၂၀၁၉ ခုႏွစ္ ေအာ္စကာမွာ က်ိန္းေသဆုရမယ္လို႔ တစ္ေျပးေနတဲ့ ရုပ္ရွင္ကား (၇) ကား

တစ္ကမာၻလံုးရင္ခုန္ေနရတဲ့ ေအာ္စကာဆုအတြက္ တစ္ေပးခံေနရတဲ့ ရုပ္ရွင္ကားေကာင္းေတြ

ေအာ္စကာလို႔ ဆိုလိုက္တာနဲ႔ တစ္ကမာၻလံုးက စိတ္ဝင္တစား ေစာင့္ၾကည့္ရတဲ့ ရုပ္ရွင္ဆုေပးပြဲႀကီးမွန္း ေယာင္းတို႔ သိၾကမယ္ထင္ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း ေကာင္းေပ့ အဆင့္ျမင့္ေပ့ဆိုတဲ့ ရုပ္ရွင္ေတြကိုသာ ဆုခ်ီးျမင့္တာမို႔လို႔ ေအာ္စကာဆုရ ရုပ္ရွင္ဇာတ္ကားဆို မ်က္ႏွာပန္းလွတာ အမွန္ပါပဲ။ ႏွစ္ဆုသံုးဆုဆိုရင္ေတာ့ အတိုင္းထက္အလြန္ေပါ့ေနာ္။ ၂၀၁၉ ရဲ႕ ေအာ္စကာဆုေပးပြဲကို ေဖေဖာ္ဝါရီ (၂၄) ရက္မွာ က်င္းပမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာ ဘယ္ကားေတြက ဘာဆုေတြရမယ္လို႔ တစ္ေပးခံေနရလဲဆိုတာ သိရေအာင္ ေယာင္းတို႔ကို ေျပာျပေပးလိုက္ပါတယ္ေနာ္။

Bohemian Rhapsody

ၿဗိတိန္ဘုရင္မႀကီးကေတာင္ အားေပးရတဲ့ Queen အဖြဲ႕နဲ႔ ပင္တိုင္အဆိုေတာ္ Freddie Mercury ရဲ႕အေၾကာင္းကို ရိုက္ျပထားတဲ့ အတၳဳပတိၱရုပ္ရွင္ပါ။ IMDb rating 8.2 ေတာင္ရရွိထားၿပီး နာမည္ေက်ာ္မင္းသား Rami Malek က Freddie Mercury အျဖစ္သရုပ္ေဆာင္ထားပါတယ္။ Stella သြားၾကည့္တုန္းက ေကာင္းလြန္းလို႔ ၾကက္သီးျဖန္းျဖန္းထခဲ့ရၿပီး Queen fan တစ္ေယာက္အေနနဲ႔ ေက်နပ္မႈရေစခဲ့တဲ့ရုပ္ရွင္ပါ။ Best Actor award, Best Sound Mixing award ေတြအတြက္ တစ္ေျပးေနပါတယ္။

The Wife

အႏွစ္ေလးဆယ္နီးပါး ေပါင္းသင္းလာတဲ့ ခင္ပြန္းသည္နဲ႔အတူ ခင္ပြန္းစာေပႏိုဘယ္လ္ဆု ယူရမယ့္ Stockholm ၿမိဳ႕ကိုသြားရင္း သူ(မ)ရဲ႕ဘဝမွာ ခ်မွတ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္ေတြက မွန္ကန္ရဲ႕လားဆိုတဲ့အေတြးဝင္လာတဲ့ မိန္းမတစ္ေယာက္အေၾကာင္းပါ။ အိမ္ေထာင္သက္အတြင္း ဘယ္လိုကတိကဝတ္ေတြ၊ လွ်ိဳ႕ဝွက္ခ်က္ေတြ၊ သစၥာေဖာက္မႈေတြ ၾကံဳေတြ႔ခဲ့ရလဲဆိုတာကို ေသေသခ်ာခ်ာရုိက္ျပထားပါတယ္။ အသက္ (၇၁) ရွိၿပီျဖစ္တဲ့ မင္းသမီးႀကီး Glenn Close ရဲ႕ ပီျပင္တဲ့ သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ Best Actress award ရမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

Related article >>> လက္မလႊတ္သင့္တဲ့ ၂၀၁၈ ရဲ႕ ဆုရဇာတ္ကားေကာင္း မ်ား

Green Book

အာဖရိကန္-အေမရိကန္ စႏၵယားပညာရွင္တစ္ေယာက္က ေတာင္အေမရိကမွာ စႏၵယားတီးဖို႔ အေၾကာင္းဖန္လာတဲ့အခါမွာ ဒရိုင္ဘာအေနနဲ႔ေကာ ေဘာ္ဒီဂတ္အေနနဲ႔ေကာ လူတစ္ေယာက္ကို ငွားဖို႔ျဖစ္လာပါတယ္။ အေျပာမခ်ိဳတဲ့ အီတာလ်ံ – အေမရိကန္ကျပား ႏိုက္ကလပ္ အေပါက္ေစာင့္ လူၾကမ္းႀကီးကို ငွားမိတဲ့အခါ အက်င့္စရိုက္မတူညီတဲ့ လူႏွစ္ေယာက္ ဘယ္လိုစခန္းသြားၾကမလဲ၊ လူမ်ိဴးခြဲျခားခံရမႈေတြကို ဘယ္လိုေက်ာ္ျဖတ္ၾကမလဲဆိုတာ ေတြ႔ရမွာပါ။ IMDb 8.3 ရရွိထားၿပီး Best Supporting Actor ဆုအတြက္ လ်ာထားခံရပါတယ္။

If Beale Street Could Talk

နယူးေယာက္က လူမည္းေတြေနထိုင္တဲ့ Harlem ဆိုတဲ့ ရပ္ကြက္ကို အေျချပဳၿပီး ရုိက္ကူးထားပါတယ္။ Tish ဆိုတဲ့ လူမည္းအမ်ိဳးသမီးက သူ(မ)ရဲ႕ ငယ္သူငယ္ခ်င္းျဖစ္သူနဲ႔ လက္ထပ္ဖို႔ထိ ျပင္ဆင္ထားၿပီးသားပါ။ ဒါေပမဲ့ သူ႔ခင္ပြန္းေလာင္းက မွားယြင္းစြပ္စြဲခံရၿပီး ေထာင္က်သြားတဲ့အခါ သူ(မ)အိမ္မက္ေတြ ေရစုန္ေမ်ာသြားရပါေတာ့တယ္။ ထပ္ၿပီး သူ(မ)မွာ ကိုယ္ဝန္ရွိေနေၾကာင္းသိလာရတဲ့အခါ…IMDb 7.5 ရရွိထားၿပီး Best Supporting Actress ဆုရႏိုင္ေျခ ရွိတယ္လို႔ ဆိုပါတယ္။

Related article >>> ဖက္ရွင္ခ်စ္သူ ေယာင္းေယာင္းတို႔ မျဖစ္မေန ၾကည့္ထားသင့္တဲ့ ရုပ္ရွင္ (၅) ကား

Roma

၁၉၇၀ အေစာပိုင္းႏွစ္ေတြက မကၠဆီကိုက လူလတ္တန္းစားမိသားစုတစ္စုရဲ႕ အိမ္အကူအမ်ိဳးသမီးအေၾကာင္းကို ဇာတ္လမ္းဇာတ္ကြက္က်က်ရုိက္ျပထားပါတယ္။ IMDb 7.9 ရရွိထားၿပီး Best Picture, Best Director, Best Cinematography နဲ႔ Best Foreign Language Film ဆုေတြအတြက္ တစ္ႀကိဳေပးခံေနရပါတယ္။

 

A Quiet Place

ဒီကားကေတာ့ ကမာၻမပ်က္ခင္ကာလမွာ မေကာင္းဆိုးဝါးေတြ ရန္ကလြတ္ေအာင္ အသံလံုးဝမထြက္ဘဲ ေနရတဲ့ မိသားစုတစ္စုအေၾကာင္းကို ရိုက္ျပထားတာပါ။ IMDb 7.6 ရရွိထားၿပီး သရုပ္ေဆာင္အေနနဲ႔ John Krasinski နဲ႔ Emily Blunt တို႔ လင္မယားႏွစ္ေယာက္က ပါဝင္ထားပါတယ္။ ဒီရုပ္ရွင္ကားကေတာ့ Best Sound Editing ဆုအတြက္ တစ္ေပးခံထားရတာပါ။

Related article >>> ၂၀၁၈ အတြက္ IMDb ကေရြးခ်ယ္ထားတဲ့ အေကာင္းဆံုး ရုပ္ရွင္ကား (၅) ကား

Avengers: Infinity War

Marvel ရဲ႕ Infinity War ကေတာ့ အထူးတလည္ေျပာျပစရာမလိုေတာ့ဘူးထင္ပါတယ္ေနာ္။ IMDb 8.5 ရရွိထားၿပီး Best Visual Effect ဆုကို မ်က္စပစ္ေနပါတယ္။

ေျပာျပေပးသြားတဲ့ ေအာ္စကာတန္းဝင္ ရုပ္ရွင္ကားေတြထဲက ဘယ္ႏွစ္ကားေလာက္ ၾကည့္ၿပီးၾကၿပီလဲ ေယာင္းတို႔ ….

Stella (For Her Myanmar)

References : Fox News , Oscars. Org , IMDB

<<< Unicode >>>

တစ်ကမ္ဘာလုံးရင်ခုန်နေရတဲ့ အော်စကာဆုအတွက် တစ်ပေးခံနေရတဲ့ ရုပ်ရှင်ကားကောင်းတွေ

အော်စကာလို့ ဆိုလိုက်တာနဲ့ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ ရုပ်ရှင်ဆုပေးပွဲကြီးမှန်း ယောင်းတို့ သိကြမယ်ထင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကောင်းပေ့ အဆင့်မြင့်ပေ့ဆိုတဲ့ ရုပ်ရှင်တွေကိုသာ ဆုချီးမြင့်တာမို့လို့ အော်စကာဆုရ ရုပ်ရှင်ဇာတ်ကားဆို မျက်နှာပန်းလှတာ အမှန်ပါပဲ။ နှစ်ဆုသုံးဆုဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့နော်။ ၂၀၁၉ ရဲ့ အော်စကာဆုပေးပွဲကို ဖေဖော်ဝါရီ (၂၄) ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ဘယ်ကားတွေက ဘာဆုတွေရမယ်လို့ တစ်ပေးခံနေရလဲဆိုတာ သိရအောင် ယောင်းတို့ကို ပြောပြပေးလိုက်ပါတယ်နော်။

Bohemian Rhapsody

ဗြိတိန်ဘုရင်မကြီးကတောင် အားပေးရတဲ့ Queen အဖွဲ့နဲ့ ပင်တိုင်အဆိုတော် Freddie Mercury ရဲ့အကြောင်းကို ရိုက်ပြထားတဲ့ အတ္ထုပတ္တိရုပ်ရှင်ပါ။ IMDb rating 8.2 တောင်ရရှိထားပြီး နာမည်ကျော်မင်းသား Rami Malek က Freddie Mercury အဖြစ်သရုပ်ဆောင်ထားပါတယ်။ Stella သွားကြည့်တုန်းက ကောင်းလွန်းလို့ ကြက်သီးဖြန်းဖြန်းထခဲ့ရပြီး Queen fan တစ်ယောက်အနေနဲ့ ကျေနပ်မှုရစေခဲ့တဲ့ရုပ်ရှင်ပါ။ Best Actor award, Best Sound Mixing award တွေအတွက် တစ်ပြေးနေပါတယ်။

ရုပ်ရှင်ထွေလာကို ဒီမှာကြည့်လို့ ရပါတယ်နော်…

The Wife

အနှစ်လေးဆယ်နီးပါး ပေါင်းသင်းလာတဲ့ ခင်ပွန်းသည်နဲ့အတူ ခင်ပွန်းစာပေနိုဘယ်လ်ဆု ယူရမယ့် Stockholm မြို့ကိုသွားရင်း သူ(မ)ရဲ့ဘဝမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်ရဲ့လားဆိုတဲ့အတွေးဝင်လာတဲ့ မိန်းမတစ်ယောက်အကြောင်းပါ။ အိမ်ထောင်သက်အတွင်း ဘယ်လိုကတိကဝတ်တွေ၊ လျှို့ဝှက်ချက်တွေ၊ သစ္စာဖောက်မှုတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို သေသေချာချာရိုက်ပြထားပါတယ်။ အသက် (၇၁) ရှိပြီဖြစ်တဲ့ မင်းသမီးကြီး Glenn Close ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် Best Actress award ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

Related article >>> လက်မလွှတ်သင့်တဲ့ ၂၀၁၈ ရဲ့ ဆုရဇာတ်ကားကောင်း များ

Green Book

အာဖရိကန်-အမေရိကန် စန္ဒယားပညာရှင်တစ်ယောက်က တောင်အမေရိကမှာ စန္ဒယားတီးဖို့ အကြောင်းဖန်လာတဲ့အခါမှာ ဒရိုင်ဘာအနေနဲ့ကော ဘော်ဒီဂတ်အနေနဲ့ကော လူတစ်ယောက်ကို ငှားဖို့ဖြစ်လာပါတယ်။ အပြောမချိုတဲ့ အီတာလျံ – အမေရိကန်ကပြား နိုက်ကလပ် အပေါက်စောင့် လူကြမ်းကြီးကို ငှားမိတဲ့အခါ အကျင့်စရိုက်မတူညီတဲ့ လူနှစ်ယောက် ဘယ်လိုစခန်းသွားကြမလဲ၊ လူမျိူးခွဲခြားခံရမှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ တွေ့ရမှာပါ။ IMDb 8.3 ရရှိထားပြီး Best Supporting Actor ဆုအတွက် လျာထားခံရပါတယ်။

If Beale Street Could Talk

နယူးယောက်က လူမည်းတွေနေထိုင်တဲ့ Harlem ဆိုတဲ့ ရပ်ကွက်ကို အခြေပြုပြီး ရိုက်ကူးထားပါတယ်။ Tish ဆိုတဲ့ လူမည်းအမျိုးသမီးက သူ(မ)ရဲ့ ငယ်သူငယ်ချင်းဖြစ်သူနဲ့ လက်ထပ်ဖို့ထိ ပြင်ဆင်ထားပြီးသားပါ။ ဒါပေမဲ့ သူ့ခင်ပွန်းလောင်းက မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျသွားတဲ့အခါ သူ(မ)အိမ်မက်တွေ ရေစုန်မျောသွားရပါတော့တယ်။ ထပ်ပြီး သူ(မ)မှာ ကိုယ်ဝန်ရှိနေကြောင်းသိလာရတဲ့အခါ…IMDb 7.5 ရရှိထားပြီး Best Supporting Actress ဆုရနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

Related article >>> ဖက်ရှင်ချစ်သူ ယောင်းယောင်းတို့ မဖြစ်မနေ ကြည့်ထားသင့်တဲ့ ရုပ်ရှင် (၅) ကား

Roma

၁၉၇၀ အစောပိုင်းနှစ်တွေက မက္ကဆီကိုက လူလတ်တန်းစားမိသားစုတစ်စုရဲ့ အိမ်အကူအမျိုးသမီးအကြောင်းကို ဇာတ်လမ်းဇာတ်ကွက်ကျကျရိုက်ပြထားပါတယ်။ IMDb 7.9 ရရှိထားပြီး Best Picture, Best Director, Best Cinematography နဲ့ Best Foreign Language Film ဆုတွေအတွက် တစ်ကြိုပေးခံနေရပါတယ်။

A Quiet Place

ဒီကားကတော့ ကမ္ဘာမပျက်ခင်ကာလမှာ မကောင်းဆိုးဝါးတွေ ရန်ကလွတ်အောင် အသံလုံးဝမထွက်ဘဲ နေရတဲ့ မိသားစုတစ်စုအကြောင်းကို ရိုက်ပြထားတာပါ။ IMDb 7.6 ရရှိထားပြီး သရုပ်ဆောင်အနေနဲ့ John Krasinski နဲ့ Emily Blunt တို့ လင်မယားနှစ်ယောက်က ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကားကတော့ Best Sound Editing ဆုအတွက် တစ်ပေးခံထားရတာပါ။

Related article >>> ၂၀၁၈ အတွက် IMDb ကရွေးချယ်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၅) ကား

Avengers: Infinity War

Marvel ရဲ့ Infinity War ကတော့ အထူးတလည်ပြောပြစရာမလိုတော့ဘူးထင်ပါတယ်နော်။ IMDb 8.5 ရရှိထားပြီး Best Visual Effect ဆုကို မျက်စပစ်နေပါတယ်။

ပြောပြပေးသွားတဲ့ အော်စကာတန်းဝင် ရုပ်ရှင်ကားတွေထဲက ဘယ်နှစ်ကားလောက် ကြည့်ပြီးကြပြီလဲ ယောင်းတို့ ….

Stella (For Her Myanmar)

References : Fox News , Oscars. Org , IMDB

No Comments Yet

Comments are closed