FUN

ေယာင္းတို႔ႏွလုံးသားကို ထိရွသြားေစမယ့္ Joox Myanmar Top Chart က သီခ်င္း(၅)ပုဒ္

သီခ်င္းသံစဥ္ေလးေတြနဲ႔ စီးေမ်ာရင္း ခံစားခ်က္ေတြ အသက္သြင္းႏိုင္ေစဖို႔ 🥰

ဘယ္ေနရာပဲသြားသြား နားၾကပ္ေလးနားထဲထည့္ၿပီး သီခ်င္းသံနဲ႔ စီးေမ်ာရတာ ဝါသနာပါတဲ့ေယာင္းတို႔ လက္ညိွဳးေထာင္.. မင္မင္အခုေဝမွ်ေပးမွာက ဒီလိုသီခ်င္းခ်စ္သူ ေယာင္းေလးေတြကို  သံစဥ္အသစ္ေလးေတြနဲ႔ သာယာႏိုင္ေစမယ့္ Joox ရဲ႕ Myanmar Top Chart 100 ထဲက  သီခ်င္းေကာင္းေလးေတြ အေၾကာင္းပါ.. တစ္ခါနားေထာင္လိုက္တာနဲ႔ နားထဲမွာေရာ ႏွလုံးသားထဲမွာပါ စြဲထင္က်န္ရစ္ၿပီး ထပ္ကာတလဲလဲ နားေထာင္ျဖစ္ေစမယ့္ သီခ်င္းေလးေတြမို႔ ေယာင္းတို႔ႀကိဳက္ႏွစ္သက္မွာ ေသခ်ာပါတယ္…

L.O.V.E

ေယာင္းတ္ို႔အသည္းစြဲ Project K အဖြဲ႔ရဲ႕ Love ဆိုတဲ့သီခ်င္းေလးပါ.. ျမင္ျမင္ခ်င္းစိတ္ဝင္စားခဲ့တဲ့ ေကာင္မေလးကို အေျဖေတာင္းတဲ့ ပုံစံေလးကို ဖြဲ႕ဖြဲ႔ႏြဲ႔ႏြဲ႔ေလးနဲ႔ “နင္မၾကင္နာရင္ ေသမွာ” ဆ္ိုၿပီး ခၽြဲႏြဲ႔ၿပီး ခ်စ္ဖို႔ေကာင္းေအာင္ သီဆိုထားတာမို႔ ေယာင္းတို႔ႏွလုံးသားကို တိုက္ရိုက္ထိမွန္ဦးမယ့္ သီခ်င္းေလးပါေနာ္…

Related Article >>> အေဟာင္းေတြ အသစ္ျဖစ္လာတဲ့ထိ ဖီးလ္သြားေစမယ့္ မိုးရာသီ အေဆြးသီခ်င္း(၅)ပုဒ္

ေခ်ာ့

ဒီသီခ်င္းေလးကေတာ့ X Box ရဲ့ စိတ္ေကာက္ေနတဲ့ ခ်စ္သူေလးကို “အတၱေတြမ်ားတဲ့ ငါ့ရဲ့အခ်စ္က မင္းအတြက္ခါးတယ္ ၊ အႀကိမ္မ်ားစြာ မင္းကိုထားခဲ့တဲ့ ငါ့ကိုမသနားနဲ႔ ျပန္လည္နီးစပ္ဖို႔ အခြင့္အေရးမရွိတဲ့ အရူးတစ္ေယာက္ ထိုင္ေဆြး ” ဆိုၿပီး ေကာင္မေလးသနားေအာင္ စကားလမ္းေၾကာင္းၿပီး ျပန္ေခ်ာ့တဲ့အေၾကာင္း ေရးဖြဲ႔ထားတာမို႔ စိတ္ေကာက္ေနတဲ့ စုံတြဲေလးေတြနဲ႔ ခံစားခ်က္ခ်င္း တိုက္ဆိုင္ေစမယ့္ သီခ်င္းေကာင္းေလး တစ္ပုဒ္ပါေနာ္…

ငါနင့္ကိုမုန္းတယ္

ေယာင္းတို႔အခ်စ္ေတာ္ ဘီးႀကဲ စိုင္းစိုင္းနဲ႔ အသံခ်ိဳခ်ိဳေလးနဲ႔ သီဆိုတတ္တဲ့ အဆိုေတာ္မေလး အမရာဖုန္းတို႔က ခ်စ္သူကို နာက်ည္းမုန္းတီးသြားတဲ့အေၾကာင္း ခံစားခ်က္အျပည့္နဲ႔ သီဆိုေပးထားတာပါ.. “ငါခ်စ္ခဲ့ဖူးသူပါ.. ငါနင့္အတြက္အသက္ရွင္ခဲ့လည္း နာက်ည္းတဲ့မ်က္ရည္စက္ေတြနဲ႔ေလ အကုန္ၿပိဳလဲၿပီ.. ငါနင့္ကိုမုန္းတယ္ဆိုၿပီး ” ခါးခါးသီးသီးမုန္းတီးသြားတဲ့အေၾကာင္း ေရးဖြဲ႔ထားတာမို႔ အသည္းကြဲေနတဲ့ ေယာင္းတို႔ဖီးလ္လို႔ အရမ္းေကာင္းမွာေသခ်ာပါတယ္…

Related Article >>> YouTube ရဲ႕ၾကည့္ရႈသူအမ်ားဆံုး ထိပ္တန္းသီခ်င္း (၁၀) ပုဒ္

မဆုံေသာလမ္း

Pop သီခ်င္းခ်ိဳခ်ိဳေလးေတြနဲ႔ ေနရာယူခဲ့တဲ့ ေတးသံရွင္ေဇာ္ပိုင္ရဲ့ သီခ်င္းေလးကို Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲမွာTop Ten ဝင္ခဲ့တဲ့အဆိုေတာ္ ေစာထက္ႏိုင္စိုးက သူ႔ရဲ႕ ေဆြးေျမ႕တဲ့အသံေလးနဲ႔ တစ္ဖန္ျပန္လည္ ဆန္းသစ္သီဆိုထားတာပါ.. နာမည္ႀကီးၿပီးသားသီခ်င္းေလးကို မူဟန္အသစ္ေလးနဲ႔ ျပန္လည္ခံစားရေစမယ့္ သီခ်င္းေကာင္းေလး တစ္ပုဒ္ပါ…

ေပ်ာ္ရဲ့လား

ဒီသီခ်င္းေလးကုိေတာ့ လူငယ္ပရိသတ္ ေတာ္ေတာ္မ်ားမ်ား လက္ခံအားေပးေနၾကတဲ့ Oasix နဲ႔ KMH တို႔ကသီဆိုထားတာပါ… လမ္းခြဲၿပီးသားခ်စ္သူေလးကို အဆင္ေျပရဲ့လား..  ေပ်ာ္ရဲ့လားလို႔ ေမးခြန္းေတြေမးၿပီး “ကိုယ္ရဲ့ဘဝကို အသုံးခ်ဖို႔ဆို မင္းေလးႀကိဳက္တာေျပာ“ ဆိုၿပီး ခ်စ္သူအဆင္ေျပမယ္ဆို ေပးဆပ္ေပးခ်င္တဲ့အေၾကာင္း ေရးဖြဲ႔ထားလို႔ ခ်စ္သူအတြက္ အရာရာေပးဆပ္ခ်င္တဲ့ ေယာင္းတို႔အႀကိဳက္နဲ႔ ထပ္တူက်ေစမွာပါ….

ကဲ.. မင္မင္ကေတာ့ ေယာင္းတို႔အတြက္ သီခ်င္းေကာင္းေလးေတြကုိ Joox ကေနရွာေဖြေပးၿပီးၿပီဆိုေတာ့ နားၾကပ္ေလးနားထဲထည့္ၿပီး စီးေမ်ာဖို႔က ေယာင္းတို႔တာဝန္ျဖစ္သြားပါၿပီ… ခ်ိဳၿမိန္တဲ့သီခ်င္းေလးေတြ နားေထာင္ရင္း ဘဝအေမာေတြ ေျပေပ်ာက္ႏိုင္ၾကပါေစေနာ္..

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

သီချင်းသံစဉ်လေးတွေနဲ့ စီးမျောရင်း ခံစားချက်တွေ အသက်သွင်းနိုင်စေဖို့ 🥰

ဘယ်နေရာပဲသွားသွား နားကြပ်လေးနားထဲထည့်ပြီး သီချင်းသံနဲ့ စီးမျောရတာ ဝါသနာပါတဲ့ယောင်းတို့ လက်ညှိုးထောင်.. မင်မင်အခုဝေမျှပေးမှာက ဒီလိုသီချင်းချစ်သူ ယောင်းလေးတွေကို  သံစဉ်အသစ်လေးတွေနဲ့ သာယာနိုင်စေမယ့် Joox ရဲ့ Myanmar Top Chart 100 ထဲက  သီချင်းကောင်းလေးတွေ အကြောင်းပါ.. တစ်ခါနားထောင်လိုက်တာနဲ့ နားထဲမှာရော နှလုံးသားထဲမှာပါ စွဲထင်ကျန်ရစ်ပြီး ထပ်ကာတလဲလဲ နားထောင်ဖြစ်စေမယ့် သီချင်းလေးတွေမို့ ယောင်းတို့ကြိုက်နှစ်သက်မှာ သေချာပါတယ်…

L.O.V.E

ယောင်းတို့အသည်းစွဲ Project K အဖွဲ့ရဲ့ Love ဆိုတဲ့သီချင်းလေးပါ.. မြင်မြင်ချင်းစိတ်ဝင်စားခဲ့တဲ့ ကောင်မလေးကို အဖြေတောင်းတဲ့ ပုံစံလေးကို ဖွဲ့ဖွဲ့နွဲ့နွဲ့လေးနဲ့ “နင်မကြင်နာရင် သေမှာ” ဆိုပြီး ချွဲနွဲ့ပြီး ချစ်ဖို့ကောင်းအောင် သီဆိုထားတာမို့ ယောင်းတို့နှလုံးသားကို တိုက်ရိုက်ထိမှန်ဦးမယ့် သီချင်းလေးပါနော်…

Related Article >>> အဟောင်းတွေ အသစ်ဖြစ်လာတဲ့ထိ ဖီးလ်သွားစေမယ့် မိုးရာသီ အဆွေးသီချင်း(၅)ပုဒ်

ချော့

ဒီသီချင်းလေးကတော့ X Box ရဲ့ စိတ်ကောက်နေတဲ့ ချစ်သူလေးကို “အတ္တတွေများတဲ့ ငါ့ရဲ့အချစ်က မင်းအတွက်ခါးတယ် ၊ အကြိမ်များစွာ မင်းကိုထားခဲ့တဲ့ ငါ့ကိုမသနားနဲ့ ပြန်လည်နီးစပ်ဖို့ အခွင့်အရေးမရှိတဲ့ အရူးတစ်ယောက် ထိုင်ဆွေး ” ဆိုပြီး ကောင်မလေးသနားအောင် စကားလမ်းကြောင်းပြီး ပြန်ချော့တဲ့အကြောင်း ရေးဖွဲ့ထားတာမို့ စိတ်ကောက်နေတဲ့ စုံတွဲလေးတွေနဲ့ ခံစားချက်ချင်း တိုက်ဆိုင်စေမယ့် သီချင်းကောင်းလေး တစ်ပုဒ်ပါနော်…

ငါနင့်ကိုမုန်းတယ်

ယောင်းတို့အချစ်တော် ဘီးကြဲ စိုင်းစိုင်းနဲ့ အသံချိုချိုလေးနဲ့ သီဆိုတတ်တဲ့ အဆိုတော်မလေး အမရာဖုန်းတို့က ချစ်သူကို နာကျည်းမုန်းတီးသွားတဲ့အကြောင်း ခံစားချက်အပြည့်နဲ့ သီဆိုပေးထားတာပါ.. “ငါချစ်ခဲ့ဖူးသူပါ.. ငါနင့်အတွက်အသက်ရှင်ခဲ့လည်း နာကျည်းတဲ့မျက်ရည်စက်တွေနဲ့လေ အကုန်ပြိုလဲပြီ.. ငါနင့်ကိုမုန်းတယ်ဆိုပြီး ” ခါးခါးသီးသီးမုန်းတီးသွားတဲ့အကြောင်း ရေးဖွဲ့ထားတာမို့ အသည်းကွဲနေတဲ့ ယောင်းတို့ဖီးလ်လို့ အရမ်းကောင်းမှာသေချာပါတယ်…

Related Article >>> YouTube ရဲ့ကြည့်ရှုသူအများဆုံး ထိပ်တန်းသီချင်း (၁၀) ပုဒ်

မဆုံသောလမ်း

Pop သီချင်းချိုချိုလေးတွေနဲ့ နေရာယူခဲ့တဲ့ တေးသံရှင်ဇော်ပိုင်ရဲ့ သီချင်းလေးကို Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာTop Ten ဝင်ခဲ့တဲ့အဆိုတော် စောထက်နိုင်စိုးက သူ့ရဲ့ ဆွေးမြေ့တဲ့အသံလေးနဲ့ တစ်ဖန်ပြန်လည် ဆန်းသစ်သီဆိုထားတာပါ.. နာမည်ကြီးပြီးသားသီချင်းလေးကို မူဟန်အသစ်လေးနဲ့ ပြန်လည်ခံစားရစေမယ့် သီချင်းကောင်းလေး တစ်ပုဒ်ပါ…

ပျော်ရဲ့လား

ဒီသီချင်းလေးကိုတော့ လူငယ်ပရိသတ် တော်တော်များများ လက်ခံအားပေးနေကြတဲ့ Oasix နဲ့ KMH တို့ကသီဆိုထားတာပါ… လမ်းခွဲပြီးသားချစ်သူလေးကို အဆင်ပြေရဲ့လား..  ပျော်ရဲ့လားလို့ မေးခွန်းတွေမေးပြီး “ကိုယ်ရဲ့ဘဝကို အသုံးချဖို့ဆို မင်းလေးကြိုက်တာပြော“ ဆိုပြီး ချစ်သူအဆင်ပြေမယ်ဆို ပေးဆပ်ပေးချင်တဲ့အကြောင်း ရေးဖွဲ့ထားလို့ ချစ်သူအတွက် အရာရာပေးဆပ်ချင်တဲ့ ယောင်းတို့အကြိုက်နဲ့ ထပ်တူကျစေမှာပါ….

ကဲ.. မင်မင်ကတော့ ယောင်းတို့အတွက် သီချင်းကောင်းလေးတွေကို Joox ကနေရှာဖွေပေးပြီးပြီဆိုတော့ နားကြပ်လေးနားထဲထည့်ပြီး စီးမျောဖို့က ယောင်းတို့တာဝန်ဖြစ်သွားပါပြီ… ချိုမြိန်တဲ့သီချင်းလေးတွေ နားထောင်ရင်း ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေနော်..

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *