FUN

ယောကျာ်းဆန်တဲ့မိန်းကလေးတွေ

ယောက်ျားပဲဆန်တာနော်။ ယောက်ျားလျာမဟုတ်ဘူး။ သင်ဟာ ”နင်ကအဆန်းနော်။ ပန်းလဲမကြိုက်ဘူး။ အသည်းကလည်း မာလိုက်တာ”ဆိုတဲ့စကားတွေကို အပြောခံရတယ်ဆိုရင် သူတို့မသိသေးတဲ့ ကောင်းတဲ့အချက်တွေ သင့်မှာ ပိုင်ဆိုင်ထားပါတယ်။ (၁) ယောက်ျားဆန်တိုင်းယောက်ျားလျာမဟုတ်။ သင်ဟာ လှလှပပဝတ်တတ်စားတတ်ပါတယ်။ ဆန့်ကျင်ဘက်လိင်ကိုလဲ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် တော်ရုံတန်ရုံယောက်ျားလောက်ကိုတော့ ရင်မခုန်သလို သနားပြီးပြန်ကြိုက်တာလည်း မရှိပါဘူး။ (၂) အသည်းမာတယ်။ သင်ဟာ တခြားမိန်းကလေးတွေလို ပျော့ပျောင်းမှာမဟုတ်ပါဘူး။ စကားပြောတာပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်ချတာပဲဖြစ်ဖြစ်၊ ခေါင်းမာမာနဲ့ကိုယ်လုပ်ချင်တာပဲလုပ်ပါတယ်။ တော်ရုံယောက်ျားတွေရဲ့ တော်ကီလောက်ဆို ကြွေဆင်းမသွားဘူး။ နင်မကြိုက်လဲနေပေါ့။ ဂရုစိုက်ရမှာလားဆိုတဲ့အချိုးမျိုးတွေပါ။ (၃) ဖက်ရှင်ကိုလဲ အရူးအမူးမဖြစ်ဘူး။ သူများကောင်မလေးတွေ ဒါကဝတ်မှုန်ရွှေရည်ဒီဇိုင်းလေ၊ ဒါကစိုင်းရဲ့  နှုတ်ခမ်းနီဖြစ်နေချိန်မှာ သင်ကတော့ ငါဝတ်ချင်တာဝတ်မယ်ဆိုတာမျိုးပါ။ တခါတလေအပြင်သွားရင် အလန်းဒီဇိုင်း၊ နောက်တစ်ခါကျပြန်တော့ အိမ်နေရင်းဝတ်နဲ့လည်း သွားချင်သွားတတ်တာမျိုးပါ။ READ “မိန်းကလေးဖြစ်ပြီး…” ဆိုတဲ့ စကားရပ်တန့်ပါ။   […]

Friendship FUN

အတင်းတုပ်ခြင်း၏ အကျိုးကျေးဇူးများ

ကဲ ပျိုမေတို့ရေ အတင်းတုပ်ကြစို့     အတင်းတုပ်တယ်ဆိုတာ မိန်းကလေးတိုင်းရဲ့ဘဝမှာ လုပ်ဖူးပါတယ်။ ကိုယ်သဘောကျတဲ့ ကောင်လေးအကြောင်း ဘယ်သူ့ကိုတော့ ကြည့်မရဘူးဆိုတဲ့အကြောင်း အဲ့ဒီဇာတ်ကားက ဘယ်လောက်ကောင်းတာ ဆိုတဲ့အကြောင်း စသဖြင့်ပေါ့။ တကယ်တော့ အတင်းတုပ်တယ်ဆိုတာ ယောက်ျားလေးတွေလည်းတုပ်ကြပါတယ်။ မိန်းကလေးတွေလောက်တော့ မတုပ်ဘူးပေါ့နော်။ 😛   အတင်းတုပ်တာက အကျိုးကျေးဇူးတွေအများကြီး ရှိတယ်သိလား။ ပျိုမေတို့အတင်းတုပ်လေလေ အကျိုးတွေရလေလေပေါ့။ တုပ်လိုက်ကြစို့ ပျိုမေတို့ရေ။ 😛   1) အရမ်းအပျင်းပြေ။ ဒါကတော့ အများသိပြီးပေါ့။ ပျင်းလို့ ထိုင်တုပ်ကြတာလေ။ အရည်မရအဖတ်မရတွေ။ (အရည်ရောအဖတ်ရောရချင် မုန့်လက်ဆောင်းသောက်ပေါ့ 😛 ) ကိုယ့်အတွက်ပျော်ရွှင်မှုတစ်မျိုးတိုးစေတာပေါ့။   2) ရင်းနှီးမှုပိုရ။ သူငယ်ချင်းတွေကြားမှာ အတင်းတုပ်ရတာဟာ ရင်းနှီးစေပါတယ်။ ပိုလို့လည်း ခင်မင်စေပါတယ်။ စိတ်တူကိုယ်တူဖြစ်ကြောင်း သက်သေပေါ့။ 😛 […]

FUN Love Relationships

ယောက်ျားနိုင်နည်း (ယောက်ျားလေးများမဖတ်ရ)

ကိုယ့်ချစ်သူကို အပိုးကျိုးအောင် ဘယ်လိုလုပ်ရမလဲ မသိတဲ့ ပျိုမေတို့အတွက် ဒီစာလေးသာဖတ်လိုက်ပါ။     တကယ်တော့ ဆိုရိုးလေးတောင် ရှိပါတယ်။ လင်နေစ ဆင်သေမှတဲ့။ ကိုယ့်စကားဘဲ နားထောင်အောင် လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ လုပ်ကြည့်လိုက်ပါ။ တစ်ခွန်းမှ ပြန်မပြောရဲဘဲပါ ဖြစ်သွားမယ်။ 😛   (1) မိုးလင်းတာနဲ့ ကိုယ်က စပြီး အမိန့်ပေးပါ။ သူ့ကို အနိုင်မပေးပါနဲ့။ ကိုယ့်ဘက်က စပြီးတော့သာ အုပ်စိုးလိုက်ပါ။ “မောင်ရေ ဘယ်ချိန်ရှိနေပြီလဲ ထလေ” “နာရီကိုကြည့်ဦး ရေထချိုးတော့ အင်္ကျီက တန်းမှာ ချိတ်ထားပြီးသား” “ရေချိုးပြီးတာနဲ့ ထမင်းစားခန်းထဲလာခဲ့ ဒီမှာ မနက်စာ အသင့်ဖြစ်နေပြီ” စသဖြင့် ကိုယ်က ဦးအောင်ချည်း ဟောက်ပစ်ပါ။ 😛   (2) ကိုယ်ကချည်း ဦးအောင်လုပ်ပစ်ပါ။ အရာရာတိုင်းဟာ ကိုယ့်လက်ကိုယ့်ခြေပဲ ဖြစ်ပါစေ။ […]

FUN Knowledge Letters From the Heart

ကုသိုလ်ထူးသော အရိုးလေးများ

လူတစ်ယောက်ရဲ့ကိုယ်အလေးချိန်ဟာ သူ့စိတ်ထားကို မဆုံးဖြတ်ပေးနိုင်ပါဘူး။      ပျိုမေတို့ရေ။ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေး ပိုင်ဆိုင်ထားရလို့များ အားငယ်မနေပါနဲ့။ ကိုယ့်ရဲ့ ကိုယ်လုံးဟာ ပိန်ပိန်ပါးပါး သေးသေးညှက်ညှက်လေး ဖြစ်နေရင်တောင် စိတ်ဓာတ်ကျစရာမရှိဘူးနော်။ ဘယ်လောက်စားစား ဝမလာတာဟာလည်း ကုသိုလ်တစ်ပါးပါပဲ။ ကိုယ်အလေးချိန် တစ်ရာမပြည့်တော့ကော ဘာဖြစ်လဲ။ ဘာမှမဖြစ်ပါဘူး။ အဲ့လိုမျိုး ပိန်တဲ့သူတွေမှာလည်း ကောင်းတာလေးတွေရှိပါတယ်။     လူတွေကပြောကြမယ်။ ဟွန့် ကိုယ်လုံးကိုက ပိချပ်ပြား ငါးဖောင်ရိုး။ LCD ပါအေ။ ဝါးခြမ်းပြား အဝတ်ပတ်ထားသလိုပဲ။ စတာတွေပေါ့။ အို ဂရုစိုက်မနေနဲ့။ အဲ့လိုလူမျိုးတွေက ကိုယ့်ရဲ့ ဘယ်လောက်စားစားမဝတာလေးကို မနာလို ဖြစ်နေကြတာ။ ကိုယ့်မှာ အသားမဖြစ်ရင်တောင် အဆီပိုမရှိဘူး။ ပိန်မယ့်သာ ပိန်တာ လှအောင်ဝတ်ရင်လှတယ်။ အနောက်တိုင်းဆန်ဆန် ဘောင်းဘီတို့ ဂါဝန်တို့ ဝတ်လည်း အဆင်ပြေတယ်။ ကိုယ်သဘောကျရင် ကလေးအင်္ကျီတောင် […]

FUN Relationships

ဘော်ကျော့ရဲ့ ဗယ်လင်တိုင်း

ကျွန်တော့် နာမည်က ဘော်ကျော့ပါ။ ခုနစ်မိုင်မှာတော့ မနေပါဘူး။ ရွှေပြည်သာမှာ နေတာလေ။      ကျွန်တော့် နာမည်က ဘော်ကျော့ပါ။ ခုနစ်မိုင်မှာတော့ မနေပါဘူး။ ရွှေပြည်သာမှာ နေတာလေ။ ဒါပေမယ့် ကျွန်တော့ဘဝက နာမည်နဲ့ မလိုက်ပါဘူးဗျာ။ တကယ်တော့ ကျွန်တော်က လမ်းဘေးခွေးတစ်ကောင်ပါ။   ဒီလမ်းထဲမှာ ကျွန်တော်မွေးကတည်းကနေတယ် ဆိုပါတော့။ ကျွန်တော့အမေနာမည်က ညိုမတဲ့။ အမေက တစ်လမ်းဝင်တစ်လမ်းထွက် ရှာစားရတယ်။ ကျွန်တော့ကိုတော့ ဒီလမ်းမှာမွေးတယ်။ ကျွန်တော်က ဒီလမ်းသား။ အဲ ဒီလမ်းခွေး။ ဒီလမ်းမှာမွေး ဒီလမ်းမှာကြီးတဲ့ခွေးဆိုတော့ကာ ကျွန်တော့မှာ ဒီလမ်းကို စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်ဗျ။ အာဝု။   လမ်းဘေးခွေးဆိုပေမယ့် ကျွန်တော့ကို လမ်းသားတွေက ချစ်ရှာတယ်။ သူတို့က ဘော်ကျော့ရေ ဆိုတာနဲ့ ကျွန်တော်က အမြီးလေးနှံ့ပြီးသားပဲ။ တခါတလေများဆို သူတို့ပိုတဲ့ ကြက်ရိုးတွေ ကျွန်တော့်ကို ချကျွေးတာရယ်။ […]

FUN Motivation Movie Reviews

ချစ်သူများနေ့မှာ ချစ်သူမရှိတဲ့ပျိုမေတို့ကြည့်သင့်တဲ့ ရုပ်ရှင်များ

အိမ်မှာ ပျင်းနေမယ့် ပျိုမေတို့အတွက် ရုပ်ရှင်ကား စာရင်းလေးပါ။       ဟိတ် ပျိုမေတို့ရေ အိမ်မှာနေရတာ ပျင်းနေလား။ ဒီရုပ်ရှင်ကားလေးတွေ ကြည့်လိုက်။ ပျော်ချင်သလား။ ငိုချင်သလား။ အက်ရှင်ကား အကောင်းစားကို ကြည့်ချင်တာလား။ လေဒီကြိုက်တာပြော။   1) Penguins of Madagascar Admin က ကာတွန်းကြိုက်သူမို့ ဒီကားလေးကို ဦးစားပေးရွေးတာပါ။ ခွီချက်တွေကတော့ ပြောမနေနဲ့နော်။ အခွေစဖွင့်တာနဲ့ ပါးစပ်မစိရဘူးသာမှတ်။ နမူနာကြည့်ချင်ရင် ကြည့်လို့ရအောင် trailer ပါ ထည့်ထားပေးတယ်။     2) Hachi ဒီကားလေးလည်း သိသူများပါတယ်။ မကြည့်ရသေးသူတွေအတွက်ကတော့ အသစ်ပေါ့။ သစ္စာရှိလွန်းတဲ့ ခွေးလေး တစ်ကောင် အကြောင်းပါ။ သူကတော့ အငိုတစ်လိုင်း။ :'( အောက်မှာ […]

FUN

ဗယ်လင်တိုင်းဒေးကို အဖတ်မလုပ်သည့် လေဒီများ

“ဘာ ..မနက်ဖြန်..ဗယ်လင်တိုင်းဒေး…ငါတို့နဲ့ မဆိုင်ပါဘူးအေ”ဆိုတဲ့ လူတွေသာ ဝင်ဖတ်ပါ။ မနက်ဖြန် ချစ်သူများနေ့ပါ။ဘယ်လောက်ပဲ ချစ်သူများနေ့က လူတိုင်းနဲ့ သက်ဆိုင်တယ်၊မိသားစု အချင်းချင်းလည်း လက်ဆောင်ပေးလို့ရတယ်ပြောပြော RSတွေပဲ သဲသဲလှုပ်ကြတာပါ။မနက်ဖြန်ဆို ပန်းတွေ လက်ဆောင်တွေ ဆင်တူအင်္ကျီတွေနဲ့ ဖလန်းဖလန်းထကြပါတော့မယ်။ ဒါပေမယ့် ဒီလေဒီလေးတွေကတော့ ဗယ်လင်တိုင်းဒေးကို အဖတ်တောင် မလုပ်ပါဘူးကွယ်။ (၁)ဘီဇီးလေဒီ ဒီလေဒီကတော့ မနက်ဖြန် ချစ်သူများနေ့ဆိုတာ သတိတောင် ထားမိမှာ မဟုတ်ပါဘူး။အလုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့အတွက်။ အကယ်၍ ချစ်သူရှိတယ်ဆိုရင်တောင် ဒီလောက်အလုပ်ရှုပ်နေတာ ဗယ်လင်တိုင်းချင်သေးတယ် ဆိုပြီး ကောလွှတ်မှာပါ။   (၂)အချေလေဒီ “ဗယ်လင်တိုင်းဒေး…ဘာလား..ငါ့ဘဝမှာ အဲဒါတွေမလိုဘူး။ရှင်းရှင်းပြောမယ်။ယောကျာ်းတွေကို မလိုတာ။ကိုယ်တွေက ကိုယ့်ဘာသာရပ်တည်နိုင်တယ်”ဆိုတဲ့ လေဒီတွေပေါ့။ READ   “ချစ်သူများနေ့မှာ ရေလည်းမခမ်းဘဲ ချစ်ချစ်လေးနဲ့ အပြတ်ကဲနိုင်ဖို့”   (၃)အစားတစ်လိုင်းလေဒီ မနက်ဖြန် ဗယ်လင်တိုင်းဒေးလား….ဟယ် ချော့ကလက်တွေ စားရမှာပေါ့။ဗယ်လင်တိုင်းဒေးထက် […]

DIY FUN Knowledge Love Motivation

VIDEO DIY : ချစ်သူအတွက် ကိုယ်တိုင် လက်ဆောင်ဖန်တီးစို့

ချစ်သူများနေ့မှာ ကိုယ်တိုင် အမြတ်တနိုး ဖန်တီးထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေကို ပေးချင်တတ်ကြတဲ့ မိန်းကလေးတွေအတွက် ထူးခြားလှပပြီး ချစ်သူကို အံ့သြသွားစေမယ့် ဟန်းမိတ် လက်ဆောင်လုပ်နည်းလေး (၂ )ခုကို တွေကို ဝေမျှ ပေးလိုက်တယ်နော်။       (၁)နေ့စွဲဗူးလေး လိုအပ်သည့်ပစ္စည်းများ (၁) ရောင်စုံ စာရွက် (၂) ကပ်ကြေး။ (၃) ကော်။ (၄) ဖဲကြိုး။ (၅) ရောင်စုံဖောင်တိန်များ။ (၆)စတစ်ကာ (၇) ပုလင်း ၁။စာရွက်လေးတွေကို လိုသလောက်ဖြတ်ပေးပါ။ ၂။သူနဲ့ ဖြတ်သန်းချင်တဲ့ နေ့စွဲလေးတွေ အကြောင်းကို ရေးပေးပါ။ ၃။စာရွက်လေးတွေကို လိပ်ပြီး ဖဲပြားလေးနဲ့ ချည်ပေးပါ။ ၄။နောက်တစ်ဆင့်ကတော့ သင်ကိုယ်တိုင်ရဲ့ နှုတ်ခမ်းရာလေးတွေကို စာရွက်ပေါ်မှာ အရာပေးပြီး အလှဆင်မယ်။ ၅။ကပ်ခွာလေးတွေကို ကပ်ပေးပါ။ […]

Friendship FUN

ကလေးမချစ်တတ်တဲ့ မိန်းကလေးတွေ

ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းထဲမှာဖြစ်ဖြစ် ကလေးမချစ်တတ်တဲ့သူမျိုးရှိရင် ဖတ်ကြည့်ပါဦးနော်။ တစ်ချို့မိန်းကလေးတွေဟာ သူများတွေနဲ့မတူပဲ ကလေးမြင်တာနဲ့ စိတ်အနှောက်အယှက် ဖြစ်တာမျိုးခံစားရတတ်ပါတယ်။ သူတို့ဘာကြောင့် အဲ့လိုဖြစ်တာလဲ၊ သူတို့စိတ်နေစိတ်ထားကကော ဘယ်လိုရှိလဲဆိုတာ လေ့လာကြည့်ကြရအောင်။ -ကလေးမချစ်တဲ့ မိန်းကလေးအများစုဟာ အနည်းငယ်ယောက်ျားဆန်ပါတယ်။ -သူတို့ဟာ အပျိုကြီးလုပ်ဖို့တွေးထားသလို လက်ရှိမှာလဲ ရည်းစားရသူနည်းပါတယ်။ -သူတို့က ကလေးထက်စာရင် တိရိစ္ဆာန်လေးတွေကို ပိုချစ်တတ်ပါသတဲ့။ -ပြီးတော့ သူတို့ဟာအတွေးများတတ်သူတွေဖြစ်ပြီး တစ်နည်းတစ်ဖုံ ဆိုက်ကိုအသေးစားလေးတွေ ရှိတတ်ပါတယ်။ -ကလေးမချစ်တတ်သလို အဲ့ကလေးလေးတွေကို ခဏထိန်းခိုင်းကြည့်။ ဗြဟ္မ ဦးခေါင်းကြီးကိုင်ထားရသလို ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ကုန်ရော။ -သူငယ်ချင်းတွေ စကားဝိုင်းထဲကို ကလေးတစ်ယောက်ရောက်လာကြည့်ပါလား၊ သူတို့တွေအလိုလို စိတ်ရှုပ်ကုန်ရော။ သူငယ်ချင်းတွေကလည်း ကလေးကိုပဲ အာရုံစိုက်ကြတော့မှာလေ။ – သူတို့ကိုယ်တိုင်ကလဲ ကလေးဆန်နေတတ်တယ်။ ရည်းစားရရင်တောင် အဲ့ရည်းစားက ကလေးထိန်းသလို အဲ့မိန်းကလေးတွေကို ဂရုစိုက်ပေး။ တအားသဘောကျတတ်ပါတယ်။ -ကလေးတွေ့လို့များ […]