FUN Movie Reviews

သဘာဝလွန် လူသားတွေအကြောင်း ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကား (၂)ကား

ကြည့်ကြည့်ပါ… ကြိုက်သွားမှာ ကျိန်းသေ 😛 

ယောင်းတို့ရေ… သဘာဝလွန် လူတွေလို့ ပြောလိုက်တာနဲ့ ဘယ်သူတွေကို ပြေးမြင်ကြလဲ? စူပါမန်းတွေ၊ စပိုင်ဒါမန်းတွေ အရင်မမြင်နဲ့ဦးနော်… အက်ဒ်မင်ကလည်း အဲဒီလို ထူးထူးဆန်းဆန်းလေးတွေ သိပ်စိတ်ဝင်စားတာဆိုတော့ အဲဒီလို သဘာဝလွန်ကားတွေ ကြည့်မိတယ်ပေါ့ ယောင်းတို့ရယ်.. ခုလည်း ယောင်းတို့ စိတ်ဝင်စားနိုင်လောက်မယ်ထင်တဲ့ သဘာဝလွန်လူသားတွေအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင် (၂)ကားကို ယောင်းတို့နဲ့ မျှဝေပေးမယ်နော်… ဒီဇာတ်ကား(၂)ကားလုံးရဲ့ အဓိက ဇာတ်ကောင်မင်းသားက မြန်မာမှာ လက်ပွားမင်းသားလို့ နာမည်ကြီးတဲ့ Hrithik Roshan (ဟရီသစ် ရိုရှန်) တစ်ယောက်တည်းပါ။

Koi Mil Gaya 

Koi Mil Gaya

ဒီဇာတ်ကားကတော့ အက်ဒ်မင် ကြည့်နေတာတောင် ဘယ်နှစ်ခါမှန်းမသိတော့ဘူး.. ကြည့်တိုင်းလည်း ငိုရတုန်း.. ငိုရတယ်ဆိုလို့ sad ending မကြိုက်တဲ့ ယောင်းယောင်းလေးတွေ စိတ်ညစ်သွားဦးမယ်.. တကယ်တော့ ဇာတ်သိမ်းလေးက သိပ်လှတာရယ်.. ဇာတ်လမ်းကတော့…

အိန္ဒိယရဲ့ မြို့လေးတစ်မြို့မှာ ရိုဟစ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူ့ကိုတော့ တစ်မြို့လုံးက သိကြတယ်ပေါ့။ သိဆို သူက အသက်ကသာ ကြီးလာပေမဲ့ ဦးနှောက်ကတော့ ၇နှစ်သားအရွယ် ဦးနှောက်နဲ့ မှတ်ဉာဏ်ပဲ ရှိတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတာကိုး.. တကယ်တော့ သူ့ကို သူ့အမေ ကိုယ်ဝန်ဆောင်တုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့် ဗိုက်ထဲက ကလေးကို ထိခိုက်သွားပြီး ဒီလို ကြီးပြင်းလာရတာပါ။

ချစ်စရာလေးတွေ <3

ရိုဟစ်ဟာ သူတက်နေရတဲ့ အတန်းက ကလေးတွေနဲ့ ပေါင်းရင်း တစ်နေ့ သူတို့မြို့ကိုပြောင်းလာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဘုဘောက်ကျရင်းကနေ မိတ်ဆွေတွေ ဖြစ်သွားပါတယ်။ ဒီနောက်မှာတော့ ကောင်မလေးက ရိုဟစ်ကို ကွန်ပျူတာသင်ပေးဖို့ ရိုဟစ်အဖေရဲ့ ကွန်ပျူတာနဲ့ ကီးဘုတ်ကို သုံးလိုက်မိရင်း မထင်မှတ်ထားတဲ့ အဖြစ်တွေ ကြုံလာရပါတော့တယ်… နောက်ဆက်တွဲအနေနဲ့ တစ်ကမ္ဘာလုံး အံ့သြသွားရလောက်အောင် ဘယ်ကမှန်းမသိတဲ့ ယာဉ်ပျံကြီးရောက်လာပြီး သူတို့မြို့လေးကို ဂြိုဟ်သားတွေ ဆင်းလာတော့တာပါပဲ။

ဂြိုဟ်သား ဂျာဒူးလေး

 

ဘာကြောင့် ဒီအဖြစ်မျိုး ဖြစ်တာလဲ?

ရိုဟစ်မသိခဲ့တဲ့ သူ့အဖေရဲ့ နောက်ကြောင်းက ဘာဖြစ်မလဲ?

ဂြိုဟ်သားတွေနဲ့ သူတို့နဲ့ ဘယ်လို အဖြစ်တွေ ကြုံကြမှာလဲ?

ဂြိုဟ်သားတွေက ရန်ပြုဖို့ လာတာလား? ဒါမှမဟုတ် ဘာကြောင့် ရောက်လာကြတာလဲ?

ရိုဟစ်နဲ့ ကောင်မလေးကြားထဲက သံယောဇဉ်ဇာတ်လမ်းကရော ဘယ်လို အဆုံးသတ်သွားမှာလဲ?

လူသားတွေကရော ဂြိုဟ်သားတွေအပေါ် ဘယ်လို တုံ့ပြန်ကြမလဲ?

ဒီဇာတ်ကားလေးက တော်တော်ကို ကြာနေပါပြီ။ အိန္ဒိယရဲ့ ပထမဆုံး သိပ္ပံ စိတ်ကူးယဉ်ကားလို့တောင် ပြောလို့ ရပါသေးတယ်။ အက်ဒ်မင် ခုအသက်အရွယ်ထိ ထပ်ခါ ထပ်ခါ ပြန်ကြည့်နေတာပဲ ကြည့်တော့…

Related Article >>> ဘယ်သူကိုမှ လျှော့တွက်လို့မရဘူးဆိုတာ ပြခဲ့တဲ့ ဘောလိဝုဒ်ရုပ်ရှင် (၂)ကား

Krrish

Krrish

ဒါက အပေါ်က “Koi Mil Gaya” ရဲ့ အဆက်ပါ။ ရိုဟစ် သေဆုံးသွားပြီးတဲ့နောက် သားဖြစ်သူ ခရစ်ရှနား ကျန်ရစ်ခဲ့ပါတယ်။ ဒီကလေးဟာ ငယ်ငယ်လေးကတည်းက သာမန်လူတွေမှာ မရှိတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဖခင်ဖြစ်သူလို အဖြစ်ဆိုးနဲ့ ကြုံရမှာစိုးလို့ သဘာဝလွန်စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့ မြေးဖြစ်သူကို ရင်ခွင်ပိုက်ပြီး ပုန်းကွယ် နေထိုင်ရတာကတော့ ရိုဟစ်ရဲ့ မိခင် တစ်ဖြစ်လဲ ခရစ်ရှနားရဲ့ ဘွားအေဖြစ်သူပါ။

ခင်ပွန်းဖြစ်သူ သေဆုံးပြီး သားဖြစ်သူ ဉာဏ်ရည်မပြည့်တာကိုတောင် မတုန်လှုပ်ခဲ့သူ(မ)၊ လောကကြီးကို ဒီလောက် ကြောက်ရွံ့သွားစေရတဲ့ အကြောင်းရင်းက ဘာများဖြစ်နိုင်မလဲ စိတ်ဝင်စားစရာပါပဲ။ ထွက်ပြေးပုန်းလျှိုးနေထိုင်ရင်း မြေးဖြစ်သူကလည်း တဖြည်းဖြည်း အရွယ်ရောက်လာရင်း သူ(မ)တို့ ဘဝလေး အေးချမ်းသွားပြီလို့ ယူဆနေတဲ့ အချိန်မှာပဲ မမျှော်လင့်ထားတဲ့ ဧည့်သည်မိန်းကလေး ချောချောလေးက သူ(မ)တို့ မြို့လေးကို ရောက်ရှိလာပါတော့တယ်။

Krrish

မြေးဖြစ်သူ ရင်နဲ့အမျှချစ်ရတဲ့ မိန်းကလေး စင်ကာပူကို ပြန်သွားတဲ့အခါ လိုက်သွားနိုင်ဖို့ တောင်းဆိုလာတဲ့ မြေးအတွက် သူ(မ) တစ်သက်လုံးမြှုပ်နှံထားခဲ့တဲ့ လျှို့ဝှက်ချက်တွေကို မြေးဖြစ်သူကို ပြောပြပြီး သဘာဝလွန်စွမ်းအင်တွေကို လူတွေရှေ့ လုံးဝ ထုတ်မသုံးဖို့ ကတိတောင်းခဲ့ပြီးတဲ့ နောက်မှာတော့…

မြေးဖြစ်သူက အဘွားကို ပေးခဲ့တဲ့ ကတိ တည်နိုင်ပါ့မလား?

ခရစ်ရှနားမှာ ဘာကြောင့် သဘာဝလွန်စွမ်းအင်တွေ ရှိနေရတာလဲ?

ရိုဟစ်ကရော ဘယ်လို အဖြစ်တွေ ကြုံခဲ့ရတာလဲ?

ကောင်မလေးကရော ခရစ်ရှနားကို တကယ်ချစ်နိုင်ပါ့မလား?

Krrish ဆိုတာ ဘယ်လိုကြောင့် ဖြစ်လာတာလဲ?

စင်ကာပူလိုက်သွားတဲ့ ခရစ်ရှနားကရော သူ့အဖေရဲ့ နောက်ကြောင်းနဲ့ ရန်ငြိုးကို ဘယ်လို ရှာတွေ့သွားမှာလဲ?

Krrish 3

တကယ်တော့ ဒီနှစ်ကားရဲ့ နောက်ဆက်တွဲ Krrish 3 ဆိုတာ ရှိပါသေးတယ်။ ဒါပေမဲ့ အက်ဒ်မင်က ရှေ့နှစ်ကားလောက် မကြိုက်လို့ ထည့်မပေးတော့တာပါနော်.. အက်ဒ်မင့်သဘောအရဆိုရင်တော့ ခုချိန်ထိ “Koi Mil Gaya” ဟာ အက်ဒ်မင့်အကြိုက်ဆုံးထဲ ပါနေဆဲပါပဲ။ Krrish ကို ကြိုက်တော့ကြိုက်တယ် ဒါပေမဲ့ Koi Mil Gaya လောက်တော့ မဟုတ်ဘူးပေါ့… ယောင်းတို့လည်း ကြည့်ကြည့်ပါ… တကယ်ကို ထိရှရမယ့် ဇာတ်ကားလေးတွေပါလို့…

Libra (For Her Myanmar)

Wathun
Wathun
နာမည်ရင်းတွေ ဘာတွေထက် Potterhead တစ်ယောက်ပါ။ အဲ့လို မှော်လောကတွေ၊ အလှအပကလွဲပြီး ကျန်တဲ့အရာတွေ အားလုံးကို စိတ်ဝင်စားလို့ ဆောင်းပါးတွေထဲ မှော်တွေ၊ magical creatures တွေပါလာရင်တော့ တခြားသူမတွေးပါနဲ့ ကျွန်မပါပဲလို့... :*

Leave a Reply

Your email address will not be published. Required fields are marked *