Letters From the Heart Love

ဈေးမကြီးပေမယ့် တန်ဖိုးကြီးတဲ့ အပြုံးတစ်ပွင့်

အပြုံးဆိုတာ အင်မတန်မှ ဈေးနည်းလှပြီး လူတိုင်းပေးနိုင်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် လူတော်တော်များများ အပြုံးတစ်ပွင့်ကို တစ်ပါးသူထံ လွှဲပြောင်းပေးဖို့  တွန့်ဆုတ်ကြတယ်။ ပေးတဲ့တန်ဖိုးအတိုင်း ပြန်မရမှာကို စိုးရွံ့ကြတယ်။ တန်ဖိုးမဲ့သွားမှာကို ကြောက်ရွံ့ကြတယ်။ ဒါပေမယ့် သင်သတိထားပြီး ရင်ထဲကပါပါနဲ့ ပြုံးကြည့်ပါ။ သင့်အပြုံးက တစ်ဖက်လူအပေါ်ကို အကျိုးသက်ရောက်မှုတစ်ခုတော့ရှိသွားတာကို တွေ့ရမှာပါ။ သင် ပြုံးသလို သူပြန်မပြုံးပြရင်တောင် သူ့ဘက်က ပြန်မဲ့ပြဖို့ကတော့ ခဲယဉ်းမှာပါ။ ဈေးမကြီးပေမယ့် တန်ဖိုးကြီးတဲ့ အပြုံးတစ်ပွင့်ကို ပါးထက်မှာ ဆင်မြန်းရင်း မေတ္တာတရား ပွားများနိုင်ကြပါစေ။

Love

လှောင်ရယ်သံတွေပြောင်းလဲပစ်လို့မရတဲ့ သင့်ရဲ့တန်ဖိုး.

လှောင်ရယ်သံတွေပြောင်းလဲပစ်လို့မရတဲ့ သင့်ရဲ့တန်ဖိုး.. “ဝတုတ်မ” “ငါ့ကို အဲ့လို မခေါ်နဲ့နော်” “ဝတုတ်မကို ဝတုတ်မ မခေါ်ပဲ ဖွေးစိန်လို့ခေါ်ရမလား..ဟား ဟား” ………………………………………………. ဟယ် ဟိုမှာကြည့်စမ်း ဝါးခြမ်းပြားလေလွင့်လာတယ်။ ဟား ဟား ………………………………………………… ရုပ်ကြီးကိုက မျောက်မိတ်ကပ်လိမ်းထားတဲ့အတိုင်းပဲ။ သွားကလည်း အုန်းခြစ်လုပ်လို့ရသေးတယ်။ ခွီးခွီး ……………………………………………….. လှောင်ရယ်သံတွေကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိခဲ့တဲ့ အမျိုးသမီးတွေရှိကြပါတယ်။ ဒီလှောင်ရယ်သံတွေက မျှော်လင့်ချက်တွေကို ထိုးဖောက်ဖျက်စီးပစ်နိုင်တယ်။ လှောင်ရယ်သံတွေကိုဝေးဝေးရှောင်ဖို့ကြိုစားရင်း လမ်းမှားခဲ့ရတဲ့ အခါမျိုးလည်းရှိတယ်။ သင်ကျေနပ်နပ် မကျေနပ်နပ် လှောင်ရယ်သံတွေက ပဲ့တင်ထပ်နေဦးမှာပါ။ သင် `ဝ´ နေလား။ Gym ဆော့ Diet လုပ်ရင်း တစ်နှစ်အတွင်းပိန်လို့ရတယ်။ သင် ပိန်နေလား။ အင်းကျီ လှလှလေးတွေဝတ်လို့ရတယ်။ စားချင်တာစားလို့ရတယ်။ သင်ကိုယ်သင်ရုပ်ဆိုးတယ်လို့ထင်နေလား။ အပြုံးတစ်ပွင့် ကြင်နာမှုတစ်စုံနဲ့သင့်ကိုသင် အလှဆင်လို့ရတယ်။လောကမှာ ရုပ်ဆိုးတဲ့မိန်းကလေးရယ်လို့မရှိဘူး။ […]

Love

ကျွန်မလည်း မိန်းမသားပါပဲ

ကျွန်မ တော်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ကျွန်မမှာ နှလုံးသားတစ်စုံမရှိဘူးလို့ ဘယ်သူက ပြောလဲ။ ကျွန်မ စိတ်ဓာတ်အရမ်း ကြံ့ခိုင်တယ်။ ဒါပေမယ့် ကျွန်မ မငိုတတ်ဘူးလို့ ဘယ်သူက ပြောလဲ။ ကျွန်မ ကိုယ့်ကိုယ်ကို အားကိုးတယ်။ ဒါပေမယ့် ကျွန်မလက်တစ်စုံကို မမျှော်လင့်ဖူးဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ ဒါပေမယ့် ကွှန်မ တစ်စုံတစ်ယောက်ရဲ့ရှေ့မှာ မတုန်ယင်ဖူးဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မ အရမ်းထက်မြက်တယ်။ ဒါပေမယ့် ကျွန်မကို ဦးဆောင်ပေးနိုင်မယ့်သူကို မမျှော်လင့်ဖူးဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မလည်း မိန်းမသားထဲက မိန်းမသားတစ်ယောက်ပါပဲ။ #Forhermyanmar #IamaGirl

Love Relationships

ဖိနပ်ကလေးနှစ်ရန် ??

ကျွန်မနဲ့သူနဲ့ ချစ်သူစဖြစ်ကာစပေါ့။ သူက ကျွန်မကိုပြောပြဖူးပါတယ်။ တကယ်က နှိုင်းပြတာပါ။ ကျွန်မနဲ့မတွေ့ခင်မှာ ကောင်မလေးတစ်ယောက်နဲ့ သူတွဲခဲ့ပါတယ်။ ခက်တာက ကျွန်မနဲ့ ချစ်သူတွေဖြစ်တဲ့အချိန်ထိ အဲ့ကောင်မလေးကို သူမမေ့သေးတာပါ။ 🙂 သူ့စိတ်ထဲမှာလည်း အဲ့ဒီမိန်းကလေးက ကျွန်မထက်သာတယ်လို့ သူတစ်ထစ်ချ ယုံကြည်ထားတာပါ။ အဲ့ဒီကောင်မလေးက အရမ်းလှတဲ့ ဒေါက်ဖိနပ်လေးတစ်ရန်နဲ့ တူပါသတဲ့။ အဲ့ဒီဖိနပ်လေးကိုစီးလိုက်ရင် ဘယ်သွားသွားတင့်တယ်တယ် ကြည့်ကောင်းတယ်ပေါ့။ (သူချစ်တဲ့သူမို့ သူ့စိတ်က ဦးစားပေးထားတဲ့သဘောပါ)။ ကျွန်မကကျတော့ slipper နဲ့ တူပါသတဲ့။ ဘာအဆောင်အယောင်မှမပါတဲ့ ဖိနပ်ပါး၊ ပွဲလယ်မတင့်ပေမယ့် စီးရတဲ့အခါ သက်သောင့်သက်သာဖြစ်စေလို့တဲ့။ (ကျွန်မကိုတော့ သူမချစ်ပါဘူး ဒါပေမယ့် သူ့အပေါ် ကျွန်မကောင်းတာ သိနေလို့ပြောတဲ့သဘောပါ)   ကျွန်မသိလိုက်ပါတယ်။ သူပြောချင်တဲ့သဘောကို နားလည်တဲ့အခါမှာ ကျွန်မပြုံးမိတယ်။ ကျွန်မအပြုံးရဲ့နောက်ကွယ်က အဓိပ္ပါယ်ကိုတော့ သူမသိခဲ့ပါဘူး။ အချိန်တွေကြာခဲ့သလို သူနဲ့ကျွန်မလည်း […]