Otaku ေတြသာ နားလည္ႏုိင္မယ့္ ျပႆနာ (၇)မ်ိဳး

တူရင္ ရွိတ္လိုက္ပါဦး!!!

Otaku ကို တိတိက်က် အဓိပၸာယ္ဖြင့္ဆိုဖို႔က အေတာ္ခဲယဥ္းပါတယ္။ အလြယ္ေျပာရရင္ေတာ့ Japan Anime ေတြကို အသည္းစြဲ သေဘာက် ႏွစ္ၿခိဳ႕္တတ္သူေတြ၊ အခ်ိန္ျပည့္ ကြန္ျပဴတာေရွ႕ထိုင္ၿပီး Anime ၾကည့္ (သို႔) Manga ဖတ္ေနတတ္သူေတြ၊ ကိုယ္သေဘာက်တဲ့ Anime Character နဲ႔ ပတ္သက္တဲ့ ပစၥည္းေလးေတြကို ဝယ္ယူစုေဆာင္းတတ္သူေတြနဲ႔ Cosplay ေတြကို သေဘာက်တတ္သူေတြ လို႔ ဆိုရမွာပါ။ ဒီ့ထက္ပိုရွင္းေအာင္ ေျပာရမယ္ဆိုရင္ေတာ့ Anime မွ Anime ျဖစ္ၾကတဲ့သူေတြပဲ ဆိုၾကပါစို႔ရဲ႕… (တကယ္ေတာ့ Otaku ဆိုတဲ့ အသံုးက Negative ဘက္ နည္းနည္းေရာက္ပါတယ္ေနာ္… ေနာက္မ်ားမွ Otaku အေၾကာင္း အက်ယ္တဝင့္ေျပာၾကတာေပါ့.. ေလာေလာဆယ္ေတာ့ အက္ဒ္မင္ေျပာခ်င္တဲ့အေၾကာင္းေလး အရင္သြားၾကရေအာင္..)

ဒီလို Otaku ေတြဟာ ပုံမွန္ Anime ၾကည့္ေလ့မရွိသူေတြနဲ႔ ရင္းႏွီးခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ Otaku ေတြအေၾကာင္း Otaku ေတြပဲ သိလို႔ေပါ့… ဒါဆို Otaku အခ်င္းခ်င္းသာ နားလည္ႏိုင္မယ့္ ကိစၥေတြက ဘာေတြျဖစ္မလဲ ၾကည့္ၾကည့္ရေအာင္…

၁။ ဂ်ပန္စာ သင္ရျခင္း ရည္ရြယ္ခ်က္

သူမ်ားတကာေတြက JLPT ေတြ ေျဖမယ္၊ ဂ်ပန္မွာ ေက်ာင္းတက္မယ္၊ ဂ်ပန္မွာ အလုပ္လုပ္မယ္လို႔ ရွိၾကေပမဲ့ Otaku ေတြ ဂ်ပန္စာ သင္ရျခင္းရဲ႕ အဓိက ရည္ရြယ္ခ်က္ဟာ Sub (စာတန္းထိုး) ကို မေစာင့္ဘဲ Anime ေတြ ႀကိဳၾကည့္ခ်င္လို႔ပါ။ ဒီရည္ရြယ္ခ်က္ရဲ႕ ေနာက္မွာမွ ဂ်ပန္သြားဖို႔ဆုိတာ လိုက္လာတာပါ။ သြားခ်င္တဲ့ ရည္ရြယ္ခ်က္ကိုလည္း ေမး.. ၉၀% ေလာက္က Anime နဲ႔ ဆက္စပ္ေနတာခ်ည္းပဲ 😀

၂။ ၾကည့္လက္စ Anime ၿပီးသြားတဲ့အခါ

ဘဝႀကီး အဓိပၸာယ္မရွိေတာ့သလိုလို႔ ေျပာလိုက္ရင္ လြန္ရာမ်ား က်သြားမလား 😀 ဒါေပမဲ့ တကယ္ပါပဲ.. ကိုယ္ၾကည့္လက္စ Anime တစ္ခု မၿပီးခင္မွာ ဒီ Anime ကို ဇာတ္မသိမ္းသြားေစခ်င္သလို ၿပီးသြားတဲ့အခါမွာလည္း Season အသစ္ကို ေမွ်ာ္ရပါတယ္။ Season အသစ္ မထြက္ေတာ့ဘူးဆိုရင္ေတာ့ ရွင္သန္ရျခင္း အဓိပၸာယ္ေပ်ာက္ဆံုးသြားသလိုပါပဲ… T.T ဘယ္သူနဲ႔မွလည္း မေျပာခ်င္၊ မဆိုခ်င္၊ စိတ္ထဲ ဝမ္းနည္းၿပီး ရည္းစားနဲ႔ ျပတ္လို႔ အသည္းကြဲတာထက္ေတာင္ ပိုဆိုးပါေသးတယ္။ (အက္ဒ္မင္ဆို Bleach နဲ႔ ကမာၻပ်က္ၿပီးၿပီ 😀 )

Related Article >>> ေယာင္းတို႔ရဲ႕ ဘဝအေမာေတြကို ေျပေလ်ာ့ေစမယ့္ Anime ဇာတ္လမ္းတြဲ (၂)ခု

၃။ Anime ေတြကို နားၾကပ္နဲ႔ မဟုတ္ဘဲ ၾကည့္မိတဲ့အခါ

ၾကံဳဖူးလား? ကိုယ္ကေတာ့ ကိုယ့္ဟာကိုယ္ ရိုးရိုးသားသားေလး Anime ေတြကို ဖြင့္ၾကည့္တာ… ေဘးက သူငယ္ခ်င္းေတြက ၁၈ ေယာက္အထက္ စုၾကည့္ရတဲ့ ဇာတ္ကားေတြ ၾကည့္ေနတယ္လို႔ ထင္သြားတဲ့ အျဖစ္မ်ိဳး -_- အက္ဒ္မင္ေတာ့ ခဏခဏ ခံရပါတယ္ရွန္ :/

၄။ ဇာတ္ကားေပၚလိုက္ၿပီး Mood ေျပာင္းတာ

Kuroko No Basket ၾကည့္ေနတဲ့အခ်ိန္မွာ ဘတ္စကက္ေဘာ ေဆာ့ခ်င္တာမ်ိဳး၊ Haikyuu ၾကည့္ရင္ ေဘာ္လီေဘာ ေဆာ့ခ်င္တာမ်ိဳး၊ Bleach ၾကည့္ရင္း Hollow ေတြနဲ႔ တုိက္ခ်င္တာမ်ိဳး၊ Free ၾကည့္ရင္ ေရကူးခ်င္တာမ်ိဳး၊ Tokyo Ghoul ၾကည့္ၿပီး လူေတြကို မုန္းတာမ်ိဳး၊ Sword Art Online ၾကည့္ၿပီး ဂိမ္းေဆာ့ခ်င္တာမ်ိဳး.. ကိုယ္တို႔ Otaku ေတြသည္ ၾကည့္တဲ့ Anime ေပၚလိုက္ၿပီး Mood ေျပာင္းတတ္ေသာ ပါပဲ 😀

၅။ Anime ေတြကို Dubbed နဲ႔ ၾကည့္လိုက္ရတဲ့အခါ

အက္ဒ္မင့္အတြက္ အဆိုးဆံုးေသာ ဖီလင္က ဒါပါ… ကိုယ္မတရားႀကိဳက္တဲ့ Anime ေတြကို ၾကည့္မယ္ဆိုၿပီး ဖြင့္လိုက္တဲ့အခ်ိန္ အဂၤလိပ္ အသံထြက္ေနတာမ်ိဳးဆို ေဒါသက တလိမ့္လိမ့္ ထြက္လာေရာ.. :’D မခံစားႏုိင္ပါဘူးရွန္… ဘယ္လိုပဲ 2D ပါလို႔ေျပာေျပာ လက္ကို မခံႏုိင္တာပါေနာ္.. (ဒါေတာ့ တရုတ္ကားေတြ၊ ထိုင္းကားေတြကို ျမန္မာ Dub နဲ႔ မခံစားတတ္တဲ့သူေတြပါ နားလည္ႏိုင္မယ္ ထင္ပါရဲ႕ :’D )

Related Article >>> ၅၂၈ ေမတၲာကိုေဖာ္က်ဴးထားတဲ႔ Anime ရုပ္ရွင္ကား(၃)ကား

၆။ ဒီအရြယ္ထိ ကာတြန္းကားေတြ ၾကည့္ေနတုန္းလားလို႔ အေျပာခံလိုက္ရတဲ့အခါ

Anime ဆိုတာဟာ ကေလးေတြအတြက္ ရည္ရြယ္ထားတာ မဟုတ္ေၾကာင္း၊ လူငယ္နဲ႔ လူႀကီးေတြအတြက္ ရည္ရြယ္ရင္း ကေလးေတြပါ ၾကည့္လို႔ရေအာင္ ထုတ္ထားတာ ျဖစ္ေၾကာင္း၊ ကာတြန္းလို႔လည္း ျခံဳေျပာလို႔ မရတဲ့အေၾကာင္း (တကယ္ေတာ့ ဂ်ပန္ကာတြန္းဆိုရင္လည္း ေယဘုယ်အားျဖင့္ မွန္ေတာ့ မွန္ရွာပါတယ္… မႀကိဳက္ေပမဲ့လို႔လည္း လက္ခံေပးရတဲ့ အပိုင္းေတြ ရွိတာကိုး :3 )၊ ကြာျခားခ်က္ေတြကို ေသခ်ာ ျမင္ေစခ်င္ေၾကာင္း တနံတလ်ား ရွင္းျပလိုက္ရမွ.. 😀 ေျပာရတာလည္း ေမာေနပါၿပီရွင္… ဒီေလာက္ရွင္းျပလည္း ေနာက္ဆံုးက်.. ေအးပါ.. ေအးပါ.. နင္ပဲ နင့္ကာတြန္းေတြနဲ႔ ေနပါ ဆိုၿပီး ျဖစ္သြားတဲ့အခါမွာ….

၇။ Otaku ေနာက္တစ္ေယာက္နဲ႔ ေတြ႕လိုက္ရတဲ့အခါ

အမွတ္မထင္ စကားစပ္မိလို႔ပဲ ျဖစ္ျဖစ္ သူလည္း Anime ၾကည့္တယ္ဆိုၿပီး သိလိုက္ရတဲ့အခ်ိန္ဟာ တန္ဖိုးျဖတ္မရတဲ့ အခိုက္အတန္႔ေလးေတြပါပဲရွင္… ၿပီးရင္ေတာ့ ဘယ္ Anime က ဘယ္လို ဘယ္ညာ ဘယ္ခ်မ္းသာဆိုၿပီး ေရပက္မဝင္ေအာင္ စကားေတြ မ်ားၾကေတာ့တာပါပဲ… သူ႕ဆီက ရွိတာ ကိုယ့္ကို ေပး၊ ကိုယ့္ရွိတာ သူ႕ကိုေပးၿပီး အဲ့ဒီကေနပဲ အရင္းႏွီးဆံုးေတြ ျဖစ္ကုန္ေတာ့တာပါပဲ။

ကဲ.. ဒီထဲက ဘယ္ႏွစ္ခ်က္္နဲ႔ ၾကံဳဖူးၾကလဲ ေယာင္းတို႔? ေယာင္းတို႔ရဲ႕ အမွတ္တရေလးေတြလည္း ေျပာျပသြားၾကဦးေနာ္…

Libra (For Her Myanmar)

<<< Unicode >>>

တူရင် ရှိတ်လိုက်ပါဦး!!!

Otaku ကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုဖို့က အတော်ခဲယဉ်းပါတယ်။ အလွယ်ပြောရရင်တော့ Japan Anime တွေကို အသည်းစွဲ သဘောကျ နှစ်ခြို့်တတ်သူတွေ၊ အချိန်ပြည့် ကွန်ပြူတာရှေ့ထိုင်ပြီး Anime ကြည့် (သို့) Manga ဖတ်နေတတ်သူတွေ၊ ကိုယ်သဘောကျတဲ့ Anime Character နဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေကို ဝယ်ယူစုဆောင်းတတ်သူတွေနဲ့ Cosplay တွေကို သဘောကျတတ်သူတွေ လို့ ဆိုရမှာပါ။ ဒီ့ထက်ပိုရှင်းအောင် ပြောရမယ်ဆိုရင်တော့ Anime မှ Anime ဖြစ်ကြတဲ့သူတွေပဲ ဆိုကြပါစို့ရဲ့… (တကယ်တော့ Otaku ဆိုတဲ့ အသုံးက Negative ဘက် နည်းနည်းရောက်ပါတယ်နော်… နောက်များမှ Otaku အကြောင်း အကျယ်တဝင့်ပြောကြတာပေါ့.. လောလောဆယ်တော့ အက်ဒ်မင်ပြောချင်တဲ့အကြောင်းလေး အရင်သွားကြရအောင်..)

ဒီလို Otaku တွေဟာ ပုံမှန် Anime ကြည့်လေ့မရှိသူတွေနဲ့ ရင်းနှီးခဲပါတယ်။ ဘာလို့လဲဆိုတော့ Otaku တွေအကြောင်း Otaku တွေပဲ သိလို့ပေါ့… ဒါဆို Otaku အချင်းချင်းသာ နားလည်နိုင်မယ့် ကိစ္စတွေက ဘာတွေဖြစ်မလဲ ကြည့်ကြည့်ရအောင်…

၁။ ဂျပန်စာ သင်ရခြင်း ရည်ရွယ်ချက်

သူများတကာတွေက JLPT တွေ ဖြေမယ်၊ ဂျပန်မှာ ကျောင်းတက်မယ်၊ ဂျပန်မှာ အလုပ်လုပ်မယ်လို့ ရှိကြပေမဲ့ Otaku တွေ ဂျပန်စာ သင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ Sub (စာတန်းထိုး) ကို မစောင့်ဘဲ Anime တွေ ကြိုကြည့်ချင်လို့ပါ။ ဒီရည်ရွယ်ချက်ရဲ့ နောက်မှာမှ ဂျပန်သွားဖို့ဆိုတာ လိုက်လာတာပါ။ သွားချင်တဲ့ ရည်ရွယ်ချက်ကိုလည်း မေး.. ၉၀% လောက်က Anime နဲ့ ဆက်စပ်နေတာချည်းပဲ 😀

၂။ ကြည့်လက်စ Anime ပြီးသွားတဲ့အခါ

ဘဝကြီး အဓိပ္ပာယ်မရှိတော့သလိုလို့ ပြောလိုက်ရင် လွန်ရာများ ကျသွားမလား 😀 ဒါပေမဲ့ တကယ်ပါပဲ.. ကိုယ်ကြည့်လက်စ Anime တစ်ခု မပြီးခင်မှာ ဒီ Anime ကို ဇာတ်မသိမ်းသွားစေချင်သလို ပြီးသွားတဲ့အခါမှာလည်း Season အသစ်ကို မျှော်ရပါတယ်။ Season အသစ် မထွက်တော့ဘူးဆိုရင်တော့ ရှင်သန်ရခြင်း အဓိပ္ပာယ်ပျောက်ဆုံးသွားသလိုပါပဲ… T.T ဘယ်သူနဲ့မှလည်း မပြောချင်၊ မဆိုချင်၊ စိတ်ထဲ ဝမ်းနည်းပြီး ရည်းစားနဲ့ ပြတ်လို့ အသည်းကွဲတာထက်တောင် ပိုဆိုးပါသေးတယ်။ (အက်ဒ်မင်ဆို Bleach နဲ့ ကမ္ဘာပျက်ပြီးပြီ 😀 )

Related Article >>> ယောင်းတို့ရဲ့ ဘဝအမောတွေကို ပြေလျော့စေမယ့် Anime ဇာတ်လမ်းတွဲ (၂)ခု

၃။ Anime တွေကို နားကြပ်နဲ့ မဟုတ်ဘဲ ကြည့်မိတဲ့အခါ

ကြုံဖူးလား? ကိုယ်ကတော့ ကိုယ့်ဟာကိုယ် ရိုးရိုးသားသားလေး Anime တွေကို ဖွင့်ကြည့်တာ… ဘေးက သူငယ်ချင်းတွေက ၁၈ ယောက်အထက် စုကြည့်ရတဲ့ ဇာတ်ကားတွေ ကြည့်နေတယ်လို့ ထင်သွားတဲ့ အဖြစ်မျိုး -_- အက်ဒ်မင်တော့ ခဏခဏ ခံရပါတယ်ရှန် :/

၄။ ဇာတ်ကားပေါ်လိုက်ပြီး Mood ပြောင်းတာ

Kuroko No Basket ကြည့်နေတဲ့အချိန်မှာ ဘတ်စကက်ဘော ဆော့ချင်တာမျိုး၊ Haikyuu ကြည့်ရင် ဘော်လီဘော ဆော့ချင်တာမျိုး၊ Bleach ကြည့်ရင်း Hollow တွေနဲ့ တိုက်ချင်တာမျိုး၊ Free ကြည့်ရင် ရေကူးချင်တာမျိုး၊ Tokyo Ghoul ကြည့်ပြီး လူတွေကို မုန်းတာမျိုး၊ Sword Art Online ကြည့်ပြီး ဂိမ်းဆော့ချင်တာမျိုး.. ကိုယ်တို့ Otaku တွေသည် ကြည့်တဲ့ Anime ပေါ်လိုက်ပြီး Mood ပြောင်းတတ်သော ပါပဲ 😀

၅။ Anime တွေကို Dubbed နဲ့ ကြည့်လိုက်ရတဲ့အခါ

အက်ဒ်မင့်အတွက် အဆိုးဆုံးသော ဖီလင်က ဒါပါ… ကိုယ်မတရားကြိုက်တဲ့ Anime တွေကို ကြည့်မယ်ဆိုပြီး ဖွင့်လိုက်တဲ့အချိန် အင်္ဂလိပ် အသံထွက်နေတာမျိုးဆို ဒေါသက တလိမ့်လိမ့် ထွက်လာရော.. :’D မခံစားနိုင်ပါဘူးရှန်… ဘယ်လိုပဲ 2D ပါလို့ပြောပြော လက်ကို မခံနိုင်တာပါနော်.. (ဒါတော့ တရုတ်ကားတွေ၊ ထိုင်းကားတွေကို မြန်မာ Dub နဲ့ မခံစားတတ်တဲ့သူတွေပါ နားလည်နိုင်မယ် ထင်ပါရဲ့ :’D )

Related Article >>> ၅၂၈ မေတ္တာကိုဖော်ကျူးထားတဲ့ Anime ရုပ်ရှင်ကား(၃)ကား

၆။ ဒီအရွယ်ထိ ကာတွန်းကားတွေ ကြည့်နေတုန်းလားလို့ အပြောခံလိုက်ရတဲ့အခါ

Anime ဆိုတာဟာ ကလေးတွေအတွက် ရည်ရွယ်ထားတာ မဟုတ်ကြောင်း၊ လူငယ်နဲ့ လူကြီးတွေအတွက် ရည်ရွယ်ရင်း ကလေးတွေပါ ကြည့်လို့ရအောင် ထုတ်ထားတာ ဖြစ်ကြောင်း၊ ကာတွန်းလို့လည်း ခြုံပြောလို့ မရတဲ့အကြောင်း (တကယ်တော့ ဂျပန်ကာတွန်းဆိုရင်လည်း ယေဘုယျအားဖြင့် မှန်တော့ မှန်ရှာပါတယ်… မကြိုက်ပေမဲ့လို့လည်း လက်ခံပေးရတဲ့ အပိုင်းတွေ ရှိတာကိုး :3 )၊ ကွာခြားချက်တွေကို သေချာ မြင်စေချင်ကြောင်း တနံတလျား ရှင်းပြလိုက်ရမှ.. 😀 ပြောရတာလည်း မောနေပါပြီရှင်… ဒီလောက်ရှင်းပြလည်း နောက်ဆုံးကျ.. အေးပါ.. အေးပါ.. နင်ပဲ နင့်ကာတွန်းတွေနဲ့ နေပါ ဆိုပြီး ဖြစ်သွားတဲ့အခါမှာ….

၇။ Otaku နောက်တစ်ယောက်နဲ့ တွေ့လိုက်ရတဲ့အခါ

အမှတ်မထင် စကားစပ်မိလို့ပဲ ဖြစ်ဖြစ် သူလည်း Anime ကြည့်တယ်ဆိုပြီး သိလိုက်ရတဲ့အချိန်ဟာ တန်ဖိုးဖြတ်မရတဲ့ အခိုက်အတန့်လေးတွေပါပဲရှင်… ပြီးရင်တော့ ဘယ် Anime က ဘယ်လို ဘယ်ညာ ဘယ်ချမ်းသာဆိုပြီး ရေပက်မဝင်အောင် စကားတွေ များကြတော့တာပါပဲ… သူ့ဆီက ရှိတာ ကိုယ့်ကို ပေး၊ ကိုယ့်ရှိတာ သူ့ကိုပေးပြီး အဲ့ဒီကနေပဲ အရင်းနှီးဆုံးတွေ ဖြစ်ကုန်တော့တာပါပဲ။

ကဲ.. ဒီထဲက ဘယ်နှစ်ချက်နဲ့ ကြုံဖူးကြလဲ ယောင်းတို့? ယောင်းတို့ရဲ့ အမှတ်တရလေးတွေလည်း ပြောပြသွားကြဦးနော်…

Libra (For Her Myanmar)

No Comments Yet

Comments are closed