ေယာင္းကို စိတ္ဓာတ္ခြန္အားေတြေပးမယ့္ သီခ်င္း (၆) ပုဒ္

စိတ္ဓာတ္က်ေနၿပီလား ဒီသီခ်င္းေတြကို နားေထာင္ၾကည့္လိုက္ပါ

ေယာင္းတို႔ေရ … ေယာင္းတို႔ေကာ ျဖစ္လားေတာ့မသိဘူး…တစ္ခါတေလ ဘာအေၾကာင္းျပခ်က္မွ မယ္မယ္ရရမရွိဘဲ ဘာမွမလုပ္ခ်င္မကိုင္ခ်င္ေလာက္ေအာင္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတာမ်ိဳးေလ။ Stella ကေတာ့ အဲ့လိုအခ်ိန္ေတြဆိုရင္ စိတ္ကို တက္ႂကြေစတဲ့ သီခ်င္းေတြပဲ Playlist လုပ္ၿပီး နားေထာင္ေတာ့တာပဲ။ ဒီေတာ့ ေယာင္းတို႔ကို Stella နားေထာင္ေနက် စိတ္ဓာတ္ခြန္အားေပးတဲ့ သီခ်င္းေကာင္းေလးေတြကို ေျပာျပေပးမယ္။

(၁) Stronger – Kelly Clarkson

“Stronger” ဆိုတဲ့ ဒီသီခ်င္းက ေယာင္းဘဝမွာ အခက္အခဲေတြၾကံဳလာရင္ ရဲရဲဝင့္ဝင့္ရင္ဆိုင္ႏိုင္ဖို႔ ခြန္အားေတြေပးမယ့္ သီခ်င္းတစ္ပုဒ္ပါ။ သီခ်င္းစာသားကေတာ့ “What doesn’t kill you makes you stronger” တဲ့။ အဓိပၸါယ္ကေတာ့ “အခက္အခဲေတြႀကံဳလာရၿပီးရင္ ပိုသန္မာလာတတ္ပါတယ္” တဲ့။

Related Article >>> ေယာင္းတို႕ေစာင့္ေမွ်ာ္ေနၾကတဲ့ ဒီတစ္ပတ္ Billboard မွာ ေဟာ့အျဖစ္ဆံုး သီခ်င္း (၁၀) ပုဒ္

(၂) Run The World – Beyonce

R & B ဂီတေလာကရဲ႕ ဘုရင္မလို႔ေတာင္ တင္စားၾကတဲ့ Beyonce ရဲ႕ “Run The World” ကေတာ့ အမ်ိဳးသမီးေတြကို စိတ္ဓာတ္က်ေနတိုင္း နားေထာင္ရမယ့္ သီခ်င္းပါပဲ။ အမ်ိဳးသမီးေတြက ထက္ျမက္ေၾကာင္း ရဲရင့္ေၾကာင္းေတြကို Beyonce က “Who run the world ? Girls” လို႔ အားပါပါသီဆိုထားတာမို႔ ေယာင္းရဲ႕ playlist ထဲ ထည့္လိုက္ေတာ့ေနာ္။

(၃) Roar – Katy Perry

ဘဝမွာ ရႈံးနိမ့္ေနၿပီလို႔ ခံစားရရင္ “Roar” ကို နားေထာင္ပါ။ Katy Perry ရဲ႕ “You held me down, but I got up”  ဆိုတဲ့သီခ်င္းစာသားကိုက “မင္း ငါ့ကို အလဲထိုးေပမဲ့ ငါက ျပန္ထလာႏိုင္တယ္” လို႔ အဓိပၸါယ္ရတာေၾကာင့္ ဒီသီခ်င္းနားေထာင္ၿပီးရင္ ႀကိဳးစားခ်င္စိတ္ေတြ တဖြားဖြားေပါက္လာမွာပါ။

(၄) We Are The Champions – Queen

ၿဗိတိန္ေတာ္ဝင္မိသားစုကေတာင္ စြဲစြဲလမ္းလမ္းအားေပးခဲ့ရတဲ့ Queen အဖြဲ႔ရဲ႕ “We Are The Champion” သီခ်င္းက ဘယ္အခ်ိန္မဆို နံပါတ္တစ္ စိတ္ဓာတ္ခြန္အားအေပးဆံုး သီခ်င္းပါပဲ။ ေနာက္ဆံုးအခ်ိန္ထိ တိုက္ပြဲဝင္သြားမယ္ ငါတို႔က ခ်န္ပီယံေတြခ်ည္းပဲ ဆိုတဲ့ သီခ်င္းစာသားေတြနဲ႔ ဒီသီခ်င္းကေတာ့ ေယာင္းကို ၾကက္သီးျဖန္းျဖန္းထေစတဲ့အထိ စိတ္အားတက္ႂကြေစဖို႔ အာမခံပါတယ္။

(၅) Not Afraid – Eminem

“Not Afraid” ကေတာ့ Rap ေလာကရဲ႕ အရွင္သခင္လို႔ လူေတြေျပာၾကတဲ့ Eminem ရဲ႕ သီခ်င္းတစ္ပုဒ္ပါ။ Eminem ရဲ႕ ထံုးစံအတိုင္း ခ်ိဳခ်ိဳသာသာစကားလံုးေတြနဲ႔ မဟုတ္ဘဲ လက္ေတြ႔က်က် ထိထိမိမိစာသားေတြနဲ႔ သီဆိုထားတာဆိုေတာ့ တြန္းတြန္းတိုက္တိုက္ခြန္အားေပးေနသလို ခံစားရေစမယ့္ သီခ်င္းတစ္ပုဒ္ပါပဲ။

Related Article >>> ရည္းစားေဟာင္းကို လြမ္းေနတဲ့အခ်ိန္ လံုးဝနားမေထာင္သင့္တဲ့ သီခ်င္း (၆) ပုဒ္

(၆) Broken Arrows – Avicii

“တစ္ခါတေလမွာ ရႈံးနိမ့္မယ္ ဒါေပမဲ့ႀကိဳးစားဖို႔ ေနာက္မက်ေသးပါဘူး” ဆိုတဲ့ သီခ်င္းစာသားေတြနဲ႔ “Broken Arrows” က Avicii ရဲ႕ ဂႏၱဝင္သီခ်င္းတစ္ပုဒ္ပါ။ ဘယ္အခ်ိန္ျဖစ္ျဖစ္ ေယာင္းကို စိတ္အားထက္သန္ေစမွာမို႔ နားေထာင္ျဖစ္ေအာင္ နားေထာင္ၾကည့္ေနာ္။

ကဲ … ဒီသီခ်င္းေတြကေတာ့ Stella စိတ္ဓာတ္က်တိုင္း နားေထာင္ေနက် သီခ်င္းေကာင္းေလးေတြပါ။ သီခ်င္းေတြက စိတ္ကို သက္ေရာက္မႈအမ်ားႀကီးရွိပါတယ္ေနာ္။ ေယာင္းတို႔ေကာ စိတ္ဓာတ္က်ရင္ ဘယ္လိုသီခ်င္းေတြ နားေထာင္ၾကလဲ ? Stella ကို ေျပာျပေပးခဲ့ၾကဦးေနာ္။

Stella (For Her Myanmar)

<<< Unicode >>>

စိတ်ဓာတ်ကျနေပြီလား ဒီသီချင်းတွေကို နားထောင်ကြည့်လိုက်ပါ

ယောင်းတို့ရေ … ယောင်းတို့ကော ဖြစ်လားတော့မသိဘူး…တစ်ခါတလေ ဘာအကြောင်းပြချက်မှ မယ်မယ်ရရမရှိဘဲ ဘာမှမလုပ်ချင်မကိုင်ချင်လောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်နေတာမျိုးလေ။ Stella ကတော့ အဲ့လိုအချိန်တွေဆိုရင် စိတ်ကို တက်ကြွစေတဲ့ သီချင်းတွေပဲ Playlist လုပ်ပြီး နားထောင်တော့တာပဲ။ ဒီတော့ ယောင်းတို့ကို Stella နားထောင်နေကျ စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းကောင်းလေးတွေကို ပြောပြပေးမယ်။

(၁) Stronger – Kelly Clarkson

“Stronger” ဆိုတဲ့ ဒီသီချင်းက ယောင်းဘဝမှာ အခက်အခဲတွေကြုံလာရင် ရဲရဲဝင့်ဝင့်ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေပေးမယ့် သီချင်းတစ်ပုဒ်ပါ။ သီချင်းစာသားကတော့ “What doesn’t kill you makes you stronger” တဲ့။ အဓိပ္ပါယ်ကတော့ “အခက်အခဲတွေကြုံလာရပြီးရင် ပိုသန်မာလာတတ်ပါတယ်” တဲ့။

Related Article >>> ယောင်းတို့စောင့်မျှော်နေကြတဲ့ ဒီတစ်ပတ် Billboard မှာ ဟော့အဖြစ်ဆုံး သီချင်း (၁၀) ပုဒ်

(၂) Run The World – Beyonce

R & B ဂီတလောကရဲ့ ဘုရင်မလို့တောင် တင်စားကြတဲ့ Beyonce ရဲ့ “Run The World” ကတော့ အမျိုးသမီးတွေကို စိတ်ဓာတ်ကျနေတိုင်း နားထောင်ရမယ့် သီချင်းပါပဲ။ အမျိုးသမီးတွေက ထက်မြက်ကြောင်း ရဲရင့်ကြောင်းတွေကို Beyonce က “Who run the world ? Girls” လို့ အားပါပါသီဆိုထားတာမို့ ယောင်းရဲ့ playlist ထဲ ထည့်လိုက်တော့နော်။

(၃) Roar – Katy Perry

ဘဝမှာ ရှုံးနိမ့်နေပြီလို့ ခံစားရရင် “Roar” ကို နားထောင်ပါ။ Katy Perry ရဲ့ “You held me down, but I got up” ဆိုတဲ့သီချင်းစာသားကိုက “မင်း ငါ့ကို အလဲထိုးပေမဲ့ ငါက ပြန်ထလာနိုင်တယ်” လို့ အဓိပ္ပါယ်ရတာကြောင့် ဒီသီချင်းနားထောင်ပြီးရင် ကြိုးစားချင်စိတ်တွေ တဖွားဖွားပေါက်လာမှာပါ။

(၄) We Are The Champions – Queen

ဗြိတိန်တော်ဝင်မိသားစုကတောင် စွဲစွဲလမ်းလမ်းအားပေးခဲ့ရတဲ့ Queen အဖွဲ့ရဲ့ “We Are The Champion” သီချင်းက ဘယ်အချိန်မဆို နံပါတ်တစ် စိတ်ဓာတ်ခွန်အားအပေးဆုံး သီချင်းပါပဲ။ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမယ် ငါတို့က ချန်ပီယံတွေချည်းပဲ ဆိုတဲ့ သီချင်းစာသားတွေနဲ့ ဒီသီချင်းကတော့ ယောင်းကို ကြက်သီးဖြန်းဖြန်းထစေတဲ့အထိ စိတ်အားတက်ကြွစေဖို့ အာမခံပါတယ်။

(၅) Not Afraid – Eminem

“Not Afraid” ကတော့ Rap လောကရဲ့ အရှင်သခင်လို့ လူတွေပြောကြတဲ့ Eminem ရဲ့ သီချင်းတစ်ပုဒ်ပါ။ Eminem ရဲ့ ထုံးစံအတိုင်း ချိုချိုသာသာစကားလုံးတွေနဲ့ မဟုတ်ဘဲ လက်တွေ့ကျကျ ထိထိမိမိစာသားတွေနဲ့ သီဆိုထားတာဆိုတော့ တွန်းတွန်းတိုက်တိုက်ခွန်အားပေးနေသလို ခံစားရစေမယ့် သီချင်းတစ်ပုဒ်ပါပဲ။

Related Article >>> ရည်းစားဟောင်းကို လွမ်းနေတဲ့အချိန် လုံးဝနားမထောင်သင့်တဲ့ သီချင်း (၆) ပုဒ်

(၆) Broken Arrows – Avicii

“တစ်ခါတလေမှာ ရှုံးနိမ့်မယ် ဒါပေမဲ့ကြိုးစားဖို့ နောက်မကျသေးပါဘူး” ဆိုတဲ့ သီချင်းစာသားတွေနဲ့ “Broken Arrows” က Avicii ရဲ့ ဂန္တဝင်သီချင်းတစ်ပုဒ်ပါ။ ဘယ်အချိန်ဖြစ်ဖြစ် ယောင်းကို စိတ်အားထက်သန်စေမှာမို့ နားထောင်ဖြစ်အောင် နားထောင်ကြည့်နော်။

ကဲ … ဒီသီချင်းတွေကတော့ Stella စိတ်ဓာတ်ကျတိုင်း နားထောင်နေကျ သီချင်းကောင်းလေးတွေပါ။ သီချင်းတွေက စိတ်ကို သက်ရောက်မှုအများကြီးရှိပါတယ်နော်။ ယောင်းတို့ကော စိတ်ဓာတ်ကျရင် ဘယ်လိုသီချင်းတွေ နားထောင်ကြလဲ ? Stella ကို ပြောပြပေးခဲ့ကြဦးနော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed