နားေထာင္လိုက္တာနဲ႔ ေယာင္းတို႔စိတ္ႏွလုံးကိုေအးခ်မ္းသြားေစမယ့္ သီခ်င္း(၄)ပုဒ္

စိတ္ညစ္ညဴးေနတဲ့အခ်ိန္ေတြကို အေဖာ္ျပဳေပးႏိုင္မယ့္ သီခ်င္းေလးေတြ

ေယာင္းတို႔ေရ … အပတ္စဥ္တိုင္း ေယာင္းတို႔အတြက္ Stella ေရြးေပးေနၾက song playlist ေလးအလွည့္ျပန္ေရာက္လာပါၿပီ။ စိတ္ပင္ပန္းၿပီး ဘယ္သူ႔ကိုမွစကားေျပာခ်င္စိတ္မရွိတဲ့အခါမ်ိဳးေတြတိုင္းမွာ နားၾကပ္ေကာက္တပ္ၿပီး သီခ်င္းနားေထာင္ၾကတယ္ ဟုတ္ ? ဒီတစ္ေခါက္မွာေတာ့ စိတ္ရႈပ္တဲ့အခ်ိန္မ်ိဳးေတြမွာ ေယာင္းရဲ႕စိတ္ကို ၾကည္လင္သြားေစမယ့္ သီခ်င္းေလးေတြကို Stella ေရြးေပးထားပါတယ္။ ဘာသီခ်င္းေလးေတြလဲ ဆိုေတာ့ …

(၁) Say You Won’t Let Go – James Arthur
ဒီသီခ်င္းေလးကေတာ့ ခပ္ေအးေအးသံစဥ္ေလးနဲ႔ဆိုေတာ့ ေယာင္းစိတ္ကို ေျဖေလ်ာ့ေပးမွာအေသအခ်ာပါပဲ။ အသက္ႀကီးၿပီး ဆံပင္ျဖဴသြားက်ိဳးတဲ့အထိ မင္းနဲ႔ပဲေနခ်င္ပါတယ္ဆိုတဲ့ “Say You Won’t Let Go” သီခ်င္းစာသားေလးေတြက မရွိတဲ့ခ်စ္သူကိုေတာင္ သတိရသလိုလိုေတြပါျဖစ္သြားမွာပါ။

[embedyt] https://www.youtube.com/watch?v=0yW7w8F2TVA[/embedyt]

Related article>>> ‘မသိဘူး ရိုမယ္’ ဆိုတဲ့ေယာင္းတို႔အတြက္ အရိုဆံုးရုပ္ရွင္ကား (၂) ကား

(၂) A Sky Full Of Stars – Coldplay

Coldplay ရဲ႕သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “A Sky Full Of Stars” ကို နားေထာင္မိတိုင္း တကယ္စိတ္ၿငိမ္သြားတာ ကိုယ္ေတြ႔ … ဒီသီခ်င္းေလးကို ေယာင္းတို႔နားေထာင္ၾကည့္ၿပီးၿပီလား ?

[embedyt] https://www.youtube.com/watch?v=VPRjCeoBqrI[/embedyt]

(၃) The Best Part – Daniel Caesar

“The Best Part” ကေတာ့ Daniel Caesar နဲ႔ H.E.R ရဲ႕အသံခ်ိဳခ်ိဳေအးေအးေလးေတြကို နားဆင္ခံစားႏိုင္မယ့္ သီခ်င္းေကာင္းေလးတစ္ပုဒ္ပါ။ ဒီသီခ်င္းေလးကို လိုက္ညည္းမိတိုင္း စိတ္ညစ္စရာေတြ ေပ်ာက္သြားမယ္ဆိုတာ ရဲရဲႀကီးအာမခံတယ္။

[embedyt] https://www.youtube.com/watch?v=vBy7FaapGRo[/embedyt]

Related article>>> ေခ်ာက္ခ်ားစရာ အေကာင္းဆံုးလို႔ သတ္မွတ္ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

(၄) ILYSB – LANY

LANY ကေတာ့ အခုခ်ိန္မွာ လူသိနည္းေနေသးတဲ့ လူငယ္ band အဖြဲ႔ပါ။ “ILYSB” သီခ်င္းကေတာ့ LANY ရယ္လို႔ ပရိသတ္ေတြသိလာေအာင္ တြန္းပို႔ေပးခဲ့တဲ့သီခ်င္းဆိုလည္း မမွားပါဘူး။ LANY ရဲ႕ပင္တိုင္အဆိုရွင္ Paul Klein ရဲ႕ အသံေလးကို နားေထာင္ရင္း LANY ရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္သြားႏိုင္ပါတယ္ေနာ္။

[embedyt] https://www.youtube.com/watch?v=SSTp0rknOgA[/embedyt]

ကဲ … ဒီတစ္ပတ္အတြက္ေတာ့ ဒီေလာက္ပါပဲ ေယာင္းေရ။ Stella ရဲ႕ playlist ေလးကို နားေထာင္ၾကည့္ၿပီး ေယာင္းတို႔အႀကိဳက္ေတြ႔ေလာက္မယ္ထင္ပါတယ္။  ေအးေအးေဆးေဆး အနားယူရင္း နားေထာင္ၾကည့္ၾကည့္လိုက္ပါဦး။

Stella (For Her Myanmar)

<<<Unicode>>>

 

စိတ်ညစ်ညူးနေတဲ့အချိန်တွေကို အဖော်ပြုပေးနိုင်မယ့် သီချင်းလေးတွေ

ယောင်းတို့ရေ … အပတ်စဉ်တိုင်း ယောင်းတို့အတွက် Stella ရွေးပေးနေကြ song playlist လေးအလှည့်ပြန်ရောက်လာပါပြီ။ စိတ်ပင်ပန်းပြီး ဘယ်သူ့ကိုမှစကားပြောချင်စိတ်မရှိတဲ့အခါမျိုးတွေတိုင်းမှာ နားကြပ်ကောက်တပ်ပြီး သီချင်းနားထောင်ကြတယ် ဟုတ် ? ဒီတစ်ခေါက်မှာတော့ စိတ်ရှုပ်တဲ့အချိန်မျိုးတွေမှာ ယောင်းရဲ့စိတ်ကို ကြည်လင်သွားစေမယ့် သီချင်းလေးတွေကို Stella ရွေးပေးထားပါတယ်။ ဘာသီချင်းလေးတွေလဲ ဆိုတော့ …

(၁) Say You Won’t Let Go – James Arthur
ဒီသီချင်းလေးကတော့ ခပ်အေးအေးသံစဉ်လေးနဲ့ဆိုတော့ ယောင်းစိတ်ကို ဖြေလျော့ပေးမှာအသေအချာပါပဲ။ အသက်ကြီးပြီး ဆံပင်ဖြူသွားကျိုးတဲ့အထိ မင်းနဲ့ပဲနေချင်ပါတယ်ဆိုတဲ့ “Say You Won’t Let Go” သီချင်းစာသားလေးတွေက မရှိတဲ့ချစ်သူကိုတောင် သတိရသလိုလိုတွေပါဖြစ်သွားမှာပါ။

[embedyt] https://www.youtube.com/watch?v=0yW7w8F2TVA[/embedyt]

Related article>>> ‘မသိဘူး ရိုမယ်’ ဆိုတဲ့ယောင်းတို့အတွက် အရိုဆုံးရုပ်ရှင်ကား (၂) ကား

(၂) A Sky Full Of Stars – Coldplay

Coldplay ရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ “A Sky Full Of Stars” ကို နားထောင်မိတိုင်း တကယ်စိတ်ငြိမ်သွားတာ ကိုယ်တွေ့ … ဒီသီချင်းလေးကို ယောင်းတို့နားထောင်ကြည့်ပြီးပြီလား ?

[embedyt] https://www.youtube.com/watch?v=VPRjCeoBqrI[/embedyt]

(၃) The Best Part – Daniel Caesar

“The Best Part” ကတော့ Daniel Caesar နဲ့ H.E.R ရဲ့အသံချိုချိုအေးအေးလေးတွေကို နားဆင်ခံစားနိုင်မယ့် သီချင်းကောင်းလေးတစ်ပုဒ်ပါ။ ဒီသီချင်းလေးကို လိုက်ညည်းမိတိုင်း စိတ်ညစ်စရာတွေ ပျောက်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံတယ်။

[embedyt] https://www.youtube.com/watch?v=vBy7FaapGRo[/embedyt]

Related article>>> ချောက်ချားစရာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

(၄) ILYSB – LANY

LANY ကတော့ အခုချိန်မှာ လူသိနည်းနေသေးတဲ့ လူငယ် band အဖွဲ့ပါ။ “ILYSB” သီချင်းကတော့ LANY ရယ်လို့ ပရိသတ်တွေသိလာအောင် တွန်းပို့ပေးခဲ့တဲ့သီချင်းဆိုလည်း မမှားပါဘူး။ LANY ရဲ့ပင်တိုင်အဆိုရှင် Paul Klein ရဲ့ အသံလေးကို နားထောင်ရင်း LANY ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်သွားနိုင်ပါတယ်နော်။

[embedyt] https://www.youtube.com/watch?v=SSTp0rknOgA[/embedyt]

ကဲ … ဒီတစ်ပတ်အတွက်တော့ ဒီလောက်ပါပဲ ယောင်းရေ။ Stella ရဲ့ playlist လေးကို နားထောင်ကြည့်ပြီး ယောင်းတို့အကြိုက်တွေ့လောက်မယ်ထင်ပါတယ်။ အေးအေးဆေးဆေး အနားယူရင်း နားထောင်ကြည့်ကြည့်လိုက်ပါဦး။

Stella (For Her Myanmar)

No Comments Yet

Comments are closed