Beauty Health

ခြင်ကိုက်ဖုအတွက် သဘာဝ ငှက်ပျောခွံကုထုံး

ငှက်ပျောသီးအခွံနဲ့ လွယ်လွယ်ကူကူ ခြင်ကိုက်ဖုတွေကို ကုသနိုင်မယ်ဆိုရင် အတိုင်းမသိဝမ်းသာမိကြမှာပါ။ ခြင်ကိုက်ဖုတွေကြောင့် ယားယံပြီး နေမထိထိုင်မသာ ဖြစ်ရုံသာမကပဲ ကျွန်မတို့မိန်းကလေးတွေ အဖုဗရပွနဲ့ အပြင်သွားရလာရ စိတ်ရှုပ်လွန်းလှပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီ့ ခြင်ကိုက်ဖုလေးကို နှိမ်နင်းနိုင်မယ့် ရိုးရှင်းလွယ်ကူလှတဲ့ သဘာဝကုထုံးလေးကို မျှဝေလိုက်ပါတယ်။ ၁။ ငှက်ပျောခွံနှင့် ရေခဲတုံး အထူးသဖြင့် ခြင်ကျားလိုမျိုး ခြင်အကောင်ကြီးတွေကိုက်တဲ့အခါ ယားယံရုံမက စပ်ပျဉ်းပျဉ်း ခံစားရတတ်ပါတယ်။ အဲ့ဒီ့အခါမှာ ရုပ်ဆိုးလှတဲ့ အနီရောင်အဖုကြီးတွေထလာတတ်ပါတယ်။ ရေခဲတုံးနဲ့ ငှက်ပျော်ခွံကုထုံးဟာ ဆိုးရွားလှတဲ့ ခြင်ကိုက်ဖုတွေပါ သက်သာပျောက်ကင်းစေပါတယ်။ ပြုလုပ်နည်း ၁။ ငှက်ပျော်ခွံရဲ့ အဖြူအသားကို ဇွန်းနဲ့ခြစ်ထုတ်ပါ။ ၂။ရေအနည်းငယ်ရောပြီး ခပ်ပြစ်ပြစ်ဖြစ်အောင်မွှေပါ။ ၃။ ခြင်ကိုက်ဖုပေါ်လိမ်းပေးပါ။ ၄။အဝတ်သန့်တစ်ခုထဲ ရေခဲတုံးထည့်ပြီး ငှက်ပျော်ခွံအနှစ်လိမ်းထားတဲ့ အနာနေရာပေါ် မိနစ်၃၀ ခန့် အုံပေးပါ။ ၅။ရေနှင့်ဆေးချပါ။ ၂။ငှက်ပျောခွံနှင့် […]

Health

ခံတွင်းနံ့ကြောင့် စကားမပြောရဲဖြစ်နေလား

 ပါးစပ်လေးတွေနံနေလို့ စကားပြောတဲ့အခါ ကျယ်ကျယ်မပြောရဲတာမျိုး တခြားသူနား စကားကပ်မပြောရဲတာမျိုး၊ ချစ်သူကောင်လေးနား မကပ်ရဲတာမျိုးဖြစ်ဘူးလား။ ပါးစပ်လေးတွေနံနေလို့ စကားပြောတဲ့အခါ ကျယ်ကျယ်မပြောရဲတာမျိုး တခြားသူနား စကားကပ်မပြောရဲတာမျိုး၊ ချစ်သူကောင်လေးနား မကပ်ရဲတာမျိုးဖြစ်ဘူးလား။ ဒါဆိုရင်တော့ ဒီစာလေးကို ပြီးအောင် ဆက်ဖတ်ကြည့်လိုက်နော်။ ဘာလို့ ခံတွင်းနံ့နံရသလဲ? အာခေါင်ခြောက်ရင်ပဲဖြစ်ဖြစ်၊ တံတွေးထွက်နည်းရင်ပဲဖြစ်ဖြစ် ခံတွင်းနံဆိုးတွေထွက်စေပါတယ်။ အဲ့လိုအခြေနေမျိုးတွေဟာ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပျော်ပျော်ရွှင်ရွှင်ပေါက်ဖွားဖို့ အကောင်းဆုံးအချိန်မို့ပါပဲ။ ကြက်သွန်နီ ကြက်သွန်ဖြူလိုမျိုး အစားအစာမျိုးတွေ၊ ကော်ဖီနဲ့အအေးတွေဟာလည်း ခံတွင်းနံ့နံစေပါတယ်။ ဒါ့အပြင် ခံတွင်းသန့်ရှင်းမှုမရှိတဲ့အခါမျိုးမှာလည်း ခံတွင်းနံ့ထွက်တတ်သလို ဖျားတဲ့အခါမှာလည်း ခံတွင်းနံ့နံတတ်ပါတယ်။ ဒီလိုမျိုး ခံတွင်းနံ့နံလာပြီဆိုရင် ဘာတွေလုပ်ရမလဲ။ (၁) ခံတွင်း သန့်ဆေးရည်ကောင်းကောင်း၊ သွားတိုက်ဆေးကောင်းကောင်း အစရှိတဲ့ ခံတွင်းဆိုင်ရာပစ္စည်းတွေကို အရည်သွေးကောင်းတာ အသုံးပြုပေးပါ။ (၂) ခံတွင်းကို ပုံမှန်သန့်စင်ပေးပါ။ တစ်နေ့ကို အနည်းဆုံး သွားနှစ်ကြိမ်တိုက်ပါ။ […]

Health Knowledge

လွတ်လပ်စွာ အိပ်စက်ပါ

 ညအိပ်ချိန်တွင် အတွင်းခံဝတ်ဆင်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများကို သိစေလိုပါတယ် တစ်နေကုန်သွားလာလှုပ်ရှားရလို့ ပင်ပန်းတယ်မဟုတ်လား ပျိုမေတို့ရေ။ ညအိပ်ချိန်တွေမှာတော့ စိတ်ရော လူပါ လွတ်လပ်စွာ နေထိုင်သင့်ပါတယ်။ တစ်နေ့တာလုံး သိမ်းအုပ်ဖုံးကာထားသမျှ ညအချိန်မှာတော့ တစ်လွှာပြီး တစ်လွှာ ခွာပစ်ဖို့ လိုအပ်ပါတယ်။ ဘာလို့ အတွင်းခံ မဝတ်ဘဲ အိပ်သင့်သလဲ ဆိုတာ ကြည့်လိုက်ရအောင်။ – သွေးလှည့်ပတ်မှုကို ဆိုးရွားစေပါတယ်။ ဘရာမှာ ပါတဲ့ underwire လို့ခေါ်တဲ့ ရင်သားကိုပင့်ပေးထားတဲ့သံကွေးတွေဟာ သွေးစီးဆင်းမှုကို နှောင့်ယှက်ပါတယ်။ sport bra အားကစားအတွင်းခံကိုတောင်မှ ညအိပ်ချိန်မှာ မဝတ်ဆင်သင့်ပါဘူး။ – သက်သောင့်သက်သာမရှိစေပါဘူး။ ဘရာဝတ်အိပ်ရလို့ အိပ်ကောင်းတယ်ဆိုတာမျိုး မရှိပါဘူး။ ဘရာပါမက တင်းကျပ်တဲ့ညအိပ် ဝတ်စုံမျိုးကပါ စိတ်ကို လွတ်လပ်မှုမပေးလို့ ညအိပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေပါတယ်။ – အရာတွေထင်တတ်တယ်။ […]

Health Knowledge

မိနစ်ပိုင်းအတွင်း စိတ်နှင့်ဝိညာဉ်ကို တည်ငြိမ်စေမယ့် သီချင်းတစ်ပုဒ် (Weightless)

 သိပ္ပံနည်းကျကျ အသံပညာရှင်တွေကိုယ်တိုင် ဖန်တီးစပ်ယူထားတဲ့ ဒီသီချင်းဟာ စိုးရိမ်ကြောင့်ကြမှုကို ၆၅% အထိလျော့ကျစေတယ်လို့ အတည်ပြုခဲ့ကြတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၆ မှာ Marconi Union လို့မည်တဲ့ UK အဆိုအဖွဲ့တစ်ခုက ရှစ်မိနစ်စာ သီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြတယ်။ သီချင်းရဲ့ နာမည်ကတော့ လွင့်မျောခြင်း (Weightless) လို့အမည်တွင်ပါတယ်။ သီချင်းတွေထဲပါဝင်တဲ့ သံစဉ်လှိုင်းတွေဟာ လူတစ်ယောက်ရဲ့ ဝိညာဉ်ထိပါ ဖောက်ထွင်းနိုင်တယ်ဆိုသလိုပဲ ဒီသီချင်းထဲပါဝင်တဲ့ ဘာဂျာသံ၊ စည်းချက် နဲ့ အသံနိမ့်လှိုင်းတွေဟာ နှလုံခုန်နှုန်းကို ငြိမ်ကျစေပြီး သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါ၊ အဝလွန်ရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ပန်နာရင်ကြပ် နဲ့အခြားသော နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ကို အနားပေးဖို့လိုအပ်ပါတယ်။ သီချင်းနှင့် ဂီတဟာ အကောင်းဆုံးသော စိတ်ဖြေဆေးပါ။ သာယာငြိမ့်ညောင်းတဲ့ […]

Health Knowledge

ကားမူးခြင်းမှ ကင်းဝေးစေရေး

ခရီးထွက်တဲ့ အခါကားမူးတတ်လွန်းလို့ အမြဲ နေမထိထိုင်မသာဖြစ်ရပါတယ်။ ခရီးရှည်မကပဲ တစ်ခါတစ်ရံ ဟိုနားဒီနား တက္ကစီ ငှားတဲ့ အခါမျိုးမှာတောင် လည်ချောင်းထဲက စို့နင်နင် ဖြစ်တာမျိုး ဖြစ်ဖူးကြမှာပါ။ ကားမူးတာ ဘာကြောင့်ဖြစ်ရလဲဆိုရင်တော့ နားအတွင်ပိုင်းနဲ့ ဦးနှောက်မှ အချက်ပြတာမညီမျှလို့ပါပဲ။ နားအတွင်းပိုင်းက ကားရဲ့ရွေ့လျားမှုကြောင့် လှုပ်ရှားမှုကိုခံစားရပြီး အကယ်၍ ဦးနှောက်က လှုပ်ရှားမှုကို လစ်လျူရှုထားမိရင် ကားစမူးတတ်ပါပြီ။ အကြောင်းအရင်းကတော့ မျက်လုံးက ကားအတွင်းပိုင်းကို အာရုံများတဲ့အခါ လှုပ်ရှားမှုကို မျက်ကွယ်ပြုထားတဲ့အတွက် ဦးနှောက်ကို ရပ်တန့်နေတယ် ဆိုပြီး အချက်ပေးလိုက်တာကြောင့် နားအတွင်းပိုင်းနဲ့ ဦးနှောက် စည်းချက်မညီတော့တာပါ။ ဒါဆို ကားမမူးအောင် ဘာလုပ်ကြမလဲ။ ဘာတွေရှောင်ရှားသင့်လဲ။ဆက်ကြည့်ကြစို့။ ၁။ မျက်လုံးကိုအာရုံစိုက်ပါ ပထမကလို အခြေအနေမျိုးမှာ ဦးနှောက်နဲ့ နားအတွင်းပိုင် စည်းချက်ညီရအောင် ကားခေါင်းခန်း မှာထိုင်ပါ။ ကားအပြင်ပိုင်းက အဆောက်အဦး […]

Beauty Health

ညစာနဲ့ တွဲစားသင့်တဲ့ diet soup

ပိန်လည်း ပိန်ချင်တယ်။ ညစာကိုလည်းမရှောင်ချင်ဘူး ဆိုတဲ့  သူတွေစိတ်ပူစရာမလိုပါဘူး။ ဖြည်းဖြည်းပေါ့။ ဖြည်းဖြည်းနဲ့မှန်မှန်လုပ်ခြင်းက ဘယ်တော့မှမမှားပါဘူး။ အခုဆို ကိုယ်ကြိုက်တဲ့ညစာလေးနဲ့ ဝိတ်ကျစေမယ့် ဟင်းခါးလေးကို တွဲစားမယ်ဆိုရင် ပိုမကောင်းဘူးလား။ ဒါကြောင့်မို့လို့ for her myanmar မှ ပျိုမေတို့်အတွက် diet soup တစ်မျိုးဖြစ်တဲ့ ဂေါ်ဖီဟင်းခါး ပြုလုပ်နည်းကိုမျှဝေပေးလိုက်ပါတယ်။ ဂေါ်ဖီထဲမှာ တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ Vitamin K နှင့် Vitamin C တစ်ဝက်လောက်ပါနေပါတယ်။ ထို့အပြင် ကယ်လိုရီနည်းပြီး အာဟာရဓာတ်ကြွယ်ဝတဲ့အတွက်လည်း diet လုပ်မယ့်ပျိုမေတို့အတွက် သင့်လျော်ပါတယ်။ ပါဝင်ပစ္စည်းများ -ကြက်သွန်နီ -ခရမ်းချဉ်သီး -ဂေါ်ဖီထုပ် -ငရုတ်သီးပွ -နံနံပင် -ရေ ပြုလုပ်နည်း -ကြက်သွန်နီ နှင့် ငရုတ်သီးပွကို လှီးဖြတ်ထားပါ။ -ဒယ်အိုထဲတွင်ဆီထည့်ကာ လှီးဖြတ်ထားသော ကြက်သွန်နီနှင့် ငရုတ်ပွကို […]

Health Knowledge Uncategorized

အဆီကျချင်ရင် ငရုတ်သီးစားပေးပါ

ချဉ်ငံစပ်ဆိုတာ မိန်းကလေးတိုင်းနီးပါး ကြိုက်ကြပါတယ်။ ငရုတ်သီးလေးတွေမှာ အံ့မခန်းအစွမ်းသတ္တိတွေ ရှိနေတယ်ဆိုတာ သင်သိပါသလား။ ငရုတ်သီးစားရင် ဘာဖြစ်မလဲ ကြည့်ကြဦးစို့။

Health

ဆောင်းတွင်းအတွက် ချင်း(ဂျင်း)လက်ဖက်ရည်

 အရမ်းအေးတဲ့ ဆောင်းရာသီ အချိန်လေးတွေမှာ အအေးမိတာ၊ ခြေဖဝါး လက်ဖဝါးလေးတွေ အေးခဲနေတတ်တာ ဖြစ်နေကျပါ။သာမန်အအေးမိခြင်းမျိုးအတွက်ဆို သဘာဝကုထုံးလေးဟာအကောင်းဆုံးပါပဲ။ ချင်းလက်ဖက်ရည် သောက်ဖူးကြလား။ မသောက်ဖူးသေးဘူးဆိုရင်တော့ သောက်ကြည့်လိုက်ပါ။ ချင်းလက်ဖက်ရည်က အအေးမိနှာစေးတာအပြင် ကားမူခြင်း၊ အစာမကျေခြင်းအတွက်လည်း ကောင်းစေပါတယ်။ ဂျင်းဟာ ခန္ဓာကိုယ်ကို သဘာဝအပူဓာတ်ပေးတဲ့အတွက် အရမ်းအေးလာတဲ့ အခါ အနွေးဓာတ်ရဖို့ သောက်သုံးရန်သင့်တော်လှပါတယ်။ ၁။သံပရာ ချင်းလက်ဖက်ရည်ပူ ပါဝင်ပစ္စည်း -ဂျင်း လက်၃ဆစ်စာ -ရေနွေးပူ ၃ခွက် -ပျားရည် -သံပရာရည် ပြုလုပ်ပုံ -ချင်းကို ရေဆေးအခွံနွှာပြီး ပါးပါးလွှါထားပါ။ -ရေနွေးတည်ထားပါ။ -ရေနွေးဆူလာလျှင် လွှာထားသောချင်းထည့်ကာ ၁၅မိနစ် မိနစ်၂၀ခန့် ပြုတ်ထားပါ။ -ပြီးလျှင် ချင်းဖတ်များ စစ်ထုတ်ကာ ပျားရည်၊သံပရာရည် ထည့်၍ သောက်နိုင်ပါပြီ။ ၂။ချင်းနို့ လက်ဖက်ရည် ပါဝင်ပစ္စည်း -ချင်း လက်၃ဆစ်စာ […]

Health Knowledge

ခေတ်အဆက်ဆက်ကိုယ်ဝန်စမ်းသပ်နည်း(၁၀)နည်း

ပျိုပျိုမေတို့ရေ… ပျိုပျိုမေတို့ အိမ်ထောင်ရက်သားကျပြီး ကိုယ်လေးလက်ဝန်ရှိလာပြီဆို ကိုယ့်ဆီမှာ ပုံမှန်မဟုတ်တဲ့အနေအထားတွေ ကြုံတတ်ကြပါတယ်။ရုပ်ရှင်တွေထဲမှာဆို အစားစားနေရင်း အော့အန်… ပြီးရင် ပြက္ခဒိန်လေးပြေးကြည့်ပြီး မင်းသမီးက ရာသီလာတဲ့ရက်ကို တွက်ချက်ကြတယ်ပေါ့နော်။အဲဒါအပြင်တခြားလက္ခဏာတွေဖြစ်တဲ့…ကိုယ်လက်မအီမသာဖြစ်တာ၊ ရင်သားနာကျင်နေတာ၊ ဝမ်းဗိုက်တစ်ဝိုက်ကိုက်ခဲတာ၊ ချင်ခြင်းတပ်တာ၊ အသက်ရှူကြပ်တာ၊ ဆီးခဏခဏသွားတာ၊ ဟော်မုန်းပြောင်းလဲနေတာကြောင့် စိတ်ရှုပ်လွယ်တာ၊ မူးဝေခေါင်းကိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာမျိုးတွေက သန္ဓေရှိပြီး ၅ပတ်၆ပတ်ကျော်မှ သိရတတ်တာပါ။ တစ်ခါတစ်လေလည်းဒီထက်ပိုကြာတော့မှ သိရတတ်ပါတယ်။ဒါမျိုးတွေဖြစ်လာပြီဆိုရင်တော့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ခေါင်းစဉ်က ခေတ်အဆက်ဆက်ကိုယ်ဝန်စစ်ဆေးနည်းဆိုပေမယ့် ဗဟုသုတရအောင် ကိုယ်ဝန်ရှိတဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာလေးတွေ အရင်ဖော်ပြတာပါ။ ကဲ…အခုစပါပြီ…. နည်းလမ်းလေးတွေ…. (၁) ဘာလီစေ့၊ဂျုံစေ့ဖြင့်စမ်းသပ်နည်း   ရှေးရှေးတုန်းကပေါ့ကွယ်..1350 BCE လောက်တုန်းကပေါ့ အီဂျစ်တွေအသုံးပြုခဲ့တဲ့နည်းလမ်းက ဂျုံစေ့နဲ့ဘာလီစေ့ပေါ်ဆီးသွန်ပြီး ကိုယ်ဝန်ရှိမရှိစမ်းသပ်ကြပါတယ်တဲ့။ ရက်အတော်အတန်ကြာတဲ့အခါ ဂျုံစေ့က အညှောင့်ပေါက်လာရင် ကိုယ်ဝန်ဟာမိန်းကလေးဖြစ်ပြီး ဘာလီစေ့က အညှောင့်ပေါက်ရင်တော့ ယောကျာ်းလေးလို့ ခန့်မှန်းသတ်မှတ်ခဲ့ကြပါတယ်။ […]