FUN Relationships

ဗယ္လင္တုိင္းေဒးတြင္ ေခ်ာကလက္ ငတ္ရျခင္း၏ ေကာင္းက်ိဳး(၅)ခ်က္

မသိေသးရင္ လာဖတ္သြားဦး ဟြင္းဟြင္း…

ဗယ္လင္တုိင္းေဒး ဆိုတာနဲ႔ ေခ်ာကလက္ခ်ည္း ျမင္ေနၾကတာ ဘာသေဘာလဲေတာ့ မသိဘူး။🤔 ဒီၾကားထဲ ကိုယ့္အလုပ္နဲ႔ ကုိယ္ ေအးေဆးေနေနတဲ့ FA ေတြကို ခလုတ္လာတုိက္ၾကေသး။ ေခ်ာကလက္ ဝယ္ေကၽြးမယ့္သူ မရွိဘူးဆိုၿပီး… အဲဒီေတာ့ ဘာျဖစ္လဲ။ ဘာမွမျဖစ္ဘူး။ 🤪 ဗယ္လင္တိုင္းေဒးမွာ ေခ်ာကလက္မစားရင္ ဒီလုိအက်ိဳးေက်းဇူးေတြေတာင္ ရဦးမယ္။ မသိရင္ ဖတ္လိုက္ဦး။ 😉

၁။ ေခ်ာင္းမဆိုးျခင္း။

ေခ်ာကလက္အစစ္၊ ေခ်ာကလက္အေကာင္းစား ဒီေလာက္ေဈးႀကီးတာကို လူတုိင္းက ဘယ္ေကၽြးႏုိင္ပါ့မလဲ။ အဲဒီေတာ့ ေခ်ာကလက္အေပါစားေတြနဲ႔ စပရုိက္တိုက္ ဂ်င္းထည့္၊ အဲ့ဒါကိုစားေတာ့ ေခ်ာင္းဆိုးမွာေပါ့။ FA ေတြကေတာ့ ဒီလုိျပႆနာေတြဘယ္ျဖစ္ပါ့မလဲ။ ဟင္းဟင္း။ 😊

၂။ စမတ္က်ျခင္း။

ေခ်ာကလက္ႀကီးေတြ ဓာတ္ပံုရုိက္တင္ၿပီး ေပၚပင္လုပ္ျခင္းက သင့္ကို စမတ္မက်ေစပါဘူူးေနာ္.. :3 မ်က္စိေနာက္ လူအျမင္ကတ္တဲ့အလုပ္ကို မလုပ္ရတာ ဘယ္ေလာက္ေတာင္ စမတ္က်သလဲ။ 😎

Related Article >>> ခ်စ္သူမ်ားေန႔မွာ စင္ဂယ္လ္ ျဖစ္ေနရျခင္းရဲ႕ အားသာခ်က္မ်ား

၃။အစားအစာ အလဟႆျဖဳန္းတီးရာမေရာက္ျခင္း။

ဘဲၾကည္ေစာ္ေတြ၊ ေစာ္ၾကည္ဘဲေတြျဖစ္ရတာ တကယ္ေတာ့ မေကာင္းပါဘူး။ စဥ္းစားၾကည့္ေလ။ ေခ်ာကလက္ေတြ ပိုးစိုးပက္စက္ရၿပီး ဘယ္ေလာက္စားႏုိင္မတုန္း။ မစားႏုိင္ဘဲ ပစ္လုိက္ရင္ အလဟႆျဖဳန္းတီးရာေရာက္တာေပါ့။ ကိုယ္ေတြဆို အဲဒီလို သဘာဝႀကီးကိုလည္း ဒုကၡမေပးဘူး… အစားအစာေတြကိုလည္း မျဖဳန္းတီးဘူး 😛

၄။ အဆီမတက္ျခင္း။

ေခ်ာကလက္ တစ္ကိုက္အတြက္နဲ႔ အဆီပိုေတြကို အားမေပးသင့္ပါဘူး ေယာင္းေရ။ ေခ်ာကလက္ ငတ္ျခင္းသည္ ဗစ္တိုးရီးယားစီးကြက္ ေမာ္ဒယ္တစ္ေယာက္လို လွပလာေစမည္ … အယ္လယ္.. 😊

၅။ ထူးျခားတယ္လို႔ ခံစားရျခင္း။

ေယာင္းတုိ႔ေရာ မခံစားရဘူးလား။ ႏို႔နံ႔မစင္ေသးတဲ့ကေလးေတြေတာင္ ေခ်ာကလက္ေတြရၾက၊ စားၾက၊ ႂကြားၾကနဲ႔ ကိုယ္ေတြလို တည္ၿငိမ္ေနတဲ့ FAေလးေတြ ေခ်ာကလက္ငတ္ရတာ ဘယ္ေလာက္ေတာင္ ထူးျခားတယ္မွတ္သလဲ။ ဂလု(ဂ်ဲလမက္မ်ိဳသံ 😛 )..

ကဲ..ေခ်ာကလက္ငတ္ရျခင္းရဲ႕အက်ိဳးေက်းဇူးေတြ သိၿပီဆိုေတာ့ ေယာင္းကို တစ္ေယာက္ေယာက္ကမ်ား ကဲ့ရဲ႕ၿပီး ဟားလာတိုက္ရင္ တစ္လံုးတည္းေျပာလိုက္ပါ။ “ေခ်ာကလက္မစားဖူးမွန္းသိပ္သိသာတာပဲ” လို႔ေလ…

ေခ်မိုးႏိုင္ၾကပါေစ ေယာင္းတို႔ေရ…

Christina ( For Her Myanmar )

<<< Unicode >>>

မသိသေးရင် လာဖတ်သွားဦး ဟွင်းဟွင်း…

ဗယ်လင်တိုင်းဒေး ဆိုတာနဲ့ ချောကလက်ချည်း မြင်နေကြတာ ဘာသဘောလဲတော့ မသိဘူး။🤔 ဒီကြားထဲ ကိုယ့်အလုပ်နဲ့ ကိုယ် အေးဆေးနေနေတဲ့ FA တွေကို ခလုတ်လာတိုက်ကြသေး။ ချောကလက် ဝယ်ကျွေးမယ့်သူ မရှိဘူးဆိုပြီး… အဲဒီတော့ ဘာဖြစ်လဲ။ ဘာမှမဖြစ်ဘူး။ 🤪 ဗယ်လင်တိုင်းဒေးမှာ ချောကလက်မစားရင် ဒီလိုအကျိုးကျေးဇူးတွေတောင် ရဦးမယ်။ မသိရင် ဖတ်လိုက်ဦး။ 😉

၁။ ချောင်းမဆိုးခြင်း။

ချောကလက်အစစ်၊ ချောကလက်အကောင်းစား ဒီလောက်ဈေးကြီးတာကို လူတိုင်းက ဘယ်ကျွေးနိုင်ပါ့မလဲ။ အဲဒီတော့ ချောကလက်အပေါစားတွေနဲ့ စပရိုက်တိုက် ဂျင်းထည့်၊ အဲ့ဒါကိုစားတော့ ချောင်းဆိုးမှာပေါ့။ FA တွေကတော့ ဒီလိုပြဿနာတွေဘယ်ဖြစ်ပါ့မလဲ။ ဟင်းဟင်း။ 😊

၂။ စမတ်ကျခြင်း။

ချောကလက်ကြီးတွေ ဓာတ်ပုံရိုက်တင်ပြီး ပေါ်ပင်လုပ်ခြင်းက သင့်ကို စမတ်မကျစေပါဘူူးနော်.. :3 မျက်စိနောက် လူအမြင်ကတ်တဲ့အလုပ်ကို မလုပ်ရတာ ဘယ်လောက်တောင် စမတ်ကျသလဲ။ 😎

Related Article >>> ချစ်သူများနေ့မှာ စင်ဂယ်လ် ဖြစ်နေရခြင်းရဲ့ အားသာချက်များ

၃။ အစားအစာ အလဟဿဖြုန်းတီးရာမရောက်ခြင်း။

ဘဲကြည်စော်တွေ၊ စော်ကြည်ဘဲတွေဖြစ်ရတာ တကယ်တော့ မကောင်းပါဘူး။ စဉ်းစားကြည့်လေ။ ချောကလက်တွေ ပိုးစိုးပက်စက်ရပြီး ဘယ်လောက်စားနိုင်မတုန်း။ မစားနိုင်ဘဲ ပစ်လိုက်ရင် အလဟဿဖြုန်းတီးရာရောက်တာပေါ့။ ကိုယ်တွေဆို အဲဒီလို သဘာဝကြီးကိုလည်း ဒုက္ခမပေးဘူး… အစားအစာတွေကိုလည်း မဖြုန်းတီးဘူး 😛

၄။ အဆီမတက်ခြင်း။

ချောကလက် တစ်ကိုက်အတွက်နဲ့ အဆီပိုတွေကို အားမပေးသင့်ပါဘူး ယောင်းရေ။ ချောကလက် ငတ်ခြင်းသည် ဗစ်တိုးရီးယားစီးကွက် မော်ဒယ်တစ်ယောက်လို လှပလာစေမည် … အယ်လယ်.. 😊

၅။ ထူးခြားတယ်လို့ ခံစားရခြင်း။

ယောင်းတို့ရော မခံစားရဘူးလား။ နို့နံ့မစင်သေးတဲ့ကလေးတွေတောင် ချောကလက်တွေရကြ၊ စားကြ၊ ကြွားကြနဲ့ ကိုယ်တွေလို တည်ငြိမ်နေတဲ့ FAလေးတွေ ချောကလက်ငတ်ရတာ ဘယ်လောက်တောင် ထူးခြားတယ်မှတ်သလဲ။ ဂလု(ဂျဲလမက်မျိုသံ 😛 )..

ကဲ..ချောကလက်ငတ်ရခြင်းရဲ့အကျိုးကျေးဇူးတွေ သိပြီဆိုတော့ ယောင်းကို တစ်ယောက်ယောက်ကများ ကဲ့ရဲ့ပြီး ဟားလာတိုက်ရင် တစ်လုံးတည်းပြောလိုက်ပါ။ “ချောကလက်မစားဖူးမှန်းသိပ်သိသာတာပဲ” လို့လေ…

ချေမိုးနိုင်ကြပါစေ ယောင်းတို့ရေ…

Christina ( For Her Myanmar )

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *