လှချင်ရင် နေ့စဉ်ရေ၈ခွက်သောက်ပါလို့။

ပိုက်ဆံမကုန်ပဲ ကြည်လင်တဲ့ အသားအရေပိုင်ဆိုင်ဖို့ တစ်နေ့ရေ၈ခွက်သာ လိုအပ်ပါတယ်။

ယောင်းတို့ရေ မင်္ဂလာနှစ်သစ်ပါနော်။ ၂၀၁၈နှစ်ဦးမှာ Rinက ခင်ဗျားလေးတို့နဲ့အတူ challengeတစ်ခု လုပ်ချင်ပါတယ်။
ဒီနေ့ရဲ့ challengeကတော့…….
“8 glasses of water a day” တစ်နေ့ ရေ၈ခွက် (၂လီတာ) သောက်ရမယ့် challengeဖြစ်ပါတယ်။
ရက်ပေါင်း၃၀တိတိ သောက်သွားရမှာနော်။

ယောင်းတို့ရေ Rinလေ youtubeမှာ နိုင်ငံခြားbloggerတစ်ယောက်ရဲ့ “30days water
challenge” ဆိုတဲ့ ဗီဒီယိုတစ်ခုကို ကြည့်လိုက်ရပါတယ်။ ရက်ပေါင်း ၃၀တိတိ နေ့စဉ်
ရေ၈ခွက် ပုံမှန်သောက်ခြင်းဖြင့် သူမခန္ဓာကိုယ်မှာ တွေ့ကြုံရတဲ့
ပြောင်းလဲမှုတွေကို မျှဝေပေးတဲ့ ဗီဒီယိုလေး ဖြစ်ပါတယ်။ အထူးသဖြင့်
မျက်နှာအသားအရေ ပြောင်းလဲမှုကို သေချာရိုက်ပြတဲ့ မှတ်တမ်း ဗီဒီယိုပေါ့။

တနေ့တခြား သူမရဲ့ မျက်နှာအသားအရေကလေ ကြည်ကြည်လာတာရှင့်။ မျက်နှာပေါ်က
အဆီဖုလေးတွေ၊ အမဲစက်တွေလည်း သိသိသာသာ ပါးလာတယ်။ ဒါ့အပြင် သူမပြောပြချက်အရ
သူမခန္ဓာကိုယ်ဟာ အရင်ကထက် ပိုပြီး ပေါ့ပါးလန်းဆန်းလာပါတယ်တဲ့။

သူမရဲ့ ပြောင်းလဲမှုတွေဟာ စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် Rinလည်း
အလားတူchallengeဗီဒီယိုတွေကို youtubeမှာ ရှာကြည့်ပါတယ်။ အားလုံးရဲ့ ရလဒ်ဟာ
စိတ်ကျေနပ်ဖို့ကောင်းတာတွေ့ရတယ်။
ဒါကြောင့် ယောင်းတို့ကို လက်တို့ဖို့ စိတ်ကူးရသွားတာပေါ့။ Rinလည်း
လိုက်လုပ်နေတယ်နော်။ တပတ်ကျော်လောက်ရှိပြီ။
အိမ်း….စိတ်ချမ်းသာတယ် ပြောရမယ်။ ရှူးခဏခဏ ပေါက်နေတာက လွဲလို့။ (ngi ngi)

ယောင်းတို့ ပိုပြီး စိတ်ဝင်စားလာအောင် ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို
ပြောပြပါဦးမယ်။

(၁) ပါးရေတွန့်ခြင်း ကင်းဝေးရအောင်
ရေသောက်ခြင်းဟာ အရေပြားဆဲလ်တွေကို ရေဓာတ်ပြည့်ဝစေပြီး အလုပ်ကောင်းမွန်စွာ လုပ်စေတဲ့အတွက် ပါးရေတွန့်ခြင်းကို ကင်းဝေးစေပါတယ်။ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် ယောင်းတို့ရဲ့ မျက်နှာလေးကို
သန့်ရှင်းကြည်လင်စေမှာ ဖြစ်တယ်။ ဒါ့အပြင် ဝက်ခြံဖြစ်ခြင်းကိုပါ သက်သာစေပါတယ်။
ယောင်းတို့ရေ Rinကိုယ်တွေ့နော်။
တစ်နေ့ကို ရေ၈ခွက် တစ်ပတ်လောက် ပုံမှန်သောက်သွားလိုက်တာ သိသိသာသာ မျက်နှာတွေ ကြည်လာတယ်။ မျက်နှာဖြူဆေးတွေ သုံးစရာမလိုဘဲနဲ့ကို မျက်နှာလေးက ကြည်ပြီး ပြောင်ပြောင်လေး ဖြစ်နေတယ်။ ဒါကြောင့် ကျန်းမာတဲ့
မျက်နှာအသားအရေပိုင်ဆိုင်ဖို့ skin careတွေအပြင် ရေများများ သောက်ဖို့လည်း လိုအပ်ပါတယ်လို့။

(၂) ဝိတ်ကျစေဖို့
ရေဓာတ်ဆုံးရှုံးတဲ့အခါ ကျောက်ကပ် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့အတွက် အသည်းကို တာဝန်ပိုပေးသလို ဖြစ်စေပါတယ်။ အသည်းဟာ အဆီတွေကို စွမ်းအင်အဖြစ် လောင်ကျွမ်းစေရန် ကူညီပေးပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ရဲ့ အလုပ်အပိုတွေပါ လုပ်နေရတဲ့အခါ အဆီတွေကို စွမ်းအင်အဖြစ် လောင်ကျွမ်းသင့်သလောက် မလောင်ကျွမ်းနိုင်ဘဲ အဆီအစိုင်အခဲတွေကို ဖြစ်စေပါတယ်။

ထိုသို့ဖြစ်ခြင်းကို ကာကွယ်ဖို့အတွက် ရေများများ သောက်သင့်ပါတယ်။ ဒါကြောင့် ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲကတစ်ခုဟာ အဆီကျခြင်းလို့ ယောင်းတို့
ပြောနိုင်ပြီပေါ့။

(၃) ကြွက်သားတွေ ကျန်းမာသန်စွမ်းအောင်
ခန္ဓာကိုယ်တစ်ခု အလုပ်ကောင်းကောင်း လုပ်ဖို့ရာ ရေဟာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပေါ့။
အရေပြား၊ တစ်ရှူးဆဲလ်တွေနဲ့ ကိုယ်အင်္ဂါတွေ အပါအဝင် ခန္ဓာကိုယ်ထုထည်ရဲ့ ခန့်မှန်းခြေ ၅၀မှ ၇၀ရာခိုင်နှုန်းခန့်ကို ရေနဲ့ ဖွဲ့စည်းထားပါတယ်။ ကြွက်သားတွေ ကျန်းမာသန်စွမ်းအောင် ရေအလုံအလောက် ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။
ရေအလုံအလောက်ရရှိခြင်းဟာ ကြွက်သားတွေ ပုံမှန်ကြုံ့ဆန့်နိုင်ဖို့ ကူညီပေးပြီး ကြွက်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။

(၄) အစာခြေစနစ် ပုံမှန်ဖြစ်စေဖို့
Rinတို့ စားလိုက်တဲ့ အစာတွေကနေ ရရှိလာတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်ထဲမှာ အသုံးပြုနိုင်ဖို့ ရေကို လိုအပ်ပါတယ်။ ရေဟာ ထိုအာဟာရဓာတ်တွေကို lymphatic
systemတလျှောက်ဖြတ်ပြီး ဆဲလ်တွေစီ သယ်ယူပေးပါတယ်။
ရေဟာ ကျောက်ကပ် ပုံမှန်အလုပ်လုပ်အောင် ကူညီပေးသကဲ့သို့ အစာခြေစနစ်ကိုလည်း
ကူညီပေးပါတယ်။ ရေဓာတ်ချို့တဲ့ပြီဆိုတာနဲ့ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဝမ်းခဏခဏချုပ်တတ်တဲ့ ယောင်းတို့ရေ အစာခြေစနစ် ကောင်းမွန်စေဖို့ ရေတွေအများကြီး
သောက်ဖို့လိုအပ်ပြီနော်။

Related Article >>> ရေသောက်ပြီး ဝိတ်ချမယ်

နောက်ထပ် ရေနဲ့ပတ်သက်ပြီး ကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင်တဲ့ အရာတွေကတော့ ဒီလိုတွေရှိတယ် ယောင်းတို့ရေ… 

ရေနည်းနည်းပဲ သောက်တဲ့အခါ ဦးနှောက်ဟာ ထိုအချက်ကို ခြိမ်းခြောက်မှုတစ်ရပ်လို့ ယူဆပြီး ခန္ဓာကိုယ်ထဲမှာ ရေတွေကို ပိုမို သိုလှောင်ဖို့ စတင်ကြိုးစားပါတော့တယ်။ ဒီအခါ ခြေတွေ၊ လက်တွေ ဖောယောင်ခြင်းကို ဖြစ်စေပါတယ်။
ယောင်းတို့ရေ ခန္ဓာကိုယ် ပုံမှန်ပြန်ဖြစ်ဖို့အတွက် ရေများများသောက်လိုက်ပါနော်။

ရေသောက်ခြင်းဟာ Dehydrationဖြစ်ခြင်းကို မောင်းထုတ်ပေးနိုင်ပါတယ်။
Dehydrationဆိုတာက ခန္ဓာကိုယ်တွင်း အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ ရေပမာဏအလုံအလောက်မရရှိခြင်းကို ဆိုလိုပါတယ်။ တနည်းအားဖြင့်ပြောရရင် ရေဓာတ်ခမ်းခြောက်ခြင်းပေါ့။ ဒါ့အပြင် ရေများများသောက်တဲ့အခါ
ခန္ဓာကိုယ်အပူချိန်ကိုလည်း သာမန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

ဆေးပညာအရ အမျိုးသားများအတွက် နေ့စဉ်လိုအပ်တဲ့ ရေပမာဏဟာ ၃လီတာဖြစ်ပြီး
အမျိုးသမီးတွေကတော့ တစ်နေ့ကို ၂.၂လီတာလိုအပ်ပါတယ်။

ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောရရင်တော့ ပြောမဆုံးပေါင်
တောသုံးတောင်ပေါ့နော်။ သေချာတာကတော့ ရေများများသောက်လို့ အကျိုးယုတ်မှာမဟုတ်ဘူးဆိုတာပါပဲ။

ဘယ်လိုလဲ Rinနဲ့အတူ ရေလိုက်သောက်ကြမယ်မလား?
ရက်၃၀ပြီးသွားတဲ့အခါလည်း နေ့တိုင်း ရေ၈ခွက် သောက်ကြပါလို့။ အလှအပအတွက်သာမက
ကျန်းမာရေးအတွက်ပါ အကျိုးရှိတဲ့ အလေ့အကျင့်လေ။ ဟုတ်တယ်ဟုတ်?

Stay Pretty!
Rin (For Her Myanmar)
Source: Style Craze, UW Health

Rin
Rin

Rinကစာရေးရတာဝါသနာပါပါတယ်။ အထူးသဖြင့် ရင်တွင်းဖြစ်တွေ ရေးရတာကို ပိုခုံမင်ပါတယ်။ ဒါကြောင့် ရင်ထဲကခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြီး ချစ်ရတဲ့ ယောင်းတို့ဆီကိုယူဆောင်ပေးတက်ပါတယ်။ Rinက အပြင်မှာစကားပြောအလွန်မြန်ပြီး စကားအရမ်းများပါတယ်။ ကာတွန်းကားမကြည့်ရရင် ထမင်းစားမဝင်တဲ့ ကလေးလူကြီးတစ်ယောက်ပါ။ A leo but sometimes a moody kitty!