FUN

မိန္းကေလးတိုင္း ေျပးမလြတ္ေသာ ခ်င္း (ဂ်င္း) – ၅ မ်ိဳး

သိသိႀကီးနဲ႔ အမိခံေသာ… 😀 :’D 

<<< Zawgyi >>>

ခ်င္း(ဂ်င္း)ထည့္ခံရတဲ့ ခံစားခ်က္က ခရပ္ရွ္ ဂန္႔သြားတာထက္ ပိုဆုိးမယ္။ ေခတ္ကာလကလည္း ကိုယ္က်ိဳးတစ္ခုတည္း ဦးစားေပးတဲ့ ေခတ္ဆိုေတာ့ ခ်င္း(ဂ်င္း)ေတြက အေတာင့္လိုက္ အဆစ္လိုက္ ထည့္ခံရေတာ့တာပဲ။ ခ်င္း(ဂ်င္း)တကာ့ ခ်င္း(ဂ်င္း)ေတြထဲကမွ ေယာင္းတို႔ အက္ဒမင္တို႔ မိန္းကေလးေတြ ေျပးမလြတ္တဲ့ ခ်င္း(ဂ်င္း) ၅ မ်ိဳးကေတာ့…

၁။ အခ်စ္ခ်င္း

အခ်စ္ခ်င္းကေတာ့ ခ်င္းေတြထဲမွာမွ အခ်ိဳဆံုးခ်င္းပါ။ ကိုယ့္ခ်စ္သူျဖစ္ျဖစ္၊ ခရပ္ရွ္ျဖစ္ျဖစ္ ခ်င္းထည့္လာတဲ့အခါ မ်က္လံုးစံုမွိတ္ၿပီး စားမိတဲ့ အခိုက္အတန္႔လည္း ရွိၾကမွာပါ။ “ကိုယ္ခ်စ္တာ မင္းတစ္ေယာက္တည္းပါ”၊ “မင္းကလြဲရင္ ဘယ္သူ႔ကိုမွမခ်စ္တတ္ေတာ့ဘူး” စတာေတြက အထင္ရွားဆံုး အခ်စ္ခ်င္းေတြေပါ့..

၂။ ဒစ္စေကာင့္ခ်င္း

ေရွာ႔ပင္းထြက္လို႔ ဒစ္စေကာင့္ဆိုတာႀကီး မျမင္လိုက္နဲ႔ တန္းငမ္းေတာ့တာပဲ။ ဘာေၾကာင့္ဒစ္စေကာင့္ခ်လဲ၊ ပစၥည္းသန္႔လား၊ မသန္႔လား ဒါေတြ ဘာမွအေရးမႀကီးပါဘူး။ ခ်င္းမိေတာ့လည္း ဒစ္စေကာင့္ရတဲ့ ခ်င္းပဲ။ သိပ္မပဲ့သြားဘူးေလ..

Related Article >>> ေယာက္်ားေလးေတြ ေျပာေလ့ရွိတဲ့ ဂ်င္းစကားႀကီး (၅)ခြန္း

၃။ ရီဗ်ဴးခ်င္း

ကေလးကအစ ေခြးအဆံုး ရီဗ်ဴးေရးတဲ့ ေခတ္ဆိုေတာ့ ရီဗ်ဴးေတြက သိပ္ေပါ။ အဆိုးဆံုးက အစားအေသာက္ရီဗ်ဴးေပါ့။ ဘယ္ဆုိင္က ဘယ္လို စားေကာင္းတာ၊ ကဏန္းက ဆင္ေလာက္ႀကီးတာေတြေရာ၊ ေဟာ့ေပါ့က ဇလားနဲ႔ခ်တာေတြေရာ အစံုပါပဲ။ ယံုခ်င္စရာမေကာင္းေတာင္ တစ္ခါေလာက္ယံုၿပီး ခ်င္းထည့္ခံလိုက္ရမွ ကိုယ္ေတြက အစာေၾကတာ။

၄။ ေမေမေကၽြးေသာခ်င္း

သူစိမ္းေတြပဲ ခ်င္္းထည့္တာ မဟုတ္ဘူးေနာ္။ မာတာမိခင္ေတြကလည္း ခ်င္းထည့္တဲ့ ေနရာမွာ ဆရာတစ္ဆူပါ။ ဥပမာေျပာရရင္ အမဲသားမႀကိဳက္တဲ့ အက္ဒမင့္ကို အမဲသားတံုးႀကီးကို ဆိတ္သားလို႔ လိမ္ေကၽြးတာမ်ိဳး။ ကိုယ္ေတြကလည္း မစားရွာပါဘူး။ ရွလြတ္ခနဲပဲ။ တျခားခ်င္းေတြရွိေသးတယ္။ သီတင္းကၽြတ္ကန္ေတာ့လုိ႔ ရလာတဲ့ ပိုက္ဆံေတြကို သိမ္းေပးမယ္ေျပာၿပီး ဂါထာနဲ႔ေဖ်ာက္လိုက္တာ ဘာညာေပါ့။

Related Article >>> မုန္းဖို႔ေကာင္းေသာ ဧည့္သည္(၇)မ်ိဳး

၅။ အြန္လိုင္းေရွာ႔ပင္းခ်င္း

အက္ဒမင္ႀကိဳက္တဲ့ ခ်င္းပါ။ ဘယ္ႏွစ္ခါပဲ ခ်င္းထည့္ခံရခံရ အမွတ္သည္းေခ်မရွိဘဲ မွာလို႔ ေကာင္းတုန္းပါပဲ။ အခုလည္း ဖိနပ္တစ္ရံ၊ အိတ္တစ္အိတ္ မွာထားေသးတယ္။ ဖက္တင္းလို႔ေျပာသြားေပးၾကပါ T.T

ကဲ..ကဲ..ခ်င္းေတြအေၾကာင္းေျပာရင္ ဒီေန႔အဖို႔ ၿပီးမွာမဟုတ္ဘူး။ ေယာင္းတို႔လည္း အဲဒီခ်င္းေတြကို….သတိထားပါလို႔ မေျပာေတာ့ဘူး။ အက္ဒမင္နဲ႔ အတူတူ ခ်င္းေတာထဲ ေပ်ာ္ေပ်ာ္ႀကီး တုိးဝင္ၾကမယ္ေနာ္ ေယာင္းတို႔။

Christina (For Her Myanmar)

<<< Unicode >>>

သိသိကြီးနဲ့ အမိခံသော… 😀 :’D 

ချင်း(ဂျင်း)ထည့်ခံရတဲ့ ခံစားချက်က ခရပ်ရှ် ဂန့်သွားတာထက် ပိုဆိုးမယ်။ ခေတ်ကာလကလည်း ကိုယ်ကျိုးတစ်ခုတည်း ဦးစားပေးတဲ့ ခေတ်ဆိုတော့ ချင်း(ဂျင်း)တွေက အတောင့်လိုက် အဆစ်လိုက် ထည့်ခံရတော့တာပဲ။ ချင်း(ဂျင်း)တကာ့ ချင်း(ဂျင်း)တွေထဲကမှ ယောင်းတို့ အက်ဒမင်တို့ မိန်းကလေးတွေ ပြေးမလွတ်တဲ့ ချင်း(ဂျင်း) ၅ မျိုးကတော့…

၁။ အချစ်ချင်း

အချစ်ချင်းကတော့ ချင်းတွေထဲမှာမှ အချိုဆုံးချင်းပါ။ ကိုယ့်ချစ်သူဖြစ်ဖြစ်၊ ခရပ်ရှ်ဖြစ်ဖြစ် ချင်းထည့်လာတဲ့အခါ မျက်လုံးစုံမှိတ်ပြီး စားမိတဲ့ အခိုက်အတန့်လည်း ရှိကြမှာပါ။ “ကိုယ်ချစ်တာ မင်းတစ်ယောက်တည်းပါ”၊ “မင်းကလွဲရင် ဘယ်သူ့ကိုမှမချစ်တတ်တော့ဘူး” စတာတွေက အထင်ရှားဆုံး အချစ်ချင်းတွေပေါ့..

၂။ ဒစ်စကောင့်ချင်း

ရှော့ပင်းထွက်လို့ ဒစ်စကောင့်ဆိုတာကြီး မမြင်လိုက်နဲ့ တန်းငမ်းတော့တာပဲ။ ဘာကြောင့်ဒစ်စကောင့်ချလဲ၊ ပစ္စည်းသန့်လား၊ မသန့်လား ဒါတွေ ဘာမှအရေးမကြီးပါဘူး။ ချင်းမိတော့လည်း ဒစ်စကောင့်ရတဲ့ ချင်းပဲ။ သိပ်မပဲ့သွားဘူးလေ..

Related Article >>> ယောက်ျားလေးတွေ ပြောလေ့ရှိတဲ့ ဂျင်းစကားကြီး (၅)ခွန်း

၃။ ရီဗျူးချင်း

ကလေးကအစ ခွေးအဆုံး ရီဗျူးရေးတဲ့ ခေတ်ဆိုတော့ ရီဗျူးတွေက သိပ်ပေါ။ အဆိုးဆုံးက အစားအသောက်ရီဗျူးပေါ့။ ဘယ်ဆိုင်က ဘယ်လို စားကောင်းတာ၊ ကဏန်းက ဆင်လောက်ကြီးတာတွေရော၊ ဟော့ပေါ့က ဇလားနဲ့ချတာတွေရော အစုံပါပဲ။ ယုံချင်စရာမကောင်းတောင် တစ်ခါလောက်ယုံပြီး ချင်းထည့်ခံလိုက်ရမှ ကိုယ်တွေက အစာကြေတာ။

၄။ မေမေကျွေးသောချင်း

သူစိမ်းတွေပဲ ချင်းထည့်တာ မဟုတ်ဘူးနော်။ မာတာမိခင်တွေကလည်း ချင်းထည့်တဲ့ နေရာမှာ ဆရာတစ်ဆူပါ။ ဥပမာပြောရရင် အမဲသားမကြိုက်တဲ့ အက်ဒမင့်ကို အမဲသားတုံးကြီးကို ဆိတ်သားလို့ လိမ်ကျွေးတာမျိုး။ ကိုယ်တွေကလည်း မစားရှာပါဘူး။ ရှလွတ်ခနဲပဲ။ တခြားချင်းတွေရှိသေးတယ်။ သီတင်းကျွတ်ကန်တော့လို့ ရလာတဲ့ ပိုက်ဆံတွေကို သိမ်းပေးမယ်ပြောပြီး ဂါထာနဲ့ဖျောက်လိုက်တာ ဘာညာပေါ့။

Related Article >>> မုန်းဖို့ကောင်းသော ဧည့်သည်(၇)မျိုး

၅။ အွန်လိုင်းရှော့ပင်းချင်း

အက်ဒမင်ကြိုက်တဲ့ ချင်းပါ။ ဘယ်နှစ်ခါပဲ ချင်းထည့်ခံရခံရ အမှတ်သည်းချေမရှိဘဲ မှာလို့ ကောင်းတုန်းပါပဲ။ အခုလည်း ဖိနပ်တစ်ရံ၊ အိတ်တစ်အိတ် မှာထားသေးတယ်။ ဖက်တင်းလို့ပြောသွားပေးကြပါ T.T

ကဲ..ကဲ..ချင်းတွေအကြောင်းပြောရင် ဒီနေ့အဖို့ ပြီးမှာမဟုတ်ဘူး။ ယောင်းတို့လည်း အဲဒီချင်းတွေကို….သတိထားပါလို့ မပြောတော့ဘူး။ အက်ဒမင်နဲ့ အတူတူ ချင်းတောထဲ ပျော်ပျော်ကြီး တိုးဝင်ကြမယ်နော် ယောင်းတို့။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *