FUN
YouTube ရဲ့ကြည့်ရှုသူအများဆုံး ထိပ်တန်းသီချင်း (၁၀) ပုဒ်
(၈) Katy Perry – Roar
Katy Perry ရဲ့ အသံပါဝါကောင်းကောင်းနဲ့ ဒီသီချင်းကို မာန်ပါပါဆိုလိုက်တဲ့အခါမှာတော့ ကြည့်ရှုသူ ၂.၈ ဘီလီယံနဲ့ ထိပ်တန်းနံပါတ် (၈) နေရာမှာ ရောက်နေတာ မဆန်းဘူးထင်ပါရဲ့ ယယောင်းတို့ရေ.. MV ကလည်း ကြည့်လို့ အတော်ကောင်းတာကိုး။
(၇) Maroon 5 – Sugar
(၆) Justin Bieber – Sorry
(၅) PSY – Gangnam Style
Stella (For Her Myanmar)
<<< Unicode >>>
ဒီသီချင်းတွေမှ မသိရင် ခေတ်နောက်ကျနေပါပြီနော်.. 😛
ယောင်းတို့ရေ … ဒီတစ်ခါတော့ သီချင်းလေးတွေ အလှည့်ပေါ့နော်။ ဒီတစ်ပတ်မှာတော့ Stella က ယောင်းတို့အတွက် YouTube မှာ လူကြည့်အများဆုံး သီချင်းလေး (၁၀) ပုဒ်ကို မျှဝေပေးသွားမှာပါ။ ဘာသီချင်းလေးတွေလဲဆိုတော့ …
(၁၀) Ed Sheeran – Thinking Out Loud
Ed Sheeran ရဲ့ထုံးစံအတိုင်း ခပ်အေးအေးပဲသီဆိုထားတဲ့ အချစ်သီချင်းလေးကတော့ ကြည့်ရှုသူပေါင်း ၂.၇ ဘီလီယံနဲ့ နံပါတ် (၁၀) နေရာမှာ ရပ်တည်နေပါတယ်။
(၉) Taylor Swift – Shake It Off
သီချင်းအေးအေးလေးတွေကို အဆိုများတဲ့ Taylor Swift ရဲ့ ခပ်သွက်သွက်သီချင်းလေး “Shake It Off” ကလည်း ယနေ့အထိကြည့်ရှုသူ ၂.၇ ဘီလီယံနဲ့ နံပါတ် (၉) နေရာမှာပါ။
Related article >>> ယောင်းတို့စောင့်မျှော်နေကြတဲ့ ဒီတစ်ပတ် Billboard မှာ ဟော့အဖြစ်ဆုံး သီချင်း (၁၀) ပုဒ်
(၈) Katy Perry – Roar
Katy Perry ရဲ့ အသံပါဝါကောင်းကောင်းနဲ့ ဒီသီချင်းကို မာန်ပါပါဆိုလိုက်တဲ့အခါမှာတော့ ကြည့်ရှုသူ ၂.၈ ဘီလီယံနဲ့ ထိပ်တန်းနံပါတ် (၈) နေရာမှာ ရောက်နေတာ မဆန်းဘူးထင်ပါတယ်။
(၇) Maroon 5 – Sugar
Maroon 5 ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ “Sugar” သီချင်းက ကြည့်ရှုသူ ၂.၉ ဘီလီယံနဲ့ နံပါတ် (၇) နေရာရောက်တဲ့အထိ ပေါက်ထားပါတယ်တဲ့။
Related article >>> နားထောင်လိုက်တာနဲ့ ယောင်းတို့စိတ်နှလုံးကိုအေးချမ်းသွားစေမယ့် သီချင်း(၄)ပုဒ်
(၆) Justin Bieber – Sorry
၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ Justin Bieber ရဲ့ “Sorry” သီချင်းက ကြည့်ရှုသူ ၃.၁ ဘီလီယံတောင်ရှိတာမို့ နံပါတ် (၆) နေရာမှာပါ။
(၅) PSY – Gangnam Style
Stella တို့ ငယ်ငယ်တည်းက အခုချိန်ထိ PSY ရဲ့ “Gangnam Style” ကိုဆို မသိသူမရှိပါဘူးနော်။ အခုချိန်မှာတော့ ဒီသီချင်းက ကြည့်ရှုသူ ၃.၃ ဘီလီယံနဲ့ Youtube ရဲ့ ထိပ်တန်းနံပါတ် (၅) နေရာမှာ မိန့်မိန့်ကြီးပါပဲ။ သူ့စန်းကလည်း မသေးပါလား …
Related article >>> အသည်းကွဲနေတဲ့ယောင်းတို့ ဖီးလ်နိုင်ဖို့ သီချင်းအကောင်းစား (၅) ပုဒ်
(၄) Bruno Mars ft Mark Ronson – Uptown Funk
ပေါ့ပ်ဘုရင် Bruno Mars ကလည်း နံပါတ် (၄) နေရာကို ကြည့်ရှုသူ ၃.၅ ဘီလီယံရှိတဲ့ သူ့ရဲ့ “Uptown Funk” သီချင်းနဲ့ သိမ်းပိုက်ထားတာကို တွေ့ရမှာပါ။
(၃) Wiz Khalifa ft Charlie Puth – See You Again
Fast And Furious ရုပ်ရှင်ရဲ့ ဇာတ်သိမ်းပိုင်းမှာ ပရိသတ်တွေကို မျက်ရည်ခြူသွားတဲ့ “See You Again” သီချင်းကတော့ ကြည့်ရှုသူပေါင်း ၄.၁ ဘီလီယံနဲ့ နံပါတ်(၃) ချိတ်နေပါတယ်။
(၂) Ed Sheeran – Shape Of You
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လူတိုင်းရဲ့ပါးစပ်ဖျားက မချလောက်အောင် နာမည်ကြီးခဲ့တဲ့ “Shape Of You” ကတော့ ကြည့်ရှုသူ ၄.၁ ဘီလီယံနဲ့ နံပါတ် (၂) နေရာရောက်နေပါပြီ။
Related article >>> ယောင်းကို စိတ်ဓာတ်ခွန်အားတွေပေးမယ့် သီချင်း (၆) ပုဒ်
(၁) Luis Fonsi ft Daddy Yankee – Despacito
ကြည့်ရှုသူ ၆.၁ ဘီလီယံနဲ့ နံပါတ် (၁) နေရာမှာ ဗိုလ်စွဲနေတာကတော့ နေရာတိုင်းမှာ ကြားနေကျဖြစ်တဲ့ “Despacito” သီချင်းပါပဲ ယောင်းတို့ရေ..
ကဲ … ယောင်းတို့ကော ဒီထိပ်တန်းသီချင်းတွေထဲက ဘယ်နှစ်ပုဒ်လောက် နားထောင်ပြီးပြီလဲ ? ဘယ်သီချင်းကို အကြိုက်ဆုံးလဲ ?
Stella (For Her Myanmar)
Stella
Stella
Stella ကတော့ Fashion နဲ့ Beauty ကို ဝါသနာပါလို့ For Her Myanmar မှာ ယောင်းယောင်းတို့အတွက် beauty hacks တွေ, fashion နဲ့ပက်သက်တဲ့ အကြောင်းအရာမျိုးစုံကို အဓိကဝေမျှပေးသွားမှာပါ။ သုတရသတွေကိုလည်း လက်လှမ်းမှီသလောက် ရေးပေးပါသေးတယ်။
Leave a Reply
Your email address will not be published. Required fields are marked *