FUN

အမျိုးသမီးတို့၏ ဘာသာစကား

 မိန်းကလေးတွေကို နားကိုမလည်နိုင်ဘူးဆိုသော ယောက်ျားလေးများ အတွက် ဖြစ်ပါတယ်။ မိန်းကလေးတွေက အရမ်းကို နားလည်ရခက်တာပဲ။ သူတို့ပြောတာ ဘာဆိုလိုချင်လို့မှန်းကို မသိဘူး။ ခုတစ်မျိုး တော်ကြာတစ်မျိုး ဘာညာပေါ့နော်။ ယောက်ျားလေးတွေ ပြောလေ့ရှိပါတယ်။ မိန်းကလေးတွေရဲ့ စကားအဓိပ္ပါယ်ကို မိန်းကလေးတွေ သာလျှင်သိပါတယ်။ အဲ့ဒါကြောင့် ဖော်ကောင်လုပ်ထားတာပါ။ 😛 အောက်က ဟာလေးတွေ လေ့လာကြည့်ပါဦး။ တော်ပြီ။ – မတော်သေးဘူး။ ရန်ဆက်ဖြစ်ဦးမှာ။ ဘာပြောလိုက်တယ်။ – မကြားလို့မဟုတ်ဘူး။ ပြန်ပြင်ပြောဖို့ အခွင့်အရေးပေးတာ။ အင်း သဘောပဲလေ။ – ရှင့်သဘောပြောတာမဟုတ်ဘူး။ ကျွန်မသဘော။ ကောင်းပြီလေ။ – မကောင်းဘူး။ လုံးဝ မကောင်းတော့ဘူး။ အကန်တွေလာတော့မှာ။ ရပါတယ်။ – မရဘူးလို့မှတ်။ တစ်ခုခု ဖြစ်တော့မယ်လို့ပါ ကြိုတွေးထား။ လုပ်ချင်တာလုပ်တော့။ – တကယ်က […]

FUN

ပြီးခဲ့တဲ့နှစ်က ပြီးခဲ့တဲ့အချစ်

အခြားစုံတွဲများ နယူးရီးယား၌ ပျော်ပျော်ပါးပါး လက်ချင်းချိတ်ကာ လည်ပတ်ကြသည်။ ကျွန်မမှာမူ မျက်ရည်လည်လည်နှင့် ဖီးလ်နေရသည်။ အရင်နှစ်တွေက နယူးရီးယားဆိုလျှင် သူနှင့်ကိုယ် ရုပ်ရှင်ကြည့် မုန့်ထွက်စားကြရင်း ပျော်ပျော်ပါးပါးဖြတ်သန်းနေကျ။ ယခုလည်း မေမေတို့အတင်းခေါ်၍သာ ပြည်သူ့ရင်ပြင်သို့ ယက်ကန်ယက်ကန်ပါသွားသည်။ ကျွန်မမှာလည်း အနာပေါ် တုတ်ကျသည့်အပြင် သွားကြားတုတ်ကြီးနှင့် ကလော်သလိုမျိုး တစ်ယောက်တည်းဖီးလ်နေရသည့်အထဲ ပတ်ပတ်လည်စုံတွဲအသီးသီးနဲ့မို့ အသဲကွဲပက်လက်ကျန်ခဲ့သည်။ အလိုက်မသိတတ်သော အမေ့မှာမူ ပါလာသော မုန့်ထုပ်များမှ တစ်ထုပ်ချင်းဆီဖောက်ရင်း “စားလေ၊ စားလေ”ဟု ထိုးကျွေးနေတော့လေသည်။ ကြာလာတော့ပါးစပ်ပင်အညောင်းမိလာလေရာ “အမေ၊ သမီးအိမ်သာသွားလာခဲ့မယ်။” ဟုပြောပြီး လစ်ထွက်လာလေသည်။ တစ်ယောက်တည်းလမ်းလျှောက်ရသည်မှာ သာယာလှသည်မဟုတ်သော်လည်း နားထဲမှ သွေးစဆို့အောင် ပေါက်ပေါက်ဖောက်နေတတ်သည့် အမေ့ညီအစ်မတွေကြားထဲမှ လွတ်လာရသည်ပင် ကျေနပ်မိသယောင်။ “ခိုခိုကလည်း..ခစ်ခစ်” ရှေ့မှ ပိစိကွေးစုံတွဲကို မြင်မြင်းချင်း ပိတ်ကန်ချင်လာသည်။ ချက်ချင်းပင်လျှင် ကိုယ်တောချောကို သတိရလာလေသည်။ […]

FUN

မကြည့်ရင် မနေနိုင်တာကလွဲလို့

အို သူရယ်…..ဘာလို့အဲ့လောက်တောင် ကျွန်မကိုဆွဲဆောင်နိုင်ရတာလဲကွယ်…???? သူ့ကိုလေ…နေ့တိုင်း မကြည့်ဘဲနဲ့ကို မနေနိုင်ဘူး။သူ့ကို မကြည့်ရရင် တစ်ခုခုလိုနေသလိုပဲ။ အိပ်ယာက နိုးတိုင်းလည်း အပြေးလေးသွား ကြည့်ရမှ ။ လမ်းသွားရင်လည်း သူ့အရိပ်အယောင်လေးတွေ့ရင် ပြေးကြည့်လိုက်ရမှ။ခိုးခိုးပြီးကြည့်ရတာ တစ်မျိုး ပေါ်တင်ကြည့်ရတာ တစ်မျိုးနဲ့။ နောက်ပြီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကို တစ်ခုခုလိုအပ်နေပြီဆို သူ့ကို တစ်ချက်ရှိုးကြည့်လိုက်ရင် ကျွန်မ ဘာလိုအပ်လဲ သူပြတယ်။ စကားသာ ပြန်မပြောတာ။ ကျွန်မကို အမြဲတမ်းအားပေးနေသလိုပါပဲ။ ညဘက်ရောက်ရင်လည်း သူ့ကို ကြည့်ပြီးမှ အိပ်ယာဝင်ချင်တာ။ တစ်ခါတစ်လေလည်း သူရှေ့မှာ စကားတွေ သွားပြောနေမိတယ်။ အဲ့တော့ ကျွန်မကို လူတွေက အရူးတဲ့။ ဘာဖြစ်တုန်း…..ကျွန်မဘာသာ မှန်ရှေ့စကားပြောတာ သူ့တို့အပူမှတ်လို့။?               ဒါမှန်ကြိုက်တဲ့ […]

DIY FUN Knowledge

(၃)မိနစ်အတွင်း ဖန်တီးနိုင်မယ့် ခွက်လှလှလေး

လက်ဆောင်ပေးမယ်ဆိုတိုင်း ခေါင်းစားနေရပါသလား??? ခုလို ခရစ္စမတ်လည်းနီး ခရစ္စမတ်ပြီးရင် တခြားနှစ်သစ်ကူး၊ချစ်သူများနေ့ စသဖြင့်အမှတ်တရနေ့တွေများတဲ့ကာလမှာ ဘာလေက်ဆောင်ပေးရမလဲခေါင်းစားရပါတယ်။အဲဒီအတွက် ပျိုမေတို့ကို ဒီအိုင်ဒီယာလေး ဝေမျှလိုက်ပါတယ်။ ဒီခွက်လေးတွေ လုပ်တဲ့နည်းလမ်းလေးက အရမ်းကိုရိုးရှင်းသလို လိုအပ်တဲ့ပစ္စည်းတွေကလည်း အလွယ်တကူ ဝယ်ယူလို့ရပါတယ်။(ခွက်မှမဟုတ်ပါဘူး…တခြားပန်းကန်ပြားတို့ ဘာတို့လည်းရပါတယ်။) အချိန်ကလည်း (၃)မိနစ်ပဲဆိုတော့ မမိုက်ဘူးလား။? လိုအပ်သည့်ပစ္စည်းများ (၁)ခွက်အဖြူ(သို့) မိမိဖန်တီးလိုသည့်ပစ္စည်း (ပန်းကန်၊ပန်းအိုးစသဖြင့်) (၂)ရေဇလုံ (၃)ရေနွေး (၄)လက်သည်းနီ(ကြိုက်နှစ်သက်သည့်အရောင်) ပြုလုပ်နည်း အဆင့်(၁) ရေဇလုံထဲ ရေနွေး(အရမ်းမပူပါစေနှင့်) ထည့်လိုက်ပါ။ အဆင့်(၂)ရေနွေးဇလုံထဲလက်သည်းနီထည့်ပါ။ အဆင့်(၃)အဲဒီဇလုံထဲကို  မိမိဖန်တီးလိုတဲ့ ခွက်(သို့) ပန်းကန်ပြားထည့်လိုက်ပါ။ ၃စက္ကန့်၎စက္ကန့်လောက်ထားပေးပါ။ အဆင့်(၄)လှပတဲ့ဒီဇိုင်းနဲ့ ခွက်လေးတွေ ပန်းကန်ပြားလေးတွေရလာပါလိမ့်မယ်။(၂)မိနစ်လောက် အခြောက်ခံပြီးနောက် လက်ဆောက်ပေးဖို့ ထုတ်ပိုးလို့ရပါပြီ။ မလွယ်လွန်းဘူးလား…။ခရစ္စမတ်မဟုတ်လဲ တခြားအမှတ်တရနေ့တွေမှာလည်း ဖန်တီးပြီး ပေးနိုင်တယ်နော်။အောက်မှာ ဗီဒီယိုလေးပြထားပါတယ်။   [embedyt] http://www.youtube.com/watch?v=KzNaIdJ8-IQ[/embedyt]