အဟောင်းတွေ အသစ်ဖြစ်လာတဲ့ထိ ဖီးလ်သွားစေမယ့် မိုးရာသီ အဆွေးသီချင်း(၅)ပုဒ်



ဝါဆို



မိုးရာသီထဲ


မိုး



အလွမ်းမိုးရေစက်များ




ချစ်ရတဲ့မင်မင်

DiDi ( For Her Myanmar )

<<< Unicode >>>

ဇာတ်လမ်းဟောင်းတွေကို ဖုံးဖိမရအောင် သတိရသွားစေမှာမို့

ယောင်းတို့ရေ.. မိုးရေစက်တွေ တပေါက်ပေါက်ကျဆင်းလာတာကို ငေးကြည့်နေရင်း ကြေကွဲဖွယ်ပန်းချီကားလေးကို မြင်တွေ့လိုက်ရသလို အလွမ်းဓာတ်ခံကြီးက နိုးထလာတာမျိုး ကြုံဖူးကြတယ်ဟုတ် … မင်မင်ကတော့ မိုးရွာတာကို ထိုင်ကြည့်ရင်း အမျိုးမျိုးထိုင်ဖီးလ်တာရယ်… ဒီလိုဖီးလ်တဲ့အချိန်မျိုးမှာ မိုးရာသီ သီချင်းတွေများ ထပ်ဖြည့်စွက်လိုက်လို့ကတော့ ဘာပြောကောင်းမလဲ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းရှိနေသလို လွင့်ထွက်စီးမျောသွားတော့တာပဲ… ဒါကြောင့် မိုးရာသီစဝင်ပြီဆိုတာနဲ့ အပီအပြင်ဖီးလ်ဖို့ သီချင်းတွေ လိုက်စုတတ်တာ အစဉ်အလာလို ဖြစ်လို့… မင်မင်နဲ့ရင်ဘတ်ချင်းတူ  အဖီးလ်တစ်လိုင်း ယောင်းတို့တွေလည်း မင်မင်စုထားတဲ့ မိုးရာသီအဆွေးသီချင်းလေးတွေ ပြန်နားထောင်ကြည့်ပြီး အဖီးလ်ရာသီကြီးကို တမြေ့မြေ့ခံစားကြည့်ရအောင်နော်….

ဝါဆို

တေးသံရှင်တွေ တော်တော်များများ ပြန်လည်သီဆိုကြတဲ့ ဝါဆို သီချင်းလေးကတော့ မိုးရာသီရောက်တိုင်း အက်ဒ်မင် မဖြစ်မနေ နားထောင်နေကျ သီချင်းကောင်းလေးတစ်ပုဒ်ပါ… မိုးရာသီရဲ့ သဘာဝတွေကိုဖော်ကျူးပြီး မိုးနဲ့ရောကာ တစ်စုံတစ်ယောက်ကို ဝါဆိုလို့အစားထိုးပြီး သတိရတမ်းတမိကြောင်း ရေးဖွဲ့ထားတာမို့ စာသားတိုင်းက အဓိပ္ပာယ်ရှိလွန်းတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါပဲ… သံစဉ်ကလည်း နားစွဲလွယ်တယ်လေ နော်…

Related Article >>> ရည်းစားဟောင်းကို လွမ်းနေတဲ့အချိန် လုံးဝနားမထောင်သင့်တဲ့ သီချင်း (၆) ပုဒ်

မိုးရာသီထဲ

L ဆိုင်းဇီရဲ့ မိုးရာသီထဲသီချင်းကတော့ 90’s born တွေ တော်တော်များများ အကြိုက်တွေ့ခဲ့တဲ့ သီချင်းတစ်ပုဒ်ပေါ့… သီချင်းလေး နားထောင်မိတိုင်း အဲဒီ အတိတ်က အချိန်တွေကို ပြန်ရောက်သွားသလို ခံစားရစေတာကလည်း ဒီသီချင်းရဲ့ စူပါပါဝါပါပဲနော်… ခုတောင် နားထဲ သီချင်းသံလေးတွေ ကြားနေပြီဟုတ်?

မိုး

ရဲလေးရဲ့ မိုးသီချင်းကတော့ သီချင်းစာသားတွေတင်မကဘဲ MTV ကပါ ဖီးလ်လို့အရမ်းကောင်းလွန်းတဲ့ အဆွေးသီချင်းလေးပါ.. ကောင်မလေးရဲ့အချစ်ကို မိုးရာသီနဲ့ ကိုယ်စားပြုပြီး သူ့ရင်ခွင်ကို လာသည်းပေးပါမိုးရယ်ဆိုပြီး တမ်းတမ်းတတ ဆိုထားတဲ့ မိုးရာသီ သီချင်းကောင်းလေးတစ်ပုဒ်မို့ အဲဒီအချိန်တုန်းက လူငယ်တွေရဲ့ အသည်းကို ခြွေချနိုင်ခဲ့တာပေါ့…

Related Article >>> နားထောင်လိုက်တာနဲ့ ယောင်းတို့စိတ်နှလုံးကိုအေးချမ်းသွားစေမယ့် သီချင်း(၄)ပုဒ်

အလွမ်းမိုးရေစက်များ

အဲလက်စ်ရဲ့ ဒီသီချင်းလေးကတော့ ဝေးကွာနေတဲ့ ချစ်သူတွေ မိုးတွေရွာတဲ့အချိန်တိုင်း အလွမ်းဓာတ်ခံကို တိုးမြှင့်ပေးမယ့် သီချင်းလေးပေါ့… “ရင်မှာနာကျင်စွာခံစား ဒီရာသီရောက်တိုင်းမှာ လွမ်းနေမိ ..” ဆိုပြီးရေးဖွဲ့ထားတဲ့ စာသားလေးက ကိုယ့်ရဲ့ အတိတ်တွေထဲက အမှတ်တရ မိုးရာသီတွေကို ပြန်ပြီး သတိရစေမှာပါ။

G Fatt ရဲ့မိုးသီချင်းကတော့ အဟောင်းထဲ မရောက်တရောက်လေး ဆိုပေမဲ့ Rap  စာသားတွေက အရမ်းထိရှလွန်းလို့ မိုးရာသီ အဆွေးသီချင်းအနေနဲ့ မပါမဖြစ်ထည့်ထားဖြစ်တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ “ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုဘဝထဲက မဖယ်ရှားလိုပါငါ.. မိုးတွေရှယ်တအားကို ရွာချနေချိန်ဆို နင့်တို့လမ်းထိပ်အုတ်ခုံမှာ တကယ်သွားငိုတာပါ ” ဆိုပြီး အိမ်ပြောင်းသွားတဲ့ အတိတ်ကချစ်သူလေးတွေကို မိုးရွာထဲ သူ့ချစ်သူကို လွမ်းဆွတ်နေကြောင်း ရေးဖွဲ့ထားတာက ခံစားတတ်ရင် ထိရှကြေကွဲနိုင်တဲ့ အခြေအနေပါပဲ။

ရှယ်တွေဖီးလ်လို့ကောင်းမယ့် မိုးရာသီအဆွေးသီချင်းလေးတွေကို ဝေမျှပေးပြီးပြီဆိုတော့ မိုးရွာရင်အဆင်သင့်ဖီးလ်ဖို့ သီချင်းလေးတွေ ဖုန်းထဲထည့်ထားလိုက်တော့နော်…

ချစ်ရတဲ့မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed