FUN Movie Reviews

ရင္တထိတ္ထိတ္နဲ႔ ရႈစားရမယ့္ IMDB ျမင့္ မႈခင္း/ေထာက္လွမ္းေရး ဇာတ္လမ္းေကာင္း (၃) ခု

စလယ္ဆုံး ဇာတ္ရွိန္ျမင့္ျမင့္နဲ႔ ရင္ထိတ္ေစမွာမို႔ စိတ္ၿငိမ္ေဆးေလးေတာ့ ေဆာင္ထားေစခ်င္ 😎😎

ေယာင္းတို႔ေရ….ဒီတစ္ေခါက္မွာေတာ့ မႈခင္း နဲ႔ စံုစမ္းစစ္ေဆးေရး (detective films) ရုပ္ရွင္အမ်ိဳးအစား နဲ႔ပတ္သက္ၿပီး IMDB rating ျမင့္တဲ့ ဇာတ္လမ္းေကာင္းေလးေတြကို ညႊန္းခ်င္ပါတယ္။ မႈခင္းရုပ္ရွင္ေတြနဲ႔ ပတ္သက္ၿပီး ေဟာလိဝုဒ္ေကာ ေဘာလိဝုဒ္ေကာ ကိုရီးယားေကာ ေျပာျပေပးမွာမို႔ မတူညီတဲ့ ရုပ္ရွင္ေလာကေတြရဲ႕ အရသာအမ်ိဳးမ်ိဳးကို ခံစားႏိုင္မွာပါ။

(1) The Silence of the lambs

လၽွိုုဳ႕ဝွက္ဆန္းၾကယ္ နဲ႔ သည္းထိတ္ရင္ဖို ေပါင္းစပ္ထားတဲ့ မႈခင္းရုပ္ရွင္ ျဖစ္ၿပီး IMDB 8.6 အထိ ရထားပါတယ္။ Budget ၁၉ သန္း နဲ႔ ရိုက္ခဲ့တဲ့ ဒီရုပ္ရွင္ဟာ ၂၇၂သန္း ျပန္ရခဲ့တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့….

သတၱိေကာင္းၿပီး ထက္ျမက္တဲ့ အမ်ိဳးသမီးငယ္ Clarice ဟာ FBI သင္တန္းေက်ာင္းမွာ တက္ေရာက္ေနသူပါ။ သူမ အရြယ္နဲ႔မလိုက္ေအာင္ ရဲရင့္သလို လွပေခ်ာေမာသူလည္း ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ အထက္လူႀကီးဟာ Clarice ကို ငါးစာအျဖစ္ အသံုးခ်ဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္။

Related article>>>LDRS ေတြ ခ်စ္သူကိုအလြမ္းေျဖရင္း ၾကည့္သင့္တဲ့ ရုပ္ရွင္(၃)ကား

အဲ့ဒါကေတာ့ ထြက္ေျပးေနတဲ့ ကြင္းဆက္လူသတ္သမားကို ဖမ္းဆီးဖို႔ အင္မတန္ေတာ္တဲ့စိတ္ပညာရွင္ ေဒါက္တာ လက္တာဆီက သတင္းယူဖို႔ပါပဲ။ ေဒါက္တာ လက္တာဟာလည္း သာမန္လူတစ္ေယာက္မဟုတ္ပါဘူး။ စိတ္ပညာရွင္ ျဖစ္ေပမဲ့ လူသားစားတဲ့ စိတၱဇလူသတ္ေကာင္မို႔ အရူးေထာင္မွာ တိုက္ပိတ္အက်ဥ္းခ်ခံထားရသူပါ။

FBIက သိထားရသေလာက္ေတာ့ ကြင္းဆက္လူသတ္ေကာင္ဟာလည္း ေဒါက္တာလက္တာလို စိတၱဇလူသတ္သမားတစ္ေယာက္ပါ။ သူဟာ မိန္းကေလးေတြကိုဖမ္းၿပီး အေရခြံႏႊာကာ သတ္ပစ္တတ္ပါတယ္။ ဒါေၾကာင့္ ဒီလို ထူးဆန္းလွတဲ့စိတၱဇလူသတ္သမားတစ္ေယာက္ကို ဖမ္းဆီးႏိုင္ဖို႔အတြက္ ေဒါက္တာလက္တာကို ေမးျမန္းၿပီး သဲလြန္စရယူဖို႔ လိုလာပါတယ္။

ဒီအမႈအတြက္ ေဒါက္တာလက္တာကို သြားေတြ႕ဖို႔နဲ႔ ကိုင္တြယ္ဖို႔ ေခ်ာေမာၿပီးသတၱိရွိတဲ့ Clarice ကို FBI က ေရြးခ်ယ္ခဲ့ပါတယ္။

Clarice တစ္ေယာက္ ထူးဆန္းၿပီး ရက္စက္လွတဲ့ အမႈကို ကိုင္တြယ္ႏိုင္မွာလား?

ေသြးေအးလွတဲ့ ေဒါက္တာလက္တာကအေနနဲ႔ သူမကို အကူအညီေပးဖို႔ ေအာင္ေအာင္ျမင္ျမင္ ညိႇႏႈိင္းႏိုင္ပါ့မလား?

လွည့္စားတတ္တဲ့ စိတၱဇလူသတ္သမားေတြကို သူဘယ္လို ရင္ဆိုင္သြားမွာလဲဆိုတာကို ရင္တထိတ္ထိတ္နဲ႔ ရႈစားရမွာပါ။

ဒီရုပ္ရွင္ဟာ အကယ္ဒမီ ၅ဆု၊ ေရႊကမၻာလံုးဆု ၁ဆု၊ BAFTA ဆု ၂ဆု နဲ႔ အျခားဆုေပါင္းမ်ားစြာ ရရွိခဲ့တဲ့အထိ ေၾကာက္ခမန္းလိလိ ေအာင္ျမင္ခဲ့ပါတယ္။

(2) My girlfriend is an agent

IMDB 6.4 ရထားတဲ့ ကိုရီးယားရုပ္ရွင္ျဖစ္ၿပီး ၂၀၀၉ ခုႏွစ္ကထြက္ခဲ့ပါတယ္။ မႈခင္း/စံုေထာက္ရုပ္ရွင္အမ်ိဳးအစားျဖစ္ၿပီး အက္ရွင္/အခ်စ္နဲ႔ ဟာသကို အခ်ိဳးညီညီ ေရာေႏွာထားတဲ့ ဇာတ္ကားေကာင္းပါ။ ရံုတင္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္မွာပဲ ဒီရုပ္ရွင္ဟာ ကိုရီးယားမွာ စတုတၳေျမာက္ ပရိတ္သတ္အားအေပးဆံုး ရုပ္ရွင္ျဖစ္ခဲ့ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့….

Sujiဟာ မၾကာခင္လက္ထပ္ေတာ့မယ့္ သတို႔သမီးေလာင္းပါ။ သူ(မ)ရဲ႕ ခ်စ္သူကေတာ့ Jae Joonပါ။ ဒါေပမဲ့ Suji ဟာ မၾကာခဏဆိုသလို မေျပာမဆို ေပ်ာက္ေပ်ာက္သြားတတ္တာမို႔ ၾကာလာတဲ့အခါ Jae Joon လည္း စိတ္ကုန္လာပါေတာ့တယ္။ ရည္းစားကို စိတ္ကုန္လို႔ Jae Joon တစ္ေယာက္ Suji ကိုေကာ ကိုရီးယားႏိုင္ငံကိုပါ စြန္႔ခြာသြားပါေတာ့တယ္။ Jae Joon မသိလိုက္တာက Suji ဟာ လၽွိုဳ႕ဝွက္ေထာက္လွမ္းေရးတစ္ေယာက္ ျဖစ္ေနတယ္ဆိုတာပါပဲ။

Suji ဘက္ကေတာ့ သူ႔ကို ထားသြားတဲ့ ခ်စ္သူေဟာင္းကို စိတ္တိုသြားခဲ့ၿပီး သူ(မ) မသိတာကေတာ့ Jae Joon ကလည္း သူမလို လၽွိဳ႕ဝွက္ေထာက္လွမ္းေရး ျဖစ္ေနတာပါပဲ။ အလုပ္လုပ္တဲ့ ဌာနခ်င္း မတူၾကလို႔သာ တစ္ေယာက္ကိုတစ္ေယာက္ ပံုစံအမွန္ မသိၾကတာပါ။

ေနာက္သံုးႏွစ္ၾကာတဲ့အခါမွာေတာ့ Jae Joon တစ္ေယာက္ ကိုရီးယားျပန္ေရာက္လာခဲ့ပါတယ္။ တစ္လက္စတည္းမွာပဲ သူဟာ ႏိုင္ငံနဲ႔ခ်ီတဲ့ ျပႆနာအႀကီးႀကီးတစ္ခုကို ရွင္းရမွာပါ။ အဲ့ဒါကေတာ့ ရုရွားမာဖီးယားေတြဟာ လူေတြအစုလိုက္အျပံဳလိုက္ေသေစႏိုင္တဲ့ ဇီဝေဗဒလက္နက္ကို အက်င့္မေကာင္းတဲ့ ကိုရီးယားသိပၸံပညာရွင္ဆီကေန ရယူသြားလို႔ ျဖစ္ပါတယ္။

ဒီလိုအႏၱရာယ္မ်ားလွတဲ့ ျဖစ္ရပ္ဆိုးကို တားဆီးဖို႔အတြက္ Jae Joon နဲ႔ Suji ကို အထက္က တာဝန္ေပးလာတဲ့အခါ ၂ေယာက္ ေနာက္တစ္ႀကိမ္ ျပန္ေတြ႕ၾကဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ သရုပ္မွန္မေပၚေအာင္ လၽွိဳ႕ဝွက္ထားၾကတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ ေထာက္လွမ္းေရး အလြဲေတြကို ဟာသဆန္ဆန္ ၾကည့္ရႈရမွာျဖစ္သလို အျမဲရန္ျဖစ္ေနတဲ့ ဒီ၂ေယာက္က အမႈကို ဘယ္လိုမ်ား ကုိင္တြယ္ႏိုင္ၾကမွာလဲ? ႏွစ္ေယာက္ အတူတူ အလုပ္လုပ္ႏိုင္ၾကပါ့မလား? သူတို႔ရဲ႕ တခန္းရပ္ အခ်စ္ဇာတ္လမ္းက ေနာက္တစ္ဖန္ ျပန္ေမြးဖြားလာမလား?စတာေတြေတာ့ ေယာင္းတို႔ဘာသာ ၾကည့္ရႈလိုက္ပါေနာ္…..(မွတ္ခ်က္- ဒီဇာတ္ကားက Rating ပါပါတယ္။ ၁၃ႏွစ္ေအာက္ မၾကည့္သင့္ပါဘူး)

တစ္ခ်ိန္လံုး သည္းထိတ္ရင္ဖိုျဖစ္ရတာ မႀကိဳက္တဲ့ ေယာင္းတို႔အတြက္ေတာ့ ဒီဇာတ္ကားက ၾကည့္သင့္ပါတယ္။ တခ်ိန္လံုး ရယ္ေနရတာ ပါးစပ္ကို မပိတ္ရလို႔ပါပဲ။

Related article>>>အရိုတစ္လိုင္းေယာင္းတို႔အတြက္ အေကာင္းဆံုးအခ်စ္ရုပ္ရွင္ကား (၃) ကား

(3) Kahaani

ဒရာမာနဲ႔သည္းထိတ္ရင္ဖို ေရာယွက္ထားတဲ့ ၂၀၁၂ခုႏွစ္ထြက္  မႈခင္း/ေထာက္လွမ္းေရး ေဘာလီးဝုဒ္ရုပ္ရွင္ျဖစ္ၿပီး IMDB 8.1 အထိ ေပးခံထားရပါတယ္။ ဒီရုပ္ရွင္ဟာ အေမရိကန္ေဒၚလာ ၁.၁ သန္း နဲ႔ ရိုက္ခဲ့ေပမယ့္ ၁၄သန္း ျပန္ရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့….

ကာလကတၱားက မီးရထားေပၚမွာ အဆိပ္ေငြ႕တိုက္ခိုက္မႈ တစ္ခုျဖစ္ခဲ့တာေၾကာင့္ ရထားေပၚက ခရီးသည္ေတြ မရႈမလွ ေသဆံုးခဲ့ရပါတယ္။

ဒီျဖစ္ရပ္ဆိုးႀကီးျဖစ္ပြားၿပီး ေနာက္၂ႏွစ္ၾကာသြားတဲ့အခါမွာေတာ့ ကာလကတၱားၿမိဳ႕ကို ဗိုက္ၿကီးသည္အမ်ိဳးသမီးတစ္ေယာက္ လန္ဒန္ကေန ေရာက္ခ်လာပါတယ္။ သူမအမည္ကေတာ့ ဗစ္ဒရာ ဘာခ်ီျဖစ္ၿပီး ေဆာ့ဖ္ဝဲ အင္ဂ်င္နီယာတစ္ေယာက္ပါ။ သူမဟာ ကာလကတၱားမွာ ရုတ္တရက္ ေပ်ာက္ဆံုးသြားတဲ့ အသက္၃၃ႏွစ္အရြယ္ သူမေယာက်ာ္း ေဆာ့ဖ္ဝဲအင္ဂ်င္နီယာ အာနပ္ဘာခ်ီကို လူေပ်ာက္လာရွာတာပဲ ျဖစ္ပါတယ္။

သူမေယာက်ာ္း အာနပ္ဘာခ်ီ ေပ်ာက္သြားပံုကလည္း ဆန္းၾကယ္လွပါတယ္။ National Data Center အတြက္ အလုပ္တစ္ခုလုပ္ဖို႔ ထြက္သြားခဲ့ေပမဲ့ NDC ကေတာ့ သူတို႔ဆီမွာ ဒီလိုနာမည္နဲ႔ လူမရွိခဲ့ဖူးဘူးလို႔ ဆိုပါတယ္။

ဒါေၾကာင့္ ဗစ္ဒရာတစ္ေယာက္ မေပါ့မပါးႀကီးနဲ႔ သဲလြန္စ မွန္သမၽွေနာက္ကိုလုိက္ၿပီး သူမေယာက်ာ္းကို လိုက္ရွာရပါေတာ့တယ္။ ဒါေပမဲ့ အဲ့ဒီလိုရွာေနရင္းနဲ႔ လွ်ိဳ႕ဝွက္ေထာက္လွမ္းေရးတစ္ေယာက္က ဗစ္ဒရာကို လုပ္ၾကံသတ္ျဖတ္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ဘာလို႔ ေထာက္လွမ္းေရးက သူမကို ပစ္မွတ္ထားလာတာလဲ? သူမ ေယာက်ာ္းကေရာ ဘယ္လိုျဖစ္ၿပီး ေပ်ာက္ဆံုးသြားတာလဲ? ေထာက္လွမ္းေရးကလူေတြနဲ႔ သူမေယာက်ာ္းရဲ႕ ေပ်ာက္ဆံုးမႈက ဆက္စပ္ေနလား? သူမခင္ပြန္းကို ျပန္ရွာေတြ႕မွာလား? စတာေတြကိုေတာ့ ေယာင္းတို႔ကိုယ္တိုင္ပဲ ဆက္လက္ၾကည့္ရႈလိုက္ပါေနာ္။

ဒီဇာတ္ကားဟာ မင္းသားသိပ္မပါဘဲ မင္းသမီးက ဇာတ္လမ္းကို အဓိကဦးေဆာင္သြားတဲ့ ရုပ္ရွင္ျဖစ္သလို ကာလကၠတားၿမိဳ႕ရဲ႕ လူသြားလမ္းေတြေပၚမွာ guerilla-filmmaking နည္းလမ္းသံုးၿပီး ရိုက္ထားပါတယ္။

guerilla filmmaking ဆိုတာ ရုပ္ရွင္ရိုက္ေနတာကို လူေတြအာရံုစိုက္မွာစိုးလို႔ ရုပ္ရွင္ရိုက္မယ္ဆိုတာကို ႀကိဳမေျပာ/ ခြင့္ျပဳခ်က္ ႀကိဳမေတာင္းဘဲ ရိွတဲ့ပစၥည္း အေသးစားေလးေတြ သံုးၿပီးရိုက္ကူးထားတာကို ေျပာတာပါ။

ဒါေၾကာင့္ လူသြားလမ္းေတြ၊ ပတ္ဝန္းက်င္ အလွတရားေတြနဲ႔ လူေတြနဲ႔ ပတ္သက္ၿပီး အေတာ္ေလး သဘာဝက်တဲ့ရိုက္ခ်က္ေတြကို ရႈစားရမွာပါ။

ေနာက္ၿပီး ဒီရုပ္ရွင္မွာ Plot twist နဲ႔ endingက အသက္ပါ။ ဘယ္သူမွ မထင္ထားတဲ့ Plot twist​လည္း ပါတာမို႔ မလြတ္တမ္း ၾကည့္သင့္တဲ့ မႈခင္း/ေထာက္လွမ္းေရးကား တစ္ခုပါပဲ။

ကဲ….ၾကည့္ၿပီးရင္ ေကာင္းမေကာင္း ျပန္ေျပာၾကပါဦးေနာ္….

By
Mia (For Her Myanmar)
Reference links: imdb.com asianwiki.com

<<<Unicode>>>

 

 ဒီစလယ်ဆုံး ဇာတ်ရှိန်မြင့်မြင့်နဲ့ ရင်ထိတ်စေမှာမို့ စိတ်ငြိမ်ဆေးလေးတော့ ဆောင်ထားစေချင် 😎😎

ယောင်းတို့ရေ….ဒီတစ်ခေါက်မှာတော့ မှုခင်း နဲ့ စုံစမ်းစစ်ဆေးရေး (detective films) ရုပ်ရှင်အမျိုးအစား နဲ့ပတ်သက်ပြီး IMDB rating မြင့်တဲ့ ဇာတ်လမ်းကောင်းလေးတွေကို ညွှန်းချင်ပါတယ်။ မှုခင်းရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ဟောလိဝုဒ်ကော ဘောလိဝုဒ်ကော ကိုရီးယားကော ပြောပြပေးမှာမို့ မတူညီတဲ့ ရုပ်ရှင်လောကတွေရဲ့ အရသာအမျိုးမျိုးကို ခံစားနိုင်မှာပါ။

(1) The Silence of the lambs

လျှိုု့ဝှက်ဆန်းကြယ် နဲ့ သည်းထိတ်ရင်ဖို ပေါင်းစပ်ထားတဲ့ မှုခင်းရုပ်ရှင် ဖြစ်ပြီး IMDB 8.6 အထိ ရထားပါတယ်။ Budget ၁၉ သန်း နဲ့ ရိုက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ ၂၇၂သန်း ပြန်ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့….

သတ္တိကောင်းပြီး ထက်မြက်တဲ့ အမျိုးသမီးငယ် Clarice ဟာ FBI သင်တန်းကျောင်းမှာ တက်ရောက်နေသူပါ။ သူမ အရွယ်နဲ့မလိုက်အောင် ရဲရင့်သလို လှပချောမောသူလည်း ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အထက်လူကြီးဟာ Clarice ကို ငါးစာအဖြစ် အသုံးချဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

Related article>>>LDRS တွေ ချစ်သူကိုအလွမ်းဖြေရင်း ကြည့်သင့်တဲ့ ရုပ်ရှင်(၃)ကား

အဲ့ဒါကတော့ ထွက်ပြေးနေတဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးဖို့ အင်မတန်တော်တဲ့စိတ်ပညာရှင် ဒေါက်တာ လက်တာဆီက သတင်းယူဖို့ပါပဲ။ ဒေါက်တာ လက်တာဟာလည်း သာမန်လူတစ်ယောက်မဟုတ်ပါဘူး။ စိတ်ပညာရှင် ဖြစ်ပေမဲ့ လူသားစားတဲ့ စိတ္တဇလူသတ်ကောင်မို့ အရူးထောင်မှာ တိုက်ပိတ်အကျဉ်းချခံထားရသူပါ။

FBIက သိထားရသလောက်တော့ ကွင်းဆက်လူသတ်ကောင်ဟာလည်း ဒေါက်တာလက်တာလို စိတ္တဇလူသတ်သမားတစ်ယောက်ပါ။ သူဟာ မိန်းကလေးတွေကိုဖမ်းပြီး အရေခွံနွှာကာ သတ်ပစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို ထူးဆန်းလှတဲ့စိတ္တဇလူသတ်သမားတစ်ယောက်ကို ဖမ်းဆီးနိုင်ဖို့အတွက် ဒေါက်တာလက်တာကို မေးမြန်းပြီး သဲလွန်စရယူဖို့ လိုလာပါတယ်။

ဒီအမှုအတွက် ဒေါက်တာလက်တာကို သွားတွေ့ဖို့နဲ့ ကိုင်တွယ်ဖို့ ချောမောပြီးသတ္တိရှိတဲ့ Clarice ကို FBI က ရွေးချယ်ခဲ့ပါတယ်။

Clarice တစ်ယောက် ထူးဆန်းပြီး ရက်စက်လှတဲ့ အမှုကို ကိုင်တွယ်နိုင်မှာလား?

သွေးအေးလှတဲ့ ဒေါက်တာလက်တာကအနေနဲ့ သူမကို အကူအညီပေးဖို့ အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ပါ့မလား?

လှည့်စားတတ်တဲ့ စိတ္တဇလူသတ်သမားတွေကို သူဘယ်လို ရင်ဆိုင်သွားမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမှာပါ။

ဒီရုပ်ရှင်ဟာ အကယ်ဒမီ ၅ဆု၊ ရွှေကမ္ဘာလုံးဆု ၁ဆု၊ BAFTA ဆု ၂ဆု နဲ့ အခြားဆုပေါင်းများစွာ ရရှိခဲ့တဲ့အထိ ကြောက်ခမန်းလိလိ အောင်မြင်ခဲ့ပါတယ်။

(2) My girlfriend is an agent

IMDB 6.4 ရထားတဲ့ ကိုရီးယားရုပ်ရှင်ဖြစ်ပြီး ၂၀၀၉ ခုနှစ်ကထွက်ခဲ့ပါတယ်။ မှုခင်း/စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပြီး အက်ရှင်/အချစ်နဲ့ ဟာသကို အချိုးညီညီ ရောနှောထားတဲ့ ဇာတ်ကားကောင်းပါ။ ရုံတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာပဲ ဒီရုပ်ရှင်ဟာ ကိုရီးယားမှာ စတုတ္ထမြောက် ပရိတ်သတ်အားအပေးဆုံး ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့….

Sujiဟာ မကြာခင်လက်ထပ်တော့မယ့် သတို့သမီးလောင်းပါ။ သူ(မ)ရဲ့ ချစ်သူကတော့ Jae Joonပါ။ ဒါပေမဲ့ Suji ဟာ မကြာခဏဆိုသလို မပြောမဆို ပျောက်ပျောက်သွားတတ်တာမို့ ကြာလာတဲ့အခါ Jae Joon လည်း စိတ်ကုန်လာပါတော့တယ်။ ရည်းစားကို စိတ်ကုန်လို့ Jae Joon တစ်ယောက် Suji ကိုကော ကိုရီးယားနိုင်ငံကိုပါ စွန့်ခွာသွားပါတော့တယ်။ Jae Joon မသိလိုက်တာက Suji ဟာ လျှိုု့ဝှက်ထောက်လှမ်းရေးတစ်ယောက် ဖြစ်နေတယ်ဆိုတာပါပဲ။

Suji ဘက်ကတော့ သူ့ကို ထားသွားတဲ့ ချစ်သူဟောင်းကို စိတ်တိုသွားခဲ့ပြီး သူ(မ) မသိတာကတော့ Jae Joon ကလည်း သူမလို လျှို့ဝှက်ထောက်လှမ်းရေး ဖြစ်နေတာပါပဲ။ အလုပ်လုပ်တဲ့ ဌာနချင်း မတူကြလို့သာ တစ်ယောက်ကိုတစ်ယောက် ပုံစံအမှန် မသိကြတာပါ။

နောက်သုံးနှစ်ကြာတဲ့အခါမှာတော့ Jae Joon တစ်ယောက် ကိုရီးယားပြန်ရောက်လာခဲ့ပါတယ်။ တစ်လက်စတည်းမှာပဲ သူဟာ နိုင်ငံနဲ့ချီတဲ့ ပြဿနာအကြီးကြီးတစ်ခုကို ရှင်းရမှာပါ။ အဲ့ဒါကတော့ ရုရှားမာဖီးယားတွေဟာ လူတွေအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ ဇီဝဗေဒလက်နက်ကို အကျင့်မကောင်းတဲ့ ကိုရီးယားသိပ္ပံပညာရှင်ဆီကနေ ရယူသွားလို့ ဖြစ်ပါတယ်။

ဒီလိုအန္တရာယ်များလှတဲ့ ဖြစ်ရပ်ဆိုးကို တားဆီးဖို့အတွက် Jae Joon နဲ့ Suji ကို အထက်က တာဝန်ပေးလာတဲ့အခါ ၂ယောက် နောက်တစ်ကြိမ် ပြန်တွေ့ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် သရုပ်မှန်မပေါ်အောင် လျှို့ဝှက်ထားကြတဲ့ သူတို့နှစ်ယောက်ရဲ့ ထောက်လှမ်းရေး အလွဲတွေကို ဟာသဆန်ဆန် ကြည့်ရှုရမှာဖြစ်သလို အမြဲရန်ဖြစ်နေတဲ့ ဒီ၂ယောက်က အမှုကို ဘယ်လိုများ ကိုင်တွယ်နိုင်ကြမှာလဲ? နှစ်ယောက် အတူတူ အလုပ်လုပ်နိုင်ကြပါ့မလား? သူတို့ရဲ့ တခန်းရပ် အချစ်ဇာတ်လမ်းက နောက်တစ်ဖန် ပြန်မွေးဖွားလာမလား?စတာတွေတော့ ယောင်းတို့ဘာသာ ကြည့်ရှုလိုက်ပါနော်…..(မှတ်ချက်- ဒီဇာတ်ကားက Rating ပါပါတယ်။ ၁၃နှစ်အောက် မကြည့်သင့်ပါဘူး)

တစ်ချိန်လုံး သည်းထိတ်ရင်ဖိုဖြစ်ရတာ မကြိုက်တဲ့ ယောင်းတို့အတွက်တော့ ဒီဇာတ်ကားက ကြည့်သင့်ပါတယ်။ တချိန်လုံး ရယ်နေရတာ ပါးစပ်ကို မပိတ်ရလို့ပါပဲ။

Related article>>>အရိုတစ်လိုင်းယောင်းတို့အတွက် အကောင်းဆုံးအချစ်ရုပ်ရှင်ကား (၃) ကား

(3) Kahaani

ဒရာမာနဲ့သည်းထိတ်ရင်ဖို ရောယှက်ထားတဲ့ ၂၀၁၂ခုနှစ်ထွက်  မှုခင်း/ထောက်လှမ်းရေး ဘောလီးဝုဒ်ရုပ်ရှင်ဖြစ်ပြီး IMDB 8.1 အထိ ပေးခံထားရပါတယ်။ ဒီရုပ်ရှင်ဟာ အမေရိကန်ဒေါ်လာ ၁.၁ သန်း နဲ့ ရိုက်ခဲ့ပေမယ့် ၁၄သန်း ပြန်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့….

ကာလကတ္တားက မီးရထားပေါ်မှာ အဆိပ်ငွေ့တိုက်ခိုက်မှု တစ်ခုဖြစ်ခဲ့တာကြောင့် ရထားပေါ်က ခရီးသည်တွေ မရှုမလှ သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဆိုးကြီးဖြစ်ပွားပြီး နောက်၂နှစ်ကြာသွားတဲ့အခါမှာတော့ ကာလကတ္တားမြို့ကို ဗိုက်ကြီးသည်အမျိုးသမီးတစ်ယောက် လန်ဒန်ကနေ ရောက်ချလာပါတယ်။ သူမအမည်ကတော့ ဗစ်ဒရာ ဘာချီဖြစ်ပြီး ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ပါ။ သူမဟာ ကာလကတ္တားမှာ ရုတ်တရက် ပျောက်ဆုံးသွားတဲ့ အသက်၃၃နှစ်အရွယ် သူမယောကျာ်း ဆော့ဖ်ဝဲအင်ဂျင်နီယာ အာနပ်ဘာချီကို လူပျောက်လာရှာတာပဲ ဖြစ်ပါတယ်။

သူမယောကျာ်း အာနပ်ဘာချီ ပျောက်သွားပုံကလည်း ဆန်းကြယ်လှပါတယ်။ National Data Center အတွက် အလုပ်တစ်ခုလုပ်ဖို့ ထွက်သွားခဲ့ပေမဲ့ NDC ကတော့ သူတို့ဆီမှာ ဒီလိုနာမည်နဲ့ လူမရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဗစ်ဒရာတစ်ယောက် မပေါ့မပါးကြီးနဲ့ သဲလွန်စ မှန်သမျှနောက်ကိုလိုက်ပြီး သူမယောကျာ်းကို လိုက်ရှာရပါတော့တယ်။ ဒါပေမဲ့ အဲ့ဒီလိုရှာနေရင်းနဲ့ လျှို့ဝှက်ထောက်လှမ်းရေးတစ်ယောက်က ဗစ်ဒရာကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ဘာလို့ ထောက်လှမ်းရေးက သူမကို ပစ်မှတ်ထားလာတာလဲ? သူမ ယောကျာ်းကရော ဘယ်လိုဖြစ်ပြီး ပျောက်ဆုံးသွားတာလဲ? ထောက်လှမ်းရေးကလူတွေနဲ့ သူမယောကျာ်းရဲ့ ပျောက်ဆုံးမှုက ဆက်စပ်နေလား? သူမခင်ပွန်းကို ပြန်ရှာတွေ့မှာလား? စတာတွေကိုတော့ ယောင်းတို့ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်။

ဒီဇာတ်ကားဟာ မင်းသားသိပ်မပါဘဲ မင်းသမီးက ဇာတ်လမ်းကို အဓိကဦးဆောင်သွားတဲ့ ရုပ်ရှင်ဖြစ်သလို ကာလက္ကတားမြို့ရဲ့ လူသွားလမ်းတွေပေါ်မှာ guerilla-filmmaking နည်းလမ်းသုံးပြီး ရိုက်ထားပါတယ်။

guerilla filmmaking ဆိုတာ ရုပ်ရှင်ရိုက်နေတာကို လူတွေအာရုံစိုက်မှာစိုးလို့ ရုပ်ရှင်ရိုက်မယ်ဆိုတာကို ကြိုမပြော/ ခွင့်ပြုချက် ကြိုမတောင်းဘဲ ရှိတဲ့ပစ္စည်း အသေးစားလေးတွေ သုံးပြီးရိုက်ကူးထားတာကို ပြောတာပါ။

ဒါကြောင့် လူသွားလမ်းတွေ၊ ပတ်ဝန်းကျင် အလှတရားတွေနဲ့ လူတွေနဲ့ ပတ်သက်ပြီး အတော်လေး သဘာဝကျတဲ့ရိုက်ချက်တွေကို ရှုစားရမှာပါ။

နောက်ပြီး ဒီရုပ်ရှင်မှာ Plot twist နဲ့ endingက အသက်ပါ။ ဘယ်သူမှ မထင်ထားတဲ့ Plot twistလည်း ပါတာမို့ မလွတ်တမ်း ကြည့်သင့်တဲ့ မှုခင်း/ထောက်လှမ်းရေးကား တစ်ခုပါပဲ။

ကဲ….ကြည့်ပြီးရင် ကောင်းမကောင်း ပြန်ပြောကြပါဦးနော်….

By
Mia (For Her Myanmar)
Reference links: imdb.com asianwiki.com

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *