FUN ံHorror

သရဲေၾကာက္တတ္တဲ့ ေယာင္းတို႔ သရဲကားကို အထာက်က် ၾကည့္လို႔ရႏုိင္မယ့္ နည္း (၅)နည္း

အိုက္စ္… မေၾကာက္ခ်င္ေယာင္ေတြ ေဆာင္လို႔ရၿပီေလ 😛

သရဲကားႀကိဳက္တာလည္း ေယာင္းတုိ႔ပဲ။ သရဲလာရင္ တၿဗဲၿဗဲနဲ႔ ထေအာ္တာလည္း ေယာင္းတုိ႔ပဲ။ ၾကာလာေတာ့ ကေလးအစ၊ ေခြးအဆံုး ကိုယ္သရဲေၾကာက္တတ္မွန္းသိၿပီး သရဲကားၾကည့္ရင္ ကိုယ့္ကိုၾကည့္ၿပီး ခြီၾကေရာေလ… ဒီလို အခြီခံဘဝက ကင္းေဝးေလရေအာင္ အထာက်က် သရဲကားၾကည့္ႏုိင္မယ့္ နည္းလမ္းေလးေတြ မွ်ေဝေပးလိုက္ၿပီေနာ္။

၁။ ဖြန္ေၾကာင္ပါ။

ေဘးက ေကာင္ေလးကို ေၾကာင္ခိုင္းတာ မဟုတ္ပါဘူး။ သရဲကားထဲက မင္းသားအဆင္ေလးေတြကို ေၾကာင္ခိုင္းတာပါ။ မင္းသားေခ်ာေလးထဲ စိတ္နစ္ထားတဲ့အခါ သရဲေပၚ အာရုံနည္းသြားပါလိမ့္မယ္။ ကံေကာင္းရင္ သရဲကိုေတာင္ မင္းသားလို႔ ျမင္ခ်င္ျမင္လာႏိုင္ပါတယ္။ ( ဥပမာ- လိပ္ျပာစံအိမ္ထဲမွာ ေဒါင္းကေလးရဲ႕ မ်က္ႏွာတစ္ျခမ္းကိုပဲ ၾကည့္ၿပီး ေႂကြက်လာသလိုေပါ့ 😛 )

Related Article >>> ဖီးအျပည့္နဲ႔ သရဲကားၾကည့္ပံုၾကည့္နည္း အဆင့္(၇)ဆင့္

၂။ မေၾကာက္ခ်င္ေယာင္ ေဆာင္ပါ။

ကိုယ္စိတ္ကိုယ္ႏို္င္ရင္ ဘယ္အရာကိုမဆို လြယ္လြယ္ကူကူ လုပ္လို႔ရပါတယ္။ “ငါသရဲမေၾကာက္ဘူး” လို႔စိတ္ထဲမွာ ၿမဲၿမဲမွတ္ထားပါ။ ပထမ တစ္ခါႏွစ္ခါေတာ့ ေၾကာက္ခ်င္ေၾကာက္လိမ့္မယ္။ ေဘးကလူေတြ ကိုယ့္ကိုခြီမွာေၾကာက္ရင္းကေန ေၾကာက္စိတ္ကိုထိန္းခ်ဳပ္ႏုိင္သြားပါလိမ့္မယ္။

၃။ ဖုန္းလာခ်င္ေယာင္ေဆာင္ပါ။

ဒီနည္းကေတာ့ ရုပ္ရွင္တစ္ခန္းစာ၊ ႏွစ္ခန္းစာေလာက္ပဲ အလုပ္ျဖစ္ပါလိမ့္မယ္။ သရဲလာေတာ့မယ္လို႔ ခန္႔မွန္းလို႔ရတဲ့ အခန္းေရာက္ၿပီဆို ဖုနး္လာၿပီဆိုၿပီး ထထြက္သြား၊ ၿပီးရင္ခပ္တည္တည္နဲ႔ ျပန္ထုိင္ေနလုိက္။ မသိရင္အလုပ္မ်ားတယ္ေပါ့။ အယ္လဲ့ 😛

၄။ ကိုယ့္ထက္ေၾကာက္တဲ့သူနား ကပ္ထုိင္ပါ။

ကိုယ္က သရဲလာမွေၾကာက္တာဆိုေပမဲ့ တခ်ိဳ႕ေတြမ်ား သရဲကားစာတန္းထိုးတာနဲ႔တင္ ဒူးတုန္ေနတာမ်ိဳးျဖစ္တတ္ၾကတယ္။ သရဲကားအတူၾကည့္တဲ့ထဲ အဲ့လိုလူပါရင္ သူ႔နားကပ္ထုိင္ပါ။ သရဲအခန္းလာရင္ ကိုယ့္ထက္ သူအရင္ထေအာ္မွာမို႔ သူ႔ေၾကာင့္ လန္႔ခ်င္ေယာင္ေဆာင္လို႔ရပါတယ္။ လြယ္ေတာ့မလြယ္ဘူး.. လႊဲခ်တတ္ရတာေပါ့ :3

Related Article >>> သရဲေၾကာက္တဲ့သူငယ္ခ်င္းကို သရဲကားၾကည့္ဖုိ႔ ဘယ္လို ဆြဲေဆာင္မလဲ?

၅။ Mask အုပ္ထားပါ။

မသိရင္ မ်က္ႏွာေပါင္းတင္ထားသလိုလို ဘာလုိလိုနဲ႔ ကိုယ့္မ်က္ႏွာေပၚက ေၾကာက္စိတ္ေတြကို ဖံုးဖိထားလို႔ရပါတယ္။ အယ္…ေအာ္ေတာ့ မေအာ္မိေစနဲ႔ေပါ့ :3

ကဲ..ေယာင္းတို႔ေရ။ သရဲကားၾကည့္ၿပီး ေၾကာက္တာ မမွားေပမဲ့ ကိုယ္ေၾကာက္တာ လူသိသြားရင္ေတာ့ အခြီခံရမွာ ေသခ်ာတယ္ေနာ္။ ဒီနည္းေလးေတြနဲ႔ဆိုရင္ေတာ့ အခြီခံဘဝကေန ကြင္းလံုးကၽြတ္ ကင္းေဝသြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အလုပ္ျဖစ္၊ မျဖစ္ဆိုတာကိုေတာ့ မန္႔ထဲမွာ ေရးသြားၾကပါဦးလို႔။

Christina (For Her Myanmar)

<<< Unicode >>>

အိုက်စ်… မကြောက်ချင်ယောင်တွေ ဆောင်လို့ရပြီလေ 😛

သရဲကားကြိုက်တာလည်း ယောင်းတို့ပဲ။ သရဲလာရင် တဗြဲဗြဲနဲ့ ထအော်တာလည်း ယောင်းတို့ပဲ။ ကြာလာတော့ ကလေးအစ၊ ခွေးအဆုံး ကိုယ်သရဲကြောက်တတ်မှန်းသိပြီး သရဲကားကြည့်ရင် ကိုယ့်ကိုကြည့်ပြီး ခွီကြရောလေ… ဒီလို အခွီခံဘဝက ကင်းဝေးလေရအောင် အထာကျကျ သရဲကားကြည့်နိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပြီနော်။

၁။ ဖွန်ကြောင်ပါ။

ဘေးက ကောင်လေးကို ကြောင်ခိုင်းတာ မဟုတ်ပါဘူး။ သရဲကားထဲက မင်းသားအဆင်လေးတွေကို ကြောင်ခိုင်းတာပါ။ မင်းသားချောလေးထဲ စိတ်နစ်ထားတဲ့အခါ သရဲပေါ် အာရုံနည်းသွားပါလိမ့်မယ်။ ကံကောင်းရင် သရဲကိုတောင် မင်းသားလို့ မြင်ချင်မြင်လာနိုင်ပါတယ်။ ( ဥပမာ- လိပ်ပြာစံအိမ်ထဲမှာ ဒေါင်းကလေးရဲ့ မျက်နှာတစ်ခြမ်းကိုပဲ ကြည့်ပြီး ကြွေကျလာသလိုပေါ့ 😛 )

Related Article >>> ဖီးအပြည့်နဲ့ သရဲကားကြည့်ပုံကြည့်နည်း အဆင့်(၇)ဆင့်

၂။ မကြောက်ချင်ယောင် ဆောင်ပါ။

ကိုယ်စိတ်ကိုယ်နိုင်ရင် ဘယ်အရာကိုမဆို လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ “ငါသရဲမကြောက်ဘူး” လို့စိတ်ထဲမှာ မြဲမြဲမှတ်ထားပါ။ ပထမ တစ်ခါနှစ်ခါတော့ ကြောက်ချင်ကြောက်လိမ့်မယ်။ ဘေးကလူတွေ ကိုယ့်ကိုခွီမှာကြောက်ရင်းကနေ ကြောက်စိတ်ကိုထိန်းချုပ်နိုင်သွားပါလိမ့်မယ်။

၃။ ဖုန်းလာချင်ယောင်ဆောင်ပါ။

ဒီနည်းကတော့ ရုပ်ရှင်တစ်ခန်းစာ၊ နှစ်ခန်းစာလောက်ပဲ အလုပ်ဖြစ်ပါလိမ့်မယ်။ သရဲလာတော့မယ်လို့ ခန့်မှန်းလို့ရတဲ့ အခန်းရောက်ပြီဆို ဖုန်းလာပြီဆိုပြီး ထထွက်သွား၊ ပြီးရင်ခပ်တည်တည်နဲ့ ပြန်ထိုင်နေလိုက်။ မသိရင်အလုပ်များတယ်ပေါ့။ အယ်လဲ့ 😛

၄။ ကိုယ့်ထက်ကြောက်တဲ့သူနား ကပ်ထိုင်ပါ။

ကိုယ်က သရဲလာမှကြောက်တာဆိုပေမဲ့ တချို့တွေများ သရဲကားစာတန်းထိုးတာနဲ့တင် ဒူးတုန်နေတာမျိုးဖြစ်တတ်ကြတယ်။ သရဲကားအတူကြည့်တဲ့ထဲ အဲ့လိုလူပါရင် သူ့နားကပ်ထိုင်ပါ။ သရဲအခန်းလာရင် ကိုယ့်ထက် သူအရင်ထအော်မှာမို့ သူ့ကြောင့် လန့်ချင်ယောင်ဆောင်လို့ရပါတယ်။ လွယ်တော့မလွယ်ဘူး.. လွှဲချတတ်ရတာပေါ့ :3

Related Article >>> သရဲကြောက်တဲ့သူငယ်ချင်းကို သရဲကားကြည့်ဖို့ ဘယ်လို ဆွဲဆောင်မလဲ?

၅။ Mask အုပ်ထားပါ။

မသိရင် မျက်နှာပေါင်းတင်ထားသလိုလို ဘာလိုလိုနဲ့ ကိုယ့်မျက်နှာပေါ်က ကြောက်စိတ်တွေကို ဖုံးဖိထားလို့ရပါတယ်။ အယ်…အော်တော့ မအော်မိစေနဲ့ပေါ့ :3

ကဲ..ယောင်းတို့ရေ။ သရဲကားကြည့်ပြီး ကြောက်တာ မမှားပေမဲ့ ကိုယ်ကြောက်တာ လူသိသွားရင်တော့ အခွီခံရမှာ သေချာတယ်နော်။ ဒီနည်းလေးတွေနဲ့ဆိုရင်တော့ အခွီခံဘဝကနေ ကွင်းလုံးကျွတ် ကင်းဝေသွားမယ်လို့ မျှော်လင့်ပါတယ်။ အလုပ်ဖြစ်၊ မဖြစ်ဆိုတာကိုတော့ မန့်ထဲမှာ ရေးသွားကြပါဦးလို့။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *