ကုမ္ပဏီဝန်​ထမ်းလား freelancer လား

Freelancer လုပ်တာလို့ ပြောလိုက်ရင် ဘာလဲအဲ့ဒါ အချိန်ပိုင်းလားဆိုတာမျိုး ပြန်မေးတတ်ကြတာများပါတယ်။ တကယ်တော့… 

အခု​နောက်​ပိုင်းလူငယ်​​တွေကြားမှာ​ခေတ်​စားလာတာက freelancer ဆိုတဲ့စကားလုံးပါ။ ​ပြောရရင်​​တော့ အလွတ်​တမ်းအလုပ်​သမား​ပေါ့ ( အက်​မင်​က​တော့ အဲ့လိုပဲဘာသာပြန်​လိုက်​တယ်​ 😛 ) ။ ​သူငယ်​ချင်း​တွေကြားမှာ ကုမ္ပဏီဝန်​ထမ်းလုပ်​သူနဲ့ freelancer သမား ဘယ်​သူက ပိုသာတယ်​ ဘာ​တွေဖြစ်​တယ်​ ငြင်း​လေ့ရှိတာမို့ အားသာချက်​ အားနည်းချက်​​တွေကို သိသ​လောက်​ ​ဝေမျှလိုက်​ပါတယ်​။ အသိ​တွေထဲမှာလည်း freelancer ပဲလုပ်​ချင်​တယ်​။ ဘယ်​ကစရမလဲမသိဘူးဆိုတာ​တွေ ​လာလာ​မေး​နေကြတာမို့ ဒီက​နေပဲ​ပြောပြလိုက်​မယ်​​နော်​။

Freelancer သမားဖြစ်​ဖို့လွယ်​သလားဆို​တော့ မလွယ်​ပါဘူး။ ကိုယ်​တိုင်​ကအရည်​အချင်းပြည့်မီ​နေဖို့လိုပါတယ်​။ ဥပမာ content writer ဆိုပါ​တော့ စာ​ရေးမယ်​ဆိုကတည်းက သူများကိုစွဲ​ဆောင်​နိုင်​တဲ့အ​ရေးအသားရှိရမယ်​။ စိတ်​ကူးဥာဏ်​ဆန်းသစ်​ရမယ်​။ ဒီလိုပဲ ဓာတ်​ပုံဆရာ​တွေ ဘာသာပြန်​သူ​တွေလဲ အတူတူပါပဲ။ ပြီးရင်​​​ပေါင်းသင်းဆက်​ဆံ​ရေး​ကောင်းရမယ်​။ လူတိုင်းနဲ့မိတ်​ဖွဲ့နိုင်​ရမယ်​။ ဒါမှ ကိုယ်​ကဘယ်​နား​တော့အလုပ်​လို​နေပြီသိမှာဖြစ်​သလို တစ်​ခါတစ်​​လေကျ ကိုယ်​တိုင်​ကလိုက်​​ကြေညာရတာမျိုးလဲ လုပ်​တတ်​ရပါတယ်​။ အားသာချက်​က ဘယ်​အထက်​လူကြီးကိုမှ ဖား​နေစရာမလိုသလို ဘယ်​သူ့ကိုမှ မနာလိုဖြစ်​စရာမလို​တော့ပါဘူး။ ဒါ့အပြင်​ နယ်​ပယ်​ပိုစုံ​လေ ကိုယ်​ကလူ​ပေါင်းဆန့်​​လေပါပဲ။ အဲအသက်​ကြီးလာရင်​​တော့ အတည်​တကျဖြစ်​ဖို့ ကိုယ်​ပိုင်​လိုင်းတစ်​ခု​တော့ ရှိဖို့လိုတာ​ပေါ့​လေ။

Related Article >>> အောင်မြင်တဲ့ဘဝတက်လမ်း အောင်မြင်တဲ့ Career သို့သွားမယ်

ကုမ္ပဏီဝန်​ထမ်းကျ​တော့တစ်​မျိုး​ပေါ့​နော်​။ ဆန်းသစ်​တဲ့အကြံဥာဏ်​မျိုးထုတ်​ချင်မှလည်း ထုတ်​ရမယ်​။ ကိုယ့်​အလုပ်​က​ကျောရိုးရှိပြီးသားအလုပ်​ကို ဆက်​လုပ်​ရတာမျိုးလဲ ဖြစ်​နိုင်​ပါတယ်​။ လုပ်​ငန်းကကြီး​လေ ဝင်​ဆံ့ရတဲ့အသိုင်းအဝိုင်းကကြီး​လေဖြစ်​ပါတယ်​။ ဒါ​ပေမဲ့ ဒီအရာ​တွေက ​ယောင်းအလုပ်​ပြုတ်​သွားတာနဲ့ ပါလာမှာမဟုတ်​ပါဘူး။ ကုမ္ပဏီတစ်​ခုမှာ ​ရေရှည်​လုပ်​တဲ့အခါ ရာထူးတက်​မယ်​။ တည်​ငြိမ်​တဲ့​နေရာတစ်​ခုမှာ ​ဂုဏ်​ပုဒ်​တစ်​ခုနဲ့ရပ်​တည်​နိုင်​မယ်​။ လူ​ရှေ့သူ​ရှေ့ ဘယ်​ကုမ္ပဏီက ဘယ်​သူပါဆိုပြီး ​ပြောနိုင်​မယ်​​ပေါ့​လေ။ အထက်​​အောက်​ဆိုတဲ့ စည်းမျဉှ်း​တွေခြားလာပြီး ကိုယ့်ဆုံးဖြတ်​ချက်​က သက်​​ရောက်​မှုအကြီးကြီး ဖြစ်​နိုင်​တာ​တွေလဲ သတိပြုရမှာပါ။ ကုမ္ပဏီဝန်​ထမ်း​တွေက freelancer သမား​တွေထက်​ အလုပ်​ရှာရလဲ ပိုလွယ်​ပါတယ်​။

ကဲ အမှန်​​တော့ အ​သေးစိတ်​ရင်​ အများကြီးရှိ​ပေမယ့် ပျင်းမှာစိုးလို့ မ​ပြော​တော့ဘူး​နော်​။ ​ယောင်းတို့​ကော freelancer လုပ်​မှာလား ဝန်​ထမ်းလုပ်​မှာလား….

Miko ( For Her Myanmar )

Miko
Miko

နာမည်ကတော့မီကိုပါ။ စာတွေရေးရတာနဲ့ ခရီးထွက်ရတာက အကြိုက်ဆုံးအရာပါပဲ။ စိတ်ရဲ့ထွက်ပေါက်အဖြစ် စာတွေရေးရင်းကနေ FHM မှာ စာရေးဖြစ်နေတာ ၁ နှစ်တောင်ရှိပါတော့မယ်။

error: Content is protected !!