FUN Movie Reviews

ေယာင္းကို မ်က္ရည္ျခဴမယ့္ အေကာင္းဆံုးရုပ္ရွင္ (၃) ကား

အသည္းမာတဲ့ေယာင္းတို႕ေတာင္ မ်က္ရည္ခိုင္မယ္မထင္

ရုပ္ရွင္ဆိုရင္ တစ္ခ်ိဳ႕က ေပ်ာ္စရာအဆံုးသတ္မွ ၾကည့္ခ်င္သူေတြရွိတယ္။ တခ်ိဳ႕ကက်ေတာ့ အဖီးလ္တစ္လိုင္းငိုရတာမွႀကိဳက္တယ္။ stella ကေတာ့ ဒုတိယအမ်ိဳးအစားပါေလ…stella လို ရုပ္ရွင္ၾကည့္ၿပီး တစိမ့္စိမ့္ဖီးလ္ခ်င္သူေတြကေတာ့ ဒီကားေတြကို ၾကည့္ျဖစ္ေအာင္ၾကည့္ပါလို႔….Spoiler ေလးေတြေတာ့ပါမယ္ေနာ္

The Boy in the Striped Pajamas (2008)

ဒီဇာတ္ကားကေတာ့ ဒုတိယကမာၻစစ္တြင္းကာလကို အေျချပဳထားတာပါ။ နာဇီအေျခစိုက္စခန္းတစ္ခုက အရာရွိတစ္ဦးရဲ႕ (၈) ႏွစ္အရြယ္သားေလး Bruno က စခန္းထဲမွာ ေလွ်ာက္သြားရင္းနဲ႔ စခန္းၿခံစည္းရိုးတစ္ဖက္ အက်ဥ္းစခန္းက ရြယ္တူဂ်ဴးလူမ်ိဳးေကာင္ေလးတစ္ေယာက္နဲ႔ သူငယ္ခ်င္းျဖစ္သြားပါတယ္။ ေယာင္းတို႔သိၾကတဲ့အတိုင္း ဂ်ာမန္ေတြနဲ႔ဂ်ဴးေတြဆိုတာ ကမာၻ႕ရန္ေတြပါ။ ျဖဴစင္တဲ့ကေလးေတြကေတာ့ ဘာမွမသိၾကပါဘူး။ ဂ်ဴးလူမ်ိဳးေကာင္ေလးက စခန္းထဲမွာ သူ႔အေဖနဲ႕ ကြဲသြားလို႔ လိုက္ရွာေနခဲ့တာပါ။ Bruno ကလည္း ဂ်ဴးေတြရဲ႕ ေထာင္ဝတ္စံုအစင္းက်ားေလးဝတ္ၿပီး သူ႔သူငယ္ခ်င္းနဲ႔တူတူလိုက္ရွာေပးတဲ့အခါ ….ဘာေတြျဖစ္လာမလဲ…ဘယ္လိုေတြငိုရမလဲဆိုတာကေတာ့…..IMDb 7.8 ရရွိထားၿပီး ဆုႀကီး (၇)ဆုရရွိထားတာမို႔ ၾကည့္ျဖစ္ေအာင္ ၾကည့္ပါေနာ္။ Stella ရဲ႕ all time favourite ရုပ္ရွင္တစ္ကားပါ။

Related article >>> မင္းသားႀကီး Tom Hanks ရဲ႕ အေကာင္းဆံုး သရုပ္ေဆာင္ခ်က္ေတြကို ျမင္ရမယ့္ ရုပ္ရွင္ (၃) ကား

A Dog’s Purpose (2017)

Bailey ဆိုတဲ့ခ်စ္စရာေခြးေလးနဲ႔ သူ႔သခင္ Ethan ဆိုတဲ့ေကာင္ေလးရဲ႕ၾကားက သံေယာဇဥ္ကို ကြက္ကြက္ကြင္းကြင္းျမင္ႏိုင္မယ့္ ရုပ္ရွင္တစ္ကားပါ။ Ethan က ပညာသင္ေထာက္ပံ့ေၾကးနဲ႔ ေကာလိပ္သြားရခါနီးမွာ ဒဏ္ရာျပင္းျပင္းထန္ထန္ရသြားတဲ့အတြက္ သူ႔အိမ္မက္ျဖစ္တဲ့ ေဘာလံုးကစားျခင္းကို စြန္႔လႊတ္လိုက္ရပါတယ္။ Ethan ေကာလိပ္သြားၿပီး တစ္ႏွစ္ႏွစ္ႏွစ္အတြင္းမွာပဲ အိမ္မွာက်န္ခဲ့တဲ့ Bailey ဟာ လြမ္းနာက်ၿပီးေသသြားပါတယ္။ ဇာတ္လမ္းက ဒီမွာတင္မၿပီးေသးပါဘူး…ေသသြားတဲ့ Bailey ဟာတျခားေခြးတစ္ေကာင္အေနနဲ႔ ျပန္ဝင္စားၿပီး တျခားသခင္ဆီေရာက္သြားပါတယ္။ Bailey အေနနဲ႕ ဘယ္လိုဘဝေတြႀကံဳရဦးမွာလဲ၊ ဘယ္လိုသခင္ေတြနဲ႔ ဆံုမွာလဲ၊ Ethan ဆီေကာ ျပန္ေရာက္ပါ့မလား၊ Ethan ကေကာ Bailey ကို မွတ္မိပါ့မလားဆိုတာ….ရယ္လည္းရယ္ရ၊ ငိုလည္းငိုရမယ့္ ရုပ္ရွင္ကားေကာင္းေလးတစ္ကားျဖစ္ပါတယ္။ IMDb 7 ရရွိထားၿပီး ေသဆံုးျခင္းနဲ႔ ရွင္သန္ျခင္းၾကားက ဘဝရဲ႕အဓိပၸါယ္က ဘာလဲဆိုတာကို ဇာတ္လမ္းဇာတ္ကြက္ေကာင္းေကာင္းနဲ႔ ရုိက္ျပထားပါတယ္။

Related article >>> ဖက္ရွင္ခ်စ္သူ ေယာင္းေယာင္းတို႔ မျဖစ္မေန ၾကည့္ထားသင့္တဲ့ ရုပ္ရွင္ (၅) ကား

A Walk to Remember (2002)

ႏႈတ္ခမ္းနီမေလးေတြၾကားေရပန္းစားတဲ့ ေကာင္ေလးနဲ႔ ေအးေအးေဆးေဆးေနတတ္ၿပီး ဘာသာေရးကိုင္းရႈိင္းတဲ့ ေကာင္မေလးၾကားက အခ်စ္ဇာတ္လမ္းပါပဲ။ ဒါေပမဲ့ ေကာင္မေလးမွာ လူကီးမီးယားလို႔ေခၚတဲ့ ေရာဂါရွိေနၿပီး အသက္ရွင္ဖို႔ အခ်ိန္သိပ္မက်န္ေတာ့တဲ့အခါ….IMDb 7.4 ရရွိထားၿပီး မင္းသမီးေခ်ာ Mandy Moore က ပါဝင္သရုပ္ေဆာင္ထားပါတယ္။

Related article >>> ၂၀၁၉ အတြင္း အသစ္ထြက္ရွိလာမည့္ ႏိုင္ငံတကာဇာတ္ကားမ်ား

Stella ေျပာျပထားတဲ့ ရုပ္ရွင္ကားေတြကို ေယာင္းတို႔ႀကိဳက္ႏွစ္သက္မယ္ထင္ပါတယ္။ ၾကည့္ၿပီးရင္လည္း ဘယ္ကားကို အႀကိဳက္ဆံုးလဲဆိုတာ ေျပာျပေပးခဲ့ဦးေနာ္။

Stella (For Her Mynamar)

<<<Unicode>>>

အသည်းမာတဲ့ယောင်းတို့တောင် မျက်ရည်ခိုင်မယ်မထင်

ရုပ်ရှင်ဆိုရင် တစ်ချို့က ပျော်စရာအဆုံးသတ်မှ ကြည့်ချင်သူတွေရှိတယ်။ တချို့ကကျတော့ အဖီးလ်တစ်လိုင်းငိုရတာမှကြိုက်တယ်။ stella ကတော့ ဒုတိယအမျိုးအစားပါလေ…stella လို ရုပ်ရှင်ကြည့်ပြီး တစိမ့်စိမ့်ဖီးလ်ချင်သူတွေကတော့ ဒီကားတွေကို ကြည့်ဖြစ်အောင်ကြည့်ပါလို့….Spoiler လေးတွေတော့ပါမယ်နော်

The Boy in the Striped Pajamas (2008)

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်တွင်းကာလကို အခြေပြုထားတာပါ။ နာဇီအခြေစိုက်စခန်းတစ်ခုက အရာရှိတစ်ဦးရဲ့ (၈) နှစ်အရွယ်သားလေး Bruno က စခန်းထဲမှာ လျှောက်သွားရင်းနဲ့ စခန်းခြံစည်းရိုးတစ်ဖက် အကျဉ်းစခန်းက ရွယ်တူဂျူးလူမျိုးကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပါတယ်။ ယောင်းတို့သိကြတဲ့အတိုင်း ဂျာမန်တွေနဲ့ဂျူးတွေဆိုတာ ကမ္ဘာ့ရန်တွေပါ။ ဖြူစင်တဲ့ကလေးတွေကတော့ ဘာမှမသိကြပါဘူး။ ဂျူးလူမျိုးကောင်လေးက စခန်းထဲမှာ သူ့အဖေနဲ့ ကွဲသွားလို့ လိုက်ရှာနေခဲ့တာပါ။ Bruno ကလည်း ဂျူးတွေရဲ့ ထောင်ဝတ်စုံအစင်းကျားလေးဝတ်ပြီး သူ့သူငယ်ချင်းနဲ့တူတူလိုက်ရှာပေးတဲ့အခါ ….ဘာတွေဖြစ်လာမလဲ…ဘယ်လိုတွေငိုရမလဲဆိုတာကတော့…..IMDb 7.8 ရရှိထားပြီး ဆုကြီး (၇)ဆုရရှိထားတာမို့ ကြည့်ဖြစ်အောင် ကြည့်ပါနော်။ Stella ရဲ့ all time favourite ရုပ်ရှင်တစ်ကားပါ။

Related article >>> မင်းသားကြီး Tom Hanks ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို မြင်ရမယ့် ရုပ်ရှင် (၃) ကား

A Dog’s Purpose (2017)

Bailey ဆိုတဲ့ချစ်စရာခွေးလေးနဲ့ သူ့သခင် Ethan ဆိုတဲ့ကောင်လေးရဲ့ကြားက သံယောဇဉ်ကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်မယ့် ရုပ်ရှင်တစ်ကားပါ။ Ethan က ပညာသင်ထောက်ပံ့ကြေးနဲ့ ကောလိပ်သွားရခါနီးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့အတွက် သူ့အိမ်မက်ဖြစ်တဲ့ ဘောလုံးကစားခြင်းကို စွန့်လွှတ်လိုက်ရပါတယ်။ Ethan ကောလိပ်သွားပြီး တစ်နှစ်နှစ်နှစ်အတွင်းမှာပဲ အိမ်မှာကျန်ခဲ့တဲ့ Bailey ဟာ လွမ်းနာကျပြီးသေသွားပါတယ်။ ဇာတ်လမ်းက ဒီမှာတင်မပြီးသေးပါဘူး…သေသွားတဲ့ Bailey ဟာတခြားခွေးတစ်ကောင်အနေနဲ့ ပြန်ဝင်စားပြီး တခြားသခင်ဆီရောက်သွားပါတယ်။ Bailey အနေနဲ့ ဘယ်လိုဘဝတွေကြုံရဦးမှာလဲ၊ ဘယ်လိုသခင်တွေနဲ့ ဆုံမှာလဲ၊ Ethan ဆီကော ပြန်ရောက်ပါ့မလား၊ Ethan ကကော Bailey ကို မှတ်မိပါ့မလားဆိုတာ….ရယ်လည်းရယ်ရ၊ ငိုလည်းငိုရမယ့် ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ IMDb 7 ရရှိထားပြီး သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက ဘဝရဲ့အဓိပ္ပါယ်က ဘာလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်။

Related article >>> ဖက်ရှင်ချစ်သူ ယောင်းယောင်းတို့ မဖြစ်မနေ ကြည့်ထားသင့်တဲ့ ရုပ်ရှင် (၅) ကား

A Walk to Remember (2002)

နှုတ်ခမ်းနီမလေးတွေကြားရေပန်းစားတဲ့ ကောင်လေးနဲ့ အေးအေးဆေးဆေးနေတတ်ပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ ကောင်မလေးကြားက အချစ်ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ ကောင်မလေးမှာ လူကီးမီးယားလို့ခေါ်တဲ့ ရောဂါရှိနေပြီး အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့တဲ့အခါ….IMDb 7.4 ရရှိထားပြီး မင်းသမီးချော Mandy Moore က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Related article >>> ၂၀၁၉ အတွင်း အသစ်ထွက်ရှိလာမည့် နိုင်ငံတကာဇာတ်ကားများ

Stella ပြောပြထားတဲ့ ရုပ်ရှင်ကားတွေကို ယောင်းတို့ကြိုက်နှစ်သက်မယ်ထင်ပါတယ်။ ကြည့်ပြီးရင်လည်း ဘယ်ကားကို အကြိုက်ဆုံးလဲဆိုတာ ပြောပြပေးခဲ့ဦးနော်။

Stella (For Her Mynamar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *