Friendship FUN Relationship Tips

ေက်ာင္းၿပီးသြားလည္း သူငယ္ခ်င္းေတြနဲ႔ အဆက္အသြယ္မျပတ္ေစတဲ့ နည္းလမ္း (၅) ခု

သူငယ္ခ်င္းေတြဆံုၾကမယ္ဆိုၿပီး ဂ်င္းမျဖစ္သြားရေလေအာင္

>>> Zawgyi >>>

ေယာင္းေရ…တကၠသိုလ္တက္ေနတုန္းက Stella တို႔သူငယ္ခ်င္းေတြ ေျပာခဲ့ၾကတဲ့စကားေလးတစ္ခြန္းရွိတယ္…”ငါတို႔ေက်ာင္းၿပီးရင္ေတာင္ အဆက္အသြယ္မျပတ္ၾကဘူးေနာ္”တဲ့။ တကယ္တမ္း ေက်ာင္းေတြၿပီးတဲ့အခါမွာ တာဝန္နဲ႔ဝတၱရားဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ႏွစ္ျမဳပ္ၿပီး သူငယ္ခ်င္းေတြမေတြ႕ျဖစ္ၾကေတာ့ဘူး။ ခ်ိန္းၾကရင္ေတာင္ မအားေသးလို႔ဆိုၿပီး ရက္ေတြေရႊ႕မိျပန္ေရာ။ ဒီလိုနဲ႔ မေတြ႔ျဖစ္တာေတြမ်ားလာတဲ့အခါ တျဖည္းျဖည္းနဲ႔ သူငယ္ခ်င္းေတြ ေဝးကြာသြားရတာပါပဲ…ဒါဆိုဒီလိုမျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲ ? Stella ကေတာ့ ဒီနည္းလမ္းေတြကို သံုးၾကည့္ပါလို႔ေျပာခ်င္ပါတယ္။

(၁) Group chat ေထာင္ပါ

အခုေခတ္မွာက ဘာလုပ္လုပ္ဖုန္းနဲ႔ပဲလုပ္ေနရတာမို႔ သူငယ္ခ်င္းေတြနဲ႔ အဆက္အသြယ္မျပတ္ခ်င္ဘူးဆိုရင္ သူတို႔ေန႔တိုင္းသံုးျဖစ္ေနတဲ့ မက္ဆင္ဂ်ာမွာ group chat ေထာင္လိုက္တာ အလြယ္ဆံုးျဖစ္မွာပါ။ သူငယ္ခ်င္းေတြခ်ည္းပဲရွိတဲ့ group chat မွာ အခ်င္းခ်င္းစၾကေနာက္ၾက ရင္ဖြင့္ၾကနဲ႔ဆို အဆက္အသြယ္ျပတ္ေတာ့မွာ မဟုတ္ပါဘူး။

Related article >>> သူငယ္ခ်င္းမ်ား ရည္းစားရၿပီးေနာက္ ျဖစ္သြားတတ္ေသာ အခ်ိဳး(၅)မ်ိဳး

(၂) ေမြးေန႔လုပ္ပါ

သူငယ္ခ်င္းဆံုျဖစ္ၾကတဲ့ပြဲဆို ေမြးေန႔လို႔ပဲေျပာရမယ္ထင္တယ္။ ဆိုင္တစ္ဆိုင္မွာ ေမြးေန႔လုပ္ၿပီး သူငယ္ခ်င္းေတြကို ဖိတ္လိုက္ရင္ ဆံုျဖစ္ၾကမွာပါပဲ။ အဖြဲ႔ထဲမွာ လူမ်ားေလေလ ေမြးေန႔ေတြမ်ားေလေလမို႔ တစ္ႏွစ္မွာ ခဏခဏဆံုျဖစ္ေနမွာပါ။

(၃) အုပ္စုလိုက္ခရီးထြက္ပါ

တစ္ႏွစ္မွာ တစ္ခါေလာက္ျဖစ္ျဖစ္ အုပ္စုလိုက္ခရီးထြက္ျဖစ္ေအာင္ ႀကိဳးစားၾကည့္ပါ။ ဒီႏွစ္ေတာ့ ငါတို႔ဘယ္သြားၾကမယ္ဆိုၿပီး ႀကိဳစီစဥ္ထားပါ။ ခရီးထြက္ရင္ ေရာက္တဲ့ေနရာတိုင္းမွာ အုပ္စုလိုက္ဓာတ္ပံုေတြ ရုိက္ပါ။ ဒါေတြက တစ္ခ်ိန္မွာ တစ္သသျပန္တမ္းတစရာ အမွတ္တရေတြ ျဖစ္လာပါလိမ့္မယ္။

Related article >>> ၂၀၁၉ မွာ သူငယ္ခ်င္းနဲ႔ အတူလုပ္သင့္ေသာ အရာမ်ား

(၄) အိမ္ကို သြားလည္ပါ

တကယ္လို႔ ကိုယ့္သူငယ္ခ်င္းက သူ႔ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ ခ်ိန္းထားတာကို ခဏခဏဖ်က္ေနရရင္ သူ႔အိမ္ကို သြားလည္လိုက္ပါ။ အိမ္မွာ ေကာ္ဖီျဖစ္ျဖစ္ေသာက္ၿပီး စကားစျမည္ေျပာတာက ပိုၿပီးေအးေအးေဆးေဆးရွိပါတယ္။ သူငယ္ခ်င္းက နယ္မွာေနတာဆိုလည္း နယ္ကို သူငယ္ခ်င္းအုပ္စုလိုက္ သြားလိုက္ပါ။

(၅) ညဘက္ေတြခ်ိန္းပါ

ေယာင္းသူငယ္ခ်င္းေတြက အလုပ္လုပ္ေနတဲ့သူမ်ားတယ္ဆိုရင္ေတာ့ တစ္ေနကုန္မအားလပ္ဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။ ဒါဆိုရင္ေတာ့ ညဘက္ေတြခ်ိန္းၿပီး သူငယ္ခ်င္းေတြ ဘားသြားထိုင္ပါ။ ေသာက္ရင္းစားရင္း စကားေျပာရတာေပ်ာ္စရာေကာင္းပါတယ္။ (သူငယ္ခ်င္းက မေသာက္တတ္ရင္လည္း သင္ေပးလိုက္ပါ။ အျမည္းထိုင္စားသူအလိုမရွိ)

Related article >>> ရည္းစားနဲ႔ သူငယ္ခ်င္းေတြကို တန္းတူအခ်ိန္ေပးႏိုင္ေအာင္…

ေယာင္းတို႔ေရ…သူငယ္ခ်င္းဆိုတာ ဘဝရဲ႕အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုပါ။ အကူအညီလိုရင္ ေရာက္ေလရာအရပ္က အေျပးအလႊားေရာက္လာၿပီး အကူအညီေပးတတ္တာ ဒီသူငယ္ခ်င္းေတြပါ။ ဒါေၾကာင့္ သူငယ္ခ်င္းေတြနဲ႔အဆက္မျပတ္ရေလေအာင္ ခ်ိန္းၾကတိုင္း တတ္ႏိုင္သမွ်သြားျဖစ္ေအာင္ သြားၾကပါေနာ္။

Stella (For Her Myanmar)

>>> Unicode >>>

သူငယ်ချင်းတွေဆုံကြမယ်ဆိုပြီး ဂျင်းမဖြစ်သွားရလေအောင်

ယောင်းရေ…တက္ကသိုလ်တက်နေတုန်းက Stella တို့သူငယ်ချင်းတွေ ပြောခဲ့ကြတဲ့စကားလေးတစ်ခွန်းရှိတယ်…”ငါတို့ကျောင်းပြီးရင်တောင် အဆက်အသွယ်မပြတ်ကြဘူးနော်”တဲ့။ တကယ်တမ်း ကျောင်းတွေပြီးတဲ့အခါမှာ တာဝန်နဲ့ဝတ္တရားဆိုတဲ့ခေါင်းစဉ်အောက်မှာ နှစ်မြုပ်ပြီး သူငယ်ချင်းတွေမတွေ့ဖြစ်ကြတော့ဘူး။ ချိန်းကြရင်တောင် မအားသေးလို့ဆိုပြီး ရက်တွေရွှေ့မိပြန်ရော။ ဒီလိုနဲ့ မတွေ့ဖြစ်တာတွေများလာတဲ့အခါ တဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေ ဝေးကွာသွားရတာပါပဲ…ဒါဆိုဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ? Stella ကတော့ ဒီနည်းလမ်းတွေကို သုံးကြည့်ပါလို့ပြောချင်ပါတယ်။

(၁) Group chat ထောင်ပါ

အခုခေတ်မှာက ဘာလုပ်လုပ်ဖုန်းနဲ့ပဲလုပ်နေရတာမို့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ချင်ဘူးဆိုရင် သူတို့နေ့တိုင်းသုံးဖြစ်နေတဲ့ မက်ဆင်ဂျာမှာ group chat ထောင်လိုက်တာ အလွယ်ဆုံးဖြစ်မှာပါ။ သူငယ်ချင်းတွေချည်းပဲရှိတဲ့ group chat မှာ အချင်းချင်းစကြနောက်ကြ ရင်ဖွင့်ကြနဲ့ဆို အဆက်အသွယ်ပြတ်တော့မှာ မဟုတ်ပါဘူး။

Related article >>> သူငယ်ချင်းများ ရည်းစားရပြီးနောက် ဖြစ်သွားတတ်သော အချိုး(၅)မျိုး

(၂) မွေးနေ့လုပ်ပါ

သူငယ်ချင်းဆုံဖြစ်ကြတဲ့ပွဲဆို မွေးနေ့လို့ပဲပြောရမယ်ထင်တယ်။ ဆိုင်တစ်ဆိုင်မှာ မွေးနေ့လုပ်ပြီး သူငယ်ချင်းတွေကို ဖိတ်လိုက်ရင် ဆုံဖြစ်ကြမှာပါပဲ။ အဖွဲ့ထဲမှာ လူများလေလေ မွေးနေ့တွေများလေလေမို့ တစ်နှစ်မှာ ခဏခဏဆုံဖြစ်နေမှာပါ။

(၃) အုပ်စုလိုက်ခရီးထွက်ပါ

တစ်နှစ်မှာ တစ်ခါလောက်ဖြစ်ဖြစ် အုပ်စုလိုက်ခရီးထွက်ဖြစ်အောင် ကြိုးစားကြည့်ပါ။ ဒီနှစ်တော့ ငါတို့ဘယ်သွားကြမယ်ဆိုပြီး ကြိုစီစဉ်ထားပါ။ ခရီးထွက်ရင် ရောက်တဲ့နေရာတိုင်းမှာ အုပ်စုလိုက်ဓာတ်ပုံတွေ ရိုက်ပါ။ ဒါတွေက တစ်ချိန်မှာ တစ်သသပြန်တမ်းတစရာ အမှတ်တရတွေ ဖြစ်လာပါလိမ့်မယ်။

Related article >>> ၂၀၁၉ မှာ သူငယ်ချင်းနဲ့ အတူလုပ်သင့်သော အရာများ

(၄) အိမ်ကို သွားလည်ပါ

တကယ်လို့ ကိုယ့်သူငယ်ချင်းက သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ချိန်းထားတာကို ခဏခဏဖျက်နေရရင် သူ့အိမ်ကို သွားလည်လိုက်ပါ။ အိမ်မှာ ကော်ဖီဖြစ်ဖြစ်သောက်ပြီး စကားစမြည်ပြောတာက ပိုပြီးအေးအေးဆေးဆေးရှိပါတယ်။ သူငယ်ချင်းက နယ်မှာနေတာဆိုလည်း နယ်ကို သူငယ်ချင်းအုပ်စုလိုက် သွားလိုက်ပါ။

(၅) ညဘက်တွေချိန်းပါ

ယောင်းသူငယ်ချင်းတွေက အလုပ်လုပ်နေတဲ့သူများတယ်ဆိုရင်တော့ တစ်နေကုန်မအားလပ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါဆိုရင်တော့ ညဘက်တွေချိန်းပြီး သူငယ်ချင်းတွေ ဘားသွားထိုင်ပါ။ သောက်ရင်းစားရင်း စကားပြောရတာပျော်စရာကောင်းပါတယ်။ (သူငယ်ချင်းက မသောက်တတ်ရင်လည်း သင်ပေးလိုက်ပါ။ အမြည်းထိုင်စားသူအလိုမရှိ)

Related article >>> ရည်းစားနဲ့ သူငယ်ချင်းတွေကို တန်းတူအချိန်ပေးနိုင်အောင်

ယောင်းတို့ရေ…သူငယ်ချင်းဆိုတာ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ အကူအညီလိုရင် ရောက်လေရာအရပ်က အပြေးအလွှားရောက်လာပြီး အကူအညီပေးတတ်တာ ဒီသူငယ်ချင်းတွေပါ။ ဒါကြောင့် သူငယ်ချင်းတွေနဲ့အဆက်မပြတ်ရလေအောင် ချိန်းကြတိုင်း တတ်နိုင်သမျှသွားဖြစ်အောင် သွားကြပါနော်။

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *