Letters From the Heart Love

အမေ့ကိုချစ်နိုင်အောင်ကြိုးစားပါ

-အားနေရင် ဖုန်းပဲကလိနေ..ကိုယ့်အမေကို နည်းနည်းလေးမှကူမယ်မရှိနဲ့။ အိမ်ကိုလဲ ကြည့်ဦး။ရှုပ်ပွနေတာပဲ။ ငါပဲအမြဲလုပ်နေရတော့လည်း မနိုင်တော့ဘူး။ -အာ..အမေကလည်း ဒီနေ့တစ်ရက်မလုပ်မိတာလေးကို ပွစိပွစိနဲ့ပြီးကိုမပြီးနိုင်ဘူး။ -ဩ..ကိုယ့်သမီးလေး သင်တန်းတက်ရ ကျောင်းတက်ရနဲ့မို့ မပြောပဲကြည့်နေတာ။ ဖုန်းပွတ်နေတဲ့အချိန်သာ အိမ်ထရှင်းလိုက်မယ်ဆိုရင် ငါလည်းသက်သာမယ်မဟုတ်လား။ -တော်ပြီ အမေ။ ပူညံပူညံမလုပ်နဲ့။ သမီးထရှင်းပေးမယ်။တော်ပြီလား။ ဖုန်းကိုဂွမ်းခနဲ ခုံပေါ်တင်လိုက်ပြီး ဆောင့်ငင်ဆောင့်ငင်နှင့် တံမြက်စည်းတရမ်းရမ်းလုပ်ကာ အိမ်ရှင်းလိုက်သည်။ စိတ်ကောက်သွားသောကြောင့် အမေနှင့် စကားတစ်ခွန်းမျှပင်မပြောပဲ အိပ်ယာစောစောဝင်ခဲ့သည်။ ……………………..……………………..………………. အဟွပ် အဟွပ်… နာရီထကြည့်မိသည်။မနက် ၄နာရီခွဲသာရှိသေးသည်။ မိုးရေမိထားသဖြင့် အချွဲကြပ်ချောင်းဆိုးကာ တစ်ညလုံးအိပ်မရပဲရှိလေသည်။ ရေနွေးထသောက်မည်ဟု မီးဖိုချောင်သို့ ယက်ကန်ယက်ကန်နှင့်လျှောက်လာမိလျှင် ငရုတ်ကျည်ပွေ့တစ်ခုနှင့် အလုပ်ရှုပ်နေသောအမေ့ကိုတွေ့ရလေ၏။ -ဟင်..အမေ။ ဒီအချိန်ကြီး ဟင်း ထချက်တာလား။ အစောကြီးကို။ -မဟုတ်ပါဘူး။ ချင်းထောင်းနေတာ။ နင်ညက ချောင်းဆိုးနေတာကြားလို့။ရော့ အဲ့ပရုတ်ဆီလေး လည်ပင်နား လိမ်းထား။ […]

Love

“ကျွန်မ မေမေ့ကို မုန်းတယ်”

ဘာလို့လဲဆိုတော့ ကျွန်မဘဝမှာ အရမ်းဝင်စွက်ဖက်လို့။ ကျွန်မ ရုံးသွားခါနီးဆို မေမေက အမြဲ ထမင်းချိုင့်  အသင့်ပြင်ဆင်ထားပေးတယ်။ ကျွန်မကြိုက်တတ်တဲ့ဟင်းတွေအပြည့်ဆိုတာ ချိုင့် ဖွင့်မကြည့်လည်း ကျွန်မသိတယ်။ အပြင်ထမင်းဟင်းဆို ချေးများတတ်တဲ့ကျွန်မအတွက် မေမေ့ထမင်းဟင်းတွေက ဘာနဲ့မှ မလဲနိုင်တဲ့ တန်ဖိုးရှိတဲ့အရာတွေပါ။ အလုပ်ြပန်ချိန် အမြဲလိုလို နောက်ကျတတ်တဲ့ ကျွန်မအတွက် ထမင်းပူပူလေးစားရအောင်  မေမေက အမြဲအဆင်သင့်လုပ်ထားပေးတယ်။အမြဲရုံးအလုပ်တွေပိနေတဲ့ ကျွန်မ အဝတ်အစားတွေကိုလည်း ယူယူလျှော်သေးတယ်။ ရုံးအမြဲနောက်ကျတတ်တဲ့ ကျွန်မ အိပ်ရာမသိမ်းနိုင်ဘဲ ရုံးကို မြန်မြန်သုတ်ချေတင်ရတဲ့နေ့တွေဆိုလည်း ကျွန်မအိပ်ရာကို သူသိမ်းပေးသေးတယ်။ အိမ်ပြန်ရောက်ရင် ဆူတာကလွဲလို့ပေါ့။ ကျွန်မ အနာဂါတ်ခင်ပွန်းလောင်းလို့သဘောပိုက်ပြီး တွဲခဲ့တဲ့ သူငယ်ချင်းချစ်သူတစ်ယောက်ရှိတယ်။ အဲ့တုန်းက မေမေ သဘောမတူခဲ့ဘူး။ မေမေ့ကြောင့် သူနဲ့ အဆက်ဖြတ်ခဲ့ရတယ်။ အဲ့တုန်းကတော့ မေမေ့ကို အကြီးအကျယ်မုန်းခဲ့ စကားနာတွေထိုးခဲ့တာပေါ့လေ။ ဒါပေမယ့် အခုချိန်မှာ အဲ့တစ်ယောက်ရဲ့ […]

Love Relationships

မိန်းမသားအချင်းချင်းချစ်ကြိုက်ရသည့် အကြောင်းအရင်း(၆)ချက်

အချစ်လို့ခေါင်းစဉ်တပ်လိုက်တာနဲ့ ယောကျာ်းမိန်းမဆက်ဆံရေးကိုသာ ပြေးမြင်တဲ့ လူသားများအဖို့ သမိုင်းကြောင်းတစ်လျှောက် မိန်မသားအချင်းချင်း ယောကျာ်းသားအချင်း ချစ်ကြိုက်မှုအပေါ်သဘာဝတရားနဲ့ ဆန့်ကျင်နေတယ်ဆိုပြီး ဟိုမိုဆက်ဆံရေး(လိင်တူဆက်ဆံရေး)ကို ပြင်းပြင်းထန်ထန် ပြစ်တင်ကန့်ကွက်ခဲ့ကြပါတယ်..။ လိင်တူဆက်ဆံရေးမှာတောင် ယောကျာ်းအချင်းချင်းထက် မိန်းမအချင်းချင်း ချစ်ကြိုက်မှုကို ပိုပြီး ရှုံ့ချခဲ့ပါတယ်။ သို့သော်ငြားလည်း ယခုလက်ရှိ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးပေါ်အခြေခံပြီး လိင်တူဆက်ဆံရေးကိုအထိုက်အလျောက်လက်ခံလာကြပါတယ်။နယ်သာလန်၊ပြင်သစ်၊ အိုင်ယာလန်၊ကနေဒါ ၊စပိန် စတဲ့ နိုင်ငံပေါင်း (၂၁)နိုင်ငံဟာ အတိအလင်း လိင်တူဆက်ဆံရေးကို တရားဝင်လက်ခံထားပါတယ်။စိတ်ပညာရှင်များရဲ့ လေ့လာချက်များအရ ဘာကြောင့် မိန်းမသားအချင်းချင်း ချစ်ကြိုက်ရတယ်ဆိုတဲ့ အချက်တွေကတော့……….. (၁)မွေးရာပါ သာမန်အမျိုးသမီးတွေထက် အက်စ်ထရိုဂျင်(estrogen)လို့ခေါ်တဲ့ မဟော်မုန်းနည်းပါးမှုကြောင့် ဖြစ်တတ်ပါတယ်။ ဒီဟော်မုန်းချို့ယွင်းမှုကြောင့် အရွယ်ရောက်လာတဲ့အခါ မိန်းကလေးအချင်းချင်းကိုသာ စိတ်ဝင်စားတတ်ပါတယ်။ (၂)မိသားစုပြဿနာ ငယ်စဉ်ကတည်းက မျက်စိရှေ့မှာ မိဘတွေ ရန်ဖြစ်တာကို မြင်ရပါများလာပြီး စိတ်ဒဏ်ရာနက်ရှိုင်းလာလည့်အခါမျိုး အထူးသဖြင့် မိခင်မေတ္တာ ငတ်မွတ်ရင် […]

Love Relationships

သင်တွေ့နေတာ ကောင်လေးလား ယောက်ျားလေးလား

ကောင်လေးတစ်ယောက်က “ကိုယ်မင်းကို ချစ်တယ်” လို့ပဲပြောမယ်။ ယောက်ျားတစ်ယောက်ကတော့ “ကိုယ်မင်းကို ချစ်တယ်” လို့ပြောပြီး  သူ့ရဲ့အပြုအမူတွေနဲ့ သူ့အချစ်ကို သက်သေပြလိမ့်မယ်။ ကောင်လေးတစ်ယောက်က သင့်ကို သူ့အတွက် မပြည့်စုံသေးတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ခံစားရစေလိမ့်မယ်။ ယောက်ျားတစ်ယောက်က သင့်ကို ရှိရင်းစွဲထက် ပိုပြည့်စုံဖို့ ကြိုးစားလာအောင် ပြုစားနိုင်လိမ့်မယ်။ ကောင်လေးက ပိုင်ဆိုင်လိုစိတ်များတယ်။ ယောက်ျားလေးက ကာကွယ်ပေးတယ်။ သင့်ရဲ့ အောင်မြင်မှုဟာ ကောင်လေးအတွက် ခြိမ်းခြောက်မှုတစ်ခုသဖွယ် ဖြစ်နေလိမ့်မယ်။ ယောက်ျားတစ်ယောက်က သင့်အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်နေလိမ့်မယ်။ ကောင်လေးတစ်ယောက်က သူ့ပျော်ရွှင်မှုအတွက်ပဲ သူကြည့်လိမ့်မယ်။ ယောက်ျားတစ်ယောက်က သင့်ပျော်ရွှင်မှုဟာ သူ့ပျော်ရွှင်မှုလို့ ခံယူထားလိမ့်မယ်။ ကောင်လေးတစ်ယောက်က သင့်ကို လျှော့တွက်လိမ့်မယ်။ ယောက်ျားတစ်ယောက်က သင့်အစွမ်းအစကို သူသိတဲ့အတွက်ကြောင့် သင့်ကို စိန်ခေါ်လိမ့်မယ်။ ကောင်လေးတစ်ယောက်က မိန်းကလေး ယောက်ျားလေး ခွဲခြားလိမ့်မယ်။ ယောက်ျားတစ်ယောက်က […]

Relationships

ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့အတွဲရှိလား??

ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့အတွဲဆိုတာမရှိပါဘူး။ လူမှုကွန်ယက်စာမျက်နှာတွေမှာတွေ့နေရတဲ့ အားကျနေရတဲ့ စံပြအတွဲတွေဆိုတာ ဒုနဲ့ဒေးပေါ့။ ဒါပေမယ့် တစ်ခါတစ်လေကျ ကိုယ်တွေမသိနိုင်တဲ့ နောက်ကွယ်ဆိုတာလည်း ရှိနိုင်တာပဲ။ ဒါကို အိန်ဂျလီနာနဲ့ဘရက်ပစ်တို့စုံတွဲက သက်သေပြလိုက်တာပဲဖြစ်ပါတယ်။ သူတို့စုံတွဲကို အားမကျခဲ့ဖူးတဲ့သူ သဘောမကျခဲ့ဖူးသူတွေဆိုတာ ခပ်ရှားရှားရယ်ပါ။ ဒါပေမယ့်နောက်ဆုံးကျတော့လည်း သူတို့အတွဲလည်း ကွဲကွာခဲ့ပြန်ပြီတဲ့။ ဒီနေရာမှာ တစ်ခုထောက်ပြချင်တာက အိန်ဂျလီနာဘက်က ထောက်ပြပေးချင်ပါတယ်။ သူမ ဘရက်ပစ်နဲ့ ကွာရှင်းခွင့်တောင်းဆိုရဲတယ်။ သူမချစ်တဲ့ ဘရက်ပစ်နဲ့ လမ်းခွဲရတဲ့အတွက် သူမရင်မနာဘဲနေမလား။ နာမှာပဲ။ ဒါပေမယ့် သူမ ဒီဇာတ်လမ်းကို အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူမ ဘဝဘာပြောင်းလဲသွားလဲ။ ဘာမှမပြောင်းလဲသွားဘူး။ သူမ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ ဝင်ငွေ သူမရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ မြန်မာပြည်က အမျိုးသမီးအချို့နဲ့ နှိုင်းယှဉ်ပြချင်တယ်။ မြန်မာနိုင်ငံက အမျိုးသမီးအများစု ကွာရှင်းရမှာကို အရမ်းရှက်တယ်။ ပတ်ဝန်းကျင်က မေးငေါ့မှာကို […]

Letters From the Heart Love

ဈေးမကြီးပေမယ့် တန်ဖိုးကြီးတဲ့ အပြုံးတစ်ပွင့်

အပြုံးဆိုတာ အင်မတန်မှ ဈေးနည်းလှပြီး လူတိုင်းပေးနိုင်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် လူတော်တော်များများ အပြုံးတစ်ပွင့်ကို တစ်ပါးသူထံ လွှဲပြောင်းပေးဖို့  တွန့်ဆုတ်ကြတယ်။ ပေးတဲ့တန်ဖိုးအတိုင်း ပြန်မရမှာကို စိုးရွံ့ကြတယ်။ တန်ဖိုးမဲ့သွားမှာကို ကြောက်ရွံ့ကြတယ်။ ဒါပေမယ့် သင်သတိထားပြီး ရင်ထဲကပါပါနဲ့ ပြုံးကြည့်ပါ။ သင့်အပြုံးက တစ်ဖက်လူအပေါ်ကို အကျိုးသက်ရောက်မှုတစ်ခုတော့ရှိသွားတာကို တွေ့ရမှာပါ။ သင် ပြုံးသလို သူပြန်မပြုံးပြရင်တောင် သူ့ဘက်က ပြန်မဲ့ပြဖို့ကတော့ ခဲယဉ်းမှာပါ။ ဈေးမကြီးပေမယ့် တန်ဖိုးကြီးတဲ့ အပြုံးတစ်ပွင့်ကို ပါးထက်မှာ ဆင်မြန်းရင်း မေတ္တာတရား ပွားများနိုင်ကြပါစေ။

Love

လှောင်ရယ်သံတွေပြောင်းလဲပစ်လို့မရတဲ့ သင့်ရဲ့တန်ဖိုး.

လှောင်ရယ်သံတွေပြောင်းလဲပစ်လို့မရတဲ့ သင့်ရဲ့တန်ဖိုး.. “ဝတုတ်မ” “ငါ့ကို အဲ့လို မခေါ်နဲ့နော်” “ဝတုတ်မကို ဝတုတ်မ မခေါ်ပဲ ဖွေးစိန်လို့ခေါ်ရမလား..ဟား ဟား” ………………………………………………. ဟယ် ဟိုမှာကြည့်စမ်း ဝါးခြမ်းပြားလေလွင့်လာတယ်။ ဟား ဟား ………………………………………………… ရုပ်ကြီးကိုက မျောက်မိတ်ကပ်လိမ်းထားတဲ့အတိုင်းပဲ။ သွားကလည်း အုန်းခြစ်လုပ်လို့ရသေးတယ်။ ခွီးခွီး ……………………………………………….. လှောင်ရယ်သံတွေကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိခဲ့တဲ့ အမျိုးသမီးတွေရှိကြပါတယ်။ ဒီလှောင်ရယ်သံတွေက မျှော်လင့်ချက်တွေကို ထိုးဖောက်ဖျက်စီးပစ်နိုင်တယ်။ လှောင်ရယ်သံတွေကိုဝေးဝေးရှောင်ဖို့ကြိုစားရင်း လမ်းမှားခဲ့ရတဲ့ အခါမျိုးလည်းရှိတယ်။ သင်ကျေနပ်နပ် မကျေနပ်နပ် လှောင်ရယ်သံတွေက ပဲ့တင်ထပ်နေဦးမှာပါ။ သင် `ဝ´ နေလား။ Gym ဆော့ Diet လုပ်ရင်း တစ်နှစ်အတွင်းပိန်လို့ရတယ်။ သင် ပိန်နေလား။ အင်းကျီ လှလှလေးတွေဝတ်လို့ရတယ်။ စားချင်တာစားလို့ရတယ်။ သင်ကိုယ်သင်ရုပ်ဆိုးတယ်လို့ထင်နေလား။ အပြုံးတစ်ပွင့် ကြင်နာမှုတစ်စုံနဲ့သင့်ကိုသင် အလှဆင်လို့ရတယ်။လောကမှာ ရုပ်ဆိုးတဲ့မိန်းကလေးရယ်လို့မရှိဘူး။ […]

Love

ကျွန်မလည်း မိန်းမသားပါပဲ

ကျွန်မ တော်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ကျွန်မမှာ နှလုံးသားတစ်စုံမရှိဘူးလို့ ဘယ်သူက ပြောလဲ။ ကျွန်မ စိတ်ဓာတ်အရမ်း ကြံ့ခိုင်တယ်။ ဒါပေမယ့် ကျွန်မ မငိုတတ်ဘူးလို့ ဘယ်သူက ပြောလဲ။ ကျွန်မ ကိုယ့်ကိုယ်ကို အားကိုးတယ်။ ဒါပေမယ့် ကျွန်မလက်တစ်စုံကို မမျှော်လင့်ဖူးဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ ဒါပေမယ့် ကွှန်မ တစ်စုံတစ်ယောက်ရဲ့ရှေ့မှာ မတုန်ယင်ဖူးဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မ အရမ်းထက်မြက်တယ်။ ဒါပေမယ့် ကျွန်မကို ဦးဆောင်ပေးနိုင်မယ့်သူကို မမျှော်လင့်ဖူးဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မလည်း မိန်းမသားထဲက မိန်းမသားတစ်ယောက်ပါပဲ။ #Forhermyanmar #IamaGirl

Love Relationships

ဖိနပ်ကလေးနှစ်ရန် ??

ကျွန်မနဲ့သူနဲ့ ချစ်သူစဖြစ်ကာစပေါ့။ သူက ကျွန်မကိုပြောပြဖူးပါတယ်။ တကယ်က နှိုင်းပြတာပါ။ ကျွန်မနဲ့မတွေ့ခင်မှာ ကောင်မလေးတစ်ယောက်နဲ့ သူတွဲခဲ့ပါတယ်။ ခက်တာက ကျွန်မနဲ့ ချစ်သူတွေဖြစ်တဲ့အချိန်ထိ အဲ့ကောင်မလေးကို သူမမေ့သေးတာပါ။ 🙂 သူ့စိတ်ထဲမှာလည်း အဲ့ဒီမိန်းကလေးက ကျွန်မထက်သာတယ်လို့ သူတစ်ထစ်ချ ယုံကြည်ထားတာပါ။ အဲ့ဒီကောင်မလေးက အရမ်းလှတဲ့ ဒေါက်ဖိနပ်လေးတစ်ရန်နဲ့ တူပါသတဲ့။ အဲ့ဒီဖိနပ်လေးကိုစီးလိုက်ရင် ဘယ်သွားသွားတင့်တယ်တယ် ကြည့်ကောင်းတယ်ပေါ့။ (သူချစ်တဲ့သူမို့ သူ့စိတ်က ဦးစားပေးထားတဲ့သဘောပါ)။ ကျွန်မကကျတော့ slipper နဲ့ တူပါသတဲ့။ ဘာအဆောင်အယောင်မှမပါတဲ့ ဖိနပ်ပါး၊ ပွဲလယ်မတင့်ပေမယ့် စီးရတဲ့အခါ သက်သောင့်သက်သာဖြစ်စေလို့တဲ့။ (ကျွန်မကိုတော့ သူမချစ်ပါဘူး ဒါပေမယ့် သူ့အပေါ် ကျွန်မကောင်းတာ သိနေလို့ပြောတဲ့သဘောပါ)   ကျွန်မသိလိုက်ပါတယ်။ သူပြောချင်တဲ့သဘောကို နားလည်တဲ့အခါမှာ ကျွန်မပြုံးမိတယ်။ ကျွန်မအပြုံးရဲ့နောက်ကွယ်က အဓိပ္ပါယ်ကိုတော့ သူမသိခဲ့ပါဘူး။ အချိန်တွေကြာခဲ့သလို သူနဲ့ကျွန်မလည်း […]