FUN

မုန္းဖို႔ေကာင္းေသာ ဧည့္သည္(၇)မ်ိဳး

ဒီလိုဧည့္သည္မ်ိဳး လာမယ္လို႔ အသံၾကားရင္ေတာင္ ထြက္ေျပးဖို႔ ေျခလွမ္းျပင္ၿပီးေနပါၿပီေနာ္.. 

<<< Zawgyi>>>

“အိမ္သာမွ ဧည့္လာ”ဆိုေပမဲ့ လာတဲ့ဧည့္သည္လည္း သာဖုိ႔အေရးႀကီးပါတယ္ေနာ္။ ဧည့္သည္ေတြ လာရင္ ဧည့္ဝတ္ေက်ရမွာ လုပ္သင့္တဲ့ တာဝန္တစ္ခုျဖစ္ေပမဲ့ တလြဲဧည့္သည္ေတြနဲ႔ ပတ္သက္ရင္ေတာ့ ေစတနာက ေျမာင္းထဲ ေရာက္ပါၿပီ -_- ။ မုန္းစရာအေကာင္းဆံုး ဧည့္သည္အမ်ိဳးအစားေတြကေတာ့…

၁။ ေလာ္စပီကာဧည့္သည္

ရွိတယ္။ ကုိယ္ေတြအမ်ိဳးထဲမွာေတာင္ အဲဒီလိုဧည့္သည္ေတြ။ သူတို႔စကားေျပာရင္ လမ္းထိပ္ကထြက္နားေထာင္မွ ေတာ္ကာက်တယ္။ တစ္ခါတေလစာေမးပြဲနီး စာက်က္ခ်ိန္ သူတုိ႔လာရင္ သိပ္ကို အေႏွာင့္အယွက္ ျဖစ္ရလြန္းတယ္။

၂။ စပ္စုလြန္းေသာ ဧည့္သည္

သူတုိ႔ေရာက္ေနခ်ိန္ ကိုယ္ဧည့္ခန္းထဲမွာ ရွိေနရင္ေတာ့ ေရလည္လန္းပါၿပီ။ ေျဖဖို႔သာျပင္ထားေပေတာ့… ကိုယ့္ဘဝမွာ မေျဖဖူးတဲ့ အင္တာဗ်ဴးေမးခြန္းေပါင္း ေသာင္းေျခာက္ေထာင္ကို..  အလုပ္လုပ္တယ္ဆုိရင္လည္း လစာဘယ္ေလာက္ရလဲဆိုတာက ပါေသး။ မေလာက္ရင္ သူတုိ႔ေပးမွာက်လို႔။

Related Article >>> အျမင္ကတ္ခံရဆံုးေသာ လူအမ်ိဳးအစား(၆)မ်ိဳး

၃။ ညည္းလြန္းေသာ ဧည့္သည္

သူတစ္ပါးဒုကၡေဝဒနာေတြကို နားစြင့္ေပးရတာ လူေကာင္းတစ္ေယာက္ရဲ႕အလုပ္ပါ။ ဒါေပမဲ့ အားအားရွိ ခိုလို ညည္းတတ္တဲ့သူေတြေတာ့ ဒီစာရင္းထဲ မပါ.. တစ္ခါလာလည္း တညည္းညည္း၊ ႏွစ္ခါလာလည္း တညည္းညည္းနဲ႔ ခိုဖမ္းၿပီး အၿပိဳင္ညည္းခိုင္းရင္ေတာင္ တိရစာၦန္ညွဥ္းဆဲရာက်မွာ စိုးရေသး..

၄။ ေယာကၡမေတာ္ခ်င္လြန္းေသာ ဧည့္သည္

ကိုယ့္အေမေရွ႕ သူ႔သားအေၾကာင္း ခ်ီးမြမ္းခန္းဖြင့္လို႔ မၿပီးတဲ့ ဧည့္သည္မ်ိဳးေတြ ရွိပါတယ္။ ႏွစ္တစ္ရာေလာက္ FAဘဝက မကၽြတ္မယ့္ သားမ်ိဳးကို ကိုယ္နဲ႔ အရမ္းေတြ သေဘာတူခ်င္လြန္းလို႔ အေမ့ဆီ ဂ်င္း(ခ်င္း)ထည့္တဲ့ ဧည့္သည္မ်ိဳး ျမင္ရင္ ခြီခ်င္မိတယ္။

Related Article >>> ေယာင္းရဲ႕ မဂၤလာေဆာင္ကိုမဖိတ္သင့္တဲ့ ဧည့္သည္ (၆)မ်ိဳး

၅။ အတင္းတုပ္လြန္းေသာဧည့္သည္

ဟိုလူ႔အေၾကာင္း ဒီလူ႔ဆီေျပာ။ ၿပီးရင္ ဒီလူ႔အေၾကာင္း ဟုိလူ႔ဆီ ျပန္ေျပာတတ္တဲ့ ဧည့္သည္မ်ိဳးဆို ေဝါင္ေဝါင္ေရွးပါေလ။ ကိုယ္တုိင္ကလည္း သူတို႔စကားကို နားထဲမသြင္း အေရးမလုပ္ဘဲ ေနလိုက္မယ္ဆိုရင္ ခဏခဏလာမွာ မဟုတ္ေတာ့ပါဘူး။

၆။ ေဝဖန္လြန္းေသာ ဧည့္သည္

ကိုယ့္ကိုေတြ႔တာနဲ႔ “သမီးက ဝတယ္ေနာ္၊ သမီးက သြားေခါတယ္ေနာ္၊ အရပ္ပုတယ္ေနာ္” စသျဖင့္မေကာင္းတာေတြခ်ည္း ေဝဖန္ေနတဲ့ ဧည့္သည္မ်ိဳးဆို အမုန္းဆံုးပါ။

၇။ ဖင္ပူေအာင္ထုိင္ေသာ ဧည့္သည္

ေမေမတို႔ကဘယ္ေလာက္ပဲ သေဘာထားႀကီးပါေစ။ ကုိယ့္အတြက္ကေတာ့ ဧည့္သည္ဆုိတာ ဧည့္သည္အလုိက္သိဖုိ႔ေတာ့ လိုအပ္ပါတယ္။ သူမ်ား အလုပ္ရွိမရွိ အလုိက္မသိဘဲ အရည္မရအဖတ္မရေတြေျပာၿပီး တစ္ေနကုန္ ဖင္ပူေအာင္ထိုင္တဲ့ ဧည့္သည္မ်ိဳးကိုေတာ့ ဘယ္သူက မမုန္းဘဲ ရွိမလဲေနာ္။

ေယာင္းတုိ႔ အခ်က္တစ္ခ်က္စီတုိင္းမွာ တစ္ေယာက္ေယာက္ မ်က္ႏွာျမင္မိမယ္လို႔ အက္ဒမင္ေဖာပါရေစ။ ဘာေၾကာင့္လဲဆိုေတာ့ အက္ဒမင္လည္း ေရးရင္း တစ္ေယာက္ခ်င္းစီ မ်က္စိထဲေပၚလာလို႔ပါပဲ :3  လာသမွ် ဧည့္သည္တိုင္းကို မုန္းမေနဘဲ မုန္းသင့္တဲ့ ဧည့္သည္ေတြကိုသာ မုန္းႏုိင္ၾကပါေစ။ ေရွာင္ႏုိင္ ရွားႏိုင္ၾကပါေစ ေယာင္းတို႔ေရ…

Christina (For Her Myanmar)

<<< Unicode>>>

ဒီလိုဧည့်သည်မျိုး လာမယ်လို့ အသံကြားရင်တောင် ထွက်ပြေးဖို့ ခြေလှမ်းပြင်ပြီးနေပါပြီနော်..

“အိမ်သာမှ ဧည့်လာ”ဆိုပေမဲ့ လာတဲ့ဧည့်သည်လည်း သာဖို့အရေးကြီးပါတယ်နော်။ ဧည့်သည်တွေ လာရင် ဧည့်ဝတ်ကျေရမှာ လုပ်သင့်တဲ့ တာဝန်တစ်ခုဖြစ်ပေမဲ့ တလွဲဧည့်သည်တွေနဲ့ ပတ်သက်ရင်တော့ စေတနာက မြောင်းထဲ ရောက်ပါပြီ -_- ။ မုန်းစရာအကောင်းဆုံး ဧည့်သည်အမျိုးအစားတွေကတော့…

၁။ လော်စပီကာဧည့်သည်

ရှိတယ်။ ကိုယ်တွေအမျိုးထဲမှာတောင် အဲဒီလိုဧည့်သည်တွေ။ သူတို့စကားပြောရင် လမ်းထိပ်ကထွက်နားထောင်မှ တော်ကာကျတယ်။ တစ်ခါတလေစာမေးပွဲနီး စာကျက်ချိန် သူတို့လာရင် သိပ်ကို အနှောင့်အယှက် ဖြစ်ရလွန်းတယ်။

၂။ စပ်စုလွန်းသော ဧည့်သည်

သူတို့ရောက်နေချိန် ကိုယ်ဧည့်ခန်းထဲမှာ ရှိနေရင်တော့ ရေလည်လန်းပါပြီ။ ဖြေဖို့သာပြင်ထားပေတော့… ကိုယ့်ဘဝမှာ မဖြေဖူးတဲ့ အင်တာဗျူးမေးခွန်းပေါင်း သောင်းခြောက်ထောင်ကို..  အလုပ်လုပ်တယ်ဆိုရင်လည်း လစာဘယ်လောက်ရလဲဆိုတာက ပါသေး။ မလောက်ရင် သူတို့ပေးမှာကျလို့။

Related Article >>> အမြင်ကတ်ခံရဆုံးသော လူအမျိုးအစား(၆)မျိုး

၃။ ညည်းလွန်းသော ဧည့်သည်

သူတစ်ပါးဒုက္ခဝေဒနာတွေကို နားစွင့်ပေးရတာ လူကောင်းတစ်ယောက်ရဲ့အလုပ်ပါ။ ဒါပေမဲ့ အားအားရှိ ခိုလို ညည်းတတ်တဲ့သူတွေတော့ ဒီစာရင်းထဲ မပါ.. တစ်ခါလာလည်း တညည်းညည်း၊ နှစ်ခါလာလည်း တညည်းညည်းနဲ့ ခိုဖမ်းပြီး အပြိုင်ညည်းခိုင်းရင်တောင် တိရစ္ဆာန်ညှဉ်းဆဲရာကျမှာ စိုးရသေး..

၄။ ယောက္ခမတော်ချင်လွန်းသော ဧည့်သည်

ကိုယ့်အမေရှေ့ သူ့သားအကြောင်း ချီးမွမ်းခန်းဖွင့်လို့ မပြီးတဲ့ ဧည့်သည်မျိုးတွေ ရှိပါတယ်။ နှစ်တစ်ရာလောက် FAဘဝက မကျွတ်မယ့် သားမျိုးကို ကိုယ်နဲ့ အရမ်းတွေ သဘောတူချင်လွန်းလို့ အမေ့ဆီ ဂျင်း(ချင်း)ထည့်တဲ့ ဧည့်သည်မျိုး မြင်ရင် ခွီချင်မိတယ်။

၅။ အတင်းတုပ်လွန်းသောဧည့်သည်

ဟိုလူ့အကြောင်း ဒီလူ့ဆီပြော။ ပြီးရင် ဒီလူ့အကြောင်း ဟိုလူ့ဆီ ပြန်ပြောတတ်တဲ့ ဧည့်သည်မျိုးဆို ဝေါင်ဝေါင်ရှေးပါလေ။ ကိုယ်တိုင်ကလည်း သူတို့စကားကို နားထဲမသွင်း အရေးမလုပ်ဘဲ နေလိုက်မယ်ဆိုရင် ခဏခဏလာမှာ မဟုတ်တော့ပါဘူး။

Related Article >>> ယောင်းရဲ့ မင်္ဂလာဆောင်ကိုမဖိတ်သင့်တဲ့ ဧည့်သည် (၆)မျိုး

၆။ ဝေဖန်လွန်းသော ဧည့်သည်

ကိုယ့်ကိုတွေ့တာနဲ့ “သမီးက ဝတယ်နော်၊ သမီးက သွားခေါတယ်နော်၊ အရပ်ပုတယ်နော်” စသဖြင့်မကောင်းတာတွေချည်း ဝေဖန်နေတဲ့ ဧည့်သည်မျိုးဆို အမုန်းဆုံးပါ။

၇။ ဖင်ပူအောင်ထိုင်သော ဧည့်သည်

မေမေတို့ကဘယ်လောက်ပဲ သဘောထားကြီးပါစေ။ ကိုယ့်အတွက်ကတော့ ဧည့်သည်ဆိုတာ ဧည့်သည်အလိုက်သိဖို့တော့ လိုအပ်ပါတယ်။ သူများ အလုပ်ရှိမရှိ အလိုက်မသိဘဲ အရည်မရအဖတ်မရတွေပြောပြီး တစ်နေကုန် ဖင်ပူအောင်ထိုင်တဲ့ ဧည့်သည်မျိုးကိုတော့ ဘယ်သူက မမုန်းဘဲ ရှိမလဲနော်။

ယောင်းတို့ အချက်တစ်ချက်စီတိုင်းမှာ တစ်ယောက်ယောက် မျက်နှာမြင်မိမယ်လို့ အက်ဒမင်ဖောပါရစေ။ ဘာကြောင့်လဲဆိုတော့ အက်ဒမင်လည်း ရေးရင်း တစ်ယောက်ချင်းစီ မျက်စိထဲပေါ်လာလို့ပါပဲ :3  လာသမျှ ဧည့်သည်တိုင်းကို မုန်းမနေဘဲ မုန်းသင့်တဲ့ ဧည့်သည်တွေကိုသာ မုန်းနိုင်ကြပါစေ။ ရှောင်နိုင် ရှားနိုင်ကြပါစေ ယောင်းတို့ရေ…

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *