ၾကည့္ရင္း ၾကည္ႏူးၿပီး ျပံဳးေနရမယ့္ ခ်စ္စရာ BL ဇာတ္ကားေကာင္း (၃)ကား

ေနာက္ဆံုးတစ္ခုက အသက္ <3 

ေယာင္းတို႔ေရ.. ခုရက္ပိုင္း ဘာကားေတြ ၾကည့္ျဖစ္ၾကလဲ? မင္မင္ေတာ့ BL ေတာထဲ ေမ်ာ… အဲ့ေတာ့ ကိုယ္ေမ်ာသလို ေယာင္းတို႔လည္း ေမ်ာရေအာင္ဆိုတဲ့ ေစတနာဇိုးေလးနက္ မင္မင္က ေပါက္ခ်ခဲ့ပါၿပီရွန္… ဒီတစ္ပတ္မွာေတာ့ ေယာင္းတို႔ကို ၾကည့္ေစခ်င္တဲ့ BL ဇာတ္ကားေလး (၃)ကား အေၾကာင္း ေျပာျပေပးမယ္ေနာ္… မေျပာခင္ အရင္ စကားႀကိဳခံခ်င္တာကေတာ့ skinship ပါမွ ႀကိဳက္တာဆိုတဲ့ ေယာင္းေတြအတြက္ ဒီကားေတြဟာ အဆင္ေျပခ်င္မွ ေျပပါလိမ့္မယ္… မင္မင္ ေရြးထားေပးတဲ့ ဒီဇာတ္ကား (၃)ကားဟာ ေယာက္်ားေလး ႏွစ္ေယာက္ၾကားက အခ်စ္သက္သက္ကို အဓိပၸာယ္ေပၚေအာင္ ရိုက္ျပထားတဲ့ ဇာတ္ကားေလးေတြမို႔ စိတ္ျဖဴျဖဴသန္႔သန္႔ေလးနဲ႔ ၾကည့္ၿပီး ၾကည္ႏူးၾကရမယ့္ ဇာတ္ကားေလးေတြပါ။ အလြန္ဆံုးပါမွ အနမ္းေပးတာေလာက္ပါပဲ။ မင္မင္ ဒီကားေတြကို ဘာေၾကာင့္ႀကိဳက္ရလဲဆိုတဲ့ အေျဖဟာလည္း ဒါပါပဲ…

၃။ 2 Moons: The Series (God & Bass) – IMDB 7.9/10

နာမည္အတိုင္းပါပဲ… Moon ႏွစ္ေယာက္ၾကားက ဇာတ္လမ္းေလးေပါ့… ဒီေနရာမွာ Moon ဆိုတဲ့ အသံုးနဲ႔ မရင္းႏွီးတဲ့ ေယာင္းတို႔ကို ရွင္းျပရမယ္ဆိုရင္ ကိုယ္ေတြ တကၠသိုလ္ေတြမွာ King နဲ႔ Queen ေရြးသလို ထိုင္းမွာေတာ့ Moon နဲ႔ Star ဆိုၿပီး ေရြးပါတယ္။ Moon က ကင္း၊ Star က ကြင္းေပါ့…

Wayo ဆိုတဲ့ ေကာင္ေလးက Kantaphat University မွာ ပထမႏွစ္အျဖစ္ တက္ေရာက္မယ့္သူပါ။ အဲဒီ တကၠသိုလ္တစ္ခုတည္းမွာပဲ သူ ငယ္ငယ္ေလးကတည္းက သေဘာက်ခဲ့ရတဲ့ အစ္ကိုႀကီးတစ္ေယာက္ကလည္း တက္ေနပါတယ္။ ျဖစ္ခ်င္ေတာ့ Wayo ဟာ Moon အျဖစ္အေရြးခံရဖို႔ ျဖစ္လာၿပီး သူ သေဘာက်ခဲ့တဲ့ အစ္ကိုႀကီးကေတာ့ (တျခားေမဂ်ာက) အရင္ႏွစ္က Moon ျဖစ္ေနခဲ့တာပါ။ ဒါနဲ႔ပဲ Moon ေရြးခ်ယ္ပြဲမတိုင္ခင္ လႈပ္ရွားမႈေတြမွာ သူတို႔ႏွစ္ေယာက္ မၾကာမၾကာ ေတြ႕ၿပီး ရင္းႏွီးလာရာက….

က်န္တာေတာ့ ကိုယ္တိုင္သာ ဆက္ၾကည့္ပါ ေယာင္းတို႔ေရ… ဒီ စီးရီးစ္မွာ အပိုင္း ၁၂ပိုင္း ပါရွိၿပီး အားလံုးက Season 2 ထြက္လာဦးမလားလို႔ ေမွ်ာ္လင့္ခဲ့ၾကေပမဲ့ ခုထိေတာ့ ထြက္မလာေသးပါဘူး :'(  စီနီယာ Moon အျဖစ္ သရုပ္ေဆာင္တဲ့ God ေၾကာင့္လို႔ ေျပာၾကေပမဲ့ တိက်ေသခ်ာတဲ့ အေၾကာင္းျပခ်က္ေတာ့ မေပးပါဘူး။ အက္ဒ္မင္ကေတာ့ Wayo အျဖစ္ သရုပ္ေဆာင္တဲ့ ကေလးေလး (အမယ္.. သူ႕ကေလးေလးပါေပါ့ 😛 ) Bass ေလးကို အရမ္းေတြ သေဘာက်မိပါပဲေနာ္.. ခ်စ္စရာေလး <3

Related Article >>> ၾကည္ႏူးလြမ္းေမာစရာ BL အခန္းဆက္ ဝတၳဳေလးမ်ား

၂။ He is Coming to Me (Ohm & Singto)

ဒီဇာတ္လမ္းမွာေတာ့ Thang လို႔ေခၚတဲ့ ေကာင္ေလးဟာ ငယ္ေလးကတည္းက သရဲေတြကို ျမင္ရတဲ့အျပင္ ဒီသရဲေတြ ဘာေၾကာင့္ မကၽြတ္လဲဆိုတာကိုပါ အေရာင္ေလးေတြနဲ႔ ခြဲျမင္ရတဲ့ ကေလးတစ္ေယာက္ပါ။ တစ္ရက္ သူ႕ေဖေဖနဲ႔ သခ်ႋဳင္းကန္ေတာ့ပြဲလာရင္း Meth လို႔ေခၚတဲ့ သရဲ အစ္ကိုႀကီး တစ္ေယာက္ကို ေတြ႕ခဲ့ပါတယ္။ Meth ကို သနားတဲ့ Thang ေလးဟာ သခ်ႋဳင္းကန္ေတာ့ပြဲ လာတုိင္း Meth ႀကိဳက္တတ္တဲ့ မုန္႔ေလးေတြ ယူယူလာေပးခဲ့ပါတယ္။ Meth ကေတာ့ ဒီေကာင္ေလးဟာ သူ႕ကို ျမင္ရတယ္လို႔ ထင္ေနေပမဲ့ မေသခ်ာမေရရာ ျဖစ္ေနခဲ့ပါတယ္။Thang ရဲ႕ ေဖေဖ ဆံုးသြားၿပီးတဲ့ေနာက္မွာေတာ့ Thang ဟာ သခ်ႋဳင္းကန္ေတာ့ပြဲေတြကို ေရာက္မလာေတာ့ပါဘူး။ Meth ကေတာ့ ႏွစ္တိုင္း Thang မ်ားလာမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ ေစာင့္ရင္းေပါ့ေလ…

Thang ေလး Meth ရွိရာ သခ်ႋဳင္းကို ေနာက္တစ္ႀကိမ္ ေရာက္လာခ်ိန္မွာေတာ့ အရြယ္ေရာက္ေနတဲ့ တကၠသိုလ္ေက်ာင္းသား ေကာင္ေလး ျဖစ္ေနခဲ့ပါၿပီ။ နဂိုတည္းက Meth ကို သနားရင္းစြဲ ရွိခဲ့တဲ့ Thang .. Meth ကို သူ႕အေဆာင္တိုက္ခန္းကို ေခၚသြားၿပီးတဲ့ေနာက္မွာေတာ့….

သရဲတစ္ေကာင္ နဲ႔ ေကာင္ေလးတစ္ေယာက္ၾကားက ရိုမန္႔စ္ဟာ အေတာ္ေလး မ်က္ရည္ျခဴႏုိင္တဲ့ ဇာတ္ကားပါ။ ဒီစီးရီးစ္မွာ အပိုင္း ၈ ပိုင္းပဲ ပါရွိၿပီး အပိုင္း ၅ ကစလို႔ ငိုရေတာ့တာပါပဲ 😀 ဒါေပမဲ့ ဇာတ္လမ္းရဲ႕ အလွည့္အေျပာင္းေတြ၊ Meth ရဲ႕ ေသဆံုးရျခင္း အေၾကာင္းရင္းေတြ၊ Meth, Thang နဲ႔ သူ႕သူငယ္ခ်င္းေတြၾကားက ေလးပြင့္ဆုိင္ ဇာတ္လမ္းေတြဟာ ဇာတ္ကားကို မပ်င္းရေအာင္ ဆြဲေခၚသြားႏုိင္ပါတယ္။ ခ်စ္စရာ၊ လြမ္းစရာ၊ ၾကည္ႏူးစရာ ဇာတ္လမ္းေလးမို႔ ေယာင္းတို႔ကို ၾကည့္ေစခ်င္တယ္ ေယာင္းတို႔ေရ..

Related Article >>> ေကာင္ေလးေတြရဲ႕ရိုမန္႔စ္

၁။ Sotus: The Series (Singto & Krist) – IMDB 8.2/10

sotus

ဒါက အက္ဒ္မင္ၾကည့္ဖူးသမွ် BL ေတြထဲ အႀကိဳက္ဆံုးဇာတ္ကားပါပဲ ေယာင္းတို႔ေရ… ၂၀၁၆ တုန္းက ထြက္ရွိခဲ့တဲ့ ဇာတ္ကားျဖစ္ၿပီး အက္ဒ္မင္ၾကည့္ေနတာ အေခါက္ေပါင္း ၆၇၉သိန္းေလာက္ ရွိေနတာေတာင္ မရပ္ႏုိင္ေသးပါဘူး 😛 သူက Season ၂ ခု နဲ႔ Mini-series တစ္ပုိင္း ထြက္ထားပါတယ္။ Sotus: The Series က Season 1 ျဖစ္ၿပီး Sotus S: The Series က Season 2 ပါ။

sotus s
ဒါေတာ့ Season 2 ရဲ႕ ပိုစတာပါ

ဇာတ္လမ္းကေတာ့ အင္ဂ်င္နီယာေက်ာင္းသား ႏွစ္ေယာက္ၾကားက ဇာတ္လမ္းေပါ့… Arthit ဟာ တတိယႏွစ္ Head Hazer (ျမန္မာလိုဆိုရင္ေတာ့ ေက်ာင္းသားေခါင္းေဆာင္ပဲ ေျပာရမွာေပါ့) တစ္ေယာက္ျဖစ္ၿပီး Kongpob ကေတာ့ ပထမႏွစ္ေက်ာင္းသားတစ္ေယာက္ပါ။ S.O.T.U.S ဆိုတာဟာ အၾကမ္းဖ်ဥ္းအေပၚယံ ၾကည့္လုိက္ရင္ေတာ့ အာဏာကို သံုးၿပီး စီနီယာေတြက ဂ်ဴနီယာေတြကို ဖိႏွိပ္ထားတဲ့ စနစ္တစ္ခုလို႔ Kongpob က အစပိုင္းမွာ ယူဆပါတယ္။ ဒါကိုမႀကိဳက္တဲ့ သူက ကန္႔လန္႔တိုက္တဲ့အခါမွာေတာ့ Head Hazer ျဖစ္တဲ့ Arthit နဲ႔ သူ႕ၾကား မေျပလည္ တင္းမာမႈေပါင္းမ်ားစြာေပါ့… ဒါေပမဲ့ Hazing Activity ေတြ ၿပီးသြားတဲ့ေနာက္မွာေတာ့…

က်န္တာေတာ့ ေယာင္းတို႔ပဲ ဆက္ၾကည့္ပါေနာ္.. အက္ဒ္မင္ေျပာျပရင္ ေပါ့သြားမွာစိုးလို႔… ၾကည့္လိုက္ရင္ ႀကိဳက္မိမွာ က်ိန္းေသတဲ့ ဇာတ္ကားပါ ေယာင္းတို႔ေရ… Season ၂ ခုလံုး ၾကည့္လို႔ၿပီးသြားရင္ Our Skyy ဆိုတဲ့ Mini Series ရဲ႕ အပိုင္း ၅ (Arthit – Kongpobအပိုင္း) ကို ဆက္ၾကည့္လို႔ရပါတယ္။

Singto နဲ႔ Krist ဆိုတာလည္း သရုပ္ေဆာင္ေကာင္းလိုက္တာ ဆိုတာမွ အျပင္က သူတို႔ရဲ႕ ပံုစံေတြနဲ႔ တျခားစီပါပဲ 😀 အက္ဒ္မင္ဆို သူတို႔ရဲ႕ အျပင္က ပံုစံကို ျမင္လိုက္တဲ့အခါ ပါးစပ္အေဟာင္းသား.. ဟင္.. ဇာတ္ကားထဲကနဲ႔ တျခားစီပဲေရာတို႔ ဘာတို႔ ျဖစ္သြားတာ… ဆက္ေျပာရင္ SingKit ဘုန္းေတာ္ဘြဲ႕ေတြ ေရာက္ေတာ့မယ္ :’D

ခု အက္ဒ္မင္ေျပာျပခဲ့တဲ့ ဇာတ္ကား (၃)ကားလံုးမွာ Skinship ဆိုလို႔ အလြန္ဆံုးပါရင္ Kiss Scene ေလာက္ပါပဲ ေယာင္းတို႔ေရ.. Kiss Scene ေတာင္မွ ျဖဴျဖဴစင္စင္ အနမ္းေလးေတြမို႔ ၾကည့္ရင္းကို ၾကည္ႏူးရတာမ်ိဳးပါ။ ဒါကပဲ ဒီဇာတ္ကားေတြကို အက္ဒ္မင္ ဘာေၾကာင့္ ႀကိဳက္ရလဲဆိုတဲ့ ေမးခြန္းရဲ႕ အေျဖပါပဲ…

ေယာင္းတို႔လည္း ဒီဇာတ္ကားေလးေတြကို ႏွစ္သက္လိမ့္မယ္လို႔ ထင္ပါတယ္ေယာင္းေရ… ေယာင္းတို႔ သေဘာက်တဲ့ ဇာတ္ကားေလးေတြ ရွိရင္လည္း အက္ဒ္မင့္ကို ျပန္ေျပာျပသြားၾကပါဦးေနာ္… (အဲ.. အဲ.. Peraya ေတြနဲ႔ OhmSing Shipper ေတြ ရန္မျဖစ္ေၾကးေနာ္… အက္ဒ္မင္က ေကာင္းတဲ့ ဇာတ္ကားေလးေတြပဲ ေရြးထုတ္ထားတာမို႔ တို႔ေတြ သူတို႔အႏုပညာကိုပဲ အားေပးၾကရေအာင္လား :* )

Libra (For Her Myanmar)

<<< Unicode >>>

နောက်ဆုံးတစ်ခုက အသက် <3 

ယောင်းတို့ရေ.. ခုရက်ပိုင်း ဘာကားတွေ ကြည့်ဖြစ်ကြလဲ? မင်မင်တော့ BL တောထဲ မျော… အဲ့တော့ ကိုယ်မျောသလို ယောင်းတို့လည်း မျောရအောင်ဆိုတဲ့ စေတနာဇိုးလေးနက် မင်မင်က ပေါက်ချခဲ့ပါပြီရှန်… ဒီတစ်ပတ်မှာတော့ ယောင်းတို့ကို ကြည့်စေချင်တဲ့ BL ဇာတ်ကားလေး (၃)ကား အကြောင်း ပြောပြပေးမယ်နော်… မပြောခင် အရင် စကားကြိုခံချင်တာကတော့ skinship ပါမှ ကြိုက်တာဆိုတဲ့ ယောင်းတွေအတွက် ဒီကားတွေဟာ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်… မင်မင် ရွေးထားပေးတဲ့ ဒီဇာတ်ကား (၃)ကားဟာ ယောက်ျားလေး နှစ်ယောက်ကြားက အချစ်သက်သက်ကို အဓိပ္ပာယ်ပေါ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးတွေမို့ စိတ်ဖြူဖြူသန့်သန့်လေးနဲ့ ကြည့်ပြီး ကြည်နူးကြရမယ့် ဇာတ်ကားလေးတွေပါ။ အလွန်ဆုံးပါမှ အနမ်းပေးတာလောက်ပါပဲ။ မင်မင် ဒီကားတွေကို ဘာကြောင့်ကြိုက်ရလဲဆိုတဲ့ အဖြေဟာလည်း ဒါပါပဲ…

၃။ 2 Moons: The Series (God & Bass) – IMDB 7.9/10

နာမည်အတိုင်းပါပဲ… Moon နှစ်ယောက်ကြားက ဇာတ်လမ်းလေးပေါ့… ဒီနေရာမှာ Moon ဆိုတဲ့ အသုံးနဲ့ မရင်းနှီးတဲ့ ယောင်းတို့ကို ရှင်းပြရမယ်ဆိုရင် ကိုယ်တွေ တက္ကသိုလ်တွေမှာ King နဲ့ Queen ရွေးသလို ထိုင်းမှာတော့ Moon နဲ့ Star ဆိုပြီး ရွေးပါတယ်။ Moon က ကင်း၊ Star က ကွင်းပေါ့…

Wayo ဆိုတဲ့ ကောင်လေးက Kantaphat University မှာ ပထမနှစ်အဖြစ် တက်ရောက်မယ့်သူပါ။ အဲဒီ တက္ကသိုလ်တစ်ခုတည်းမှာပဲ သူ ငယ်ငယ်လေးကတည်းက သဘောကျခဲ့ရတဲ့ အစ်ကိုကြီးတစ်ယောက်ကလည်း တက်နေပါတယ်။ ဖြစ်ချင်တော့ Wayo ဟာ Moon အဖြစ်အရွေးခံရဖို့ ဖြစ်လာပြီး သူ သဘောကျခဲ့တဲ့ အစ်ကိုကြီးကတော့ (တခြားမေဂျာက) အရင်နှစ်က Moon ဖြစ်နေခဲ့တာပါ။ ဒါနဲ့ပဲ Moon ရွေးချယ်ပွဲမတိုင်ခင် လှုပ်ရှားမှုတွေမှာ သူတို့နှစ်ယောက် မကြာမကြာ တွေ့ပြီး ရင်းနှီးလာရာက….

ကျန်တာတော့ ကိုယ်တိုင်သာ ဆက်ကြည့်ပါ ယောင်းတို့ရေ… ဒီ စီးရီးစ်မှာ အပိုင်း ၁၂ပိုင်း ပါရှိပြီး အားလုံးက Season 2 ထွက်လာဦးမလားလို့ မျှော်လင့်ခဲ့ကြပေမဲ့ ခုထိတော့ ထွက်မလာသေးပါဘူး :'(  စီနီယာ Moon အဖြစ် သရုပ်ဆောင်တဲ့ God ကြောင့်လို့ ပြောကြပေမဲ့ တိကျသေချာတဲ့ အကြောင်းပြချက်တော့ မပေးပါဘူး။ အက်ဒ်မင်ကတော့ Wayo အဖြစ် သရုပ်ဆောင်တဲ့ ကလေးလေး (အမယ်.. သူ့ကလေးလေးပါပေါ့ 😛 ) Bass လေးကို အရမ်းတွေ သဘောကျမိပါပဲနော်.. ချစ်စရာလေး <3

Related Article >>> ကြည်နူးလွမ်းမောစရာ BL အခန်းဆက် ဝတ္ထုလေးများ

၂။ He is Coming to Me (Ohm & Singto)

ဒီဇာတ်လမ်းမှာတော့ Thang လို့ခေါ်တဲ့ ကောင်လေးဟာ ငယ်လေးကတည်းက သရဲတွေကို မြင်ရတဲ့အပြင် ဒီသရဲတွေ ဘာကြောင့် မကျွတ်လဲဆိုတာကိုပါ အရောင်လေးတွေနဲ့ ခွဲမြင်ရတဲ့ ကလေးတစ်ယောက်ပါ။ တစ်ရက် သူ့ဖေဖေနဲ့ သင်္ချိုင်းကန်တော့ပွဲလာရင်း Meth လို့ခေါ်တဲ့ သရဲ အစ်ကိုကြီး တစ်ယောက်ကို တွေ့ခဲ့ပါတယ်။ Meth ကို သနားတဲ့ Thang လေးဟာ သင်္ချိုင်းကန်တော့ပွဲ လာတိုင်း Meth ကြိုက်တတ်တဲ့ မုန့်လေးတွေ ယူယူလာပေးခဲ့ပါတယ်။ Meth ကတော့ ဒီကောင်လေးဟာ သူ့ကို မြင်ရတယ်လို့ ထင်နေပေမဲ့ မသေချာမရေရာ ဖြစ်နေခဲ့ပါတယ်။Thang ရဲ့ ဖေဖေ ဆုံးသွားပြီးတဲ့နောက်မှာတော့ Thang ဟာ သင်္ချိုင်းကန်တော့ပွဲတွေကို ရောက်မလာတော့ပါဘူး။ Meth ကတော့ နှစ်တိုင်း Thang များလာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ စောင့်ရင်းပေါ့လေ…

Thang လေး Meth ရှိရာ သင်္ချိုင်းကို နောက်တစ်ကြိမ် ရောက်လာချိန်မှာတော့ အရွယ်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းသား ကောင်လေး ဖြစ်နေခဲ့ပါပြီ။ နဂိုတည်းက Meth ကို သနားရင်းစွဲ ရှိခဲ့တဲ့ Thang .. Meth ကို သူ့အဆောင်တိုက်ခန်းကို ခေါ်သွားပြီးတဲ့နောက်မှာတော့….

သရဲတစ်ကောင် နဲ့ ကောင်လေးတစ်ယောက်ကြားက ရိုမန့်စ်ဟာ အတော်လေး မျက်ရည်ခြူနိုင်တဲ့ ဇာတ်ကားပါ။ ဒီစီးရီးစ်မှာ အပိုင်း ၈ ပိုင်းပဲ ပါရှိပြီး အပိုင်း ၅ ကစလို့ ငိုရတော့တာပါပဲ 😀 ဒါပေမဲ့ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတွေ၊ Meth ရဲ့ သေဆုံးရခြင်း အကြောင်းရင်းတွေ၊ Meth, Thang နဲ့ သူ့သူငယ်ချင်းတွေကြားက လေးပွင့်ဆိုင် ဇာတ်လမ်းတွေဟာ ဇာတ်ကားကို မပျင်းရအောင် ဆွဲခေါ်သွားနိုင်ပါတယ်။ ချစ်စရာ၊ လွမ်းစရာ၊ ကြည်နူးစရာ ဇာတ်လမ်းလေးမို့ ယောင်းတို့ကို ကြည့်စေချင်တယ် ယောင်းတို့ရေ..

Related Article >>> ကောင်လေးတွေရဲ့ရိုမန့်စ်

၁။ Sotus: The Series (Singto & Krist) – IMDB 8.2/10

sotus

ဒါက အက်ဒ်မင်ကြည့်ဖူးသမျှ BL တွေထဲ အကြိုက်ဆုံးဇာတ်ကားပါပဲ ယောင်းတို့ရေ… ၂၀၁၆ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး အက်ဒ်မင်ကြည့်နေတာ အခေါက်ပေါင်း ၆၇၉သိန်းလောက် ရှိနေတာတောင် မရပ်နိုင်သေးပါဘူး 😛 သူက Season ၂ ခု နဲ့ Mini-series တစ်ပိုင်း ထွက်ထားပါတယ်။ Sotus: The Series က Season 1 ဖြစ်ပြီး Sotus S: The Series က Season 2 ပါ။

sotus s
ဒါတော့ Season 2 ရဲ့ ပိုစတာပါ

ဇာတ်လမ်းကတော့ အင်ဂျင်နီယာကျောင်းသား နှစ်ယောက်ကြားက ဇာတ်လမ်းပေါ့… Arthit ဟာ တတိယနှစ် Head Hazer (မြန်မာလိုဆိုရင်တော့ ကျောင်းသားခေါင်းဆောင်ပဲ ပြောရမှာပေါ့) တစ်ယောက်ဖြစ်ပြီး Kongpob ကတော့ ပထမနှစ်ကျောင်းသားတစ်ယောက်ပါ။ S.O.T.U.S ဆိုတာဟာ အကြမ်းဖျဉ်းအပေါ်ယံ ကြည့်လိုက်ရင်တော့ အာဏာကို သုံးပြီး စီနီယာတွေက ဂျူနီယာတွေကို ဖိနှိပ်ထားတဲ့ စနစ်တစ်ခုလို့ Kongpob က အစပိုင်းမှာ ယူဆပါတယ်။ ဒါကိုမကြိုက်တဲ့ သူက ကန့်လန့်တိုက်တဲ့အခါမှာတော့ Head Hazer ဖြစ်တဲ့ Arthit နဲ့ သူ့ကြား မပြေလည် တင်းမာမှုပေါင်းများစွာပေါ့… ဒါပေမဲ့ Hazing Activity တွေ ပြီးသွားတဲ့နောက်မှာတော့…

ကျန်တာတော့ ယောင်းတို့ပဲ ဆက်ကြည့်ပါနော်.. အက်ဒ်မင်ပြောပြရင် ပေါ့သွားမှာစိုးလို့… ကြည့်လိုက်ရင် ကြိုက်မိမှာ ကျိန်းသေတဲ့ ဇာတ်ကားပါ ယောင်းတို့ရေ… Season ၂ ခုလုံး ကြည့်လို့ပြီးသွားရင် Our Skyy ဆိုတဲ့ Mini Series ရဲ့ အပိုင်း ၅ (Arthit – Kongpobအပိုင်း) ကို ဆက်ကြည့်လို့ရပါတယ်။

Singto နဲ့ Krist ဆိုတာလည်း သရုပ်ဆောင်ကောင်းလိုက်တာ ဆိုတာမှ အပြင်က သူတို့ရဲ့ ပုံစံတွေနဲ့ တခြားစီပါပဲ 😀 အက်ဒ်မင်ဆို သူတို့ရဲ့ အပြင်က ပုံစံကို မြင်လိုက်တဲ့အခါ ပါးစပ်အဟောင်းသား.. ဟင်.. ဇာတ်ကားထဲကနဲ့ တခြားစီပဲရောတို့ ဘာတို့ ဖြစ်သွားတာ… ဆက်ပြောရင် SingKit ဘုန်းတော်ဘွဲ့တွေ ရောက်တော့မယ် :’D

ခု အက်ဒ်မင်ပြောပြခဲ့တဲ့ ဇာတ်ကား (၃)ကားလုံးမှာ Skinship ဆိုလို့ အလွန်ဆုံးပါရင် Kiss Scene လောက်ပါပဲ ယောင်းတို့ရေ.. Kiss Scene တောင်မှ ဖြူဖြူစင်စင် အနမ်းလေးတွေမို့ ကြည့်ရင်းကို ကြည်နူးရတာမျိုးပါ။ ဒါကပဲ ဒီဇာတ်ကားတွေကို အက်ဒ်မင် ဘာကြောင့် ကြိုက်ရလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေပါပဲ…

ယောင်းတို့လည်း ဒီဇာတ်ကားလေးတွေကို နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်ယောင်းရေ… ယောင်းတို့ သဘောကျတဲ့ ဇာတ်ကားလေးတွေ ရှိရင်လည်း အက်ဒ်မင့်ကို ပြန်ပြောပြသွားကြပါဦးနော်… (အဲ.. အဲ.. Peraya တွေနဲ့ OhmSing Shipper တွေ ရန်မဖြစ်ကြေးနော်… အက်ဒ်မင်က ကောင်းတဲ့ ဇာတ်ကားလေးတွေပဲ ရွေးထုတ်ထားတာမို့ တို့တွေ သူတို့အနုပညာကိုပဲ အားပေးကြရအောင်လား :* )

Libra (For Her Myanmar)

No Comments Yet

Comments are closed