈပ္ေထြးေစတာေတြ စိတ္ညစ္စရာေတြျဖစ္ေစပါတယ္။ စိတ္ႀကီးတာေတြ ၊ ေဒါသထြက္ရင္မဆင္မျခင္လုပ္တာေတြ ၊ အျပစ္လုပ္ထားရင္ေတာင္ ေတာင္းပန္ဖို႔ဝန္ေလးတတ္တာေတြ၊ ဆရာႀကီးလုပ္တာေတြက ၿပိႆရာသီဖြားေတြရဲ႕အက်င့္ဆိုးေတြပဲျဖစ္ပါတယ္။ သူတို႔က ပစၥည္းေတြကို ေနရာတက်ထားတတ္တာေၾကာင့္ သူတို႔ပစၥည္းေတြယူသုံးၿပီးရင္ ေနရာတက်ျပန္ထားဖို႕ေတာ့ အေရးႀကီးပါတယ္ေနာ္။

Related Article>>>>ဘယ္ရာသီခြင္ေတြက အားကစားလုပ္ရမွာ အပ်င္းဆုံးျဖစ္မလဲ

Gemini (May 21 – June 20)

ေမထုန္ရာသီဖြားေတြက တစ္ခါတေလအစြန္းေရာက္တတ္ၾကပါတယ္။ ဟန္ေဆာင္တတ္တာေတြ အေကာင္းမျမင္တာေတြ၊ ေဝဖန္မခံတာေတြက  ေမထုန္ရာသီဖြားေတြရဲ႕ အက်င့္ဆိုးေတြျဖစ္ပါတယ္။ စိတ္လြတ္ကိုယ္လြတ္ တစ္ေယာက္တည္း တိတ္တိတ္ဆိတ္ဆိတ္ေနတတ္ၿပီး အေကာင္းမျမင္တတ္တဲ့စိတ္ကိုျပဳျပင္လိုက္ရင္ မဆင္မျခင္ေျပာတာေတြနည္းပါးသြားပါလိမ့္မယ္။

Cancer (June 21 – July 22)

ကရကဋ္ရာသီဖြားေတြကေတာ့ ခံစားခ်က္ျပင္းထန္ၿပီးအနားမွာဂရုစိုက္ေပးမယ့္ သူအၿမဲလိုအပ္ေနတတ္ပါတယ္။ မွားမွန္းသိရင္ေတာင္ဇြတ္လုပ္တတ္ၾကၿပီး ေဒါသထြက္ရင္ တစ္ျခားသူေတြထက္ပိုဆိုးတတ္ပါတယ္။သူတုိ႔ေလးေတြက ကြတ္ကီးေတြ၊သၾကားလံုးေတြနဲ႕ ေရခဲမုန္႔ေတြစတဲ့ခ်ိဳတဲ့ဟာေတြကိုႀကိဳက္နွစ္သက္တဲ့သူျဖစ္ပါတယ္။ စိတ္ကိုုၿငိမ္ေအာင္ထားၿပီး စကားကိုၾကမ္းၾကမ္းတမ္းတမ္း ေျပာတတ္တာေတြကို ဆင္ျခင္လိုက္ရင္ ပိုအဆင္ေျပပါလိမ့္မယ္ေနာ္။

Leo (July 23 – Aug 22)

သိဟ္ရာသီဖြားေတြက အတၱႀကီးတတ္ၿပီးေခါင္းမာတတ္ၾကပါတယ္။ အရႈံးကိုမုန္းၿပီးလိုခ်င္တာကိုမရမခ်င္း ႀကိဳးစားျပီးရေအာင္ယူတတ္ၾကပါတယ္။ သူတို႔ေလးေတြက ဖန္တီးရတာကိုဝါသနာပါတတ္ၾကပါတယ္။ ကိုယ့္ကိုဂရုစိုက္တဲ့သူေတြကို ျပန္အေလးထားၿပီးအရာရာကို စဥ္းစားဆင္ျခင္ၿပီးသည္းခံစိတ္နဲ႕ လုပ္တာပိုအဆင္ေျပပါတယ္။

Virgo (Aug 23 – Sept 22)

ကန္ရာသီဖြားေလးေတြက တစ္ခါတရံအေပ်ာ္အပါးမက္ၿပီး ေၾကးမ်ားတတ္ၾကပါတယ္။ စိတ္အေျပာင္းလဲျမန္တတ္ၿပီး ကိုယ့္ေပၚေကာင္းတဲ့သူေတြကို ဂရုစိုက္ဖို႔ေမ့ေနတတ္ၾကပါတယ္။ သူတို႔ေလးေတြက ၾကည့္ေကာင္းဖို႔ထက္ ခံစားမႈေကာင္းတာကိုပိုလိုခ်င္ၾကပါတယ္။ ေပ်ာ္ရႊင္ဖို႔အတြက္ အခ်ိန္အနည္းငယ္ေပးတာတို၊႔ ျဖစ္သင့္တာကိုဦးစားေပးတာတို႔၊ လုပ္ခ်င္တာဇြတ္မလုပ္တာမ်ိဳးေတြျပဳလုပ္ေပးသင့္ပါတယ္။

Related Article>>>>ရာသီခြင္အလိုက္ ေယာင္းရဲ႕စိတ္ေနစိတ္ထားကို ကိုယ္စားျပဳတဲ့ Spirit Animal ေတြ

Libra (Sept 23 – Oct 22)

တူရာသီဖြားေလးေတြက ယံုၾကည္မႈလြန္ကဲၿပီး မာနႀကီးတတ္ပါတယ္။ မဟုတ္မခံတဲ့စိတ္ေလးရွိၿပီး အယံုလြယ္တတ္ၾကပါတယ္။ ဆံုးျဖတ္ခ်က္ခ်ရာမွာ ေတြေဝေနတတ္ပါတယ္။ ရိုးရွင္းတာေတြကို သေဘာက်ၿပီး တစ္ေယာက္တည္းေနရတာကိုလည္း သေဘာက်ေလ့ရွိပါတယ္။  ပညာရပ္တစ္ခုကို အၿမဲေလ့လာေနသင့္ၿပီး ေဝဖန္မႈေတြကို ဂရုမစိုက္ဘဲ အေပါင္းသင္းေတြကို အခ်ိန္ေပးသင့္ပါတယ္။

 

Scorpio (Oct 23 – Nov 21)

 

ၿဗိစာၦရာသီဖြားေတြကအားနာတတ္ပါတယ္။ကေလးဆန္လြန္းၿပီး စိတ္ညစ္ရင္ လုပ္ခ်င္တာေတြလုပ္တတ္ၾကပါတယ္။ တစ္ခုခုဆိုရင္ေတြးေတြးၿပီး ခံစားတတ္ၾကပါတယ္။ တစ္ခါတေလ မလုပ္ခ်င္တာေတြ စိတ္တိုတာေတြကို ေဒါသအျဖစ္ေပါက္ကြဲၾကည့္သင့္ပါတယ္။ အလုပ္တစ္ခုလုပ္မယ္ဆိုရင္ႀကိဳတင္စဥ္းစားလုပ္သင့္ပါတယ္။ အေပ်ာ္အပါးမက္တာကိုေလွ်ာ့ၿပီး အက်ိဳးရွိမယ့္ ကိစၥေတြပဲလုပ္သင့္ပါတယ္ေနာ္။

Sagittarius (Nov 22 – Dec 21)

ဓႏုရာသီဖြားေတြက အၾကံေပးတာေတြကိုနားမေထာင္ဘဲ လုပ္ခ်င္တာေတြကို လုပ္တတ္ၾကပါတယ္။ ပြင့္လင္းတဲ့အတြက္ အလိမ္ညာခံရတတ္ပါတယ္။  ၿပီးၿပီးေရာေနတတ္ၾကပါတယ္။အမွန္တိုင္းေျပာတတ္ၾကလို႔ လူမုန္္းမ်ားတတ္ပါတယ္။ ဓႏုရာသီဖြားေတြက အယံုမလြယ္ဘဲ အစြမ္းအစေတြကိုေသခ်ာအသံုးခ်နိုင္ရင္ ေအာင္ျမင္မႈရႏိုင္ပါလိမ့္မယ္။

Capricorn (Dec 22 – Jan 19)

မကာရရာသီဖြားေတြက စကားနားေယာင္တတ္ၾကပါတယ္။သူတို႔ရဲ႕မေကာင္းတဲ့ အခ်က္ေလးေတြကေတာ့ အေျပာဆိုခံရမွာေၾကာက္တာေတြ၊ပတ္သက္တဲ့သူေတြကို ခ်ဳပ္ကိုင္ခ်င္တာေတြ၊သံသယမ်ားတတ္တာေတြျဖစ္ပါတယ္။ အလုပ္ေၾကာင့္ခရီးတိုေတြ ထြက္တာေတြကို မဖ်က္လိုက္ပါနဲ႔ေနာ္။ စိုးရိမ္တာေတြကို ေလွ်ာ့ခ်ၿပီးလူေတြကိုယံုၾကည္ေပးပါ။ မျဖစ္နိုင္တာေတြကို မရမက အတင္းမလုပ္ပါနဲ႔ေနာ္။

Aquarius (Jan 20 – Feb 18)

ကုမ္ရာသီဖြားေတြက အမွားအမွန္ထက္ ကိုယ့္သေဘာအတိုင္းလုပ္ေဆာင္ေလ့ရွိတတ္ၾကပါတယ္။ အခက္ခဲေတြက သူတို႔ကိုေအာင္ျမင္ေအာင္လုပ္ေဆာင္ေပးပါတယ္။ အရာရာကိုသိတယ္ တတ္တယ္လုပ္တာက လူအျမင္ကတ္ေစပါတယ္။ ကိုယ့္ကိုယ္ကိုယ္တိုးတက္ေအာင္ျပဳလုပ္ျပီးတစ္ျခားသူေတြကို ကူညီေပးပါ။ လိုခ်င္တဲ့အရာကိုသိေအာင္လုပ္ျပီး ျဖစ္ေျမာက္ေအာင္လုပ္သင့္ပါတယ္။

Related Article>>>>>>ရာသီခြင္အလိုက္ ေယာင္းတုိ႔ရဲ႕ ၾသဂုတ္လ အခ်စ္ေရး

Pisces (Feb 19 – March 20)

မိန္ရာသီဖြား ေတြက အတိတ္ကို အၿမဲေတြးေနၿပီး ဆက္ဆံေရးအားနည္းတတ္ၾကပါတယ္။ စိတ္ထားေကာင္းၿပီး တစ္ဦးတည္းေနရတာကို သေဘာက်တတ္ပါတယ္။ ကိစၥေတြကိုအဆိုးဘက္ကေတြးတာမ်ားတတ္ပါတယ္။ အရက္မ်ားမ်ားေသာက္တာက သူတို႔ေလးေတြကို ျပႆနာျဖစ္ေစပါလိမ့္မယ္။ မိန္ရာသီဖြားေလးေတြက တက္တက္ ​ႂကြႂကြေနၿပီး ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိရွိေနတာက ဘဝမွာ ပိုအဆင္ေျပပါလိမ့္မယ္။

ရာသီခြင္ေတြအလိုက္ရွိတတ္တဲ့ အက်င့္ဆိုးေလးေတြကို သိၿပီးၿပီဆိုေတာ့ မသိေသးတဲ့ ေယာင္းေလးေတြကို ေဝမွ်ေပးဖို႔မေမ့ပါနဲ႕ေနာ္။

Translate from >>>>Tarot

Phyu Thant(For Her Myanmar)

<<<Unicode>>>

ဖော်ကောင်လုပ်လိုက်ပါပြီရှန် 😛 

လူတိုင်းဆီမှာ ကောင်းတဲ့အကျင့်တွေပဲရှိတတ်ကြတာ မဟုတ်ပါဘူး။ မကောင်းတဲ့အကျင့် ၊ မကောင်းတဲ့စရိုက်တွေလည်း ရှိတတ်ကြပါသေးတယ်။ ဒီတစ်ခါ မင်မင် ဖော်ကောင်လုပ်မယ့်အကြောင်းအရာကတော့ ရာသီခွင်အရ ယောင်းတို့ရဲ့ အကျင့်ဆိုးလေးတွေပါ။ 😛 မှန်မမှန် ဖတ်ကြည့်ကြနော်။ 😀

Aries (March21-April 19)

မိဿရာသီဖွားလေးတွေက စိတ်မရှည်တတ်ကြပါဘူး။ မစဉ်းစားဘဲ ဇွတ်လုပ်တတ်တာကြောင့် အမှားတွေလုပ်မိတတ်ကြပါတယ်။ အရှေ့ကိုပဲ တွန်းအားပေးလုပ်တဲ့အကျင့်ရှိလို့ ဆက်ဆံရေးမကောင်းတတ်ကြပါဘူး။ သူတို့ဆီမှာ ဂရုစိုက်တတ်တဲ့ အကျင့်လေးရအောင် ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေ အပျော်မွေးတာ ၊  လှပတဲ့အပင်လေးတွေစိုက်ပေးတာမျိုး ပြုလုပ်ပေးပြီး မိဿရာသီဖွား လေးတွေရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကျင့်လေးတွေကိုပြုပြင်လို့ရပါတယ်။

Taurus (April 20 – May 20)

ပြိဿရာသီဖွားလေးတွေကတော့  ပစ္စည်းဥစ္စာတွေကိုချစ်မြတ်နိုးကြပါတယ်။ အဲ့စိတ်လေးတွေကပဲ သူတို့လေးတွေကို စိတ်ရှုပ်ထွေးစေတာတွေ စိတ်ညစ်စရာတွေဖြစ်စေပါတယ်။ စိတ်ကြီးတာတွေ ၊ ဒေါသထွက်ရင်မဆင်မခြင်လုပ်တာတွေ ၊ အပြစ်လုပ်ထားရင်တောင် တောင်းပန်ဖို့ဝန်လေးတတ်တာတွေ၊ ဆရာကြီးလုပ်တာတွေက ပြိဿရာသီဖွားတွေရဲ့အကျင့်ဆိုးတွေပဲဖြစ်ပါတယ်။ သူတို့က ပစ္စည်းတွေကို နေရာတကျထားတတ်တာကြောင့် သူတို့ပစ္စည်းတွေယူသုံးပြီးရင် နေရာတကျပြန်ထားဖို့တော့ အရေးကြီးပါတယ်နော်။

Related Article>>>>ဘယ်ရာသီခွင်တွေက အားကစားလုပ်ရမှာ အပျင်းဆုံးဖြစ်မလဲ

Gemini (May 21 – June 20)

မေထုန်ရာသီဖွားတွေက တစ်ခါတလေအစွန်းရောက်တတ်ကြပါတယ်။ ဟန်ဆောင်တတ်တာတွေ အကောင်းမမြင်တာတွေ၊ ဝေဖန်မခံတာတွေက  မေထုန်ရာသီဖွားတွေရဲ့ အကျင့်ဆိုးတွေဖြစ်ပါတယ်။ စိတ်လွတ်ကိုယ်လွတ် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး အကောင်းမမြင်တတ်တဲ့စိတ်ကိုပြုပြင်လိုက်ရင် မဆင်မခြင်ပြောတာတွေနည်းပါးသွားပါလိမ့်မယ်။

Cancer (June 21 – July 22)

ကရကဋ်ရာသီဖွားတွေကတော့ ခံစားချက်ပြင်းထန်ပြီးအနားမှာဂရုစိုက်ပေးမယ့် သူအမြဲလိုအပ်နေတတ်ပါတယ်။ မှားမှန်းသိရင်တောင်ဇွတ်လုပ်တတ်ကြပြီး ဒေါသထွက်ရင် တခြားသူတွေထက်ပိုဆိုးတတ်ပါတယ်။သူတို့လေးတွေက ကွတ်ကီးတွေ၊သကြားလုံးတွေနဲ့ ရေခဲမုန့်တွေစတဲ့ချိုတဲ့ဟာတွေကိုကြိုက်နှစ်သက်တဲ့သူဖြစ်ပါတယ်။ စိတ်ကိုငြိမ်အောင်ထားပြီး စကားကိုကြမ်းကြမ်းတမ်းတမ်း ပြောတတ်တာတွေကို ဆင်ခြင်လိုက်ရင် ပိုအဆင်ပြေပါလိမ့်မယ်နော်။

Leo (July 23 – Aug 22)

သိဟ်ရာသီဖွားတွေက အတ္တကြီးတတ်ပြီးခေါင်းမာတတ်ကြပါတယ်။ အရှုံးကိုမုန်းပြီးလိုချင်တာကိုမရမချင်း ကြိုးစားပြီးရအောင်ယူတတ်ကြပါတယ်။ သူတို့လေးတွေက ဖန်တီးရတာကိုဝါသနာပါတတ်ကြပါတယ်။ ကိုယ့်ကိုဂရုစိုက်တဲ့သူတွေကို ပြန်အလေးထားပြီးအရာရာကို စဉ်းစားဆင်ခြင်ပြီးသည်းခံစိတ်နဲ့ လုပ်တာပိုအဆင်ပြေပါတယ်။

Virgo (Aug 23 – Sept 22)

ကန်ရာသီဖွားလေးတွေက တစ်ခါတရံအပျော်အပါးမက်ပြီး ကြေးများတတ်ကြပါတယ်။ စိတ်အပြောင်းလဲမြန်တတ်ပြီး ကိုယ့်ပေါ်ကောင်းတဲ့သူတွေကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ သူတို့လေးတွေက ကြည့်ကောင်းဖို့ထက် ခံစားမှုကောင်းတာကိုပိုလိုချင်ကြပါတယ်။ ပျော်ရွှင်ဖို့အတွက် အချိန်အနည်းငယ်ပေးတာတို၊့ ဖြစ်သင့်တာကိုဦးစားပေးတာတို့၊ လုပ်ချင်တာဇွတ်မလုပ်တာမျိုးတွေပြုလုပ်ပေးသင့်ပါတယ်။

Related Article>>>>ရာသီခွင်အလိုက် ယောင်းရဲ့စိတ်နေစိတ်ထားကို ကိုယ်စားပြုတဲ့ Spirit Animal တွေ

Libra (Sept 23 – Oct 22)

တူရာသီဖွားလေးတွေက ယုံကြည်မှုလွန်ကဲပြီး မာနကြီးတတ်ပါတယ်။ မဟုတ်မခံတဲ့စိတ်လေးရှိပြီး အယုံလွယ်တတ်ကြပါတယ်။ ဆုံးဖြတ်ချက်ချရာမှာ တွေဝေနေတတ်ပါတယ်။ ရိုးရှင်းတာတွေကို သဘောကျပြီး တစ်ယောက်တည်းနေရတာကိုလည်း သဘောကျလေ့ရှိပါတယ်။  ပညာရပ်တစ်ခုကို အမြဲလေ့လာနေသင့်ပြီး ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ အပေါင်းသင်းတွေကို အချိန်ပေးသင့်ပါတယ်။

Scorpio (Oct 23 – Nov 21)

ဗြိစ္ဆာရာသီဖွားတွေကအားနာတတ်ပါတယ်။ကလေးဆန်လွန်းပြီး စိတ်ညစ်ရင် လုပ်ချင်တာတွေလုပ်တတ်ကြပါတယ်။ တစ်ခုခုဆိုရင်တွေးတွေးပြီး ခံစားတတ်ကြပါတယ်။ တစ်ခါတလေ မလုပ်ချင်တာတွေ စိတ်တိုတာတွေကို ဒေါသအဖြစ်ပေါက်ကွဲကြည့်သင့်ပါတယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုရင်ကြိုတင်စဉ်းစားလုပ်သင့်ပါတယ်။ အပျော်အပါးမက်တာကိုလျှော့ပြီး အကျိုးရှိမယ့် ကိစ္စတွေပဲလုပ်သင့်ပါတယ်နော်။

Sagittarius (Nov 22 – Dec 21)

ဓနုရာသီဖွားတွေက အကြံပေးတာတွေကိုနားမထောင်ဘဲ လုပ်ချင်တာတွေကို လုပ်တတ်ကြပါတယ်။ ပွင့်လင်းတဲ့အတွက် အလိမ်ညာခံရတတ်ပါတယ်။  ပြီးပြီးရောနေတတ်ကြပါတယ်။အမှန်တိုင်းပြောတတ်ကြလို့ လူမုန်းများတတ်ပါတယ်။ ဓနုရာသီဖွားတွေက အယုံမလွယ်ဘဲ အစွမ်းအစတွေကိုသေချာအသုံးချနိုင်ရင် အောင်မြင်မှုရနိုင်ပါလိမ့်မယ်။

Capricorn (Dec 22 – Jan 19)

မကာရရာသီဖွားတွေက စကားနားယောင်တတ်ကြပါတယ်။သူတို့ရဲ့မကောင်းတဲ့ အချက်လေးတွေကတော့ အပြောဆိုခံရမှာကြောက်တာတွေ၊ပတ်သက်တဲ့သူတွေကို ချုပ်ကိုင်ချင်တာတွေ၊သံသယများတတ်တာတွေဖြစ်ပါတယ်။ အလုပ်ကြောင့်ခရီးတိုတွေ ထွက်တာတွေကို မဖျက်လိုက်ပါနဲ့နော်။ စိုးရိမ်တာတွေကို လျှော့ချပြီးလူတွေကိုယုံကြည်ပေးပါ။ မဖြစ်နိုင်တာတွေကို မရမက အတင်းမလုပ်ပါနဲ့နော်။

Aquarius (Jan 20 – Feb 18)#

ကုမ်ရာသီဖွားတွေက အမှားအမှန်ထက် ကိုယ့်သဘောအတိုင်းလုပ်ဆောင်လေ့ရှိတတ်ကြပါတယ်။ အခက်ခဲတွေက သူတို့ကိုအောင်မြင်အောင်လုပ်ဆောင်ပေးပါတယ်။ အရာရာကိုသိတယ် တတ်တယ်လုပ်တာက လူအမြင်ကတ်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်ပြုလုပ်ပြီးတစ်ခြားသူတွေကို ကူညီပေးပါ။ လိုချင်တဲ့အရာကိုသိအောင်လုပ်ပြီး ဖြစ်မြောက်အောင်လုပ်သင့်ပါတယ်။

Related Article>>>>>>ရာသီခွင်အလိုက် ယောင်းတို့ရဲ့ သြဂုတ်လ အချစ်ရေး

Pisces (Feb 19 – March 20)

မိန်ရာသီဖွား တွေက အတိတ်ကို အမြဲတွေးနေပြီး ဆက်ဆံရေးအားနည်းတတ်ကြပါတယ်။ စိတ်ထားကောင်းပြီး တစ်ဦးတည်းနေရတာကို သဘောကျတတ်ပါတယ်။ ကိစ္စတွေကိုအဆိုးဘက်ကတွေးတာများတတ်ပါတယ်။ အရက်များများသောက်တာက သူတို့လေးတွေကို ပြဿနာဖြစ်စေပါလိမ့်မယ်။ မိန်ရာသီဖွားလေးတွေက တက်တက် ကြွကြွနေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနေတာက ဘဝမှာ ပိုအဆင်ပြေပါလိမ့်မယ်။

Translate from >>>>Tarot

Phyu Thant(For Her Myanmar)

No Comments Yet

Comments are closed