Friendship FUN

ကလေးမချစ်တတ်တဲ့ မိန်းကလေးတွေ

ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းထဲမှာဖြစ်ဖြစ် ကလေးမချစ်တတ်တဲ့သူမျိုးရှိရင် ဖတ်ကြည့်ပါဦးနော်။ တစ်ချို့မိန်းကလေးတွေဟာ သူများတွေနဲ့မတူပဲ ကလေးမြင်တာနဲ့ စိတ်အနှောက်အယှက် ဖြစ်တာမျိုးခံစားရတတ်ပါတယ်။ သူတို့ဘာကြောင့် အဲ့လိုဖြစ်တာလဲ၊ သူတို့စိတ်နေစိတ်ထားကကော ဘယ်လိုရှိလဲဆိုတာ လေ့လာကြည့်ကြရအောင်။ -ကလေးမချစ်တဲ့ မိန်းကလေးအများစုဟာ အနည်းငယ်ယောက်ျားဆန်ပါတယ်။ -သူတို့ဟာ အပျိုကြီးလုပ်ဖို့တွေးထားသလို လက်ရှိမှာလဲ ရည်းစားရသူနည်းပါတယ်။ -သူတို့က ကလေးထက်စာရင် တိရိစ္ဆာန်လေးတွေကို ပိုချစ်တတ်ပါသတဲ့။ -ပြီးတော့ သူတို့ဟာအတွေးများတတ်သူတွေဖြစ်ပြီး တစ်နည်းတစ်ဖုံ ဆိုက်ကိုအသေးစားလေးတွေ ရှိတတ်ပါတယ်။ -ကလေးမချစ်တတ်သလို အဲ့ကလေးလေးတွေကို ခဏထိန်းခိုင်းကြည့်။ ဗြဟ္မ ဦးခေါင်းကြီးကိုင်ထားရသလို ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ကုန်ရော။ -သူငယ်ချင်းတွေ စကားဝိုင်းထဲကို ကလေးတစ်ယောက်ရောက်လာကြည့်ပါလား၊ သူတို့တွေအလိုလို စိတ်ရှုပ်ကုန်ရော။ သူငယ်ချင်းတွေကလည်း ကလေးကိုပဲ အာရုံစိုက်ကြတော့မှာလေ။ – သူတို့ကိုယ်တိုင်ကလဲ ကလေးဆန်နေတတ်တယ်။ ရည်းစားရရင်တောင် အဲ့ရည်းစားက ကလေးထိန်းသလို အဲ့မိန်းကလေးတွေကို ဂရုစိုက်ပေး။ တအားသဘောကျတတ်ပါတယ်။ -ကလေးတွေ့လို့များ […]

FUN Relationships

ဗယ်လင်တိုင်းဒေးအမီ သူငယ်ထောင်နည်း

အပျိုကြီးပေါက်စများ လာမည့်ဗယ်လင်တိုင်းဒေးတွင်ပထမဦးဆုံး ချော့ကလက်ကုန်းဆင်းစားရမည့် အခွင့်အလမ်းကောင်းများ ရရှိစေရန် ရည်ရွယ်ပါသည်။

FUN Knowledge Relationships

ဒူဝေဝေ ယောက်ျားများ

ကိုယ်မျှော်လင့်တာတစ်မျိုး ရလိုက်တာက တစ်မျိုး ဖြစ်နေသော ပျိုမေတို့ရဲ့ ကြင်သူသက်ထား ချစ်ရည်းစားများရဲ့ အကြောင်းပါ။     ကျွန်မတို့ မိန်းမသားတွေဟာ အလိုလောဘ ကြီးတယ်လို့ပဲ သတ်မှတ်ခံရပါတယ်။ တခါတလေမှာ ကိုယ့်ချစ်သူဆီက မတောင်းဆိုပေမယ့် လိုချင်တာလေးတွေတော့ ရှိတာပေါ့နော်။ အဲ့ဒီအခါ လိုချင်တာ တစ်မျိုး ရတာက တစ်မျိုးနဲ့ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါရော။ ဘာတွေများ လွဲကုန်ပါလိမ့်။ သင်ထင်နေတာ – သင့်ချစ်သူက သူ့ရဲ့ဘဏ်ကဒ်ကို သင့်ကို သုံးစေပြီး နေ့တိုင်း ဈေးဝယ်ထွက်ခိုင်းပါလိမ့်မယ်။     တကယ်တမ်းက – သူတောင်မှ နေ့တိုင်း နွားနို့ ဝယ်မသောက်နိုင်ပါဘူး။ 😛     သင်ထင်နေတာ – သင့်သူငယ်ချင်းတွေ အားကျရလောက်တဲ့အထိ သင့်ချစ်သူဟာ အလန်းစား ဖြစ်နေပါလိမ့်မယ်။ […]

Fashion & Beauty FUN Knowledge Women News

ရောင်စုံ ချိုင်းမွှေးများ

ပျိုမေတို့အတွက် ခေတ်စားလာတော့မယ့် ချိုင်းမွှေးဖက်ရှင် တစ်မျိုးပဲဖြစ်ပါတယ်။  ကဲ ချိုင်းမွှေးဖက်ရှင်နဲ့လိုက်ဖက်မယ့်သူတွေက ဘယ်သူတွေများဖြစ်မလဲ။ 😛     ရောင်စုံ ချိုင်းမွှေး xxx ရောင်စုံ ချိုင်းမွှေး xxx ဆိုးကြမလား xxx 😛 ပျိုမေတို့ရေ ဆံပင်အရောင်ပြောင်းနေရတာ မျက်လုံးအရောင်ပြောင်းနေရတာ ဒါမှမဟုတ် လက်သည်းခြေသည်းအရောင်ပြောင်းနေရတာ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ ချိုင်းမွှေးလေးတွေ အရောင်ပြောင်းကြမယ်လေ။    ချိုင်းမွှေးကို ဆေးဆိုးတဲ့ဖက်ရှင်ကတော့ အခုတလော အမေရိကန်ပြည်ထောင်စုမှာ ရေပန်းစားနေတဲ့ ဖက်ရှင်ပဲဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ တခြားနိုင်ငံတွေမှာပါ ဒီဖက်ရှင်ရေစီးကြောင်း မျောပါလာမယ်ထင်ပါတယ်။ အထူးသဖြင့်တော့ show ပွဲတွေသွားတာများတဲ့ raver ကိုကိုမမများအနေနဲ့ လက်ပြတ်အင်္ကျီဝတ်တဲ့အခါ ကိုယ့်ချိုင်းမွှေးလေးကို ဆွဲဆောင်မှုရှိရှိ ဖော်ထုတ်ပြသလို့ရတာပေါ့နော်။ 😛       မြန်မာဆန်ဆန် ရင်ဖုံးလက်ပြတ်လေးနဲ့ဆိုရင်တော့ ဒီဖက်ရှင်က […]

FUN

ရှင်မသိပါဘူး။

ရှင်သိချင်ရင်တော့ ဝင်ဖတ်ပေါ့ရှင်။?(လိုင်းကောင်းတာတွေ မကောင်းတာတွေ မလိုချင်ဘူးနော်။အခုဖတ်ဆို ဖတ်ပဲ။?) ဟင်း ဟင်း…ရှင်ရောက်လာပြီ ဆိုတော့ ကျွန်မပြောရတော့မှာပေါ့။ ရှင်မသိသေးတဲ့ အကြောင်းလေး။? ဘာရစ်ဦးမလို့လဲလို့ တွေးမနေနဲ့နော်။ရှင် အခု အဲ့လို တွေးနေတယ် မဟုတ်လား။?သိနေတယ်။သိနေတယ်။ ဒီစာဖတ်ဖို့ ဝင်လာကတည်းက အဲ့စိတ်နဲ့ ဝင်လာတယ်ဆိုတာ။အခုမှ လူမိလို့ ပြုံးဖြီးဖြီးလုပ်မနေပါနဲ့။ ?ရှင်တို့ယောကျာ်းတွေက အဲဒါပဲ။ ကျွန်မတို့မိန်းမတွေကို အားနေ ရစ်တယ်တယ်လို့ ထင်နေကြတာ။ (မအားလည်း ရစ်တယ်ရှင့်။?) ထားပါရှင်။ အခု လိုရင်းကိစ္စကို ပြောမယ်။ ကျွန်မ သိပါတယ်။ ရှင်အခု ဒီဘလော့ထဲ ဝင်လာကတည်းက ကျွန်မ ပြောမယ့် ကိစ္စကို အဖြူလား အမည်းလား မသိသေးဘူးဆိုတာ။ကျွန်မက ဗိုလ်အောင်ဒင် မဟုတ်ပေမယ့် ရှင်ကိုတော့ ဒီကိစ္စကိုမြင်စေချင်တယ်။ ကျွန်မ ပြောတဲ့အခါ ရှင်က” အန်ကယ်ကတော့ နိုးပါ”လို့တော့ပြောပိုင်ခွင့်မရှိဘူး။ […]

FUN Health

အီးရှူခြင်းက ကျန်းမာရေးအတွက် အလွန်ကောင်း

မိမိတို့ ရှူရှိုက်နေတဲ့ လေတွေဟာ အခြားသူများ လေလည်ထားတာပဲဖြစ်ပါတယ်။    လေလည်တာဟာ ကျန်းမာရေးအရ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ ဓာတ်ငွေ့တွေကို အပြင်ကို ထုတ်ပေးလိုက်ခြင်းလို့လည်း ပြောနိုင်ပါတယ်။ လေမလည်ဖူးတဲ့သူရယ်လို့ ရှိမှာတော့ မဟုတ်ပါဘူး။ လေတွေဟာ စက်ရုံကနေ အသစ်အသစ်တွေ ထုတ်ပေးနေတာမျိုးတော့ မဟုတ်ပါဘူးနော်။ အခြားသူများ လေလည်ထားတာတွေက ပြန်လည်ရောနှောပြီး အနံ့ပြယ်နေတာတွေပဲဖြစ်ပါတယ်။ အဲ့တော့ လေမလည်ဖူးတဲ့ သူမရှိတဲ့အပြင် အီးမရှူဖူးတဲ့သူပါ မရှိဘူးဖြစ်သွားရော။ 😛   အစာစားရင်း အသက်ရှူရင်း ဝင်သွားတဲ့လေတွေ ရှိပါတယ်။ သကြားဓာတ်နဲ့ ကစီဓာတ်တွေ ပြိုကွဲတဲ့အခါမှာ ရံဖန်ရံခါ အစာမချက်နိုင်တာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ဓာတ်ငွေ့အနေနဲ့ အပြင်ကို ထုတ်ပေးတာကို လေလည်တယ်လို့ ခေါ်ပါတယ်။ လေလည်သွားတဲ့ လေထဲမှာ ဟိုက်ဒရိုဂျင် ဆာလဖိုက် ဓာတ်ငွေ့ပါပါတယ်။ […]

Friendship FUN

သူငယ်ချင်း အရင်းခေါက်ခေါက် ဆိုကြသူများ (Bff)

Bff လို့အော်နေပေမယ့်လည်း ဒီလိုအချက်တွေ မလုပ်ဖူးသေးရင်တော့ bff မစစ်သေးပါဘူး။ သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ဆိုတာက ဂွကျလွန်းပြီး ပြောမနာဆိုမနာသူတွေပါ။ ရည်းစားမရှိရင်နေလို့ရတယ် ဒင်းတို့မရှိရင် နေလို့မရဘူးဆိုတာမျိုးကို Bff လို့ခေါ်ဝေါ်သမုတ်ကြပါတယ်။ Bff လို့အော်နေတိုင်း သူငယ်ချင်း အရင်းချက်ချွတ်ကြီးမဟုတ်သေးပါဘူး။ အခုဖော်ပြတဲ့ အချက်တွေ လုပ်ဖူးမှသာ ၁၀၀ရာနှုန်းပြည့် ရေမရောတဲ့bff အစစ်ပါ။ ၁။မရွံတတ်။  ငတ်ပြတ်နေချိန်ဆို ပိုက်တစ်ချောင်းထဲနဲ့ လေးငါးယောက်သောက်ဖို့တောင်မရွံတတ်ကြပါဘူး။ ရောဂါကူးမှာ စိုးရိမ်ဖို့ဝေးစွ။ “ဟဲ့ကမ နင့်မှာ အီဘိုလာရှိလား။” “အေး။လုပ်မနေနဲ့ ပိုက်တစ်ချောင်းထဲနဲ့သောက်တော့ နင်လည်းကူးသွားပြီ။” ၂။ ငိုအောင်လုပ်ဖူး။ Bff ဆိုသည်မှာ စိတ်ချမ်းသာအောင်လည်းလုပ်တတ်သလို စိတ်ဆင်းရဲအောင်လည်း လုပ်တတ်ကြတယ်။ တစ်ခါတစ်လေ ပြသနာအိုးထဲကို အစိမ်းသက်သက်တွန်းချတာမျိုးကြောင့် ငိုဖူးတဲ့လူရှိမှာပါ။ ၃။ဘူးဖော်ဘူးဖက်။ ဟဲဟဲ။ ဒီလိုအချိန်မျိုးကျတော့ ညှိယူစရာမလိုပါဘူး။ လမ်းသွားလို့ ကောင်လေး ချောချော […]

Beauty DIY Fashion & Beauty FUN

ကိုယ့်ဆီမှာပဲ ရှိမယ့် ခါးပတ်လေးများ

မိမိတို့တစ်ယောက်တည်းမှာပဲ ရှိမယ့်ခါးပတ်မျိုးလေးဆိုရင်ကော မလိုချင်ဘူးလား။ ခါးပတ်ဟာ ဖက်ရှင်ကို ပိုမိုဆန်းသစ်စေလို့ မိမိကိုယ်ပိုင်ခါးပတ် တစ်ခု ရှိကို ရှိသင့်ပါတယ်။  ခါးပတ်မပတ်ဖူးတဲ့သူရယ်လို့ ရှားပါလိမ့်မယ်။ မပတ်ဖူးရင်လည်း ခုချိန်က စပြီး ပတ်လိုက်ရအောင်နော်။ ဘယ်လောက်ဖက်ရှင်ကျလဲဆိုတာ တွေ့ရမှာပါ။ ကိုယ့်ကိုယ်ပိုင် handmade ခါးပတ်လေးလည်း တခါတည်း လုပ်လိုက်ရအောင်။ ကြိုးလေးတွေကို ထုံးပြီး ခါးပတ်လုပ်လို့ရပါတယ်။ လယ်သာဖြစ်ဖြစ် ဖဲကြိုးဖြစ်ဖြစ် ခါးပတ်အသွင် ပြောင်းနိုင်ပါတယ်။ ဇာကြိုးလေးတွေဟာ ခါးပတ် ဖြစ်သွားနိုင်ပါတယ်။ ပန်းပွင့်တွေ ပုလဲလုံးတွေနဲ့ အလှဆင်လို့လည်းရပါသေးတယ်။ တွဲလောင်းလေးတွေ ချထားတာလည်း ဆန်းသစ်တဲ့ ဒီဇိုင်းကို ရရှိစေမှာပါ။ ပျိုမေတို့အားလုံးလည်း ကိုယ်ပိုင်ခါးပတ်လေးတွေနဲ့ အလှတိုးနိုင်ကြပါစေ။   Verte (For Her Myanmar)  

FUN Letters From the Heart

ပိုးဟပ်နှင့် အမှတ်တရများ

မနေ့တုန်းက ပိုးဟပ်အတွေ့အကြုံ ပျော်စရာဂိမ်းလေးမှာ ပါဝင်ခဲ့တဲ့ ကွန်မန့်တွေထဲက ၁၀ခုကို ရွေးခြယ်ဖော်ပြလိုက်ပါတယ်။ ကိုယ်ကအိမ်သာတက်နေတုန်း သူကအိမ်သာခွက်ထဲမှာ ယက်ကန်ယပ်ကန်နဲ့ ကျသွားမှာလည်းစိုးတယ် တက်လာမှာလည်းကြောက်တယ် ထသွားရအောင်လည်းမပီးသေး ဆက်ထိုင်ဖို့ကလည်း မယိုးမယွနဲ့… Aqua Wutyi မျက်နှာကိုလာနားလို့  လန့် ပြီး ကိုယ့်ပါးကို ဘယ်နှစ်ကြိမ်မှန်းမသိအောင် ရိုက်မိတာလေ။ Khine Hsu Thel ပိုးဟပ်ပျံတစ်ကောင်ကြောင့်ဖိနပ်တောင်မပါဘဲအိမ်အပြင်လမ်းမကြီးထိထွက်ပြေးဖူးတရ် :3 May Thazin Hlaing ပိုကီမွန်ဖမ်းတုန်းကပေါ့ ထွက်လာသမျှအကောင်အကုန်ဖမ်းတာ ပိုးဟပ်ကျောလာကပ်တော့မနေနိုင်ဘူး ထပြေးတာ။ Vipergirl Vipergirl စားပွဲပေါ်ကပိုးဟပ်ကိုကြောက်လို့ စာအုပ်နဲ့ရိုက်ချလိုက်တာ မာမီ့မျက်မှန်ကျိုးသွားလို့ အရိုက်ခံရဖူးတယ်။ Htike Htike Aung ကိုယ့်အပေါ်တက်လာပီ EE ပါဖူးတယ်။ ပိုးဟပ် E အနံလေးတွေနဲ့ ရေမွှေးဆွတ်ထားတဲ့ အတိုင်းပဲ Yee Mon […]

FUN

မိန်းကလေးသယ်ရင်းတို့ကြား မုသား(၅)မျိုး

အဟင်း…အဟင်း…သယ်ရင်းအချင်းချင်း ဒါမျိုးလေးတွေ လှိမ့်ဖူးတယ်ဟုတ်.. မငြင်းနဲ့နော်။??? သယ်ရင်းတွေကြား မလိမ်ဖူး မညာဖူးတဲ့သူ ခပ်ရှားရှားရယ်ပါ။ အပြန်အလှန် ဆေးထိုးတယ်။မလှိမ့်တပတ်လုပ်မယ်…။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နစ်နာစေလိုတဲ့ ရည်ရွယ်ချက်တော့ မရှိကြပါဘူး။ နောက် အလိမ်ပေါ်တဲ့အခါကျရင်လည်း…အလိမ်ခံရတဲ့သူဘက်ကလည်း ထူးထူးခြားခြား စိတ်မဆိုးသလို လိမ်မိတဲ့သူကလည်း စပ်ဖြီးဖြီးပါပဲ။ ?အခုအောက်က မုသားစကား (၅)မျိုးကတော့ တော်တော်များများ သုံးဖူးကြမယ်ထင်ပါတယ်။ (၁) “ငါအခုလာနေပြီ။လမ်းမှာ..။” “ငါတို့ အားလုံးစုံနေပြီ။နင် အခု ဘယ်မှာလဲ။” “ဟယ် ဟလား…ငါအခုလာနေပြီ လမ်းမှာ ကားတွေကြပ်နေလို့ ခဏစောင့်” အဲ့လိုပြောပြီး နောက်(၁)နာရီလောက်မှပေါ်လာခဲ့ရင်တော့ သေချာတယ်။ခုနကလမ်းမှာဆိုတာ… အိပ်ယာပေါ်မှာပဲလား ၊ မှန်တင်ခုံရှေ့မှာပဲလား တစ်ခုခုပါပဲ။ (တကယ်ကားကြပ်တာလည်း ဖြစ်ကောင်းတော့ဖြစ်နိုင်ပါတယ်။?) (၂)”အိမ်က မလွှတ်ဘူး။” ဒါကတော့ အိမ်တွင်းပုန်းမမတွေ ပြောတတ်တဲ့စကားပါ။သူငယ်ချင်းတွေ စုပြီးချိန်းရင် ငါ့အိမ်က လွှတ်မှာ […]