ဘယ်ရာသီခွင်တွေက အားကစားလုပ်ရမှာ အပျင်းဆုံးဖြစ်မလဲ
အယ်… Libra  တဲ့! ပေါ်ကုန်ပြီ အပျင်းတစ်တာတွေ :3 
Related article>>> ရာသီခွင်အလိုက် ယောင်းရဲ့စိတ်နေစိတ်ထားကို ကိုယ်စားပြုတဲ့ Spirit Animal တွေ
TAURUS (April 20 – May 20)
GEMINI (May 21 – June 20)
Related article>>> ကံစမ်းမဲကံ ပိုကောင်းလာစေမယ့် အဆောင်လေးများ
CAPRICORN (December 22 – January 19)
<<<Unicode>>>
အယ်… Libra  တဲ့! ပေါ်ကုန်ပြီ အပျင်းတစ်တာတွေ :3
ဒီရာသီခွင်လေးတွေကတော့ အားကစားလုပ်ဖို့မပြောနဲ့…   ရေသောက်ဖို့ ထမင်းစားဖို့တောင် ပျင်းနေတတ်တဲ့ အော်ရယ်ဂျင်နယ် အပျင်းရောဂါသည်လေးတွေပါ။ သူတို့ဝါသနာပါတာတွေကိုတော့ အာရုံစူးစိုက်ပြီး လုပ်တတ်ကြပါတယ်တဲ့လေ။
PISCES (February 19 – March 20)
မိန်ရာသီဖွားလေးတွေက အပျင်းတကအပျင်းတို့ရဲ့ဘုရင်လေးတွေဖြစ်ပါတယ်။ Pisces လေးတွေကသူတို့ရဲ့အချိန်တွေကို တစ်ခုခုဖန်တီးတာပဲဖြစ်ဖြစ် အိပ်နေတာပဲဖြစ်ဖြစ်လုပ်နေတတ်ကြတယ်။ သူတို့တွေမှာတော့  GYM အဝတ်အစားအများကြီးမရှိတတ်ကြပါဘူး။ လမ်းလေးလျှောက်တာကိုပဲပင်ပန်းကြီးတဲ့ လေ့ကျင့်ခန်းကြီးလုပ်ရသလိုထင်နေကြတာဆိုတော့ GYM အဝတ်အစားအများကြီး မရှိတာလည်း မဆန်းကြယ်ပါဘူးလေ
LIBRA (September 23 – October 22)
တူရာသီဖွားလေးတွေက ပုံမှန်ထက်ပိုတွေဝေလေ့ရှိကြပါတယ်။သူတို့တွေက လေ့ကျင့်ခန်းလုပ်ဖို့ပြောထားပေမဲ့လည်းအမြဲတမ်းအလုပ်ရှုပ်နေတတ်ကြတယ်။သူတို့တွေကလုပ်ပြီဆိုလဲ အကောင်းဆုံးကိုလုပ်ဆောင်တတ်ကြပါတယ်။သူတို့တွေက တစ်ယောက်တည်းနေရတာ မကြိုက်တဲ့အတွက် Gym သွားရင်တောင် အဖော်မပါရင်မသွားချင်ကြဘူးရယ်။ အဲ့တော့ တော်ရုံတန်ရုံသွားဖို့ပျင်းနေတတ်တာနဲ့ပဲ Gym မသွားဖြစ်တော့ဘူး။
Related article>>>ရာသီခွင်အလိုက် ယောင်းရဲ့စိတ်နေစိတ်ထားကို ကိုယ်စားပြုတဲ့ Spirit Animal တွေ
 TAURUS (April 20 – May 20)
ပြိသရာသီဖွားတစ်ချို့ကတော့ ခေါင်းမာပြီးမာနကြီးလေ့ရှိကြတယ်။ တစ်ချို့ကလည်း လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကိုနှစ်သက်တဲ့သူတွေဖြစ်ပေမယ့် ချွေးထွက်တာကိုတော့ မကြိုက်ကြပါဘူး။သူတို့လေးတွေက  စားဖို့အတွက်ဆိုရင်တော့ အမြဲတက်ကြွနေတတ်ပြီး သူတို့စိတ်တိုရင်တော့ အတော်လေး ကြောက်ဖို့ကောင်းပါတယ်။ သူတို့ရဲ့အချိန်တွေကို အဝတ်အစားဝတ်ဖို့ပဲအသုံးချတတ်ပြီး အားကစားလုပ်ဖို့တော့ အချိန်မပေးကြဘူးရယ်။ Shopping ထွက်ဖို့ဆိုရင်တော့ ဘယ်လောက်ဝေးဝေး လမ်းလျှောက်နိုင်ကြတဲ့ ရှော့ပါဟောလစ်လေးတွေပါ။
GEMINI (May 21 – June 20)
မေထုန်ရာသီဖွားလေးတွေကတော့စကားများတယ်လို့ပြောရမလား လူတစ်ဖက်သားကိုစကားကိုပြောခွင့်ကိုမပေးကြဘူး။သူတို့လေးတွေက အလွယ်တကူဆုံးဖြတ်တတ်ကြပြီးကောင်းမယ်ထင်ရင် သေချာမစဉ်းစားဘဲ လုပ်တတ်ကြပါသေးတယ်။ သူတို့တွေကအေးမြပြီးဝတ်လို့ကောင်းတဲ့ Gym ဝတ်စုံတွေကိုဝယ်၊Gym ကိုသွား Gym နည်းပြငှား တာနဲ့ပဲ လေ့ကျင့်ခန်းလုပ်ပြီးနေသလိုပဲ။ တစ်ကယ်တမ်းကျတော့ လေ့ကျင့်ခန်းတစ်ခုစလုပ်ပြီဆိုတာနဲ့ စပျင်းတော့တာပဲ။ရေသွားယူသောက်တာတို့၊လှေကားဆင်းတာတို့ လုပ်တာကိုလေ့ကျင့်ခန်းအပြင်းအထန်လုပ်သလို ထင်နေတတ်ကြတယ်လေ။
Related article>>>ကံစမ်းမဲကံ ပိုကောင်းလာစေမယ့် အဆောင်လေးများ
CAPRICORN (December 22 – January 19)
မကာရရာသီဖွားတွေကအေးတိအေးစက်ဆက်ဆံတတ်ကြပါတယ်။Gym သွားဖို့အတွက်လဲကြောက်နေတတ်ပြန်ပါတယ်။ ဘာလို့လဲဆိုတော့လူတွေနဲ့စကားပြောဖို့ကြောက်နေတတ်ကြလို့ပါ။ ဘာလေ့ကျင့်ခန်းက သူတို့အတွက်အဆင်ပြေလဲမသိကြဘူး။လေ့ကျင့်ခန်းလုပ်ဖို့ကိုငြီးငွေ့စရာကောင်းတဲ့အလုပ်လို့ပဲ ထင်နေကြတယ်။သူတို့လေးတွေက မာဆယ်ထွက်တဲ့လေ့ကျင့်ခန်းတွေတော့စိတ်ဝင်စားကြတယ်။
အားကစားလုပ်ရမှာပျင်းတဲ့ရာသီခွင်တွေကိုသိပြီးပြီဆိုတော့ ယောင်းလေးတို့ သူငယ်ချင်းတွေအတွက်ပါကြည့်ပေးဖို့ မမေ့ပါနဲ့နော်။
Phyu Thant(For Her Myanmar)
Reference>>>>    Yourtango , Mom.me
No Comments Yet
Comments are closed