FUN

ဘယ်နိုင်ငံတွေက ခရီးသွားဖို့ အကောင်းဆုံးလဲ

တစ်ကမ္ဘာလုံး ခရီးဆန့်ခဲ့တဲ့ မိန်းကလေး ရွေးပေးခဲ့တဲ့ အကောင်းဆုံး ၁၀ နိုင်ငံ

ယောင်းတို့ကို ကမ္ဘာအနှံ့ခရီးဆန့်ပြီး ကမ္ဘာ့ပထမဆုံးမှတ်တမ်းတွေ အများကြီးတင်ခဲ့တဲ့ မိန်းကလေး Cassandra De Pecol အကြောင်း အက်ဒမင်ပြောပြခဲ့ပါတယ်။ အခုကတော့ သူရွေးချယ်ပေးတဲ့ ကမ္ဘာပေါ်ကအကောင်းဆုံး ၁၀ နိုင်ငံက ဘာတွေဖြစ်မလဲဆိုတာ ပြောပြပါ့မယ်။

၁) Mongolia

အရိုင်းဆန်တဲ့ အလှအပထဲမှာ နစ်မြုပ်ဖို့အတွက်နဲ့ မြင်းစီးချင်သူတွေ သွားဖို့သင့်ပါတယ်။

၂) Bhutan

သူတို့တွေရဲ့ ယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းတဲ့ နေထိုင်မှုဘဝကို သင်ယူဖို့ကောင်းပါတယ်။

Related article >>> ကိုရီးယားရောက်တဲ့အခါ မဖြစ်မနေသွားလည်သင့်တဲ့ ဒရာမာထဲက နေရာလှလှလေးတွေ

၃) Maldives

အင်မတန်ပြာလှတဲ့ရေပြင်၊ ဖြူလွလွသဲပွင့်တွေနဲ့ ကမ္ဘာ့အလှဆုံး သဲသောင်ယံကို ခံစားဖို့ အကောင်းဆုံးနေရာပါ။

၎) Vannuatu

Kava ဆိုတဲ့ အနှံတစ်မျိုး ထုတ်လုပ်မှုကို လေ့လာဖို့နဲ့ အင်မတန်ကြင်နာတတ်တဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဖို့နေရာတစ်ခုပါ။

၅) Pakistan

ရောယှက်မှုမရှိတဲ့ အာရှတိုက်ရဲ့ အလှနဲ့ယဉ်ကျေးမှုကို မျက်မြင်ခံစားနိုင်ဖို့ အရမ်းကောင်းတဲ့ နေရာဖြစ်ပြီး အစားအသောက်လဲ သိပ်ကောင်းပါတယ်။

၆) Oman

သဲကန္တာရကြီးနဲ့ တောင်တန်းတွေကို ခံစားဖို့၊ တောင်တန်းတွေကြားမှာနေတဲ့ ဒေသခံတွေဆီကနေ သင်ယူဖို့၊ တစ်ခါမှမကြုံဖူးတဲ့ နေထိုင်မှုဘဝကို ခံစားဖို့အတွက် ကောင်းပါတယ်။

၇) Tunisia

အရှေ့အလယ်ပိုင်းဒေသရဲ့ ခံစားမှုမျိုးနဲ့ မြောက်အာဖရိကတိုက်ရဲ့ ယဉ်ကျေးမှုကို ပေးနိုင်ပြီး ရှေးဟောင်းအမွေအနှစ်တွေ အများကြီးမြင်နိုင်တဲ့ ဒေသပါ။

၈) Peru

အမေဇုန် အမြဲစိမ်းတောကြီးနဲ့ ရှေးဟောင်း Inca မြို့ဖြစ်တဲ့ machu picchu ကိုဝင်ဖို့ အဝရှိပါတယ်။

Related article >>> ခရီးကိုက်ဝေဒနာကို ဘယ်လိုကျော်ဖြတ်မလဲ

၉) Costa Rica

မျောက်ကလေးတွေ၊ လတ်လတ်ဆတ်ဆတ် အသီးတွေ၊ သီချင်းကောင်းကောင်းနဲ့ မီးတောင်ကြီးတွေ… ဘာလိုသေးလဲ။

၁၀) USA

ခရီးတွေ ထွက်လေလေ၊ ကျွန်မအိမ်ဖြစ်တဲ့ အမေရိကန်နိုင်ငံကို လွမ်းလေလေပါပဲ။ ကျွန်မနိုင်ငံဟာ သဘာဝအရင်းအမြစ် ကြွယ်ဝပါတယ်။ ဒါကိုလဲ ကျွန်မကြိုက်တယ်။

နောက်တစ်ခုက New England က ဆောင်းရာသီကို လူတိုင်းကြုံဖူးသင့်တယ်လေ။

ဒါကတော့ Cassandra ရွေးပေးခဲ့တဲ့ အကောင်းဆုံးနိုင်ငံ ၁၀ခုပါ။ သူ့ခရီးစဉ်အကြောင်း ပိုသိချင်ရင်တော့ ဒီဗီဒီယိုထဲမှာ ကြည့်နိုင်ပါတယ်။

ယောင်းတို့ရော သူပြောတဲ့ နိုင်ငံတွေ သွားမလည်ချင်ကြဘူးလား? ပျော်တော့ ပျော်စရာကြီးနေမှာနော်…

Khine (For Her Myanmar)

Reference and pics taken from : Indy 100 | Telegraph

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *