ပရိုဆန်ဆန် အလုပ်လုပ်ကိုင်နိုင်ဖို့ နည်းပညာအရည်အချင်းက ဘာကြောင့် အရေးကြီးရတာလဲ

မရှိမဖြစ်ကို ဖြစ်လာရတဲ့ အဓိက အကြောင်းအရင်း (၃)ခုက….

ဒီနေ့ ခေတ်ကာလမှာ ဒစ်ဂျစ်တယ်လ် နည်းပညာဟာ လူနေမှုဘဝရဲ့ နယ်ပယ်စုံကို စိမ့်ဝင်ရောက်ရှိနေပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသမျှ နယ်ပယ်တွေမှာ ဒစ်ဂျစ်တယ်လ်နည်းပညာနဲ့ကင်းလွတ်တဲ့ နယ်ပယ်ရယ်လို့ မရှိတော့ပါဘူး။ တကယ်တော့ Digital နည်းပညာ အပြောင်းအလဲဟာ ကြောက်ရွံ့ဖွယ်ရာမဟုတ်ဘဲ ကိုယ့်ဘဝပန်းတိုင်ရည်ရွယ်ရာကိုရောက်ရှိစေဖို့ ကူညီပေးမယ့် လှော်တက်တစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ကိုယ်ဟာ နည်းပညာကျွမ်းကျင်သူအနေနဲ့ အသက်မွေးဝမ်းကျောင်းမှာမဟုတ်ဘူးဆိုရင်တောင် ကိုယ့်လက်ရှိလုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင်နိုင်ဖို့ဆို နည်းပညာက ပံ့ပိုးပေးနိုင်တဲ့ အချက်တွေက အများကြီးပါ။

၁။ အချိန်ကုန်ငွေကုန်သက်သာစေပါတယ်။

ဒစ်ဂျစ်တယ်လ်နည်းပညာတွေဟာ အချိန်တိုအတွင်းမှာတင် ထိရောက်မှုရှိတဲ့ အလုပ်ဖြစ်တာကြောင့် အချိန်ကုန်ငွေကုန်ပိုသက်သာတာဟာ ငြင်းမရတဲ့အချက်ပါ။ နည်းပညာကျွမ်းကျင်မှုရှိသူတစ်ယောက်ဟာ သူ့အလုပ်တစ်ခုကို အချိန်တိုအတွင်းမှာထိရောက်မှုရှိရှိအလုပ်ပြီးမြောက်စေဖို့ နည်းပညာစွမ်းရည်ကို ဘယ်လိုအသုံးချရမယ်ဆိုတာသိနိုင်ပါတယ်။ လိုအပ်တဲ့ နည်းပညာအကူအညီတွေကို ဘယ်လိုရယူရမယ်ဆိုတာကိုလည်းသိပါတယ်။ ဥပမာ – Software တွေကို လိုအပ်သလိုအသုံးပြုတာမျိုး၊ လိုအပ်တဲ့ Application တွေကို Download ဆွဲတာတွေကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်မှာပါ။

Related article >>> နည်းပညာနဲ့ အတွေးအခေါ်ကွာဟမှု

၂။လုပ်ငန်းခွင်အတွင်း၊ ပြင်ပ ဆက်သွယ်ဆက်ဆံရေးကိုပိုမိုမြန်ဆန်လွယ်ကူစေပါတယ်။

လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဘက် အချင်းချင်းပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ Customer (ဖောက်သည်) နဲ့ပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ လက်တွဲလုပ်ဆောင်တဲ့ အခြားကုမ္ပဏီနဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ရာမှာ Messenger, Viber, Skype စတာတွေကိုသုံးပြီး လျင်မြန်လွယ်ကူစွာ ဆက်သွယ်နိုင်ပါပြီ။ ဒါ့အပြင် တစ်နေရာစီရောက်နေသူတွေဟာ အရေးကြီးတဲ့ကိစ္စတွေမှာ Video Conference ထိုင်ပြီး ဆက်သွယ်အလုပ်လုပ်နိုင်တာ အံ့မခန်းတဲ့ တိုးတက်မှုပါပဲ။ ဒါ့အပြင် အလုပ်လုပ်တဲ့အခါ လိုအပ်တဲ့စာရွက်စာတမ်းတွေကို အပြန်အလှန်Mail ပို့နေတာထက် Google Drive မှာ Share လုပ်ပြီးပြင်ဆင်တာ၊ Excel file တစ်ခုကို မတူတဲ့ ကွန်ပျူတာတစ်လုံးချင်းစီကနေ နှစ်ယောက်သုံးယောက် တစ်ချိန်ထဲမှာ တစ်ပြိုင်တည်း ပြင်ဆင်နိုင်ပါတယ်။ ဒါကြောင့် အခုလို နည်းပညာခေတ်မှာ ဒီလိုနည်းပညာတွေကို ဘယ်လိုကျွမ်းကျွမ်းကျင်ကျင် အသုံးပြုမလဲ ဆိုတာ လေ့လာမထားဘူးဆိုရင် ကိုယ်က သူများနောက်မှာ ကျန်ခဲ့မှာ အသေအချာပါပဲ။

၃။ နည်းပညာသာ အသုံးချတတ်ရင် တစ်ကမ္ဘာလုံးက ကိုယ့်အတွက် သင်ယူစရာ အရင်းအမြစ်တွေပါပဲ။

ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်အတွက် သင်ယူမှုတွေက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒီနေ့ ခေတ်မှာလည်း ယခင်ခေတ်ကလို သင်ယူလေ့လာခြင်းတွေဟာ စာသင်ခန်းတွေနဲ့ စာကြည့်တိုက်တွေထဲမှာတင်ပဲရှိတော့တာမဟုတ်ပါ။ ကိုယ်လေ့လာသင်ယူမှုအတွက် လိုအပ်တဲ့အချက်အလက်တွေ စုစည်းနိုင်ဖို့ Google ၊ Yahoo ၊ You Tube စတဲ့ ကွန်ယက်တွေက လွင်ပြင်ကျယ်ကြီးတွေပါပဲ။ ဒါတွေကို အသုံးချပြီး လုပ်ငန်းခွင်မှာ ကိုယ်လိုအပ်တဲ့ အချက်အလက်တွေ၊ ကိုယ်သိလိုတဲ့ သတင်းအချက်အလက်တွေကို လွယ်လင့်တကူရှာဖွေရယူနိုင်ပါပြီ။ ဒါပေမဲ့လို့ ဒီအတိုင်း စမ်းတဝါးဝါး ရှာဖွေမယ်ဆိုရင်တော့ အချိန်ကုန် လူပန်း ဖြစ်မှာပါ။ ကိုယ်လိုတဲ့အချက်အလက်တွေကို ဘယ်ပုံဘယ်နည်း ရှာဖွေရမယ်၊ ဘယ်လို Search Engine တွေကို အသုံးပြုရမယ် စသဖြင့် ထိုက်သင့်တဲ့ အခြေခံတစ်ခုကိုတော့ သင်တန်းတွေမှာ စနစ်တကျသင်ယူလေ့လာမှသာ ကိုယ့်အတွက် ပိုမို မြန်ဆန်လွယ်ကူစေမှာပါ။

အခုလို ဒစ်ဂျစ်တယ်လ် နည်းပညာအပြောင်းအလဲအတွက် အိုင်တီလောက က လူတွေပဲ အဆင်သင့်ဖြစ်နေဖို့လိုအပ်နေတာမဟုတ်ဘဲ နယ်ပယ်ပေါင်းစုံ၊ လုပ်ငန်းခွင်ပေါင်းစုံက သူတွေ၊ ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုစတင်နေသူတွေ၊ ဦးဆောင်နေသူတွေပါ ပရိုဆန်ဆန် အလုပ်လုပ်နိုင်ဖို့ ဒစ်ဂျစ်တယ်လ် နည်းပညာတွေကို တတ်သိလေ့လာထားသင့်ပါတယ်။

Related article >>> အွန်လိုင်းလည်းသုံး ပိုက်ဆံလည်းရှာ

ဒါပေမဲ့လို့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှာ နည်းပညာအရည်အချင်း ကျွမ်းကျင်သူတွေ နည်းပါးနေတဲ့ အနေအထားတစ်ခုပါ။ အခုချိန်မှာ ပြည်ပက ဝင်ရောက်လာတဲ့ ကုမ္ပဏီတွေလည်း အများအပြားရှိနေသလို နည်းပညာကို အခြေခံပြီး စီးပွားရေး လုပ်ကိုင်နေသူတွေအနေနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အခုလို ဝေမျှထားတာကို တွေ့ရပါတယ်။

“ မြန်မာပြည်မှာ နည်းပညာကျွမ်းကျင်သူရှာဖွေရတာ စိန်ခေါ်မှုတစ်ခုလိုပါပဲ” “ကျွန်တော်တို့ လုပ်ငန်းခွင်မှာ လိုအပ်တာက နည်းပညာစွမ်းရည်တင်မက ခွဲခြမ်းစိတ်ဖြာတွေးခေါ်တတ်သူတွေ တီထွင်ဖန်တီးနိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ဒါ့အပြင် Programming ပိုင်းနဲ့ အတွေးအခေါ်သစ်တွေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းခွင်နယ်ပယ်တွေမှာဆို နည်းပညာကို စာတွေ့သင်ကြားဖူးသူတွေသာရှိပြီး လက်တွေ့သင်ကြားဖူးသူတွေ အလွန်နည်းပါးပါသေးတယ်”

Mspiral ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Thomas Fletcher

“ ကျွန်တော်တို့နိုင်ငံကလူတွေအနေနဲ့ သင်ယူလေ့လာစရာတွေအများကြီးရှိနေပါသေးတယ်။ ကျောင်းသားတွေပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ် အတွေ့အကြုံရှိတဲ့သူတွေနည်းနေပါသေးတယ်။” လို့သူကပြောကြားထားပါတယ်။ ဒါပေမဲ့ လက်ရှိခေတ်ကာလအခြေအနေအရ မြန်မာပြည်မှာ ဒစ်ဂျစ်တယ်လ် နည်းပညာတွေကို လေ့လာသင်ယူဖို့ သိပ်ပြီးအလှမ်းမဝေးပါဘူး။ “

ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Evolx မှ CEO နဲ့ တည်ထောင်သူဖြစ်တဲ့ ကိုရဲလင်းသော်

ဒါပေမဲ့လို့ ဒစ်ဂျစ်တယ်လ် ပညာရပ်တွေ လေ့လာသင်ကြားနိုင်မယ့် နိုင်ငံတကာ နဲ့ ပြည်တွင်းက ကျောင်းတွေ၊ သင်တန်းတွေ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာရှိနေပါပြီ။ ဥပမာဆိုရင် – Lithan Myanmar School ပေါ့။ Lithan Myanmar က  ရန်ကုန်မြို့မှာရှိတဲ့ နည်းပညာသင်တန်းကျောင်းတွေထဲက တစ်ခုဖြစ်ပြီး စင်ကာပူနိုင်ငံမှ ဆရာများနှင့် သင်ကြားခွင့်ရကာ လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ Digital နည်းပညာအပြင် အင်္ဂလိပ်စာပါ သင်ကြားပေးပါတဲ့ ကျောင်းပါ။ ဒါ့အပြင် စာတွေ့ရော လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံတွေပါ လေ့လာခွင့်ရမယ့်ကျောင်းဖြစ်တဲ့အတွက်ကြောင့် Lithan Myanmar ရဲ့ ကျောင်းသားတွေဟာ တစ်နှစ်လောက် သင်ယူပြီးပြီဆိုရင်ပဲ လုပ်ငန်းခွင်မှာ လက်တွေ့လုပ်ကိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ပြီးတော့ Lithan ရဲ့ မိတ်ဖက် ကုမ္ပဏီတွေမှာလည်း ဝင်ရောက်လုပ်ကိုင်ခွင့် ရဦးမှာမို့ ဒီပလိုမာဘွဲ့ရတဲ့အချိန်မှာဆိုရင် ကျောင်းသားတွေရဲ့ လုပ်ငန်းအတွေ့အကြုံက ၁၈လ (တစ်နှစ်ခွဲ) ဝန်းကျင်ဖြစ်သွားမှာမို့ လုပ်ငန်းခွင်မှာ တော်တော် အဆင်ပြေသွားမှာပါ။ အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ ဒီလင့်ခ် >>>lithanmyanmar  စုံစမ်းနိုင်ပါတယ်။

ဒီတော့ကား အခုအခြေအနေမှာ ကိုယ်ကသာ Digital နည်းပညာနဲ့ ပတ်သက်ပြီး တတ်သိနားလည်နေမယ်ဆို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုများလာမှာဖြစ်သလို ကိုယ်တကယ် လုပ်ငန်းခွင်ထဲ ဝင်တဲ့အခါမှာ အဆင်ပြေလွယ်ကူစေမှာပါ။ အဲဒီအတွက်လည်း သင့်တော်ရာကျောင်းတွေ ပေါ်ထွက်နေတာမို့ ကိုယ့်ဘက်က ခေတ်နဲ့အညီ အရည်အချင်း ဖြည့်ထားဖို့ပဲ လိုပါတယ်။

Sugar Cane (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.