DIY FUN Knowledge

(၃)မိနစ်အတွင်း ဖန်တီးနိုင်မယ့် ခွက်လှလှလေး

လက်ဆောင်ပေးမယ်ဆိုတိုင်း ခေါင်းစားနေရပါသလား??? ခုလို ခရစ္စမတ်လည်းနီး ခရစ္စမတ်ပြီးရင် တခြားနှစ်သစ်ကူး၊ချစ်သူများနေ့ စသဖြင့်အမှတ်တရနေ့တွေများတဲ့ကာလမှာ ဘာလေက်ဆောင်ပေးရမလဲခေါင်းစားရပါတယ်။အဲဒီအတွက် ပျိုမေတို့ကို ဒီအိုင်ဒီယာလေး ဝေမျှလိုက်ပါတယ်။ ဒီခွက်လေးတွေ လုပ်တဲ့နည်းလမ်းလေးက အရမ်းကိုရိုးရှင်းသလို လိုအပ်တဲ့ပစ္စည်းတွေကလည်း အလွယ်တကူ ဝယ်ယူလို့ရပါတယ်။(ခွက်မှမဟုတ်ပါဘူး…တခြားပန်းကန်ပြားတို့ ဘာတို့လည်းရပါတယ်။) အချိန်ကလည်း (၃)မိနစ်ပဲဆိုတော့ မမိုက်ဘူးလား။? လိုအပ်သည့်ပစ္စည်းများ (၁)ခွက်အဖြူ(သို့) မိမိဖန်တီးလိုသည့်ပစ္စည်း (ပန်းကန်၊ပန်းအိုးစသဖြင့်) (၂)ရေဇလုံ (၃)ရေနွေး (၄)လက်သည်းနီ(ကြိုက်နှစ်သက်သည့်အရောင်) ပြုလုပ်နည်း အဆင့်(၁) ရေဇလုံထဲ ရေနွေး(အရမ်းမပူပါစေနှင့်) ထည့်လိုက်ပါ။ အဆင့်(၂)ရေနွေးဇလုံထဲလက်သည်းနီထည့်ပါ။ အဆင့်(၃)အဲဒီဇလုံထဲကို  မိမိဖန်တီးလိုတဲ့ ခွက်(သို့) ပန်းကန်ပြားထည့်လိုက်ပါ။ ၃စက္ကန့်၎စက္ကန့်လောက်ထားပေးပါ။ အဆင့်(၄)လှပတဲ့ဒီဇိုင်းနဲ့ ခွက်လေးတွေ ပန်းကန်ပြားလေးတွေရလာပါလိမ့်မယ်။(၂)မိနစ်လောက် အခြောက်ခံပြီးနောက် လက်ဆောက်ပေးဖို့ ထုတ်ပိုးလို့ရပါပြီ။ မလွယ်လွန်းဘူးလား…။ခရစ္စမတ်မဟုတ်လဲ တခြားအမှတ်တရနေ့တွေမှာလည်း ဖန်တီးပြီး ပေးနိုင်တယ်နော်။အောက်မှာ ဗီဒီယိုလေးပြထားပါတယ်။      

FUN

ကြေကွဲစရာ အချစ်ဇာတ်လမ်း တစ်ပုဒ်

လောကကြီးမှာ ညားတိုင်းလည်း မချစ် ချစ်တိုင်းလည်း မညားနိုင်ပါဘူး။ ဒီလိုပါပဲ။ အရမ်းချစ်ကြပေမယ့် မဆုံစည်းနိုင်ခဲ့တဲ့ ချစ်သူနှစ်ဦးဟာ ….. ကောင်လေးက အစိုးရကျောင်းမှာ အလယ်တန်းပြဆရာ အဖြစ် လုပ်နေပြီး ကောင်မလေးကတော့ အချက်အချာကျတဲ့ မြို့ကြီးတစ်မြို့ရဲ့ ဆင်ခြေဖုံးအရပ်က ဆေးရုံတစ်ရုံရဲ့ သူနာပြုဆရာမလေးပါ။ ရည်းစားသက်တမ်း လေးနှစ်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်နှင့်အမျှ ချစ်ကြပေမယ့်လည်း လက်လုပ်လက်စား မိသားစု ခြောက်ယောက်မှာ သားအကြီးဆုံးဖြစ်တဲ့ ကောင်လေးဟာ ရာထူးသိပ်မကြီးခဲ့တဲ့ အငြိမ်းစားမိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ တစ်ဦးတည်းသော သမီးလေးကို လက်ထပ်ဖို့ဆိုတာ ကြိုးစားနေသော်လည်းပဲ ဝေးတော့ဝေးနေပါသေးတယ်။ ********** ” ဆရာကြီး ” ကိုယ့်အသက်က ၂၅ – ၃၀ တန်းဖြစ်ပေမယ့် ကလေးများက လေးစားသမှုနဲ့ ဆရာကြီးခေါ်တော့လည်း ပီတိဖြစ်ရပါတယ်။ ဒါပေမယ့်သူတို့ခေါ်တိုင်း ခေါင်းတော့ ကြီးကြီးသွားရတယ်ဗျ။ […]

FUN

ကျွန်တော်ရယ် သူမရယ် ဟိုကောင်ရယ်

ဒီနေ့ ကျွန်တော်စိတ်လှုပ်ရှားနေတယ်။ အနှစ်နှစ်ကာလက အသည်းနှလုံးထဲ အတင်းထိုးသွင်းထားတဲ့ ခံစားချက်တွေ သွန်ထုတ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် ဒီနေ့ သူမကို ဖွင့်ပြောတော့မှာ။ လွန်ခဲ့တဲ့ နှစ်လလောက်က သူမနဲ့ကျွန်တော် စရင်းနှီးခဲ့တယ်။ သူက ကျွန်တော့်သူငယ်ချင်းရဲ့ ကျောင်းတုန်းက သူငယ်ချင်းပေါ့နော်။ ကျွန်တော်တို့ ရင်းနှီးခဲ့တာ တစ်လဆိုပေမယ့် အရမ်းရင်းနှီးသွားကြသလိုပါပဲ။ အရင်ကတော့ သူမကိုကျွန်တော် ခင်မင်မှုထက်မပိုခဲ့ပေမယ့် အခုတော့ ချစ်မိပြီပဲဆိုရမှာပေါ့။ သူမဘာပြောမယ် မသိပေမယ့် ကျွန်တော့စိတ်ထဲမှာတော့ မလွဲစေရဘူးလို့ ထစ်ထစ်ချယုံကြည်ထားတယ်။ စဉ်းစားကြည့်လေ ဒီလောက်ချောမော ခန့်ညား တည်ကြည်၊ဖြူစင်..အဟွပ်..အဟွပ်.. အဲလေ..ကျွန်တော့်လိုလူကောင်းမျိုးကို ဘယ်ပျိုမေက ငြင်းနိုင်ပါ့မလဲ။ ဟာ..ဒီကောင်မလေးနောက်ကျလိုက်တာ.. ၃နာရီခွဲ ချိန်းထားတာ ၅နာရီရှိပြီ။ အရိပ်အယောင်တောင်မမြင်ရ။ ကျွန်တော်လည်း စောင့်ရတာ စိတ်မရှည်လွန်းလို့…..အဲ..ဟိုကောင်မလေး ချောလိုက်တာ..မျက်လုံးပြူးပြူး အသားညိုညိုလေးနဲ့ ချေ့စရာလေး… “ဂါး” “ဟဲ့သောက်ကျိုးနည်း” […]

FUN

ရုပ်ချောလွန်းရင် ဘာဖြစ်တတ်သလဲ

လူတိုင်းလှချင်ကြပါတယ်။ အထူးသဖြင့်မိန်းကလေးတွေပေါ့။ မလှတဲ့သူက လှချင်တယ်။ လှတဲ့လူကျ ပိုလှအောင်ပြင်တယ်။ ဒါဟာ သမားရိုးကျပါပဲ။ ဒါပေမယ့် …… ရုပ်ချောလွန်းနေတာ ကောင်းတယ်လို့ထင်ရပေမယ့် လူတွေသတိမထားမိတဲ့ အချက်ကလေးတွေရှိပါတယ်။ တော်တော့်ကို ဆိုးပါတယ်။ အဲ့ဒါတွေက ဘာတွေလဲ ဆိုတော့ (၁) လူမုန်းများတတ်တယ်။်ဟင်..ရုပ်ချောတာပဲ ကိုယ့်ကိုချစ်သူခင်သူ ပိုပေါမှာပေါ့ မဟုတ်ဘူးလား လို့ မမေးပါနဲ့။ မဟုတ်ပါဘူး။ ကိုယ်ရုပ်ချောတာကို အားကျနေကြတဲ့သူတွေ ရှိကောင်းရှိမယ။် ဒါပေမယ့် မနာလိုတတ်ကြပါတယ်။ လူ ၁၀၀ မှာ ၈၀ လောက်က မနာလိုစိတ်ကို ဖုံးထားတတ်ကြပါတယ်။ ကိုယ်ရုပ်ချောလို့ ကိုယ့်ကို ခင်ကြတယ်ဆိုတာ ၂၀% လောက်ပဲ ရှိပါတယ်။ (၂) သွားရလာရတာ အဆင်မပြေပါ။ လူတိုင်းမချမ်းသာပါ။ ရုပ်ချောသော မိန်းကလေးတိုင်း ကိုယ်ပိုင်ကားမစီးနိုင်ပါ။ ဒါက reality […]