Beauty Knowledge

ချိုင်းချွေးထွက်တာကို ဘယ်လိုလုပ်ရမလဲတဲ့

hey ပျိုမေတို့ရေ ? ဒီတစ်ခါမှာတော့ For Her Myanmar ရဲ့ inbox ကနေ မေးမြန်းထားတာလေးအတွက် ပြောပြပေးမယ်နော် ချိုင်းချွေးထွက်တာကို ဘယ်လိုလုပ်ရမလဲတဲ့။ ပျိုမေတို့တွေက လှတပတလေးဝတ်ပြီး hanging out နေချိန်မှာ အင်္ကျီချိုင်းကြားမှာ ချွေးအကွက်လိုက်နဲ့ဆို ဘယ်အဆင်ပြေပါ့မလဲနော်။ အိုးးး ရှက်စရာ ?? အဲ့ဒီတော့ ချိုင်းချွေးထွက်တာကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်နော် ချွေးထွက်တာဟာ အစားအသောက်နဲ့ဆိုင်သလို အနေအထိုင်အဝတ်အစားနဲ့လည်းဆိုင်တယ်နော် ဆောင်ရန်ရှောင်ရန်လေးတွေနဲ့ ချွေးထွက်သက်သာစေမယ့်နည်းလေးတွေ ဖတ်ကြည့်ကြဦးစို့နော် ကော်ဖီအပါအဝင် hot drinks တွေကိုရှောင်ပါ။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ချွေးထွက်ပိုများစေသလို အပူတွေသောက်တဲ့အခါမှာလည်း ချွေးထွက်တတ်တာကြောင့် လျှော့သောက်သင့်ပါတယ်   ရေအေးနဲ့ပဲ ရေချိုးပါ ရေနွေးနဲ့ရေချိုးတာက အရေပြားကို အထောက်အကူပြု bla bla တွေ […]

Knowledge Uncategorized

ယုံကြည်မှု

လူ့အလို နတ်မလိုက်နိုင် ဆိုသလိုပင် ဝတဲ့ မိန်းကလေးတွေက ပိန်ချင်ကြတယ်။ ဟော ပိန်တဲ့သူကျတော့လည်း ဝချင်ပြန်သတဲ့။ ဘယ်လိုလုပ်ရမတုန်း အရပ်ကတို့… နောက်ပြီး ရှိပါသေးတယ်။ အသားလေးညိုတယ် အသားဖြူချင်ပါတယ်တဲ့ ။ အသားဖြူတဲ့သူကျပြန်တော့လည်း အသားလေးညိုမှ ဆွဲဆောင်မှုရှိတယ်ထင်ပြန်သတဲ့။ ကဲ ဒီပြဿနာမှာ ဘယ်သူတရားခံလဲဝေ့ဟူ၍ပင် မေးရမယောင်… တကယ့် တရားခံကတော့ အပြင်ပုံပန်းသဏ္ဍာန်ကို ပြစ်တင်ဝေဖန်ရာမှာ မတွန့်ဆုတ်ကြတဲ့ ဘေးပယောဂတွေပင်တည်း။ ထိုသူများက မကြာခဏ “ဟယ် နင်ဆိုသည်မှာ ဝလာလိုက်တာ၊ ပိန်လိုက်တာဟယ်၊ အသားကညိုလိုက်တာ၊ အသားက အရမ်းဖွေးတော့ ဆွဲဆောင်မှု မရှိဘူးပေါ့ဟယ်”။  အစရှိသဖြင့် ပြစ်တင်ဝေဖန်လေ့ရှိပြီး မိန်းမပျိုတို့မှာ ထိုစကားများကြားပြီး စိတ်ပျက်အားငယ်ကာ မိမိကိုယ်ကိုယုံကြည်မှုမဲ့လာရသည်မဟုတ်ပါလော။ ထို့အတွက် အဖြေရှိပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းကမူ တခြားလူတို့၏ စကားသံများကို နားမယောင်ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် ရှေ့သို့ […]

Knowledge

အလှအပထက်သာလွန်သော အားသာချက်များ

မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်ချောမောလှပရုံနဲ့ လှပပြီးပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ ပ်ါယံအလှအပထက် အရေးကြီးတဲ့ တခြားအချက်တွေရှိပါသေးတယ်။ ပုံလေးတွေနှိပ်ပြီး ဖတ်ကြည့်ပေးနော်။ (၁) ရဲရင့်သတ္တိရှိတယ် ရဲရင့်သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်ဟာ လူအများကြားမှာ ထင်ပေါ်နေမှာ မလွဲပါဘူး။ သူငယ်ချင်းပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက်ကို ကူညီဖို့အတွက်ဆိုရင် ဘယ်လိုအန္တရာယ်မျိုးကိုမဆို  ရင်ဆိုင်နိုင်တဲ့သူမျိုးပါ။   ၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိတယ်။ သူမလုပ်သမျှအရာရာတိုင်းအပေါ်မှာ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်တတ်သူဖြစ်တယ်။ သူမကိုယ်သူမယုံကြည်ရှိပုံကို သူမရဲ့ အပြုအမူ၊ အနေအထိုင်၊ စကားအသွားအလာတွေကနေတဆင့် သိသိသာသာ မြင်နိုင်တယ်။ (၃) လူတိုင်းအပေါ် မေတ္တာထားတယ် သူမရဲ့ အပြုံးက လူတိုင်းကို နွေးထွေးမှုခံစားရစေတယ်။ ကားပေါ်မှာ နေရာမရတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေက  နေရာပေးဖို့လည်း ဝန်မလေးဘူး။ ဒုက္ခရောက်နေတဲ့သူတွေ့ရင် တစ်နည်းနည်းနဲ့ ကူညီလေ့ရှိတယ်။ တစ်ဖက်လူကို တန်ဖိုးထားခံရတယ်လို့ ခံစားစေတဲ့ […]

Career Knowledge

အင်တာဗျူးအတွက် ဘာတွေကြိုပြင်ဆင်ကြမလဲ

အင်တာဗျူးမဖြေဆိုခင်မှာ ကြိုတင်ပြင်ဆင်မှုအပိုင်းက အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ပျိုမေတို့အကောင်းဆုံးကြိုတင်ပြင်ဆင်နိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်နော်။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ CV ဖောင် အနည်းဆုံး ငါးစုံကူးသွားသင့်ပါတယ်။ ဘယ်သူနဲ့တွေ့ရမလဲဆိုတာ မသိတဲ့အတွက် CV ဖောင်က လက်ထဲမှာအဆင့်သင့်ရှိထားသင့်ပါတယ်။ Google မှာ အခြေခံအင်တာဗျူးမေးခွန်းတွေကို ရှာလို့ရပါတယ်။ ဒါပေမယ့် အဖြေတစ်ခုလုံး မရေးချပါနဲ့။ အဲ့အစား မှတ်စုထုတ်တာမျိုးလုပ်ပြီး  အလွယ်တကူ ဆောင်ထားသင့်ပါတယ်။ မေးခွန်းတွေကို ဘယ်လိုဖြေမယ်ဆိုတာ စဉ်းစားကြည့်ယုံနဲ့ မပြီးပါဘူး။ မှန်ရှေ့မှာ လေ့ကျင့်တာမျိုး၊ မေးခွန်းဖြေဆိုပုံ လေ့ကျင့်ကြည့်တာမျိုး များများလေ့ကျင့်သင့်ပါတယ်။ ဒီလိုကြိုတင်ပြင်ဆင်မှုမျိုးဟာ သင့်ရဲ့ အတွေးတွေကို ပိုမိုရှင်းလင်းစေပြီး အင်တာဗျူးဖြေတဲ့အခါမှာ ပိုမှတ်မိစေပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ ဖြစ်ဖြစ် အင်တာဗျူးလေ့ကျင့်တာမျိုးတွေ လုပ်ကြည့်သင့်ပါတယ်။ “များများလေ့ကျင့်လေ အင်တာဗျူးမှာ  ပိုကောင်းကောင်းဖြေဆိုနိုင်လေ” ဖြစ်ပါလိမ့်မယ်။   အင်တာဗျူးသွားမဖြေခင် သင်လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ပက်သက်တဲ့ […]

FUN Knowledge

အသက်မဲ့သူငယ်ချင်း

သူငယ်ချင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာမရှိမဖြစ်လိုအပ်တာပါ။ အထီးကျန်မှုခံစားရတိုင်း ၊ဝမ်းနည်းရတိုင်းမှာ သူတို့ဟာကိုယ့်အတွက် ကူညီခံစားပေးမယ့် အဖော်ကောင်းမွန်ပါ။ စာအုပ်စာပေတွေဟာ လူတွေအတွက်အသက်မဲ့သူငယ်ချင်းပါ။ သူငယ်ချင်းထက်တောင်ပိုသေးတယ်လို့ဆိုလို့ရပါတယ်။ လူသားသူငယ်ချင်းတွေသစ္စာဖောက်တတ်ပေမယ့် စာအုပ်စာပေတွေကတော့ သစ္စာမဖောက်တတ်ပါဘူး။ သင်သာသူ့အပေါ်မှီခိုနေမယ်ဆိုရင် သင်ဟာတစ်ယောက်တည်းဖြစ်နေပေမယ့်လည်း အထီးမကျန်နိုင်ပါဘူး။ စာအုပ်များများဖတ်ပါ။ လောကမှာ မိတ်ဆွေတုမိတ်ဆွေယောင်ခွဲခြားနိုင်မှာပါ။ အခက်အခဲ တွေရှောင်ရှားနိုင်တဲ့နည်းထက် ကျော်လွှားနိုင်မယ့်အစွမ်းသတ္တိရလာမှာပါ။ ဒေါသလျော့နည်းလာမယ်။ သည်းခံနိုင်စွမ်းများလာမယ်။ စာအုပ်တွေဟာ လူသားတွေရဲ့ ဉာဏ်အလင်းပြတင်းပေါက်ပါ။ သင်မရောက်ဖူးတဲ့နေရာ မကြားဖူးတဲ့သတင်း တွေကို သင့်စိတ်ထဲသယ်ဆောင်လာပေးတာပါ။ အမျိုးသမီးများ စာအုပ်များများဖတ်ပါ။ အဲ့ဒီလိုပြောရခြင်းရဲ့အကြောင်းအရင်းကတော့ အမျိုးသမီးတွေဟာ စိတ်နုကြတယ်။ နှလုံးသားဦးစားပေးတာများတဲ့အတွက် ဘဝမှာ ဆုံးဖြတ်ချက်တွေမှားတတ်ကြတယ်။ စာအုပ်ဖတ်ခြင်းအားဖြင့် သင်အရေးကြီးတယ်ဆိုတဲ့အရာတွေဟာ တကယ်တမ်း လောကမှာအရေးမပါသေးတာကို သင်ခံစားမိပါလိမ့်မယ်။ အသည်းကွဲနေလား။ စာအုပ်တစ်အုပ်ကောက်ကိုင်လိုက်ပါ။ အနည်းဆုံး ၁၀ မျက်နှာဖတ်နိုင်အောင်ကြိုးစားပါ။ အာရုံစူးစိုက်ပါ။ စာအုပ်တစ်အုပ်ပေါ် စိတ်ဝင်စားမှုများလေလေ သင်ရဲ့ယူဆချက်အမှားတွေမြင်ယောင်လာလေလေ။ သူငယ်ချင်းကောင်းနဲ့ သူငယ်ချင်းယောင်တွေလိုပဲ […]