Beauty

ဒီလေ့ကျင့်ခန်း(၈)မျိုးနဲ့ ဆွဲဆောင်မှုရှိတဲ့မေးရိုးကို ရယူပါ

ငွေလည်းမကုန် အချိန်လည်းသိပ်ပေးစရာမလို မေးနှစ်ထပ်လည်းပျောက် ဘယ်လောက်ကောင်းလိုက်လဲ။??? မျက်နှာလေးသွယ်နေတာလည်း ဆွဲဆောင်မှုတစ်ခုပါ။ပြစ်မျိုးမှဲ့မထင် လှချင်တဲ့ ပျိုမေတို့အတွက် ဒါကလည်း လိုအပ်ချက် တစ်ခုဖြစ်နေပါတယ်။အခုပြောပြမယ့် လေ့ကျင့်ခန်းတွေက မေးရိုးအလှတင်မကဘူး။မျက်နှာအသားအရေပါ ကြည်လင်လှပစေပါတယ်။ အချိန်လည်းသိပ်မပေးရတဲ့အပြင်ငွေကုန်ကြေးကျလည်း မရှိပါဘူး။အရမ်းလည်း လွယ်ကူရိုးရှင်းပါတယ်။ (၁)မေးတင်လေ့ကျင့်ခန်း မေးတင်လေ့ကျင့်ခန်းဟာ မေးစေ့၊ လည်ပင်း၊ လည်ချောင်းနားက ကြွက်သား တွေကို အသုံးပြုရတဲ့အတွက် မေးစေ့နှစ်ထပ်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ တကယ်လှုပ်ရှားရတဲ့အရာကတော့ လျှာနဲ့ နှုတ်ခမ်းပါ။ဒီလေ့ကျင့်ခန်းကို ထိုင်နေရင်းနဲ့ပဲဖြစ်ဖြစ် မတ်တပ်ပဲဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။ ပြုလုပ်ပုံကတော့ခေါင်းကို မျက်နှာကျက်ပေါ်မော့ထားပါ။မျက်လုံးကလည်း မျက်နှာကျက်ပေါ် စိုက်ကြည့်နေပါ။လျှာကိုထုတ်ပြီး နှုတ်ခမ်းကို စူထားပါ။(၁၀)စက္ကန့်ကြာ နေပြီးမှ တစ်ခေါက်ဟု သတ်မှတ်ပါ။ (၁၀)ကြိမ်ခန့်ပြုလုပ်ပေးပါ။ (၂)နှုတ်ခမ်းစူလေ့ကျင့်ခန်း မျက်နှာအတွက် ယောဂလေ့ကျင့်ခန်းတွေထဲက အကောင်းဆုံးနဲ့ ထိရောက်မှု အရှိဆုံးလေ့ကျင့်ခန်းတစ်ခုပါ။ နေ့စဉ်နေ့တိုင်း ဒီလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် မျက်နှာသွယ်ရုံသာမက အိုမင်းရင့်ရော်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ […]

DIY Fashion & Beauty

အဝတ်ဟောင်းတွေနဲ့ ဒီဇိုင်းသစ်ထွင်မယ်

ကိုယ့်ရဲ့အင်္ကျီဟောင်းတွကို ပုံစံပြောင်းလို့ရတယ်ဆိုတာရော သင်သိပါသလား။  <<<Zawgyi>>> မိန်းကလေးတိုင်းရဲ့ဗီရိုထဲမှာ မဝတ်ဖြစ်တဲ့အဝတ်အစားတွေ ရှိနေတတ်ပါတယ်။ အဲ့ထဲကမှ တချို့ကို ပုံစံပြောင်းပြီး ဝတ်မယ်ဆိုရင်တော့ သူမတူတဲ့ ဖက်ရှင်တွေနဲ့ လန်းနေရောပေါ့။ ဘေးလက်တွေကို ခွဲလိုက်ပါ။ အနားလေးတွေ ပြန်ချုပ်ပါ။ ကြယ်သီးတပ်ပြီး ဝတ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ မဝတ်ဖြစ်တဲ့ လက်ပြတ်အင်္ကျီကို ပုံစံပြောင်းပစ်လိုက်ပါ။ crop top လှလှလေးကို စွပ်ကျယ်အဟောင်းကနေ လုပ်လို့ရပါတယ်နော်။ တီရှပ်က အရမ်းကြီးနေလား? လွယ်ပါတယ် ဂါဝန်ပြောင်းဝတ်လိုက်ပါ 😛 ရှပ်အင်္ကျီတွေကို ချစ်စရာအင်္ကျီလေးတွေအဖြစ် ပြုပြင်ဝတ်ဆင်နိုင်ပါတယ်။ ဂျင်းဘောင်းဘီတွေကို ဆေးခြယ်အလှဆင်လိုက်ပါ။ အရောင်နုလေးတွေပဲခြယ်ဖို့ သတိပြုရပါမယ်။ ဂျင်းဘောင်းဘီရဲ့ ဘေးလိုင်းမှာ ဆေးခြယ်ပေးခြင်းဖြင့် မိမိကိုယ်ပိုင်ဒီဇိုင်းနဲ့ ဘောင်းဘီ ရနိုင်ပြီပေါ့။ မဝတ်ဖြစ်တဲ့အဝတ်တွေကိုပလစ်ပြီး အသစ်တွေ ထပ်ဝယ်မယ့်အစား ရှိပြီးသား အဝတ်တွေကို ပုံစံပြောင်းလိုက်ခြင်းဖြင့် တမူထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ လန်းနိုင်ကြပါစေ။ Verte (For Her Myanmar) <<<Unicode>>> […]

Beauty

မျက်နှာလေးတွေ ဝင်းပစိုပြည်စေ

မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း လှနေမယ့် မျက်နှာမျိုးလေး ဆိုရင်ရော ပျိုမေတို့ မလိုချင်ကြဘူးလား။  အဆီပြန်လွန်းတာ ခြောက်သွေ့လွန်းတာ စသဖြင့်ပေါ့။ အရေပြားပြဿနာ မျိုးစုံကို ကြုံတွေ့ရတာ မိန်းကလေးအများစုပါ။ လှလည်းလှချင်တာကိုး။ ဝက်ခြံတော့ မရှိဘူး။ အဆီပြန်လွန်းနေတယ်။ မျက်နှာလေးကို ဝင်းဝင်းလေး ဖြစ်စေချင်တာဆိုတာမျိုး မိန်းကလေးတိုင်း တောင့်တမိမှာပါ။ ခုတော့ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်လို့ရပါပြီ။ ဆောင်းရာသီလို အသားခြောက်တဲ့အချိန် မျိုးမှာတောင် ကိုယ့်အသားအရေလေး တောက်ပနေမယ်ဆိုရင် လူတွေ သမင်လည်ပြန် ဝိုင်းကြည့်ကြမှာပေါ့။   -ရေသောက်မယ်။ ရေများများသောက်ပါ။ ရေဓာတ်ဟာ မျက်နှာသာမက ခန္ဓာကိုယ်အသားအရေကိုပါ တောက်ပစေပါတယ်။ – ထောပတ်သီးစားမယ်။ ထောပတ်သီးဟာ အရေပြားလှဖို့ နတ်ဘုရားတစ်ပါးပါပဲ။ – မျက်နှာသစ်မယ်။ မျက်နှာကို မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ရင် လုံလောက်ပါတယ်။ အဆီပြန်လွန်းရင် နေ့လည်တစ်ကြိမ်သစ်ပါ။ ရေအေးနဲ့သစ်တာထက် ရေနွေးနဲ့သစ်တာက အသားအရေလှစေပါတယ်။ မိမိနဲ့သင့်တော်တဲ့ မျက်နှာသစ်ဆေးမဲ့သာ သစ်ပါ။ – ရေခဲနဲ့ပွတ်မယ်။ မျက်နှာသစ်ပြီးတိုင်း ရေခဲတုံးနဲ့ပွတ်ပါ။ ချွေးပေါက်တွေကျဉ်းစေသလို အဆီတွေလည်း စုပ်ယူသွားပါမယ်။ […]

Beauty

လူက လန်းပေမယ့် ဆံပင်ကမလန်းပဲ အဆီပြန်စေတဲ့ အကြောင်းတရားများ

ဆံပင်အဆီပြန် စေးကပ်နေလို့ အမြဲတွေးပူနေတဲ့ ပျိုမေတို့ သတိထားရှောင်ကြဉ်ရမယ့် အကြောင်းအရင်းအချို့ကိုဖော်ပြထားပါတယ်။ ကိုကိုနဲ့ချိန်းတွေ့တဲ့အခါဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါဖြစ်ဖြစ် ကိုယ်က ဖလန်းဖလန်းအလန်းဇယားဖြစ်နေပေမယ့် ဆံပင်ကလိုက်မလန်းနိုင်ပဲ အဆီပြန်စေးပြစ်ပြစ် ဖြစ်နေရင်တော့ စိတ်ညစ်စရာပါပဲနော်။ အဲ့ဒီ့အတွက် ခေါင်းခဏခဏလျှော်ရပေါင်းလည်းများပြီ အဆီကပြန်တုန်းဖြစ်နေသူတို့ သိထားသင့်တဲ့ တရားခံအကြောင်းအရင်းလေးတွေကိုဖော်ပြလိုက်ပါတယ်။ ၁။ဆံပင်ကို မကြာခဏကလိခြင်း။ ဆံပင်ကို ခဏခဏ လက်နဲ့သပ်နေတဲ့ မမများသိထားရန်ပါ။ ပဲများတဲ့အခါဖြစ်ဖြစ်၊ ဆရာမစာမေးလို့ ခေါင်းစားတဲ့အခါဖြစ်ဖြစ် ဆံပင်ကို ကလိတတ်ကြပါတယ်။ အဲ့ဒီအခါ လက်ချောင်းပေါ်ကအဆီတွေ ဆံသာအပေါ်ကူးစက်သွားတာကြောင့် ဆံပင်အဆီပြန်ရပါတယ်။ ၂။ခေါင်းအလျှော်လွန်းခြင်း။ ဆံပင်က အဆီပြန် ဖြစ်နေတဲ့အတွက်ကြောင့် နေ့တိုင်းလိုလို ဆီချေးပြောင်အောင်ခေါင်းလျှော်မယ်ဆိုရင်တော့ သင်ဟာ ပြသနာကို ခေါင်းလျှော်ရည်လောင်းပြီးရှာနေတာပါ။ ခေါင်းခဏခဏလျှော်ခြင်းက ဦးရေပြားမှ သဘာဝအဆီကိုခမ်းခြောက်စေတဲ့အတွက် ပြန်လည်အစားသွင်းဖို့ ပိုမိုအဆီတွေထုတ်လုပ်ပေးတာကြောင့် ဆိုးရွားလာစေပါတယ်။ ၃။ပေါင်းအတင်လွန်းခြင်း။ ဆံပင်ပေါင်းတင်တာ ကောင်းတယ်ဆိုပေမယ့် ရွေးတတ်ဖို့တော့လိုတယ်နော်။ အကယ်၍ […]

Beauty Fashion & Beauty

ထူးခြားသစ်လွင် ပုဝါဖက်ရှင်

ပုဝါတစ်ထည်ရှိရုံနဲ့ ပျိုမေတို့ကို လူတိုင်းက ငေးကြည့်လိမ့်မယ်ဆိုတာ ယုံပါသလား။ ဆောင်းတွင်းမှာလည်း ဖက်ရှင်ကျကျနေကြမယ်လေ။ ပုဝါလေးတစ်ထည်ဟာ လူတိုင်း ကိုယ့်ကို လည်ပြန်ငေးကြည့်သွားစေနိုင်တယ်ဆိုတာ သိပါသလား။ ပုဝါတစ်ထည်လုံး ဘယ်လိုသုံးကြမလဲ။ ခေါင်းမှာချည်လို့ရပါတယ်။ ရိုးရှင်းလှပပြီး သူများတွေပါ သဘောကျစေနိုင်လောက်တဲ့ ဖက်ရှင်တစ်မျိုးပေါ့။ လည်ပင်းမှာ ချည်ပါမယ်။ ဆွဲကြိုးဆွဲလို့အဆင်မပြေတော့ပေမယ့် ပုဝါလေးကြောင့် သူများထက် အလှတွေ လွန်ကဲနေမှာပါ။ ပခုံးမှာ ချည်ပါ။ အပေါ်ထပ်အင်္ကျီလေးတွေထက် ပိုမိုလှပတာ တွေ့ရပါလိမ့်မယ်။ ခါးမှာ ပြန်ချည်ပါ။ ဒီလိုပုံစံလေးဟာလည်း ကိုယ့်ကို ချစ်စရာကောင်းတဲ့အသွင် ရစေမှာပါ။ ပုခုံးပေါ်ကနေ ရှေ့ကိုချပြီး ခါးပတ်ပတ်ပါ။ ဒီစတိုင်ကတော့ အလန်းဆုံးပဲ။ ကိုယ့်ကို မော်ဒယ်လို့တောင် ထင်သွားမယ်။ ခါးမှာစည်းလို့ရပါတယ်။ ကမ်းခြေသွားတဲ့အခါ အပေါ်က ထပ်စည်းတာ ဖြစ်စေ ဂျင်းဘောင်းဘီပေါ်က ထပ်စည်းတာ ဖြစ်စေ လိုက်ဖက်ပါတယ်။   Verte (For Her Myanmar)       […]

Beauty Love

ကျွန်မနှင့် အလှအပ၊ အလှအပနှင့် ကျွန်မ (အပိုင်း – ၁)

Hello FHM ပျိုမေတို့ရေ မိတ်ကပ်ပြင်တာနဲ့ပက်သက်လို့ sis အတွေ့အကြုံလေးတွေ မျှဝေပေးချင်ပါတယ်။ စစ် မိတ်ကပ် ဆိုတာကြီးနဲ့ စပြီး ရင်းနှီးခဲ့တာ တက္ကသိုလ် စတက်တော့မှပါ။ စစ် မေမေက သနပ်ခါးကိုပဲ မိတ်ကပ်လို လိမ်းတတ်တဲ့ လူမျိုးဆိုတော့ စစ် မိတ်ကပ် မလိမ်းဖူးတာလည်း မစမ်းပါဘူးလေနော်။ စစ် တက္ကသိုလ်စတက်တော့ စီနီယာအစ်မတွေ မိတ်ကပ် လိမ်းထားကြတာလေးကို ကြိတ်ပြီး အားကျခဲ့ရတယ်။ ဒါပေမယ့် အိမ်ကလည်း မိတ်ကပ်ဝယ်ဖို့ဆို လုံးဝ မုန့်ဖိုးမတောင်းရဲဘူး။ ပေးမှာလည်း ဟုတ်ဘူးလေ။ L အဲ့တာနဲ့ ပထမနှစ်တစ်နှစ်လုံး သနပ်ခါးပဲကြားနဲ့ပဲ ကျောင်းသွားခဲ့ရတာပေါ့။ ဖက်ရှင်ဆိုတာလည်း တကယ့်ကို အဂွမ်းနော်။ ပွပွကြီးတွေ ဝတ်ခဲ့တာ။ လူက ဝတုတ်တုတ်၊ သနပ်ခါးဘဲကျား၊ ဆလင်းဘတ်အိတ်ကြီးကြီးနဲ့ ကိုယ့်ရဲ့ ပထမနှစ်ကျောင်းသူဘဝက မြင်ယောင်သာ […]

Beauty Knowledge

ရုံးပတီသီးနဲ့ မျက်နှာပေါင်းတင်ကြမယ်

ငယ်ငယ်တုန်းက အမေဟင်းချက်ခါနီး ရုံးပတီသီးထိပ်ခေါင်း ဖြတ်ထားတာတွေ့ရင် မျက်နှာပေါ်ကပ်ဆော့ကြပါတယ်။ ချွဲကျိကျိ ပြစ်စေးစေးနဲ့မို့ ဆော့ပြီးတာနဲ့ ရေဆေးချဖို့ အမေကမကြာခဏဆူတတ်တာကို သတိရမိတယ်။ အခုလို ခြောက်သွေ့တဲ့ ဆောင်းရာသီမှာ မျက်နှာ ဝင်းထိန်စိုပြည်စေဖို့ ရုံးပတီသီးဟာ အသင့်တော်ဆုံးလို့ ပြောရင် မအံ့ဩပါစေနဲ့ ရုံးပတီသီးမှာ ဗီတာမင် အီး၊ ဗီတာမင် စီ နဲ့ ဗီတာမင် အေ လိုမျိုး အရေးပါတဲ့ ဗီတာမင်ဓာတ်တွေပါဝင်တာကြောင့် ခုခံစွမ်းအားကိုတိုးမြှင့်ပေးပြီး ရောဂါပိုးတွေကို တိုက်ဖျက်ပေးတာကြောင့် စားသုံးပေးရန်လိုအပ်ပါတယ်။ ဒီ့အပြင် မျက်နှာအလှအပထိန်းသိမ်းရာမှာလည်း အကျိုးအာနိသင်ရှိလှပါတယ်။ဗီတာမင်အီးက အသားအရေကို နေလောင်ဒဏ်မှကာကွယ်ပေးပြီး ဗီတာမင်အေ ကတော့ အရေးအကြောင်းတွေကို ပျောက်ကင်းစေပါတယ်။ ရုံးပတီသီးထဲမှာ biotin နဲ့ folate စတဲ့ အာဟာရဓာတ်တွေပါရှိပြီး အဲ့ဒီ့အာဟာရဓာတ်သည် အသားအရေနဲ့ ဆံသားထိန်းသိမ်းမှာ အင်မတန်အရေးကြီးပါတယ်။ သဘာဝနည်းလမ်းနဲ့ […]

Beauty

အင်္ကျီလဲသလို ဆံပင်အရောင် ပြောင်းလွန်းနိုင်တဲ့ ကေတီပယ်ရီ

ဒီနေ့မှာ ဆံပင်အစိမ်းဆို နောက်နေ့ ဆံပင်အပြာ ဖြစ်သွားတာ ကေတီပယ်ရီတစ်ယောက်ပါ။??? ကေတီပယ်ရီဟာ (၂၀၀၁) ခုနှစ်မှာ အနုပညာလောကထဲ ဝင်လာပြီး အခုဆို အသက်(၃၂)နှစ်ရှိနေပါပြီ။ အသက်(၃၂)နှစ်မှာ ဆံပင်အရောင်(၃၂)ရောင် တော့ မပြည့်သေးပါ။(ရှာကြည့်သလောက် မပြည့်သေးပါ။?ပြည့်ရင်လည်း ပြည့်နိုင်ပါတယ်။)အခုတော့ ရှာဖွေတွေ့ရှိသမျှ ကေတီပယ်ရီရဲ့ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ဆံပင်အရောင်များ စုစည်းတင်ပြလက်ပါတယ်။ရှုစားတော်မူကြပါ။                           ကဲပျိုမေတို့… ကေတီပယ်ရီဖန်တို့ ၊ ကေတီက ဆံပင်အရောင်စိတ်တိုင်းကျ ဆိုးနေတော့ ကိုယ်လည်းဆိုးချင်မိသား၊ (ဆံပင်တွေ ပြောင်ကုန်မှာ ဆိုးလို့သာ) ပျိုမေတို့လည်း ဒီပုံလေးတွေ သိမ်းထားဦးနော်။ သူ့ဆံပင်အရောင်လေးတွေက ဆန်းတယ်။

Beauty

အလှပြင်ပစ္စည်းတွေကို ဘယ်လိုထားကြမလဲ

ပျိုမေတို့ရဲ့ မိတ်ကပ်ပြင်တဲ့ နေရာလေးကို အခုပဲ ပြောင်းလဲ ပြင်ဆင်လိုက်ပါ။ ပိုမိုလှပတဲ့ ပတ်ဝန်းကျင်ကြောင့် ပိုမိုလှပတဲ့ အသွင်လေးကို ရရှိစေမှာပါ။ ပျိုမေတို့ အလှပြင်တဲ့အခါ မှန်တင်ခုံကြီး ရှုပ်နေရင် ပစ္စည်းတွေ လိုက်ရှာရတာ အလုပ်ရှုပ်တာပေါ့။ အဲ့ဒီတော့ လွယ်ကူလျင်မြန်ပြီး ရှင်းလင်းလှပနေတဲ့ အလှပြင်ခုံလေးကို ခုပဲ ဖန်တီးလိုက်ရအောင်။ သေတ္တာလေးတွေနဲ့ ခွဲပြီးထည့်ထားပါ။ ပုလင်းလေးတွေထဲမှာ မျိုးတူတာလေးတွေ စုထည့်ပါ။ ခြင်းတောင်းလေးတွေနဲ့ ထည့်တာလည်း အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။ ရေနွေးခွက်ထဲမှာတော့ brush လို နှုတ်ခမ်းနီလို ဒေါင်လိုက်ထည့်လို့ရတာမျိုးအတွက် သုံးနိုင်ပါတယ်။ ဖန်လုံးလေးတွေထဲမှာ ထည့်တာကလည်း အမြင်ဆန်းစေပါတယ်။ eye shadow ဘူးပြားတွေဆို ပန်းကန်ပြားထဲလည်း ထည့်လို့ရတယ်နော်။ စင်လေးတွေနဲ့ သပ်သပ်ရပ်ရပ်တင်လိုက်ရင်လည်း အမိုက်စားပဲနော်။ လက်ကောက် နာရီ ဆွဲကြိုး နားကပ်နဲ့ ဖန်စီပစ္စည်းတွေကိုတော့ […]