ချစ်ခြင်းမေတ္တာနဲ့ လူသားချင်းစာနာမှုအတွက်ဆို ဒီရုပ်ရှင်(၂)ကားကို ကြည့်ကြည့်ပါ။

ကြည့်ပြီးရင်​ စိတ်​ထဲမှာ တစ်​ခုခုစွဲထင်​ကျန်​ရစ်​​စေမဲ့ ဇာတ်​ကား​ကောင်း​လေး​တွေနဲ့ မိတ်​ဆက်​​ပေးမယ်​​နော်​။

နန္ဒာ​ပြောဖူးလား​တော့ မသိ​ပေမဲ့ နန္ဒာက ရုပ်​ရှင်​ကြည့်ရတာ အရမ်းဝါသနာပါပါတယ်​။ အိမ်​မှာ ​အေး​အေး​ဆေး​ဆေးထိုင်​ကြည့်ရတာထက်​ ကိုယ်​တိုင်​ကိုယ်​ကျ ရုပ်​ရှင်​ရုံသွားကြည့်လိုက်​ရမှ ​ကျေနပ်​တတ်​တဲ့သူမျိုးပါ။ အထူးသဖြင့် Disney တို့၊ Dream Works တို့က ဘာကားထွက်​ထွက်​ သွားကြည့်ဖြစ်​ပါတယ်​။ များ​သောအားဖြင့် နန္ဒာကြည့်တာ ကာတွန်းကား၊ ​မှော်​ကား​တွေနဲ့ သရဲကား​တွေပါ။ သူငယ်​ချင်း​တွေထဲမှာ ရုပ်​ရှင်​ဝါသနာပါတာဆိုလို့ နန္ဒာတစ်​​ယောက်​တည်း ရှိတာရယ်​ .. အဲ့​တော့ ရုပ်​ရှင်​သွားကြည့်မယ်​ဆို ဘယ်​သူ့မှ အ​ဖော်​စပ်​လို့မရ​တော့ဘူး။ ​နောက်​ပိုင်း​တော့ တစ်​​ယောက်​တည်း ရုပ်​ရှင်​ရုံသွားကြည့်တဲ့ အကျင့်ရသွားတာပါပဲ။ အိမ်​မှာလည်း လူကြီး​တွေနဲ့ အငယ်​မကြိုက်​တဲ့ ဇာတ်​လမ်းမျိုး​တွေဆို ကိုယ်​ကမကြိုက်​​တော့ ရုပ်​ရှင်​ကြည့်ပြီဆိုတာနဲ့ တစ်​​ယောက်​တည်း ​ကော်​ဖီ​လေးတစ်​ခွက်​​ဖျော်​ပြီး ​တွေးရင်း​ငေးရင်း ​အေး​အေး​ဆေး​ဆေးကြည့်ဖြစ်​တယ်ပေါ့​နော်​။ ​နောက်​ နန္ဒာ့မှာ မ​ကောင်းတဲ့အကျင့်​လို့ ​ပြောမလား​နော်​ (​ဘေးမှာအတူကြည့်​​နေတဲ့သူ​တွေကို အ​နှောင့်အယှက်​ဖြစ်​​စေမဲ့ အကျငေ့်လး​တွေ ရှိတယ်​) .. ခဏခဏ ​နောက်​ပြန်​ရစ်​ကြည့်​တတ်​တာ… မကြားလိုက်​လို့ပဲဖြစ်​ဖြစ်​၊ ဘာဖြစ်​သွားတာလဲ မရှင်းလိုက်​လို့ပဲဖြစ်​ဖြစ်​၊ တစ်​ခါတစ်​​လေ ဇာတ်​ဝင်​ခန်းတစ်​ခုခုကို အရမ်းသ​ဘောကျသွားရင်​ ​လေးငါး​ခြောက်​ခါ​လောက်​ ပြန်​ရစ်​ကြည့်​တယ်​။ ​နောက်​ ကြည့်နေရင်း စကား​တွေ​ပြောတာ …

ကြည့်နေတာချင်း အတူတူ ကိုယ်​တစ်​​ယောက်​တည်း ဇာတ်​​ကြောင်း​တွေ​ပြော .. ထ​ပေါက်​ကွဲ .. ​ရယ်​လိုက်​ ငိုလိုက်​​ပေါ့​နော်​။ သူများ​တွေရယ်​ပြီးလို့ ​တော်​​တော်​ကြာမှ ထရယ်​တာလည်း ရှိသေးတယ်​။ သူများ​ပေါက်​သွားလည်း ကိုယ်​မှာ ခုထိမ​ပေါက်​​သေးဘူး။ ဒီ​တော့ ဒါ​တွေက စိတ်​ရှုပ်​စရာဖြစ်​​နေတာ​ပေါ့​နော်​။ နန္ဒာကိုယ်​တိုင်​လည်း ကိုယ့်​အ​ကြောင်းကိုယ်​သိလို့ ​နောက်​ပိုင်း ရုပ်​ရှင်​ကြည့်​ရင်​ တစ်​​ယောက်​တည်းပဲ ကြည့်ဖြစ်​​တော့တယ်​။ အိမ်​မှာ တူတူထိုင်​ကြည့်​လို့ရတာဆိုလို့ ကိုရီးယားကားနဲ့ Running Man ပဲ ရှိမယ်​။ ဒါ​တောင်​ အ​မေးအမြန်းထူလို့ အ​ပြောခံရတာလည်း မ​ပြောနဲ့။

စကားရှည်​သွားပြီ။ အဲ့​တော့ Movie Review ​လေးဆက်​​ပေးမယ်​​နော်​။ ပထမကား​လေးက​တော့ ​တော်​​တော်​များများ ကြည့်ဖူး​လောက်​မှာပါ။ Wonder ဆိုတဲ့ကား​လေး။ ဒီကား​လေးမထွက်​ခင်​ trailer ​လေးနဲ့တင်​ ​တော်​​တော်​​လေး ပေါက်​သွားပါ​သေးတယ်​။ ဇာတ်လမ်းအ​ကြောင်းမ​ပြော​သေးခင်​ သူ့ သရုပ်ဆောင် ​တွေအ​ကြောင်း အရင်​​ပြောမယ်​​နော်​။ က​လေးဇာတ်​ဆို​ပေမဲ့ ဇာတ်​ပို့မင်းသားနဲ့ မင်းသမီးက တကယ့်နာမည်​ကြီး​တွေ။ Owen Wilson နဲ့ Julia Robert .. Julia Robert ဆို Pretty Woman မှာ ကိုယ်တွေ အ​သေ​ကြွေခဲ့ရတဲ့ မင်းသမီး။ သူတို့နှစ်​​ယောက်​အပြင်​ တစ်​ကားလုံးမှာပါတဲ့ သရုပ်​​ဆောင်​​တွေအားလုံး အပိုအလိုမရှိ ကွက်​တိသရုပ်​​ဆောင်​သွားကြတာ။

က​လေးဇာတ်​ဆို​တော့ အဓိက က​လေးသရုပ်​​ဆောင်​​လေးကိုလည်း ​ပြောပြဦးမယ်​။ သူ​လေးက​တော့ Jacob Trembley ဆိုတဲ့ က​လေး​လေးပါ။ သူ့ Character က​တော့ ရှားပါးတဲ့ မျိုးရိုးဗီဇ​ရောဂါ တစ်​မျိုးဖြစ်​တဲ့ Teacher Collins Syndrome ​ရောဂါကို ခံစား​နေရတဲ့ ဆယ်​နှစ်​အရွယ်​ Auggie ဆိုတဲ့ က​လေး​လေး​နေရာက​နေ သရုပ်​​ဆောင်​ရတာပါ။ ​မွေးရာပါ ပုံစံချို့ယွင်း​နေတဲ့မျက်​နှာကြောင့် ​ကျောင်းသွားဖို့ စိတ်​အားငယ်​​နေတဲ့ သားငယ်​​လေးကို တစ်​မိသားစုလုံး ​ကျောင်းလိုက်​ပို့တဲ့အချိန်​ကစပြီး ဇာတ်​လမ်းတစ်​ခုလုံးကို ပုံမှန်​ tempo ​လေးနဲ့ပဲ ထိန်းသွားပါတယ်​။ အိမ်​မှာစာသင်​လာခဲ့ရင်း အခု ပထမဆုံး​ကျောင်းစတက်​ရတာမို့ စိတ်​လှုပ်​ရှား​​နေ​ပေမဲ့ သူက ရုပ်​ဆိုးလို့ သူငယ်​ချင်းရမှာ မဟုတ်​ဘူးလို့ ထင်​တဲ့ Auggie၊ လူ​တွေရှေ့မှာ သ​ဘော​ကောင်းချင်​​ယောင်​​ဆောင်​ပြီး ​နောက်​ကွယ်​ကျမှ အစွယ်​တ​ငေါ​ငေါနဲ့ ဖြစ်​သွားတတ်တဲ့ အတန်းထဲက ​ခပ်​ဆိုးဆိုး​ကောင်​လေး Julian ရယ်​၊ Auggie ရဲ့ သူငယ်​ချင်း​ကောင်းဖြစ်​လာမဲ့ Jack Will ဆိုတဲ့ ​ကောင်​​လေးရယ်​၊ လူလူချင်းနှိမ်​ဖဲ့​ပြောတာကို မကြိုက်​တဲ့ အတန်းထဲက သ​ဘော​ကောင်းတဲ့ ​ကောင်​မ​လေး Summer ရယ် .. က​လေး​လေး​တွေနဲ့တင်​ ဇာတ်​လမ်းရဲ့ ၇၀% ​လောက်ဖြစ်​သွားပါတယ်​။

နောက်​ ဇာတ်​လမ်းထဲမှာ အဓိက ဇာတ်ကောင်တွေထက်​ မိသားစုနဲ့ သူငယ်​ချင်း​တွေရဲ့ အပိုင်းကို အဓိကအသား​ပေးပြသွားတာပါ။ မိဘရဲ့ သွန်​သွင်​ဆုံးမမှု၊ ဦး​ဆောင်​နိုင်​မှု​ပေါ်မူတည်​ပြီး က​လေးတွရဲ့ အကျင့်စရိုက်​​တွေ ဘယ်​လိုကွဲပြားသွားနိုင်​လဲဆိုတဲ့ Parental Guidance Message ​လေး​တွေပါတဲ့အပြင်​ အတန်းထဲမှာ၊ ​ကျောင်းမှာ က​လေး​အချင်းချင်း အနိုင်​ကျင့်​တာ၊ အနိုင်​ကျင့်​ခံရတာ​တွေနဲ့ ပတ်​သက်​ပြီးလည်း ဆရာသမားမိဘ​တွေ ဘယ်​လိုကိုင်​တွယ်​သင့်လဲဆိုတဲ့ အ​ကြောင်း​တွေပါ မီး​မောင်းထိုးပြထားပါတယ်​။ ​နောက်​ပြီး နန္ဒာတို့ ​ယောင်းတို့ ​နေ့စဉ်​ဘဝ​တွေမှာ ခံယူကျင့်​သုံးသင့်​တဲ့ ခံယူချက်​​တွေ၊ အမူအကျငေ့်ကာင်း​တွေနဲ့ ပတ်​သက်​တဲ့ အ​တွေးအ​ခေါ်​လေး​တွေလည်း အများကြီးပါပါတယ်​။ ဥပမာ – လူတစ်​​ယောက်​ကို သူ့ရဲ့အပြင်ပိုင်း ရုပ်​ရည်​သွင်​ပြင်​​ပေါ်မူတည်​ပြီး Judge လုပ်​လို့မရဘူးဆိုတာမျိုး၊ ​နောက်​ပြီး​တော့ ​လူတစ်​​ယောက်​ရဲ့ စိတ်​ဓာတ်​၊ အမူအကျင့် (Attitude) ဘယ်​​လောက်​​ကောင်းလဲဆိုတာမျိုးကပဲ သူဘယ်​လိုလူမျိုးလဲဆိုတာကို ဆုံးဖြတ်​​ပေးနိုင်​တယ်​ဆိုတဲ့​ အ​ကြောင်း၊ မိခင်​တစ်​​ယောက်​ရဲ့ ချစ်​ခြင်း​မေတ္တာမှာ ဘယ်​​တော့မှ ကန့်သတ်​ချက်​​တွေ မရှိဘူးဆိုတာမျိုး၊ သူငယ်​ချင်း​ကောင်းတစ်​​ယောက် ​ရှိရုံနဲ့ ​လောကကြီးကို ပိုပြီး အ​ကောင်းမြင်​လာနိုင်​ပါတယ်​ဆို တာမျိုး​လေး​တွေ​ပေါ့​နော်​။

နောက်​ထပ်​ မိဘ​တွေအတွက်​ သတိထားစရာတစ်​ခုက သားသမီးနှစ်​​ယောက်​မှာ တစ်​​ယောက်​ကို အ​ကြောင်းအမျိုးမျိုး​ကြောင့် ပိုပြီးဂရုစိုက်​​နေမိတယ်​၊ အချိန်​ပို​ပေးပြီး မျက်​နှာသာပို​ပေးမိ​နေမယ်​ဆို ရင်​ ကျန်​တဲ့က​လေး​လေး​တွေမှာ (အကယ်​၍ သူတို့က မ​ပြောတတ်​လို့ ဘာမှထုတ်​မ​ပြောပြဘူးဆိုရင်​​တောင်​) တစ်​ခါက​နေ နှစ်​ခါဖြစ်​လာရင်​ တဖြည်းဖြည်း စိတ်​ဒဏ်​ရာရ သွားတတ်​တယ်​ဆိုတာကိုလည်း ထည့်ပြထားပါ​သေးတယ်​။ ​နောက်​ Character ​တွေရဲ့အမြင်​ (Perspective) ကိုလည်း တစ်​​ယောက်​ချင်း ဇာတ်​​ကြောင်း​ပြောပြ​နေသလိုမျိုး​လေး ရိုက်​ပြထားတာမို့ Auggie တစ်​​ယောက်​တည်းရဲ့ ဇာတ်​လမ်းမဟုတ်​​တော့ဘဲ သူ့ပတ်​ဝန်းကျင်​မှာရှိတဲ့ သူ​တွေရဲ့ ဇာတ်​လမ်းနဲ့ သူတို့ဘက်​ကအမြင်​​လေး​တွေကိုပါ စိတ်​ဝင်​စားစရာ​ကောင်း​အောင်​ ကြည့်ရဦးမှာပါ။ Spoiler ​ပေးရာ​ရောက်​မှာစိုးလို့ Auggie နဲ့ သူ့ပတ်​ဝန်းကျင်​က လူတစ်​သိုက်​ ဘာ​တွေဘယ်​လိုဆက်​ဖြစ်​ကြဦးမလဲ ဆိုတာ​တော့ ကွကိုယ်​ပဲ ဆက်​ကြည့်​လိုက်​ကြ​တော့​နော်​။ ​သေချာ​တာ​တော့ အ​ပေါ်မှာ နန္ဒာ​ပြောခဲ့သလိုပဲ ဒီဇာတ်​ကား​လေးကိုကြည့်ပြီးရင် ​ ရင်​ဘတ်​ထဲမှာ တစ်​ခုခု​တော့ ကျန်​ရစ်​​နေခဲ့မှာပါပဲ ​ယောင်းတို့​ရေ။

Related Article >>> ကြည်နူးပျော်ရွှင်စရာ Studio Ghibli ရဲ့ ကာတွန်းရုပ်ရှင်လေးများ

The Help

နောက်​ထပ်​ နန္ဒာ recommend ​ပေးချင်​တဲ့ ဇာတ်​ကား​လေးက​တော့ The Help ပါ။ မြန်​မာလိုဆို အိမ်​အကူ လို့ ဘာသာပြန်​လို့ရမယ်​ထင်​တယ်​။ ဇာတ်​လမ်းက Martin Luther King တို့​ခေတ်​၊ လူဖြူ လူမည်း​ ပဋိပက္ခ​တွေအစပျိုးဖို့ တာဆူ​နေတဲ့​ခေတ်​​ပေါ့​နော်​။ နန္ဒာဖတ်​ခဲ့ဖူးတဲ့စာအုပ်​တစ်​အုပ်​ထဲမှာ​တော့ အဲ့​ခေတ်​က အသားအ​ရောင်​ခွဲခြားတဲ့ကိစ္စ​တွေ အရမ်းပြင်းထန်​​နေတဲ့အချိန်​၊ လူမည်း​တွေဆို လူဖြူ​တွေနဲ့​ရောပြီး ဘတ်​စ်​ကား​တောင်​စီးခွင့်မရတဲ့ ​ခေတ်​ပါတဲ့။ မှားမှားမှန်​မှန်​ လူမည်း​တွေဘက်​က ဘာဆိုဘာမှ​ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မရှိ .. အဲ့​ခေတ်​က လူမည်းဆို နှိမ်​ထားကြတာ​ပေါ့​နော်​။

The Help မှာ​တော့ လူမည်းအမျိုးသမီး အိမ်​အကူ​တွေနဲ့ လူဖြူအိမ်​ရှင်​မ​တွေကြားထဲမှာဖြစ်​တဲ့ အ​ကြောင်းအရာ​တွေကို အသား​ပေးရိုက်​ပြထားတာပါ။ ဇာတ်​လမ်းထဲမှာ အဓိကအမျိုးသမီသုံး​ယောက်​ပါ ပါ တယ်​။ အိမ်​အကူအမျိုးသမီးနှစ်​​ယောက်​ ဖြစ်​တဲ့ Aibileen နဲ့ Minny အဖြစ်​ (Viola Davis နဲ့ Octavia Spencer) တို့က သရုပ်​​ဆောင်​ထားပြီး​တော့ ဇတ်​ဇတ်​ကြဲ လူဖြူအမျိုးသမီး စာ​ရေးဆရာ​မ​ပေါက်​စ​လေး Eugenia Skeeter အ​နေနဲ့ နန္ဒာ့အသည်း​ကျော်​​လေး Emma Stone က သရုပ်​​ဆောင်​ထားတာပါ။

Emma Stone

ဇာတ်​လမ်းအစမှာ Aibileen ကို Skeeter က interview ​နေတာနဲ့စတာပါ။ ကိုယ့်​ရဲ့​သွေးသားအရင်းအချြာ ဖစ်​တဲ့ က​လေး​တွေကို အိမ်​မှာတခြားတစ်​​ယောက်​နဲ့ ထားခဲ့ရပြီး လူဖြူက​လေး​လေး​တွေကို ထိန်း​​ပေး​နေရတာကို ဘယ်​လိုခံစားရလဲလို့ Skeeter က ​မေးခဲ့​ပေမယ့်​ Aibileen တစ်​​ယောက်​ မ​ဖြေနိုင်​ခဲ့ပါဘူး။ မနက်​တိုင်းမှာ သူအလုပ်​လုပ်​​နေတဲ့အိမ်​ကိုသွားပြီး က​လေးအ​မေ​တောင်​မနိုး​သေးခင်​ က​လေးကို ချီပိုး​ချော့မြှူပြီး သူ့သားသမီး​လေးလို ပြုစု​နေရ​ပေမယ့်​ တကယ်​​တော့ Aibileen မှာက သူ့အပူနဲ့သူပါ။

တစ်​ဦးတည်း​သောသား ဆုံးထားတာမို့ ​လောကကြီးမှာ ဘာပဲဖြစ်​လာလာ ဒီထက်​​တော့ဆိုးလာနိုင်​စရာအ​ကြောင်းမရှိ​တော့ဘူးလို့ ခံယူထားတဲ့ မိန်းမတစ်​​ယောက်​ဆိုလည်း မမှားပါဘူး။ ဒါ​ပေမယ့်​ အိမ်​ရှင်​မိန်းမ​တွေရဲ့ လူလူချင်းနှိမ်​ချဆက်​ဆံခံရတာ​ တွေ၊ အသားအ​ရောင်​ခွဲခြားခံရတာ​တွေေ ကြာင့်​ Skeeter နဲ့ပူ​ပေါင်းပြီး လူမည်းအိမ်​အကူအမျိုးသမီး​တွေ အတွက်​ လှုပ်​ရှားမှု​လေး​တစ်​ခု စလုပ်​ဖို့ဖြစ်​လာပါ​တော့တယ်​။ Skeeter ဆိုသည်​မှာလည်း မိန်းက​လေးဆို​ပေမယ့်​ ဘယ်​လိုမှ မိန်းမမဆန်​တဲ့ FA မ​လေး .. ​ရည်းစားလည်း တစ်​ခါမှ မထားဖူးဘူး။ ခေါင်းမာပြီး ​တော်​လှန်​ပုန်​ကန်​တတ်​တဲ့ စရိုက်​မျိုးရှိတယ်​။ သူ့အိပ်​မက်​က Journalist ဖြစ်​လာဖို့။

ငယ်​ငယ်​တည်းက လူမည်းအိမ်​အကူဖြစ်​တဲ့ Constantine လက်​ထဲမှာပဲ ကြီးလာပြီး အမြဲတမ်းသူ့ကိုနားလည်​​ပေး၊ စိတ်​ဓာတ်​ခွန်​အား​ပေးတတ်​တဲ့ ​Constantine ​ကြောင့်​ အသားအ​ရောင်​ခွဲခြားဆက်​ဆံတာနဲ့ လူမျိုး​ရေးခွဲခြားမှု​တွေကို လုံးဝလက်​မခံနိုင်​တဲ့သူ။ ဒီလူမည်းအိမ်​အကူအမျိုးသမီး​တွေဘက်​က ရပ်​တည်​​ပေးဖို့ သူစစဉ်းစားမိတာက​တော့ သူ့သူငယ်​ချင်း​တွေရဲ့စကားဝိုင်းမှာ လူမည်း​အိမ်​အကူ​တွေဆီက ​ရောဂါကူးမှာစိုးလို့ အိမ်​သာကို အတူ​ပေးမသုံးနိုင်​ဘူးဆိုတဲ့ကိစ္စက စတာပါ။ Skeeter အတွက်​​တော့ ဒါ တကယ့်ကို စိတ်​ပျက်​ဖို့​ကောင်းတဲ့ကိ စ္စပါပဲ။ ​နောက် သူ့ရဲ့​မွေးစားအ​မေလို့​တောင်​​ ပြောလို့တဲ့ Constantine ကို သူ့အ​မေက သူ​ကျောင်းသွားတက်​​နေတဲ့အချိန်​မှာ အလုပ်​ထုတ်​လိုက်​တဲ့ကိစ္စ​ကြောင့်​လည်း ပါပါတယ်​။ ဘာ​ကြောင့်​လဲဆိုတာကို​တော့ သူ့ကိုမပြောဘဲ ထိန်​ချန်​ထားခဲ့တာမို့ အဲ့က​နေစပြီး အိမ်​အကူအမျိုးသမီးကြီး​တွေကို တစ်​ခုခုလုပ်​​ပေးချင်​တဲ့စိတ် ​နဲ့ Skeeter ဟာ အိမ်​အကူ​တွေအ​ကြောင်း ​စာအုပ်​တစ်​အုပ်​ထုတ်​ဖို့ ကြိုးစားခဲ့ပါတယ်​။ အိ

မ်​အကူအမျိုးသမီး​တွေကိုယ်​တိုင်​ ခံစားကြုံ​တွေ့​နေရတဲ့ဇာတ်​လမ်း​တွေရဖို့ Aibileen ကို အကူအညီ​တောင်းခဲ့​ပေမဲ့ ပထမ​တော့ သူ့ကို ဘယ်​သူမကူညီရဲခဲ့ပါဘူး​။ ​နောက်​ပိုင်း Aibileen က Skeeter ကို ကူညီ​ပေးဖို့ဆုံးဖြတ်​လိုက်​ချိန်​မှာ​တော့ ဘာ​တွေဆက်​ဖြစ်​ကြမလဲ .. ကွကိုယ်​ဝယ်ကြည့်လိုက်တော့နော်။

ဒီဇာတ်​ကားကိုကြည့်ရင်း ခံစားရမှာက အဲ့ဒီ​ခေတ်​တုန်းက အာဖရိကန်လူမျိုး​တွေ ဘယ်​​လောက်​ အ​နေအထိုင်​ကျဉ်းကြပ်​ခဲ့လဲ၊ ဘယ်​​လောက်​​တောင်​ ခံစားခဲ့ကြရမလဲဆိုတာပါ။ ​နောက်​ အမြင်​ကတ်​စရာ​ကောင်းတဲ့ Hilly ဆိုတဲ့ အိမ်​ရှင်​အမျိုးသမီးရယ်​၊ သူနဲ့ သူ့ရဲ့အိမ်​အကူ Minny တို့ကြားထဲက ရယ်​စရာ​​လေး​တွေကြည့်ပြီး စိတ်​လည်းတိုရမယ်​၊ ရယ်​လည်းရယ်​ရမယ်​။ Hilly က Minny ကို သူ့အိမ်​သာကို ဝင်​သုံးခဲ့အတွက်​ အလုပ်​ဖြုတ်​ပစ်​ခဲ့တာပါ။ Minny လက်​စား​ချေပုံကြီးက​တော့ အကြမ်းကြီး .. အာ့ ကွကိုယ်​သာဆက်​ကြည့်​ကြ​ပေ​တော့ ။

အမှန်​​တော့ ဒီဇာတ်​လမ်းထဲမှာ Emma Stone ရဲ့ Character ထက်​ နန္ဒာပိုသ​ဘောကျတာက Celia ကိုပါ။ သူ့ကို​တော့ Hilly နဲ့ တခြား​မိန်းမ​တွေက ဝိုင်းပယ်​ထားကြပါတယ်​။ သူ့ character ကျ​တော့ ​နေတတ်​သလို​နေပြီး ဆတ်​​ကော့လတ်​​ကော့ပုံစံမျိုး​လေး။ ဝတ်​လိုက်​ရင်​ တိုပြတ်​ဟိုက်​ထွက်​​နေတာမျိုး​ တွေချည်းပဲ။ မသိရင်​ ပိုက်​ဆံရှိပြီး ​နေချင်​သလို​နေတဲ့ပုံစံမျိုး​ပေါက်​တယ်​​ပေါ့​နော်​။ ဒါ​ပေမဲ့ တကယ်​တမ်းကျ သူ့ရဲ့ character က အရမ်းချစ်​ဖို့​ကောင်းတယ်​။ လူက ခပ်​​ဟော့​ဟော့​နေ​ပေမဲ့ ဟင်းချက်​ဝါသနာပါတယ်​ .. စိတ်​ကောင်း​လေးလည်းရှိတယ်​။ သူ့အတွက်​ အလုပ်​လုပ်​​ပေး​နေတဲ့ Minny ကိုလည်း အိမ်​အကူဆိုပြီး ခွဲခြားဆက်​ဆံတာမျိုး မရှိဘူး။ သူ့​ယောကျာ်းဆိုသည်​မှာလည်း သူနဲ့အ​သေလိုက်​ .. ကြင်​နာတတ်​ပြီး လူလူချင်း​လေးစားမှုလည်းရှိတယ် ။ ​ပြောရင်း ​ချော်​ထွက်​လာလို့ နန္ဒာအကျဉ်းချုပ်​ပဲ​ပြောလိုက်​ ​တော့မယ်​။ ဒီဇာတ်​လမ်းက​​တော့ ရယ်​လိုက်​၊ ငိုလိုက်​၊ စိတ်​တိုလိုက်​နဲ့ ရသစုံခံစားရမဲ့ ဇာတ်​ကားမျိုးပါ။ လက်​မနှစ်​​ချောင်း​ထောင်​ပြီးတော့ကို ကြည့်​ဖြစ်​​အောင်​ကြည့်​ကြပါလို့  တိုက်​တွန်းလိုက်​ပါတယ်​​နော်​ ။

Nandar ( For Her Myanmar )

No Comments Yet

Leave a Reply

Your email address will not be published.