FUN

မ်က္တြင္းေဟာက္ပက္နဲ႔ ဇီးကြက္ဘဝ ေရာက္ရျခင္း အေၾကာင္းရင္း (၇) ခ်က္

တစ္ခ်က္မဟုတ္ တစ္ခ်က္ေတာ့ ၿငိေနၾကတယ္မလား 😀 

အက္ဒမင္တုိ႔ ငယ္ငယ္ကဆို ည(၁၁)နာရီအိပ္တဲ့သူက အင္မတန္သတၱိရွိလို႔ပဲ။ ကိုယ္ေတြဆို ည(၉)နာရီမအိပ္ရင္ ႀကိမ္လံုးနဲ႔ညားေတာ့ ႀကိတ္မွိတ္ၿပီး အိပ္ခဲ့ရတယ္ ။ အခုလိုေခတ္မီတဲ့အခ်ိန္အခါမွာေတာ့ ေစာေစာအိပ္တဲ့သူက ဒိတ္ေအာက္တယ္ဆုိတာမ်ိဳးေတာင္ ျဖစ္ေနၿပီ။ မယံုရင္ ည(၁၂)နာရီ ေဖ့ဘြတ္ဖြင့္ၾကည့္လုိက္ မီးစိမ္းေတြခ်ည္းပဲ။ တစ္အိမ္မွာ တစ္ေယာက္ေလာက္ေတာ့ ဇီးကြက္ျဖစ္ေနမွာေသခ်ာတယ္။ ဘာလို႔မ်ား အိပ္ရာဝင္ ေနာက္က်ၾကတာတဲ့လဲ… အေၾကာင္းရင္းေတြကေတာ့…

(၁) မီးစိမ္းထုိင္ငမ္းေနလို႔

FA ကိုကိုမမ၊ ေယာင္းေယာင္းေတြအတြက္ ခရပ္ရွ္ရဲ႕မီးစိမ္းက ေဘာပြဲထက္ေတာင္ ထုိင္ၾကည့္လုိ႔ ေကာင္းတာပါ။ စကားသြားေျပာလားဆိုလည္း မေျပာဘူး… ဒီတုိင္းေလးပဲ မီးေလးစိမ္းေနတာကိုပဲ ထုိင္ၾကည့္တာ။ ဒီၾကားထဲ သူဘယ္သူနဲ႔ ၾကဴေနတာလဲဆိုတဲ့ အေတြးက  ခပ္ဆိုးဆိုး။ ခရပ္ရွ္အြန္လိုင္းက ဆင္းမွ သူတုိ႔လည္း ဆင္းၿပီး အိပ္ၾကတယ္ (ဟိုက Wifi မိလို႔ တစ္ညလံုး စိမ္းေနရင္ေတာ့ ေသၿပီပဲ :3 )  အိပ္ရာဝင္ေနာက္က်ျခင္းအစ အဲဒီကပဲ။

(၂) ရုိလို႔မၿပီးႏုိင္ေသးလို႔

RSနဲ႔ ကိုကိုမမေတြကေတာ့ ေျပာစရာမလိုပါဘူး။ ဖုန္းတစ္ခါေျပာရင္ ရပ္ကြက္ထဲက ၾကက္ႏိုးရင္ေတာင္ ဒင္းတုိ႔မၿပီးႏုိင္ေသးဘူး။ နားကန္းျခင္းအစ ဖုန္းနဲ႔ ရုိျခင္းကပါေနာ္။ ဆင္ျခင္ၾကဘာ ဆင္ျခင္ၾကဘာ (မနာလိုေသာ ေလသံျဖင့္ 😛 )

Related Article >>> ေၾကာင္ေလးေတြကို အိပ္ရာထဲ ေခၚမအိပ္သင့္တဲ့ အေၾကာင္းရင္း (၇)ခ်က္

(၃) ဖ်ာခင္းေနလို႔

တကယ္အိပ္ဖုိ႔ ဖ်ာခင္းတယ္မ်ား မွတ္ေနလား။ ႏုိးပါ။ ျပႆနာျဖစ္ေနတဲ့ ပို႔စ္ေတြေအာက္မွာ မဆီမဆိုင္ဖ်ာဝင္ခင္းၿပီး မန္႔ေတြ လိုက္ဖတ္ေနၿပီးတစ္မ်ိဳး၊ စခရင္ေရွာ႔ရုိက္ၿပီး ေဖာက္သည္ခ်တာက တစ္ဖံုနဲ႔ ဖ်ာအခင္းေကာင္းၿပီး အိပ္ရာဝင္ ေနာက္က်သူေလးေတြရွိကို ရွိတယ္…

(၄) BLကားေတြၾကည့္ေနလို႔

တခ်ိဳ႕အစစ္မေတြ အိပ္ရာဝင္ေနာက္က်ရတဲ့ အေၾကာင္းက တစ္ပတ္တစ္ခါ လွ်ာထြက္မတတ္ ေစာင့္ၾကည့္ရတဲ့ ထိုင္းBLကားေတြေၾကာင့္ပါ။ (ဒါမ်ိဳးက် ေစာင္ကိုက္ေကာင္ေတြလို႔ ေခၚတယ္ 😛 ) နားလည္လို႔ ၾကည့္တာလားဆိုျပန္ေတာ့လည္း နားမလည္ရင္ေန.. တုိ႔ကေတာ့ၾကည့္မယ္ဆုိတာခ်ည္း (စာတမ္းထိုးေတာ့မွ ေနာက္တစ္ေခါက္ျပန္ၾကည့္တာေလ ေနာ္႔.. :3)

(၅) အေတြးေကာင္းေနလို႔

တစ္ေန႔လံုး အူခ်ကူးေနတဲ့ ဦးေႏွာက္က ညဘက္ဆို သိပ္အလုပ္လုပ္တာ။ ေတြးတယ္၊ ေတြးတယ္ဆုိတာ ကမၻာႀကီးျဖစ္တည္လာတာက အစ၊ ေသရင္ ဘယ္ေရာက္မလဲက အဆံုး အမွန္အကန္ကို ေတြးေနေတာ့ကာ အိပ္ေပ်ာ္တာ ေနာက္က်ေရာ။

Related Article >>> ငယ္ငယ္တုန္းက မက္ခဲ့တဲ့ ေလထဲက အိပ္မက္မ်ား

(၆) ဗိုက္ထဲကျမည္ေနလို႔

အခ်ိန္မေရြး ဗိုက္ဆာတတ္တဲ့ မမေတြကေတာ့ အိပ္ရာကို တမင္ေနာက္က်မွ ဝင္သလားမွတ္ရတယ္။ 😛 အခုေနာက္ပိုင္း ညပိုင္းအစားအေသာက္ပို႔ေပးတဲ့ ဝန္ေဆာင္မႈေတြရွိလာေတာ့ ပိုေတာင္ အုိေခ၊ စိုျပည္ေနေသး..

(၇) အလုပ္ေတြ ဝုန္းေနလို႔

Deadline နီးမွ အစအဆံုး ကုန္းလုပ္တတ္တဲ့ ကိုကိုမမေတြအတြက္ေတာ့ အိပ္ရာဝင္ေနာက္က်တာသိပ္မဆန္းပါဘူး။

ဒီလို ဒီလို အေၾကာင္းေတြေၾကာင့္ အိပ္ရာက ေစာေစာမဝင္ျဖစ္။ ေစာေစာမအိပ္ေတာ့ အိပ္ရာထဖို႔ကလည္း အေရးခင္းတစ္ခုလိုပဲ။ ရုံးေရာက္ေတာ့ မ်က္တြင္းေဟာက္ပက္နဲ႔ ရႈပ္ယွက္ကို ခတ္လို႔။

တျခားအေၾကာင္းရင္းေတြလည္း ရွိေနပါေသးတယ္… ေယာင္းတုိ႔ေရာ ဘာေၾကာင့္အိပ္ရာဝင္ေနာက္က်တာလဲ။ ေနာက္ဆိုရင္ေရာ ေစာေစာအိပ္ဖို႔အစီအစဥ္ရွိလား။ မွ်ေဝေပးခဲ့ဦးေနာ္။

Christina (For Her Myanmar)

<<< Unicode >>>

တစ်ချက်မဟုတ် တစ်ချက်တော့ ငြိနေကြတယ်မလား 😀 

အက်ဒမင်တို့ ငယ်ငယ်ကဆို ည(၁၁)နာရီအိပ်တဲ့သူက အင်မတန်သတ္တိရှိလို့ပဲ။ ကိုယ်တွေဆို ည(၉)နာရီမအိပ်ရင် ကြိမ်လုံးနဲ့ညားတော့ ကြိတ်မှိတ်ပြီး အိပ်ခဲ့ရတယ် ။ အခုလိုခေတ်မီတဲ့အချိန်အခါမှာတော့ စောစောအိပ်တဲ့သူက ဒိတ်အောက်တယ်ဆိုတာမျိုးတောင် ဖြစ်နေပြီ။ မယုံရင် ည(၁၂)နာရီ ဖေ့ဘွတ်ဖွင့်ကြည့်လိုက် မီးစိမ်းတွေချည်းပဲ။ တစ်အိမ်မှာ တစ်ယောက်လောက်တော့ ဇီးကွက်ဖြစ်နေမှာသေချာတယ်။ ဘာလို့များ အိပ်ရာဝင် နောက်ကျကြတာတဲ့လဲ… အကြောင်းရင်းတွေကတော့…

(၁) မီးစိမ်းထိုင်ငမ်းနေလို့

FA ကိုကိုမမ၊ ယောင်းယောင်းတွေအတွက် ခရပ်ရှ်ရဲ့မီးစိမ်းက ဘောပွဲထက်တောင် ထိုင်ကြည့်လို့ ကောင်းတာပါ။ စကားသွားပြောလားဆိုလည်း မပြောဘူး… ဒီတိုင်းလေးပဲ မီးလေးစိမ်းနေတာကိုပဲ ထိုင်ကြည့်တာ။ ဒီကြားထဲ သူဘယ်သူနဲ့ ကြူနေတာလဲဆိုတဲ့ အတွေးက  ခပ်ဆိုးဆိုး။ ခရပ်ရှ်အွန်လိုင်းက ဆင်းမှ သူတို့လည်း ဆင်းပြီး အိပ်ကြတယ် (ဟိုက Wifi မိလို့ တစ်ညလုံး စိမ်းနေရင်တော့ သေပြီပဲ :3 )  အိပ်ရာဝင်နောက်ကျခြင်းအစ အဲဒီကပဲ။

(၂) ရိုလို့မပြီးနိုင်သေးလို့

RSနဲ့ ကိုကိုမမတွေကတော့ ပြောစရာမလိုပါဘူး။ ဖုန်းတစ်ခါပြောရင် ရပ်ကွက်ထဲက ကြက်နိုးရင်တောင် ဒင်းတို့မပြီးနိုင်သေးဘူး။ နားကန်းခြင်းအစ ဖုန်းနဲ့ ရိုခြင်းကပါနော်။ ဆင်ခြင်ကြဘာ ဆင်ခြင်ကြဘာ (မနာလိုသော လေသံဖြင့် 😛 )

Related Article >>> ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်မအိပ်သင့်တဲ့ အကြောင်းရင်း (၇)ချက်

(၃) ဖျာခင်းနေလို့

တကယ်အိပ်ဖို့ ဖျာခင်းတယ်များ မှတ်နေလား။ နိုးပါ။ ပြဿနာဖြစ်နေတဲ့ ပို့စ်တွေအောက်မှာ မဆီမဆိုင်ဖျာဝင်ခင်းပြီး မန့်တွေ လိုက်ဖတ်နေပြီးတစ်မျိုး၊ စခရင်ရှော့ရိုက်ပြီး ဖောက်သည်ချတာက တစ်ဖုံနဲ့ ဖျာအခင်းကောင်းပြီး အိပ်ရာဝင် နောက်ကျသူလေးတွေရှိကို ရှိတယ်…

(၄) BLကားတွေကြည့်နေလို့

တချို့အစစ်မတွေ အိပ်ရာဝင်နောက်ကျရတဲ့ အကြောင်းက တစ်ပတ်တစ်ခါ လျှာထွက်မတတ် စောင့်ကြည့်ရတဲ့ ထိုင်းBLကားတွေကြောင့်ပါ။ (ဒါမျိုးကျ စောင်ကိုက်ကောင်တွေလို့ ခေါ်တယ် 😛 ) နားလည်လို့ ကြည့်တာလားဆိုပြန်တော့လည်း နားမလည်ရင်နေ.. တို့ကတော့ကြည့်မယ်ဆိုတာချည်း (စာတမ်းထိုးတော့မှ နောက်တစ်ခေါက်ပြန်ကြည့်တာလေ နော့်.. :3)

(၅) အတွေးကောင်းနေလို့

တစ်နေ့လုံး အူချကူးနေတဲ့ ဦးနှောက်က ညဘက်ဆို သိပ်အလုပ်လုပ်တာ။ တွေးတယ်၊ တွေးတယ်ဆိုတာ ကမ္ဘာကြီးဖြစ်တည်လာတာက အစ၊ သေရင် ဘယ်ရောက်မလဲက အဆုံး အမှန်အကန်ကို တွေးနေတော့ကာ အိပ်ပျော်တာ နောက်ကျရော။

Related Article >>> ငယ်ငယ်တုန်းက မက်ခဲ့တဲ့ လေထဲက အိပ်မက်များ

(၆) ဗိုက်ထဲကမြည်နေလို့

အချိန်မရွေး ဗိုက်ဆာတတ်တဲ့ မမတွေကတော့ အိပ်ရာကို တမင်နောက်ကျမှ ဝင်သလားမှတ်ရတယ်။ 😛 အခုနောက်ပိုင်း ညပိုင်းအစားအသောက်ပို့ပေးတဲ့ ဝန်ဆောင်မှုတွေရှိလာတော့ ပိုတောင် အိုခေ၊ စိုပြည်နေသေး..

(၇) အလုပ်တွေ ဝုန်းနေလို့

Deadline နီးမှ အစအဆုံး ကုန်းလုပ်တတ်တဲ့ ကိုကိုမမတွေအတွက်တော့ အိပ်ရာဝင်နောက်ကျတာသိပ်မဆန်းပါဘူး။

ဒီလို ဒီလို အကြောင်းတွေကြောင့် အိပ်ရာက စောစောမဝင်ဖြစ်။ စောစောမအိပ်တော့ အိပ်ရာထဖို့ကလည်း အရေးခင်းတစ်ခုလိုပဲ။ ရုံးရောက်တော့ မျက်တွင်းဟောက်ပက်နဲ့ ရှုပ်ယှက်ကို ခတ်လို့။

တခြားအကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်… ယောင်းတို့ရော ဘာကြောင့်အိပ်ရာဝင်နောက်ကျတာလဲ။ နောက်ဆိုရင်ရော စောစောအိပ်ဖို့အစီအစဉ်ရှိလား။ မျှဝေပေးခဲ့ဦးနော်။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *