Park Seo Joon က “What’s wrong with Secretary Kim” အတွက် အသင့်တော်ဆုံးမင်းသား ဖြစ်ရတဲ့ အကြောင်းရင်း ၆ ချက်

Park Seo Joon က “What’s Wrong With Secretary Kim” အတွက် အသင့်တော်ဆုံးမင်းသား ဖြစ်ရတဲ့ အကြောင်းရင်း ၆ ချက်

လတ်တလောမှာရေပန်းစားနေတဲ့ကိုရီးယားဇာတ်လမ်းတွဲလေးကWhat’s wrong with Secretary Kim ပါပဲ။ ဥစ္စာပေါရုပ်ချောပြီး ထက်မြက်သလောက် တစ်ကိုယ်ကောင်းဆန်တဲ့ဒုဥက္ကဋ္ဌနဲ့စမတ်ကျလှပပြီး သစ္စာရှိတဲ့ အတွင်းရေးမှူးမလေး ကင်မီဆိုတို့ရဲ့အချစ်ဇာတ်မြူးကားလေးလည်းဖြစ်ပါတယ်။ ကိုရီးယားရုပ်သံtvNကနေတိုက်ရိုက်ထုတ်လွှင့်ပြသနေတာ အပိုင်း ၁၂ ပိုင်းအထိရိုဆန်နေတုန်းပါပဲ။

ဒီကားကစစချင်းအပိုင်း(၁)နဲ့တင်ပရိသတ်တွေကိုဖမ်းစားလိုက်တာပါ။နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်

ParkSeoJoonမင်းသားကတည်ငြိမ်သူစတိုင်နဲ့ဟာသတွေဖန်တီးပြီးသရုပ်ဆောင်သွားတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးဇာတ်ရုပ်နဲ့လိုက်တဲ့ကိုရီးယားမင်းသားကလည်းသူတစ်ယောက်တည်းလို့ပြောလို့ရပါတယ်။  မာနကြီးပြီးအေးဆေးတည်ငြိမ်နေရာကအချစ်နဲ့လည်းတွေ့ရောပျာယာခတ်ပြီးရယ်စရာကောင်းသွားတဲ့

ဇာတ်ရုပ်ကိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့နေရာမှာ Park Seo Joon ကဆရာတစ်ဆူပါပဲ။ ကိုယ်ကြိုက်တဲ့ မင်းသားဆိုတော့ အမွှန်းတင်ထားတာ :3

Park Seo Joonကိုလီယောင်ဂျွန်းဇာတ်ရုပ်အတွက် ရွေးချယ်လိုက်တဲ့အကြောင်းရင်းက၆ချက်ရှိပါတယ်တဲ့။

ကိုယ်တွေရဲ့သတ်မှတ်ချက်နဲ့ဘယ်နှစ်ချက်လောက်ကိုက်ညီနေလဲကြည့်ကြည့်မယ်နော်….

ပထမတစ်ချက်ကအိုက်တင်အမျိုးမျိုးပြောင်းပြီးသရုပ်ဆောင်နိုင်လို့ပါတဲ့။သူ့ကိုယ်သူချီးမွမ်းခန်းနေ့တိုင်းဖွင့်ပြီးကိုယ့်ကိုယ်ကိုအထင်ကြီးနေတဲ့ပုံစံမျိုးသရုပ်ဆောင်ထားတဲ့အတွက် ပရိသတ်တွေစိတ်ထဲမှာ တကယ့်လီယောင်ဂျွန်းလိုမျိုး ဇာတ်လမ်းအဆုံးအထိ ခံစားပြီးကြည့်နိုင်အောင် အမူအရာအမျိုးမျိုးနဲ့ ဆွဲခေါ်သွားပါတယ်။

ဒုတိယအချက်အနေနဲ့ Park Seo Joonရဲ့စတိုင်ကအထက်တန်းလွှာပုံစံပေါက်ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ အချစ်ဇာတ်မြူးကား ဖြစ်တဲ့ A Witch’s Romance ၊ Kill Me Heal Me ၊ She Was Pretty နဲ့ Fight for My Way ဒရာမာတစ်ခုချင်းစီမှာ စတိုင်အမျိုးမျိုး ဇာတ်ရုပ်အမျိုးမျိုးနဲ့သရုပ်ဆောင်နိုင်တယ်။ အခုဒီဇာတ်ကားမှာလည်းနာမည်ကြီးတံဆိပ်နဲ့ အင်္ကျီအဝတ်အစား အသုံးအဆောင်တွေပဲသုံးပြီး ဆံပင်စတိုင်ကလည်း အထက်တန်းလွှာပုံစံ ဆိုတော့ လုံးဝကို ဒုဥက္ကဋ္ဌလီယောင်ဂျွန်းပါပဲ။

တတိယအချက်အနေနဲ့ကသူ့ရဲ့ပုံပန်းသဏ္ဍန်ပါပဲ။ မွေးရာပါခန့်ညားတဲ့ရုပ်သွင်နဲ့လိုက်ဖက်တဲ့ ကိုယ်လုံးကိုယ်ပေါက်၊၁၈၅စင်တီမီတာရှည်တဲ့အရပ်အမောင်း၊သန်မာတဲ့ကြွက်သား၊သွက်လက်ထက်မြက်တဲ့ခန္ဓာကိုယ်…..ဒါတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါစိတ်ကူးယဉ်စရာကောင်းလောက်အောင်ပြီးပြည့်စုံတဲ့သူဖြစ်သွားပါတယ်။

မင်းသမီးParkMinYoungကလည်းသရုပ်ဆောင်အရမ်းတော်တယ်ပြောရမယ်။Park Seo Joon ရဲ့ဇာတ်ရုပ်ပိုပေါ်လွင်အောင်အပေးအယူတည့်တည့်သရုပ်ဆောင်ပေးနိုင်သလို သူတို့နှစ်ယောက်ရဲ့ ကိုယ်ဟန်အမူအရာတွေတစ်ဦးစိတ်ကိုတစ်ဦးထိုးထွင်းသိမြင်နိုင်သလိုအကြည့်တွေကနှစ်ဦးသားတကယ်ကြီးချစ်နေသလိုခံစားရစေပါတယ်။

နောက်တစ်ချက်က Park Seo Joon က မတူကွဲပြားတဲ့မျက်နှာအမူအရာအမျိုးမျိုးလုပ်နိုင်တယ်။ ကြောက်ရွံ့တာ ၊ ပျော်ရွှင်တာ၊ဟန်မဆောင်တတ်တာ၊ဒေါသထွက်တာ၊အံ့အားသင့်တာစတဲ့ပုံစံအမျိုးမျိုးပေါ်လွင်အောင်

သူ့မျက်နှာကလိုက်ပြောင်းနိုင်လို့ဇာတ်ကောင်ရဲ့ခံစားချက်အမျိုးမျိုးကိုအကောင်းဆုံးသရုပ်ဆောင်နိုင်တာပါ။ဒီဇာတ်ရုပ်ပီပြင်ဖို့အတွက် သူ့ရဲ့ စကားပြောဟန်တွေ ၊ မျက်လုံးအကြည့်တွေ ၊ခြေဟန်လက်ဟန်တွေ ကို အမျိုးမျိုးစဉ်းစားပြီးကျင့်ယူထားရပါတယ်ဆိုပြီးအင်တာဗျူးတစ်ခုမှာပြောသွားပါသေးတယ်။

နောက်ဆုံးအချက်ကကျတော့ သူက မိန်းကလေးတွေစိတ်ကူးထဲက အမျိုးသားပုံစံပေါက်တယ်။ ဒီလိုဟာသဇာတ်မြူးကို များသောအားဖြင့် ၂၀ ကျော်ကောင်မလေးတွေကကြည့်တယ်။ သူတို့စိတ်ကူးထဲကကောင်လေးပုံစံကလည်းလီယောင်ဂျွန်းလိုမျိုးကိုယ့်ချစ်သူကလွဲရင်တခြားမိန်းကလေးကိုယောင်လို့တောင်စိတ်မဝင်စားတဲ့ယောက်ျားလေးကိုမှကြိုက်ကြတာ။ဒီကားထဲမှာဆိုရင်မင်းသားကသူကိုယ်သူ

နဲ့အတွင်းရေးမှူးကလွဲပြီးအခြားဘယ်သူ့ကိုမှစိတ်မဝင်စားတဲ့စတိုင်မျိုးသရုပ်ဆောင်ထားတော့လုံးဝကိုကြွေချင်စရာပါပဲ။

ဒီလိုမျိုး သရုပ်ဆောင်ကောင်းကောင်းနဲ့ ပျိုပျိုမေတို့ရဲ့ အသဲနှလုံးကို သိမ်းပိုက်ထားတဲ့ ParkSeoJoonက၂၉နှစ်ပဲရှိပါသေးတယ်တဲ့။ဇာတ်သိမ်းခန်းမှာတော့အတွင်းရေးမှူးကင်နဲ့ပဲ ရွှေလက်တွဲသွားမလားဆိုတာတော့စိတ်ဝင်စားစရာပါပဲနော်။ အိမွန်ကတော့ ညွှန်းလိုက်ပြီ…ယောင်းတို့လည်းကြည့်ကြည့်နော်…

 

No Comments Yet

Comments are closed