သီတင်းကျွတ် အခါသမယတွင်တွေ့ရတတ်သော လူ(၈)မျိုး

ယောင်းရော ဘယ်ထဲပါမလဲ?

ကဲ..ယောင်းလေးတို့ရေ။ သီတင်းကျွတ်မှာ တစ်နည်းတစ်ဖုံနဲ့ ပျော်ရွှင်နေကြတယ်ဟုတ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ သီတင်းကျွတ်အခါသမယရောက်ပြီဆိုရင်တော့ ဒီလိုလူမျိုးတွေ တွေ့ရတတ်တယ်။ ယောင်းတို့ရော ဘယ်ထဲပါမလဲ ကြည့်ရအောင်နော်။

၁။ပွဲဈေးကြိုက်သူများ

သီတင်းကျွတ်ပြီဆို သူ့ခေါင်းထဲမှာ ပွဲဈေးပဲ။ ရေကျော်ပွဲဈေးဆိုလည်း သူရောက်တယ်။ ဟိုပွဲဈေးလည်းဒိုး၊ ဒီပွဲဈေးလည်းဒိုးနဲ့ တစ်ခါတလေ တောင်ကြီးကပွဲဈေးဆီတောင် ခုန်ကျော်သွားတတ်တဲ့ ပွဲဈေးကြိုက်သူတွေကိုတွေ့ရမှာဖြစ်ပါတယ်။

၂။အစားသောင်းကျန်းသူများ

အစားအသောက်သာလျှင် အချစ်ဆိုသူတွေပေါ့။ ပွဲဈေးဒိုးပြီးလည်းစား၊ စတုဒီသာကျွေးရင်လည်းစား၊ လူကြီးတွေသွားကန်တော့လည်းစားနဲ့ အစားနဲ့ကျင်လည်နေသူတွေကိုလည်း တွေ့ရတတ်ပါတယ်။

Related article >>> သီတင်းကျွတ် အိမ်ပြန်သောအခါ

၃။အစွံထုတ်မည့်အရေးသာ ခေါင်းထဲရှိသူများ

FAမလို့ အနှိမ်ခံရပေါင်းများတော့ မခံချင်စိတ်တွေနဲ့ ဝါကျွတ်ရင် RSဖြစ်ဖို့အရေး ကြံနေသူတွေလည်းရှိတတ်တယ်နော်။ ကိုယ့်ခရက်ရှ်ကို သီတင်းကျွတ်နှုတ်ဆက်သလိုလိုနဲ့ ရေမြောင်းဖောက်တဲ့ အပျိုကြီးပေါက်စမမတွေကိုလည်း တွေ့ရတတ်ပါတယ်။(အက်ဒမင့်လိုပေါ့..ငိငိ)

၎။မုန့်ဖိုးရရန် ချင်းအချိုထည့်သူများ

လစာထုတ်ပြီးသိပ်မကြာခင်လေး သားရေကွင်းနဲ့ညားသူတွေကတော့ သီတင်းကျွတ်အခါသမယလေးက မျှော်လင့်ချက်တစ်ခုပါပဲ။ လူကြီးသူမတွေကို ဘာနဲ့ကန်တော့မယ်ဆိုတာထက် ဘယ်လောက်ပြန်ရမလဲဆိုတာကို တွေးနေသူတွေပေါ့။ အင်မတန်ချိုသွေးပြီးချစ်စရာကောင်းတဲ့မျက်နှာထား၊ အပြောအဆိုလေးတွေနဲ့ လူကြီးတွေကို ချင်းအချိုထည့်ရပါတော့တယ်။ ဝယ်ပေးတော့ ဆီးချိုဘီစကွတ်တစ်ထုပ်။ ငင်းငင်း။

၅။ကိုယ့်လူကိုယ် ကြွားလုံးထုတ်ချင်သူများ

တချို့ RSတွေကလေ သူတို့စွံကြောင်းတစ်လောကလုံးကိုကြွားမှ အစာကျေကြတာ။ ဒီတော့ သီတင်းကျွတ်အခါသမယက အချိန်ကောင်းလေးပေါ့။ FAတွေကို နှိမ်ဖို့အခွင့်အရေးဆိုပြီး ပွဲဈေးသွားလည်း ကိုကိုနဲ့၊ လူကြီးတွေကိုကန်တော့လည်းကိုကိုနဲ့ ဖေ့ဘွတ်ပေါ်ဓာတ်ပုံတွေ ပလူပျံအောင် တင်ကြွားကြတယ် မမတွေကိုလည်း တွေ့ရပါမယ်နော်။

၆။ကန်တော့ခံချင်သူများ

ကိုယ့်ကြည့်တော့ နို့နံ့မစင်တဲ့ရုပ်နဲ့။ ဒါပေမဲ့ ကိုယ့်ထက် တစ်လငယ်တဲ့သူကို ကန်တော့ဖို့ တိုက်တွန်းနေတဲ့ ကန်တော့ခံချင်သူတွေရှိသေးတယ်။ မုန့်ဖိုးပေးလားဆိုတော့လည်း ဥပဓိရုပ်နဲ့တင် မပေးမှန်းသိသာတယ်။

Related article >>> မင်္ဂလာပွဲမသွားခင် ခေါင်းခဲရလေ့ရှိတဲ့ ပြဿနာများ

၇။ဖွဘွတ်ပေါ်တက်ကန်တော့ကြသူများ

သီတင်းကျွတ်ဆို ဒင်းတို့ပို့စ်ချည်းပဲ မမြင်ချင်မှအဆုံး။ အကောင့်ထဲက ကိုယ့်ထက်ကြီးသူတွေကို တလေးတစားနဲ့ ကန်တော့နေကြတာ။ ပလုံဖိုင်းအောက်သာ မကောင်းမန့်ကြည့်။ ပြန်ဆဲမယ့်သူတွေ။

၈။မုန့်ဖိုးဆိုလျှင်မသိချင်ယောင်ဆောင်တတ်ကြသူများ

ကလေးတွေက ကိုယ့်ကိုအဖတ်လုပ်ပြီး ကန်တော့ရင် လေနဲ့ပဲဆုကျေးဇူးတွေပေး၊ မုန့်ဖိုးဆိုရင်တော့ ဖြူသလား၊ မည်းသလားမသိတော့ဘူးဆိုတဲ့ လူကြီးပေါက်စတွေကိုလည်း တွေ့ရတတ်ပါတယ်နော်။

အဟမ်းဟမ်း..ယောင်းတို့လည်း ဒီထဲကတစ်မျိုးမျိုးပဲမဟုတ်လား။ 😛 မညာချင်စမ်းပါနဲ့ကွာ။ သူငယ်ချင်းတွေထဲမှာ ဒီလိုလူမျိုးတွေရှိရင်လည်း လက်တို့လိုက်ဦးနော်။ မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးဖြစ်ကြပါစေ ယောင်းတို့ရေ။ <3

Christina (For Her Myanmar)

No Comments Yet

Comments are closed