FUN

ဆံပင္တိုတဲ့မိ္န္းကေလးေတြသာ သိႏိုင္မယ့္ ျပႆနာ(၅)မ်ိဳး

ဆံပင္ညွပ္ခ်င္တာ ေယာင္းအျပစ္မဟုတ္ေပမဲ့ ဆံတိုေယာင္းေလးေတြမွာ ဒီလို ျပႆနာေတြရွိတတ္တာ မသိေသးရင္ေတာ့ ေယာင္းအျပစ္ျဖစ္သြားပါၿပီ။ 

အခုလိုအုိ္က္တဲ့ရာသီဥတုမွာ ေခါင္းတံုးတံုးပစ္ခ်င္စိတ္ေပါက္ေနတာ အက္ဒမင္တစ္ေယာက္တည္းလား 😀 ဘယ္ေလာက္ပဲအရွည္ထားထား တစ္ခ်ိန္ခ်ိန္ေတာ့ညွပ္ခ်င္စိတ္ တေထာင္းေထာင္းေပါက္လာတာ မိန္းကေလးဆိုတဲ့အမ်ိဳးပါ။ အဲ.. ညွပ္ၿပီးရင္လည္း ဆံပင္ရွည္ေလးေတြကို တသသျဖစ္တတ္ၾကတာကလည္း ကိုယ္ေတြပါပဲ။ ကဲ.. ဒီေတာ့ ဆံပင္အတို ညွပ္ၿပီးရင္ ဘယ္လုိ ျပႆနာမ်ိဳးေတြ ၾကံဳရတတ္လဲ တူတူၾကည့္ရေအာင္..

၁။ ရွည္ခ်င္တိုင္း မရွည္

တစ္နာရီကို အခါ(၆၀)ေလာက္ စိတ္ေျပာင္းတတ္တဲ့ ေယာင္းေယာင္းတို႔ ဆံပင္တိုခ်င္တုန္းကတိုၿပီး တိုသြားျပန္ေတာ့လည္း ျပန္ရွည္လာဖို႔ ရက္ထိုင္တြက္ပါၿပီ။ ဆံပင္ဆိုတာ တိုခ်င္တဲ့အခ်ိန္ ထတိုလို႔ရေပမဲ့ ရွည္ခ်င္ေစတိုင္း ရွည္မလာတတ္တဲ့အမ်ိဳးရွင့္။

Related Article >>> ဘယ္လို အခ်ိန္မ်ိဳးေတြမွာ ဆံပင္တို ညွပ္သင့္လဲ?

၂။ ပံုစံေျပာင္းဖို႔မလြယ္

ဆံပင္ညွပ္တုန္းကေတာ့ အေကာင္း၊ တစ္ေယာက္ေယာက္မ်ား က်စ္ဆံၿမီးေလးနဲ႔ လွေနတာမေတြ႔လိုက္နဲ႔။ ျမက္ေပါက္ေလာက္ရွိတဲ့ ဆံပင္ကို ရွည္ေစခ်င္လာတာက ႏွစ္ေယာက္မရွိ။ ဒီ့အျပင္ သူမ်ားေတြ ေကာက္လိုက္၊ ေျဖာင့္လိုက္၊ ပံုသြင္းလိုက္နဲ႔ ဆံပင္စတိုင္မ်ိဳးစံုေျပာင္းပစ္ေနတဲ့အခ်ိန္ကိုယ့္မွာ ဒီေကနဲ႔ငုတ္တုတ္ေနရုံမွတစ္ပါး…

၃။ ေဝဖန္ခံရ

အထူးသျဖင့္ ရွိတ္ေဖာ္တဲ့ပံုစံမ်ိဳး ေကေဟာ့ေဟာ့ေလး ညွပ္ထားရင္ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္၊ ကိုယ့္ဆံပင္နဲ႔ကိုယ္ ညွပ္ထားလည္း ေဝဖန္ခံရမွာပါ။ ႀကိဳက္တဲ့သူကေတာ့ “လံုးဝအလန္း” လို႔ေျပာမွာျဖစ္ေပမဲ့ မႀကိဳက္တဲ့ အမ်ိဳးအသိုင္းအဝိုင္းၾကားက လူႀကီးေတြကေတာ့  လူမိုက္တစ္ေယာက္လို ေဝဖန္ဆံုးမေတာ့မွာမို႔လို႔ နားပူခံရေတာ့မွာပါ ေယာင္းတုိ႔ေရ..

၄။ ကေလးလို႔ အထင္ခံရလြန္းျခင္း။

လူခ်စ္လူခင္ေပါမ်ားတဲ့ အရပ္ပိုင္ဆိုင္ထားတဲ့ ေယာင္းေတြကေတာ့ ဆံတိုနဲ႔ဆို ရွိရင္းထက္ပိုႏုသြားတတ္ပါတယ္။ ေကာင္းတာေပါ့ ဆိုျပန္ေတာ့လည္း သူစိမ္းေတြကိုယ့္ကို ကေလးတစ္ေယာက္လို ေခၚေဝၚဆက္ဆံေတာ့ နည္းနည္းေတာ့စိတ္အေႏွာင့္အယွက္ျဖစ္ရသား။

Related Article >>> ဆံပင္ရွည္တဲ့ မိန္းကေလးေတြသာ သိႏိုင္မယ့္ အခက္အခဲ(၈)မ်ိဳး

၅။ အေအးဒဏ္ကို မတုႏုိင္ျခင္း။

ေဆာင္းတြင္းလိုရာသီဥတုေအးတဲ့အခါ ဆံရွည္ေယာင္းေတြ ဆံပင္ခ်ၿပီး လည္ဂုတ္ကို အေႏြးေပးေနႏိုင္ခ်ိန္ မာဖလာနဲ႔ႏွစ္ပါးသြားေနရတာက ဆံတုိေယာင္းေတြပါ။

အက္ဒမင္ၾကံဳခဲ့ဖူးတဲ့ ျပသာနာေတြေျပာၿပီးၿပီဆိုေတာ့ ေယာင္းတုိ႔လည္း ဆံတိုဂုတ္ဝဲေလး ျဖစ္ခဲ့တုန္းက ၾကံဳေတြခဲ့ရတဲ့ တျခားအခက္အခဲေလးေတြကို မန္႔ထဲမွာမွ်ေဝခဲ့ေပးဦးေနာ္။

Christina (For Her Myanmar)

<<< Unicode >>>

ဆံပင်ညှပ်ချင်တာ ယောင်းအပြစ်မဟုတ်ပေမဲ့ ဆံတိုယောင်းလေးတွေမှာ ဒီလို ပြဿနာတွေရှိတတ်တာ မသိသေးရင်တော့ ယောင်းအပြစ်ဖြစ်သွားပါပြီ။ 

အခုလိုအိုက်တဲ့ရာသီဥတုမှာ ခေါင်းတုံးတုံးပစ်ချင်စိတ်ပေါက်နေတာ အက်ဒမင်တစ်ယောက်တည်းလား 😀 ဘယ်လောက်ပဲအရှည်ထားထား တစ်ချိန်ချိန်တော့ညှပ်ချင်စိတ် တထောင်းထောင်းပေါက်လာတာ မိန်းကလေးဆိုတဲ့အမျိုးပါ။ အဲ.. ညှပ်ပြီးရင်လည်း ဆံပင်ရှည်လေးတွေကို တသသဖြစ်တတ်ကြတာကလည်း ကိုယ်တွေပါပဲ။ ကဲ.. ဒီတော့ ဆံပင်အတို ညှပ်ပြီးရင် ဘယ်လို ပြဿနာမျိုးတွေ ကြုံရတတ်လဲ တူတူကြည့်ရအောင်..

၁။ ရှည်ချင်တိုင်း မရှည်

တစ်နာရီကို အခါ(၆၀)လောက် စိတ်ပြောင်းတတ်တဲ့ ယောင်းယောင်းတို့ ဆံပင်တိုချင်တုန်းကတိုပြီး တိုသွားပြန်တော့လည်း ပြန်ရှည်လာဖို့ ရက်ထိုင်တွက်ပါပြီ။ ဆံပင်ဆိုတာ တိုချင်တဲ့အချိန် ထတိုလို့ရပေမဲ့ ရှည်ချင်စေတိုင်း ရှည်မလာတတ်တဲ့အမျိုးရှင့်။

Related Article >>> ဘယ်လို အချိန်မျိုးတွေမှာ ဆံပင်တို ညှပ်သင့်လဲ?

၂။ ပုံစံပြောင်းဖို့မလွယ်

ဆံပင်ညှပ်တုန်းကတော့ အကောင်း၊ တစ်ယောက်ယောက်များ ကျစ်ဆံမြီးလေးနဲ့ လှနေတာမတွေ့လိုက်နဲ့။ မြက်ပေါက်လောက်ရှိတဲ့ ဆံပင်ကို ရှည်စေချင်လာတာက နှစ်ယောက်မရှိ။ ဒီ့အပြင် သူများတွေ ကောက်လိုက်၊ ဖြောင့်လိုက်၊ ပုံသွင်းလိုက်နဲ့ ဆံပင်စတိုင်မျိုးစုံပြောင်းပစ်နေတဲ့အချိန်ကိုယ့်မှာ ဒီကေနဲ့ငုတ်တုတ်နေရုံမှတစ်ပါး…

၃။ ဝေဖန်ခံရ

အထူးသဖြင့် ရှိတ်ဖော်တဲ့ပုံစံမျိုး ကေဟော့ဟော့လေး ညှပ်ထားရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ကိုယ့်ဆံပင်နဲ့ကိုယ် ညှပ်ထားလည်း ဝေဖန်ခံရမှာပါ။ ကြိုက်တဲ့သူကတော့ “လုံးဝအလန်း” လို့ပြောမှာဖြစ်ပေမဲ့ မကြိုက်တဲ့ အမျိုးအသိုင်းအဝိုင်းကြားက လူကြီးတွေကတော့  လူမိုက်တစ်ယောက်လို ဝေဖန်ဆုံးမတော့မှာမို့လို့ နားပူခံရတော့မှာပါ ယောင်းတို့ရေ..

၄။ ကလေးလို့ အထင်ခံရလွန်းခြင်း။

လူချစ်လူခင်ပေါများတဲ့ အရပ်ပိုင်ဆိုင်ထားတဲ့ ယောင်းတွေကတော့ ဆံတိုနဲ့ဆို ရှိရင်းထက်ပိုနုသွားတတ်ပါတယ်။ ကောင်းတာပေါ့ ဆိုပြန်တော့လည်း သူစိမ်းတွေကိုယ့်ကို ကလေးတစ်ယောက်လို ခေါ်ဝေါ်ဆက်ဆံတော့ နည်းနည်းတော့စိတ်အနှောင့်အယှက်ဖြစ်ရသား။

Related Article >>> ဆံပင်ရှည်တဲ့ မိန်းကလေးတွေသာ သိနိုင်မယ့် အခက်အခဲ(၈)မျိုး

၅။ အအေးဒဏ်ကို မတုနိုင်ခြင်း။

ဆောင်းတွင်းလိုရာသီဥတုအေးတဲ့အခါ ဆံရှည်ယောင်းတွေ ဆံပင်ချပြီး လည်ဂုတ်ကို အနွေးပေးနေနိုင်ချိန် မာဖလာနဲ့နှစ်ပါးသွားနေရတာက ဆံတိုယောင်းတွေပါ။

အက်ဒမင်ကြုံခဲ့ဖူးတဲ့ ပြသာနာတွေပြောပြီးပြီဆိုတော့ ယောင်းတို့လည်း ဆံတိုဂုတ်ဝဲလေး ဖြစ်ခဲ့တုန်းက ကြုံတွေခဲ့ရတဲ့ တခြားအခက်အခဲလေးတွေကို မန့်ထဲမှာမျှဝေခဲ့ပေးဦးနော်။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *