တိုပြီးကောက်တဲ့ဆံပင်ပိုင်ရှင်တွေအတွက် အလန်းဇယားဖြစ်သွားစေမယ့် ဆံပင်ပုံစံများ

ဆံပင်တိုလေးကို လှမလားလို့ ကောက်ကြည့်ပါတယ်.. အမလေး မှန်တောင် မကြည့်ရဲတော့ဘူးဆိုတဲ့ ယောင်းယောင်းတို့ ဒီဆံပင်စတိုင်လ်လေးတွေ လုပ်ကြည့်ရင် လုံးဝ လန်းသွားမှာနော်.. 

ဆံပင်ကိုလှချင်လွန်းလို့ကောက်လိုက်မိပြီလား။ တစ်ခေါင်းလုံးပွပွယောင်းယောင်းကြီးဖြစ်ပြီး ဘယ်လိုမှကြည့်လို့အဆင်မပြေဖြစ်နေပြီဆိုရင် အက်မင်စမ်းကြည့်တဲ့နည်းလေးလုပ်ကြည့်ပါလား။ အက်မင်တော့ လှချင်လွန်းလို့ဆံပင်ကောက်လိုက်ကာမှ တော်တော်ရုပ်ဆိုးသွားတယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေက အတိုညှပ်ဖို့အကြံပေးတယ်။ အတိုညှပ်ပေမဲ့လည်း သိပ်ကြည့်လို့ မကောင်းသေးဘူး။ အဲ့ဒါနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ပိုကြည့်လို့ကောင်းစေမဲ့ beauty hacks  လေးတွေ လိုက်ရှာရင်းနဲ့ဒါလေးတွေတွေ့လိုက်ရလို့ ယောင်းယောင်းတို့အတွက်လည်း တစ်ခုခုတော့ အကူအညီဖြစ်ပါစေတော့ရယ်ဆိုပြီး ဖော်ပြပေးလိုက်ပါတယ်နော်။

-ဆံပင်တစ်ဝက်ကို အမြင့်စည်းပါ။

ခပ်မိုက်မိုက်နဲ့ အလန်းပုံစံလေးဖြစ်နေဖို့ဆိုရင် ဆံပင်တစ်ဝက်ကိုပြေပြေလေးမစည်းပဲ ခပ်မြင့်မြင့်လေးစည်းကြည့်ပါ။

– ကျစ်ဆံမြီးကျစ်ပါ။

ဆံပင်က တိုကောက်နေတဲ့အခါ ကျစ်ဆံမြီးကျစ်ဖို့မလှဘူးများထင်နေသလား။ ကောက်ချင် သလောက်ကောက်နေပါစေ တစ်ဝက်ကျစ်ထားတဲ့ ကျစ်ဆံမြီးလေးက ယောင်းကို ချစ်စရာကောင်းပြီး မိန်းမဆန်စေမှာပါ။

– ရှေ့ဆံမြိတ်ချကြည့်ပါ။

ယောင်းမျက်နှာကို သေးတဲ့ပုံဖြစ်စေချင်တယ်၊ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ကောင်မလေး ပုံပေါက်စေချင်တယ်ဆိုရင် အပြည့်ဆံမြိတ်ဖြစ်ဖြစ်၊ ဘေးခွဲဆံမြိတ်ဖြစ်ဖြစ် ချပါ။

Related Article >>> အိမ်​မှာပဲ Ombre Hair ​လေး ဖန်​တီးကြည့်​ကြမယ်​။

– ဘေးတစ်ခြမ်းကို အသားပေးမယ်။

ယောင်းမျက်နှာက လေးထောင့်ပုံစံမျိုးဆို ဒီစတိုင်နဲ့ပိုလိုက်ဖက်ပါတယ်။ တစ်ဖက်ကို အသားပေးပြီး ဆံပင်ကိုချထားကြည့်ပါ။ ဒါမျိုးလေးက တစ်မျိုးဆန်းနေမှာပါ။

– ကပိုကရိုဆံထုံးထုံးမယ်။

ဆံပင်ကောက်ကောက်လေးတွေက ဆံထုံးထုံးလို့ကောင်းတာပိုသိရဲ့လား။ ပြေလျောလျောလေး ထုံးပြီး ဘေးနားက ဆံချည်မျှင်လေးတွေကျနေပါစေ။ ပြီးရင် တစ်ခုခုနဲ့ အလှဆင်ပါ။

– Accessories လေးတွေနဲ့အလှဆင်ပါ။

13 reasons why ထဲက မင်းသမီးလေးလို ရှေ့ဆံပင်လေးကို ကလစ်လေးတွေနဲ့ အလှဆင်ကြည့်ပါ။ ဘေးခွဲအပြည့်ခွဲပြီး ဖဲပြားကလစ်လေးတွေနဲ့ အလှဆင်ကြည့်ပါ။

 

ကဲ ဒီလိုမျိုးတွေလုပ်ပြီး ပုံတုံးတဲ့ဆံပင်ပုံစံကို ပြောင်းလဲကြည့်ရအောင်နော်။

Miko ( For Her Myanmar )

Reference : Pinterest, The Right Hairstyles

 

Miko
Miko

နာမည်ကတော့မီကိုပါ။ စာတွေရေးရတာနဲ့ ခရီးထွက်ရတာက အကြိုက်ဆုံးအရာပါပဲ။ စိတ်ရဲ့ထွက်ပေါက်အဖြစ် စာတွေရေးရင်းကနေ FHM မှာ စာရေးဖြစ်နေတာ ၁ နှစ်တောင်ရှိပါတော့မယ်။