FUN

အရမ္းဂါတဲ့ တနလၤာမွာ ရံုးတက္ပ်င္းေနသူမ်ား ဖတ္သင့္ေသာစာ

မွတ္သားထားသင့္ပါတယ္ေနာ္.. 😀 😀

စေန၊ တနဂၤေႏြမွာ gravity အျပင္ဘက္ခုန္ထြက္လိုက္၊ စၾကဝဠာ အျပင္ဘက္ခုန္ထြက္လိုက္နဲ႔ သာယာေနတုန္းက အေကာင္း၊ ေနာက္တစ္ေန႔ တနလၤာေန႔ျဖစ္ေၾကာင္း သတိရမိလိုက္တဲ့အခါမွာေတာ့ ႏႈတ္ခမ္းေလးေတြ သက္တံေကြး ေကြးေရာပဲ။ ဒီေတာ့ ပိတ္ရက္မကုန္ေသးခင္ တနလၤာေန႔ကို ႀကိဳေတြးၿပီး စိတ္မညစ္ရေအာင္ တနလၤာေန႔ ရံုးတက္နည္းေလးေတြ မွ်ေဝေပးလိုက္ပါတယ္စင့္..

၁။ ေစာေစာအိပ္ပါ။

ပါတီသမားေတြ ႏိုက္ေအာက္သမားေတြ ေသာၾကာနဲ႔စေနမွာ ေအာက္ခ်င္သလိုေအာက္ၾကပါ။ ဒါေပမဲ့ တနဂၤေႏြညကိုေတာ့့ မုန္႔ေလးစားရင္း၊ ရုပ္ရွင္ေလးၾကည့္ရင္းနဲ႔ အိမ္မွာပဲေအာင္းပါ။ အိပ္ေရးဝမွ တနလၤာေန႔မနက္ကို စိတ္ၾကည္ၾကည္နဲ႔ ရုံးတက္ႏုိင္မွာပါေနာ္…

Related Article >>> Monday Blues ေတြ မ်ားေနရင္

၂။ အလွဆံုးျဖစ္ေအာင္ျပင္ပါ။

အက္ဒမင့္လို တီရွပ္စုတ္၊ ေဘာင္းဘီစုတ္နဲ႔ပဲ ရုံးတက္ခ်င္တဲ့ေယာင္းတို႔ကို အဓိက ထားၿပီး ေျပာပါမယ္ေနာ္… တနလၤာေန႔မွာေတာ့ အဲ့ဒီအခ်ိဳးေတြ ခဏေခါက္ထားလိုက္ပါလို႔.. မိတ္ကပ္မႀကိဳက္လည္း ခပ္ပါးပါးေလးလိမ္းၿပီး ႏႈတ္ခမ္းနီေတာက္ေတာက္ေလး ဆိုးပစ္ပါ။ accessories ေလးေတြ ဝတ္ပါ။ ကိုယ္ကိုယ္တိုင္ လွလွပပ သပ္သပ္ရပ္ရပ္ျဖစ္ေနျခင္းကလည္း ေယာင္းကို စိတ္ၾကည္ေစပါတယ္။ အဲ..ေနာက္ေန႔ေတာ့ ကိုယ့္စိတ္ႀကိဳက္ဖရုိဖရဲေလးပဲေပါ့ 😛

၃။ ပိုက္ဆံအိတ္ထုတ္ၾကည့္ပါ။

ရုံးမတက္ခ်င္ဘူးလို႔ ညည္းညဴမိတဲ့ အခါတုိင္း ပိုက္ဆံအိတ္ ထုတ္ၾကည့္ပါ။ ေျပာင္သလင္းခါေနတဲ့ ပိုက္ဆံအိတ္ကလည္း ေယာင္းကို တနလၤာေန႔ရုံးမပ်က္ေစမယ့္ မိုတီေဗးရွင္းသစ္ တစ္ခုပါ ငွင္းငွင္း..

၄။ ဒိတ္ပါ။

တနလၤာေန႔ညေနမွာ ကိုကိုနဲ႔ဒိတ္ပါ။ ဒါဆိုရင္ေတာ့ တနဂၤေႏြညတိုင္းမွာ ရုံးတက္ဖို႔အေရး စိတ္ညစ္ေနမွာထက္၊ ခ်စ္သူနဲ႔ ေတြ႔ရမယ့္အေရး ပိုရင္ခုန္ေနမွာပါ။ တနၤလာေန႔ရဲ႕ေဘးထြက္ဆိုးက်ိဳးလည္း မွိန္သြားမွာပါ။

Related Article >>> တနလၤာေန႕မွာ ခပ္ေခ်ေခ် ရံုးသြားၾကမယ္

၅။ မုန္႔ေလးေတြ သယ္သြားပါ။

ရုံးက မုန္႔ေတြ အိမ္ျပန္သယ္ခုိင္းတာ မဟုတ္ပါဘူး :3 ကိုယ္တုိင္က သၾကားလံုးေလးျဖစ္ျဖစ္၊ ကြတ္ကီးေလးေတြျဖစ္ျဖစ္ ဝယ္သြားၿပီး လုပ္ေဖာ္ကိုင္ဖက္ ေဘာ္ဒါေလးေတြကို ေကၽြးလိုက္မယ္ဆုိရင္ ကိုယ့္တနလၤာေန႔သာမက သူတို႔ရဲ႕ တနလၤာေန႔ပါ သာယာသြားမွာပါ။ ေဘာစိကိုေတာင္ မုန္႔ေကာင္းေကာင္းေလး ဝယ္ေပးၿပီး ကပ္ဖားလို႔ ရပါေသးတယ္ေနာ္။

ကဲ…တနလၤာရဲ႕ေဘးထြက္ဆိုးက်ိဳးေတြ ေရွာင္ႏုိင္မယ့္နည္းလမ္းေတြ သိရၿပီဆိုေတာ့ ဒီပိတ္ရက္ေလးမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဒြန္႔နုိင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္ရွန္…

Christina (For Her Myanmar)

<<< Unicode >>>

မှတ်သားထားသင့်ပါတယ်နော်.. 😀 😀

စနေ၊ တနင်္ဂနွေမှာ gravity အပြင်ဘက်ခုန်ထွက်လိုက်၊ စကြဝဠာ အပြင်ဘက်ခုန်ထွက်လိုက်နဲ့ သာယာနေတုန်းက အကောင်း၊ နောက်တစ်နေ့ တနင်္လာနေ့ဖြစ်ကြောင်း သတိရမိလိုက်တဲ့အခါမှာတော့ နှုတ်ခမ်းလေးတွေ သက်တံကွေး ကွေးရောပဲ။ ဒီတော့ ပိတ်ရက်မကုန်သေးခင် တနင်္လာနေ့ကို ကြိုတွေးပြီး စိတ်မညစ်ရအောင် တနင်္လာနေ့ ရုံးတက်နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်စင့်..

၁။ စောစောအိပ်ပါ။

ပါတီသမားတွေ နိုက်အောက်သမားတွေ သောကြာနဲ့စနေမှာ အောက်ချင်သလိုအောက်ကြပါ။ ဒါပေမဲ့ တနင်္ဂနွေညကိုတော့ မုန့်လေးစားရင်း၊ ရုပ်ရှင်လေးကြည့်ရင်းနဲ့ အိမ်မှာပဲအောင်းပါ။ အိပ်ရေးဝမှ တနင်္လာနေ့မနက်ကို စိတ်ကြည်ကြည်နဲ့ ရုံးတက်နိုင်မှာပါနော်…

Related Article >>> Monday Blues တွေ များနေရင်

၂။ အလှဆုံးဖြစ်အောင်ပြင်ပါ။

အက်ဒမင့်လို တီရှပ်စုတ်၊ ဘောင်းဘီစုတ်နဲ့ပဲ ရုံးတက်ချင်တဲ့ယောင်းတို့ကို အဓိက ထားပြီး ပြောပါမယ်နော်… တနင်္လာနေ့မှာတော့ အဲ့ဒီအချိုးတွေ ခဏခေါက်ထားလိုက်ပါလို့.. မိတ်ကပ်မကြိုက်လည်း ခပ်ပါးပါးလေးလိမ်းပြီး နှုတ်ခမ်းနီတောက်တောက်လေး ဆိုးပစ်ပါ။ accessories လေးတွေ ဝတ်ပါ။ ကိုယ်ကိုယ်တိုင် လှလှပပ သပ်သပ်ရပ်ရပ်ဖြစ်နေခြင်းကလည်း ယောင်းကို စိတ်ကြည်စေပါတယ်။ အဲ..နောက်နေ့တော့ ကိုယ့်စိတ်ကြိုက်ဖရိုဖရဲလေးပဲပေါ့ 😛

၃။ ပိုက်ဆံအိတ်ထုတ်ကြည့်ပါ။

ရုံးမတက်ချင်ဘူးလို့ ညည်းညူမိတဲ့ အခါတိုင်း ပိုက်ဆံအိတ် ထုတ်ကြည့်ပါ။ ပြောင်သလင်းခါနေတဲ့ ပိုက်ဆံအိတ်ကလည်း ယောင်းကို တနင်္လာနေ့ရုံးမပျက်စေမယ့် မိုတီဗေးရှင်းသစ် တစ်ခုပါ ငှင်းငှင်း..

၄။ ဒိတ်ပါ။

တနင်္လာနေ့ညနေမှာ ကိုကိုနဲ့ဒိတ်ပါ။ ဒါဆိုရင်တော့ တနင်္ဂနွေညတိုင်းမှာ ရုံးတက်ဖို့အရေး စိတ်ညစ်နေမှာထက်၊ ချစ်သူနဲ့ တွေ့ရမယ့်အရေး ပိုရင်ခုန်နေမှာပါ။ တင်္နလာနေ့ရဲ့ဘေးထွက်ဆိုးကျိုးလည်း မှိန်သွားမှာပါ။

Related Article >>> တနင်္လာနေ့မှာ ခပ်ချေချေ ရုံးသွားကြမယ်

၅။ မုန့်လေးတွေ သယ်သွားပါ။

ရုံးက မုန့်တွေ အိမ်ပြန်သယ်ခိုင်းတာ မဟုတ်ပါဘူး :3 ကိုယ်တိုင်က သကြားလုံးလေးဖြစ်ဖြစ်၊ ကွတ်ကီးလေးတွေဖြစ်ဖြစ် ဝယ်သွားပြီး လုပ်ဖော်ကိုင်ဖက် ဘော်ဒါလေးတွေကို ကျွေးလိုက်မယ်ဆိုရင် ကိုယ့်တနင်္လာနေ့သာမက သူတို့ရဲ့ တနင်္လာနေ့ပါ သာယာသွားမှာပါ။ ဘောစိကိုတောင် မုန့်ကောင်းကောင်းလေး ဝယ်ပေးပြီး ကပ်ဖားလို့ ရပါသေးတယ်နော်။

ကဲ…တနင်္လာရဲ့ဘေးထွက်ဆိုးကျိုးတွေ ရှောင်နိုင်မယ့်နည်းလမ်းတွေ သိရပြီဆိုတော့ ဒီပိတ်ရက်လေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒွန့်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှန်…

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *