FUN Knowledge
နှစ်သစ်ကူးသင်္ကြန်မှာ အပီပျော်နိုင်ဖို့ ရှောင်ရှားသင့်တဲ့အချက်(၆)ချက်
Related article>>>သင်္ကြန်တွင်းလည်မယ့် ယောင်းတို့ မဖြစ်မနေဆောင်သွားသင့်တဲ့ ပစ္စည်း (၅) မျိုး
(၄) အရမ်းပါး အရမ်းထူတဲ့ အကျီင်္တွေ မဝတ်ပါနဲ့
(၆) ကိုယ့်အပျော်က သူများကို မထိခိုက်စေပါနဲ့။ 
သင်္ကြန်ကတော့ အားလုံးပျော်ကြတယ်ဆိုပေမဲ့လို့ ရိုးရာယဉ်ကျေးမှုကိုလည်း သတိထားသင့်ပါတယ် ယောင်းတို့ရေ။ အသက်အရွယ်ကြီးတဲ့သူတွေ၊ ဘုန်းကြီးတွေ၊ ယောဂီတွေ၊ ကိုယ်ဝန်ဆောင်တွေကို ရေမလောင်းသင့်ပါဘူး။
အားလုံးကို သိပြီးသားဆိုပေမဲ့ ထပ်မံသတိပေးတာပါနော်..
<<<Unicode>>>
အပျော်ကနေ အပျက်မဖြစ်အောင် ရှောင်စရာရှိတာရှောင်ကြပါနော် 🤗
သြင်္ကန်ဆိုတာ မြန်မာ့ရိုးရာပွဲတော်တွေက ပျော်စရာအကောင်းဆုံး ပွဲတော်လေးဖြစ်ပါတယ် ။ မြန်မာ့နှစ်သစ်ကို ကူးပြောင်းတဲ့အချိန်လေးလည်းဖြစ်လို့ အေးချမ်းပျော်ရွှင်စွာနဲ့ဖြတ်သန်းတာ အကောင်းဆုံးပါပဲ။ အပျော်တွေကနေ အပျက်တွေဖြစ်ပြီး နှစ်သစ်ကြီးကို မညစ်နွမ်းသွားစေချင်ပါဘူး။ ဒီတော့ သြင်္ကန်တွင်းအပီကဲတဲ့အခါ ဘာတွေကို သတိထားရှောင်ရှားသင့်လဲဆိုတာကို ဖြူသန့်က ဝေမျှပေးသွားမယ်နော်။
(၁) လျှပ်စစ်ပစ္စည်းတွေကို ပိုက်ဆံအိတ်ထဲပဲ မထည့်ပါနဲ့
Related article>>>သြင်္ကန်တွင်းလည်မယ့် ယောင်းတို့ မဖြစ်မနေဆောင်သွားသင့်တဲ့ ပစ္စည်း (၅) မျိုး
ရေစိုခံအိတ်လေးတွေထဲကို ဖုန်း၊ ကင်မရာစတဲ့ ရေစိုမခံတဲ့ ပစ္စည်းတွေကိုထည့်ထားပါ။ လမ်းတစ်လျှောက်လုံး ရေတွေပက်နေတာကြောင့် ရေစိုခံအိတ်ထဲ မထည့်ထားရင် အားလုံးရေစိုပြီးပျက်စီးလိမ့်မယ်နော်။ တစ်ခုခုပျက်စီးခဲ့လို့ Service အချိန်မီ မပြနိင်ရင် ၊ သြင်္ကန်အတွင်းမှာဆိုင်တွေ မဖွင့်ရင် ယောင်းတို့ပဲတန်ဖိုးထားရတာတွေ ပျက်စီးမှာစိုးလို့ပါ။
(၂)ရေတွေပါးစပ်ထဲ မဝင်ပါစေနဲ့
သြင်္ကန်မှာ ပါဝင်ဆင်နွှဲမယ့်ယောင်းလေးတွေ သွားလည်ရင်တော့ ပါးစပ်ထဲရေမဝင်စေပါနဲ့ ။ ရေအများစုက မသန့်လို့ပါ။ ရေတွေက အမွှေးနံ့တွေ၊ သနပ်ခါးတွေ၊ ဆပ်ပြာတွေ ရောနေလို့ပါ။ တချို့က အနီးနားကရေတွေနဲ့ပက်လို့ မသန့်ပါဘူး။ ပါးစပ်ထဲဝင်ရင် မြိုမချလိုက်ပါနဲ့။ အဲ့ဒါတွေကြောင့် သြင်္ကန်လည်ပြီးလို့ အစားစာတစ်ခုခုကို စားတော့မယ်ဆိုရင် ကိုယ်လက်သန့်စင်ပြီးမှ စားသောက်သင့်ပါတယ်နော်။
(၃)တစ်ချိန်လုံးလျှောက်မသွားပါနဲ့
သြင်္ကန်မှာအပျော်လွန်ပြီး တစ်ချိန်လုံးလျှောက်မသွားသင့်ပါဘူး။ ခဏနားလိုက် ပြန်သွားလိုက်လုပ်ပေးပါ။ မဟုတ်ရင် ဖျားတာတွေ ၊ နေမကောင်းတာတွေ ဖြစ်ရင်နောက်နေ့မလည်နိုင်ဘဲ နေလိမ့်မယ်နော်။ သွားလည်လိုက် ဆိုင်တစ်ခုခုမှာနားနေလိုက် လုပ်သင့်ပါတယ်။
Related article>>>မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်တွေကို အင်္ဂလိပ်လိုဘယ်လိုသုံးနှုန်းခေါ်ဝေါ်ကြမလဲ
(၄) အရမ်းပါး အရမ်းထူတဲ့ အကျီၤတွေ မဝတ်ပါနဲ့
သြင်္ကန်မှာလျှောက်လည်ဖို့ အရမ်းပါးတဲ့ အင်္ကျီဝတ်ထားမယ်ဆိုရင် ယောင်းတို့ရဲ့အတွင်းပစ္စည်းပေါ်နေရင် အမြင်မသင့်တော်ပါဘူး။ အရမ်းထူတဲ့ အင်္ကျီတွေကတော့ ခြောက်တာမလွယ်တာတို့ ၊ လေးနေတာတို့ဖြစ်တတ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အသားပိတ်တဲ့ အင်္ကျီတွေကိုရွေးဝတ်သင့်ပါတယ်။
(၅)အရက်ကို အလွန်အကျွံမသောက်ပါနဲ့
အရက်သောက်မယ်ဆိုရင် ယောင်းတို့သောက်နိုင်တဲ့ ပမာဏထက်ကျော်လွန်ပြီး မသောက်သင့်ပါဘူး။ ရာသီဥတုက ပူပြင်းနေတာကြောင့် ဖြစ်နိုင်ရင် မသောက်ပဲလည်တာအကောင်းဆုံးပါပဲ ။ အမူးလွန်ပြီးရန်တွေဖြစ်ခဲ့ရင် အပျော်တွေကနေ အပျက်တွေဖြစ်သွားပါလိမ့်မယ် ။
(၆) ရိုးရာယဉ်ကျေးမှု နဲ့ဓလေ့ကို မဖောက်ဖျက်ပါနဲ့
ယောင်းတို့ ရေပက်ကစားတဲ့အခါ ယဉ်ကျေးမှုနဲ့ဓလေ့ကို မဖောက်ဖျက်ပါနဲ့။ အသက်ရွယ်ကြီးတဲ့သူတွေ၊ ဘုန်းကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ ကို ရေမလောင်းသင့်ပါဘူး။ ပျော်ချင်တာ သဘာဝပေမဲ့ ရိုးရာဓလေ့ထိခိုက်တဲ့အထိတော့ အပျော်မကြူးသင့်ပါဘူးနော်။
ကဲယောင်းလေးတို့ရေ အပေါ်ကအချက်လေးတွေကြည့်ပြီး အနည်းငယ်လောက်တော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိလောက်ပြီလို့ထင်ပါတယ်။ မသိသေးတဲ့ယောင်းလေးတွေ အတွက်ဝေမျှပေးဖို့ကိုလည်းမမေ့ပါနဲ့နော်။
Phyu Thant(For Her Myanmar)
Reference Link>>>gettingstamped,Backpacker
Phyu Thant
Phyu Thant
Foodနဲ့ beauty နဲ့ပတ်သက်တာလေးတွေအဓိက စိတ်ဝင်စားအောင်ရေးပေးပါ့မယ်နော်။For Her Myanmar မှာ ယောင်းလေးတို့ မပျင်းရအောင်ရေးပေးပါ့မယ်။ 💕
Leave a Reply
Your email address will not be published. Required fields are marked *