FUN

သူငယ္ခ်င္းမ်ား ရည္းစားရၿပီးေနာက္ ျဖစ္သြားတတ္ေသာ အခ်ိဳး(၅)မ်ိဳး

မေျပာေသးဘူးေနာ္.. ၾကည့္ေနတယ္.. :3

“သူမ်ားေတြလိုမဟုတ္ဘူးေနာ္..ငါတုိ႔ BFF ေတြက ဘယ္လုိခ်စ္သြားၾကမွာ”လို႔ ဂ်င္းေကၽြးခံရတဲ့ ေယာင္းေတြ ရွိၾကမွာပါေနာ္။ အက္ဒမင္လည္း အေကၽြးခံရဖူးတာကိုး 😛 စင္ဂယ္ဘဝတုန္းက ကိုယ္နဲ႔ တသြားသြား တလာလာ ရွိတဲ့ သူငယ္ခ်င္း အရင္းေခါက္ေခါက္ေတြ ရည္းစားရသြားတဲ့အခါမွာေတာ့ ဒီလို အခ်ိဳးေတြ ခ်ိဳးတတ္ၾကပါတယ္။

၁။ အခ်ိန္မေပးေတာ့ျခင္း

အရင္ကေတာ့ ဖင္ခ်င္းဆက္အႁမႊာေတြလို သြားအတူ၊ လာအတူ၊ စားအတူ၊ ေသာက္အတူေနလာတဲ့ သူငယ္ခ်င္းေတြ ရည္းစားရသြားရင္လည္း ကိုယ့္အနားမွာ ေနေပးမွာပါလို႔ ေတြးထင္ေနရင္ေတာ့ ပိန္းလြန္းရာ က်သြားပါၿပီ။ အဆိုးဆံုးက ကိုယ္ေတြ႔မယ္လို႔ ခ်ိန္းတဲ့ေန႔က သူ႔ရည္းစားနဲ႔ခ်ိန္းထားတယ္ဆိုတဲ့ ေန႔ျဖစ္ေနတာခ်ည္းပါပဲ။ (တစ္ပတ္မွာ ၈ရက္ေလာက္ သူ႔ရည္းစားနဲ႔ ခ်ိန္းထားလားေတာ့ မသိ -_- )

Related Article >>> ရည္းစားနဲ႔ သူငယ္ခ်င္းေတြကို တန္းတူအခ်ိန္ေပးႏိုင္ေအာင္…

၂။ ႂကြားလံုးထုတ္ျခင္း

တစ္သက္လံုး ကိုယ္နဲ႔အတူ မစြံလာတဲ့ FAမက ကံနိမ့္ခ်ိန္မို႔ ရည္းစားလည္းရေရာ ကိုယ့္ကိုပါ ႏွိမ္ခ်င္၊ ႂကြားလံုးထုတ္ခ်င္လာေရာ။ ကိုကိုက ဘယ္လိုခ်စ္တာ၊ ဘာဝယ္ေပးတာ၊ ဘယ္ေခၚသြားတာ စသျဖင့္ ႂကြားသံကေလးနဲ႔ ကိုယ့္ရဲ႕ သည္းခံစိတ္ေတြကို တစ္လႊာခ်င္းစီ ဆြဲၿဖဲပစ္ရတာ ဒင္းအတြက္ အရသာတစ္မ်ိဳး ျဖစ္ေနမယ္ ထင္တယ္။

၃။ ခြဲျခားျခင္း

လူမ်ိဳးဘာသာ၊ အသားအေရာင္ ခြဲျခားတာထက္ ပိုဆိုးတာက သူငယ္ခ်င္းနဲ႔ ရည္းစားၾကား ခြဲျခားခြဲျခား လုပ္ျခင္းပါပဲ။ သူ႔ကိုကို ေမြးေန႔က် ဘရန္းဒတ္ အဝတ္အစား လက္ေဆာင္ေပးတတ္သူက ကိုယ့္ေမြးေန႔က် ဒစ္စေကာင့္ရတဲ့ ၃၀၀၀တန္ အရုပ္ေလာက္နဲ႔ -_- (ဒါမ်ိဳး မိမိ လက္မခံပါေနာ္..)

Related Article >>> ခ်စ္သူမ်ားေန႔မွာ စင္ဂယ္လ္ ျဖစ္ေနရျခင္းရဲ႕ အားသာခ်က္မ်ား

၄။ ဟုိတစ္ေယာက္နဲ႔ ရန္ျဖစ္မွ အနားလာကပ္ျခင္း

ရည္းစားရသြားၿပီး ကိုယ္ေဖ်ာက္သြားတဲ့ သူငယ္ခ်င္းမေတြ ကိုယ့္အနားျပန္ေရာက္လာရင္ ဟိုတစ္ေယာက္နဲ႔ အဆင္မေျပဘူးဆိုတာေလ ေျမႀကီးကို လက္နဲ႔ပုတ္တာေတာင္ လြဲဦးမယ္… ဟြင္းဟြင္း… ကိုယ္ကလည္း သူငယ္ခ်င္းေမတၱာ ျပည့္ဝစြာနဲ႔ အၾကံေကာင္း ဉာဏ္ေကာင္းေလးေတြ မစၿပီး သူတို႔အခ်စ္ေရး ျပန္အသက္ဝင္ေအာင္ လုပ္ေပးလိုက္ၾကည့္။ ေနာက္ေန႔ စာမလာ၊ သတင္းမၾကားဇာတ္ ျပန္္ခင္းျပန္ေရာ. :3 အံတိုေနဘာဘီ ခ်ိမတို႔…

၅။ရည္းစားမထားခိုင္းျခင္း။

သူမ်ားေတြ အတြဲကိုယ္စီ သာယာခ်ိန္ အားက်ၿပီး တစ္ေယာက္ေယာက္ကိုမ်ား မခ်ိန္လိုက္နဲ႔။ “ရည္းစားမထားနဲ႔၊ မေကာင္းဘူး၊ ငါ့ကိုပဲၾကည့္” စသျဖင့္ အဖ်က္စကားေလးေတြ ထြက္လာေရာေလ… အမွန္ေတာ့ အဲ့ဒီစကားထဲမွာ ေစတနာေလးေတြပါမွန္း ကိုယ္လည္း ရိပ္မိပါတယ္။ ခက္တာက ဒင္းတို႔ ေျပာတဲ့ ေႁမြတြင္းကလည္း ကိုယ္ေတြအတြက္ စိန္တြင္းႀကီးလို ျဖစ္ေနေသးတာကိုး..

ေယာင္းတို႔မွာ ဒီလို အခ်ိဳးေျပာင္းသြားတဲ့ သူငယ္ခ်င္းေတြရွိရင္ မန္းရွင္းေခၚခဲ့ဦးေနာ္။ တျခားအခ်ိဳးေျပာင္းနည္းေတြရွိရင္လည္း မန္႔ထဲမွာ မွ်ေဝခဲ့ပါဦးလို႔။

Christina (For Her Myanmar)

<<< Unicode >>>

မပြောသေးဘူးနော်.. ကြည့်နေတယ်.. :3

“သူများတွေလိုမဟုတ်ဘူးနော်..ငါတို့ BFF တွေက ဘယ်လိုချစ်သွားကြမှာ”လို့ ဂျင်းကျွေးခံရတဲ့ ယောင်းတွေ ရှိကြမှာပါနော်။ အက်ဒမင်လည်း အကျွေးခံရဖူးတာကိုး 😛 စင်ဂယ်ဘဝတုန်းက ကိုယ်နဲ့ တသွားသွား တလာလာ ရှိတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေ ရည်းစားရသွားတဲ့အခါမှာတော့ ဒီလို အချိုးတွေ ချိုးတတ်ကြပါတယ်။

၁။ အချိန်မပေးတော့ခြင်း

အရင်ကတော့ ဖင်ချင်းဆက်အမြွှာတွေလို သွားအတူ၊ လာအတူ၊ စားအတူ၊ သောက်အတူနေလာတဲ့ သူငယ်ချင်းတွေ ရည်းစားရသွားရင်လည်း ကိုယ့်အနားမှာ နေပေးမှာပါလို့ တွေးထင်နေရင်တော့ ပိန်းလွန်းရာ ကျသွားပါပြီ။ အဆိုးဆုံးက ကိုယ်တွေ့မယ်လို့ ချိန်းတဲ့နေ့က သူ့ရည်းစားနဲ့ချိန်းထားတယ်ဆိုတဲ့ နေ့ဖြစ်နေတာချည်းပါပဲ။ (တစ်ပတ်မှာ ၈ရက်လောက် သူ့ရည်းစားနဲ့ ချိန်းထားလားတော့ မသိ -_- )

Related Article >>> ချစ်သူက ကိုယ့်ထက်သူငယ်ချင်းကို ဦးစားပေးနေသောအခါ

၂။ ကြွားလုံးထုတ်ခြင်း

တစ်သက်လုံး ကိုယ်နဲ့အတူ မစွံလာတဲ့ FAမက ကံနိမ့်ချိန်မို့ ရည်းစားလည်းရရော ကိုယ့်ကိုပါ နှိမ်ချင်၊ ကြွားလုံးထုတ်ချင်လာရော။ ကိုကိုက ဘယ်လိုချစ်တာ၊ ဘာဝယ်ပေးတာ၊ ဘယ်ခေါ်သွားတာ စသဖြင့် ကြွားသံကလေးနဲ့ ကိုယ့်ရဲ့ သည်းခံစိတ်တွေကို တစ်လွှာချင်းစီ ဆွဲဖြဲပစ်ရတာ ဒင်းအတွက် အရသာတစ်မျိုး ဖြစ်နေမယ် ထင်တယ်။

၃။ ခွဲခြားခြင်း

လူမျိုးဘာသာ၊ အသားအရောင် ခွဲခြားတာထက် ပိုဆိုးတာက သူငယ်ချင်းနဲ့ ရည်းစားကြား ခွဲခြားခွဲခြား လုပ်ခြင်းပါပဲ။ သူ့ကိုကို မွေးနေ့ကျ ဘရန်းဒတ် အဝတ်အစား လက်ဆောင်ပေးတတ်သူက ကိုယ့်မွေးနေ့ကျ ဒစ်စကောင့်ရတဲ့ ၃၀၀၀တန် အရုပ်လောက်နဲ့ -_- (ဒါမျိုး မိမိ လက်မခံပါနော်..)

Related Article >>> ချစ်သူများနေ့မှာ စင်ဂယ်လ် ဖြစ်နေရခြင်းရဲ့ အားသာချက်များ

၄။ ဟိုတစ်ယောက်နဲ့ ရန်ဖြစ်မှ အနားလာကပ်ခြင်း

ရည်းစားရသွားပြီး ကိုယ်ဖျောက်သွားတဲ့ သူငယ်ချင်းမတွေ ကိုယ့်အနားပြန်ရောက်လာရင် ဟိုတစ်ယောက်နဲ့ အဆင်မပြေဘူးဆိုတာလေ မြေကြီးကို လက်နဲ့ပုတ်တာတောင် လွဲဦးမယ်… ဟွင်းဟွင်း… ကိုယ်ကလည်း သူငယ်ချင်းမေတ္တာ ပြည့်ဝစွာနဲ့ အကြံကောင်း ဉာဏ်ကောင်းလေးတွေ မစပြီး သူတို့အချစ်ရေး ပြန်အသက်ဝင်အောင် လုပ်ပေးလိုက်ကြည့်။ နောက်နေ့ စာမလာ၊ သတင်းမကြားဇာတ် ပြန်ခင်းပြန်ေ်ရာ… :3 အံတိုနေဘာဘီ ချိမတို့…

၅။ရည်းစားမထားခိုင်းခြင်း။

သူများတွေ အတွဲကိုယ်စီ သာယာချိန် အားကျပြီး တစ်ယောက်ယောက်ကိုများ မချိန်လိုက်နဲ့။ “ရည်းစားမထားနဲ့၊ မကောင်းဘူး၊ ငါ့ကိုပဲကြည့်” စသဖြင့် အဖျက်စကားလေးတွေ ထွက်လာရောလေ… အမှန်တော့ အဲ့ဒီစကားထဲမှာ စေတနာလေးတွေပါမှန်း ကိုယ်လည်း ရိပ်မိပါတယ်။ ခက်တာက ဒင်းတို့ ပြောတဲ့ မြွေတွင်းကလည်း ကိုယ်တွေအတွက် စိန်တွင်းကြီးလို ဖြစ်နေသေးတာကိုး..

ယောင်းတို့မှာ ဒီလို အချိုးပြောင်းသွားတဲ့ သူငယ်ချင်းတွေရှိရင် မန်းရှင်းခေါ်ခဲ့ဦးနော်။ တခြားအချိုးပြောင်းနည်းတွေရှိရင်လည်း မန့်ထဲမှာ မျှဝေခဲ့ပါဦးလို့။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *