လုပ္ငန္းခြင္အတြင္း စိတ္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈနဲ႔ ပတ္သက္ၿပီး မျဖစ္မေန သိထားရမယ့္ အခ်က္မ်ား

ကိုယ့္ကို အလုပ္ခြင္အတြင္း အႏိုင္က်င့္ညွဥ္းပန္းမႈေတြ ေပၚလာရင္ ဘယ္လုိ ေျဖရွင္းသင့္လဲ?

ခုလတ္တေလာ လုပ္ငန္းခြင္အတြင္းမွာ လူတစ္ေယာက္ကို သူ႔ရဲ႕ လိင္စိတ္ခံယူမႈနဲ႔ ပတ္သက္ၿပီး ဖိအားေပးတာ၊ ခ်ိဳးႏွိမ္တာေတြ လုပ္ခဲ့တာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားခဲ့တာ အားလံုးသိၾကမွာပါ။ ဒါဟာ လုပ္ငန္းခြင္အတြင္း စိတ္ပိုင္းဆိုင္ရာ ညွဥ္းဆဲမႈေတြဟာ ဘယ္ေလာက္ အႏၱရာယ္ႀကီးလဲဆိုတာကို မီးေမာင္းထိုးျပေနခဲ့တဲ့ ျဖစ္ရပ္တစ္ခုပါပဲ။

ဆိုေပမဲ့လို႔ အႏုိင္က်င့္ ညွဥ္းပန္းႏွိပ္စက္မႈလို႔ ေျပာလိုက္ရင္ ေတာ္ေတာ္မ်ားမ်ားက ရုပ္ပိုင္းဆိုင္ရာ အႏုိင္က်င့္မႈေတြကိုပဲ ျမင္ၾကတာေတြ မ်ားပါတယ္။ ဆိုေတာ့ လုပ္ငန္းခြင္ထဲမွာ အႏိုင္က်င့္ ညွဥ္းပန္းမႈလို႔ ဆိုလိုက္ရင္ ရုတ္တရက္ ဘာမွန္းမသိ ျဖစ္သြားတတ္ပါတယ္။ ဘယ္လိုဟာေတြကို workplace bullying လို႔ ေခၚႏိုင္သလဲဆိုရင္…

Related Article >>> ဘယ္အက်င့္ဆိုးေတြက လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈမရေအာင္ ဆြဲခ်ေနတာလဲ?

(၁)ရင့္သီးတဲ့ အသံုးအႏႈန္းေတြကို နာမည္အျဖစ္ တပ္ေခၚ ေျပာဆိုျခင္းျဖင့္ စိတ္ပိုင္းဆိုင္ရာ ညႇဥ္းဆဲျခင္း (name calling) ဥပမာ- ဟို အေျခာက္ေကာင္ … လို႔ ေခၚတာမ်ိဳး

(၂) အစုအေဝးေဆာင္ရြက္မႈေတြ၊ ေပါင္းသင္းဆက္ဆံေရးေတြ ကေန ရည္ရြယ္ခ်က္ရွိရွိ ဖယ္ၾကဥ္ထားျခင္း

(၃) တစ္ဖက္သူကို သိမ္ငယ္ေအာင္ ေလွာင္ေျပာင္ျခင္း/အရွက္ခြဲျခင္း/ဟာသျပဳလုပ္ျခင္း

(၄) အျပစ္မရွိေသာ္လည္း မၾကာခဏ အျပစ္လႊဲခ်ခံရျခင္း

(၅)လုပ္ငန္းခြင္ဆိုင္ရာ တာဝန္မ်ားႏွင့္ ပတ္သက္ၿပီး ၿခိမ္းေျခာက္ဖိအားေပးျခင္း

(၆) တစ္ဖက္လူ စိတ္ဓာတ္က်သြားဖို႔ ရည္ရြယ္ၿပီး မျဖစ္ႏိုင္ေသာတာဝန္မ်ားကို တမင္ေပးအပ္ျခင္း

(၇) ဂုဏ္သိကၡာက်ဆင္းေစရန္ ေကာလဟာလသတင္းမ်ား လိုက္ျဖန္႔ျခင္း

(၈) ကာယအားျဖင့္ ျဖစ္ေစ၊ ႏႈတ္အားျဖင့္ ျဖစ္ေစ တိုက္ခိုက္ျခင္း တို႔ကို လုပ္ငန္းခြင္အတြင္းမွာ ေတြ႕ရင္ bullyလုပ္တယ္၊ harass လုပ္တယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။

အထူးသျဖင့္ ဒီဘက္ႏွစ္ပိုင္းေတြမွာ လူတစ္ေယာက္ရဲ႕ လိင္စိတ္ခံယူမႈေၾကာင့္ ခြဲျခားဆက္ဆံတာ၊ အရွက္ခြဲတာေတြ အင္မတန္ေပါမ်ားလာတဲ့ေခတ္မို႔ လုပ္ငန္းခြင္အတြင္း anti-harassment policyနဲ႔ non-discriminatory policy ကို ထိထိမိမိ ခ်မွတ္အေကာင္အထည္ေဖာ္ဖို႔ အေရးႀကီးလာပါတယ္။

Related Article >>> လုပ္ငန္းခြင္မွာ စြမ္းေဆာင္ရည္ျမင့္မားတဲ့သူေတြ က်င့္သုံးလုပ္ေဆာင္တတ္တဲ့အရာ (၅)ခု

HR သမားေတြအေနနဲ႔ anti-harassment/ anti-bullying policy (လုပ္ငန္းခြင္အတြင္း ညွဥ္းပန္းႏွိပ္စက္မႈ ကင္းေဝးေရး ေပၚလစီ) ခ်မွတ္တဲ့အခါ အဓိကအေနနဲ႔

(၁) လုပ္ငန္းခြင္အတြင္း လူတစ္ဦးရဲ႕ ဘာသာ၊ လိင္စိတ္ခံယူမႈ၊ အသားအေရာင္၊ လူမ်ိဳး၊ အသက္အရြယ္၊ မသန္စြမ္းမႈ၊ ကိုယ္ခႏၶာနဲ႔ ပတ္သက္ၿပီး အႏိုင္က်င့္ခံရမႈ/ ခြဲျခားဆက္ဆံခံရမႈကို လံုးဝသည္းခံမည္မဟုတ္ေၾကာင္း ေဖာ္ျပထားသည့္အခ်က္ (zero tolerance policy)

(၂) လုပ္ငန္းခြင္အတြင္း ေႏွာင့္ယွက္အႏိုင္က်င့္ခံရျခင္းတစ္စံုတစ္ရာကို အျပည့္အဝ ဆန္႔က်င္ေၾကာင္း ထုတ္ျပန္သည့္အခ်က္

(၃) ေႏွာင့္ယွက္အႏိုင္က်င့္ခံတဲ့အခါ ခံရသူအေနနဲ႔ တိုင္ၾကားႏိုင္တဲ့ နည္းလမ္းမ်ား

(၄) ေႏွာင့္ယွက္အႏိုင္က်င့္ခံရမႈကို မည္သို႔ မည္ပံုအေရးယူမည့္ စည္းကမ္းဥပေဒမ်ား

(၅) ေႏွာင့္ယွက္အႏိုင္က်င့္ခံရျခင္းေၾကာင့္ တိုင္ၾကားသူကို တစ္ဖက္မွ လက္တံု႔ မျပန္ႏိုင္ေအာင္ ကာကြယ္ေပးမႈ

စတဲ့ ၅ခ်က္ကို မပါမျဖစ္ ထည့္ဖို႔ လိုပါတယ္။

Women of Tomorrow 2
ပြဲအေၾကာင္း အေသးစိတ္သိလိုပါက >> http://bit.ly/2WK7oFQ

လုပ္ငန္းခြင္အတြင္း စိတ္ပိုင္းဆိုင္ရာ အႏိုင္က်င့္ခံရျခင္းဟာ အားလံုးကို ျခံဳၾကည့္ရမယ္ဆိုရင္ေတာ့ လုပ္ငန္းရွင္ဘက္က ေခါင္းေဆာင္မႈ ညံ့ဖ်င္းျခင္း၊ မူဝါဒေတြဟာ စာရြက္ထဲမွာသာ ရွိၿပီး လက္ေတြ႕မွာ အေကာင္အထည္ေဖာ္ရန္ ပ်က္ကြက္ျခင္း၊ လ်စ္လ်ဴ႐ႈတတ္တဲ့ စရိုက္ရွိျခင္း စတာေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ေခါင္းေဆာင္မႈ ညံ့ဖ်င္းတဲ့ လုပ္ငန္းခြင္မွာ အႏိုင္က်င့္ ၊ ၿခိမ္းေျခာက္ခံရျခင္း နဲ႔ ၾကံဳေတြလာတဲ့အခါ ခံရသူ victim အေနနဲ႔ တိုင္ၾကားႏိုင္တဲ့ နည္းလမ္း (၃)ခုရွိပါတယ္။

ပထမတစ္ခုက Forced labour ဆိုတဲ့ ေခါင္းစဥ္ေအာက္ကေန ႏိုင္ငံတကာအလုပ္သမားအဖြဲ႕အစည္း( ILO) ကို တိုင္ၾကားတာပါ။

Forced labour ဆိုတာ ILO ရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္အရ မိမိ ရဲ႕ စိတ္ဆႏၵကို ဆန္႔က်င္ၿပီး တစ္စံုတစ္ေယာက္ရဲ႕ ဖိအားေပး ၿခိမ္းေျခာက္မႈေၾကာင့္ လုပ္ရတဲ့ အလုပ္လို႔ ဆိုပါတယ္။ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရး အာဏာပိုင္ က ျဖစ္ေစ၊ ပုဂၢလိကကုမၸဏီကျဖစ္ေစ၊ စစ္တပ္ကျဖစ္ေစ Forced labour လုပ္လာရင္ ဖုန္းနံပါတ္ ၀၁ ၅၆၆ ၅၃၈၊ ၅၆၆ ၅၃၉၊ ၅၇၈ ၉၂၅၊ ၅၇၉၉၅၆ကေန တစ္ဆင့္ ILO ရဲ႕ ဆက္သြယ္ေရးအရာရွိကို ဆက္သြယ္ၿပီး တိုင္ၾကားႏိုင္ပါတယ္။

ဒုတိယတစ္ခုကေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရျခင္းဆိုတဲ့ ေခါင္းစဥ္ေအာက္ကေန အမွတ္ ၂၇၊ ျပည္လမ္း၊ လွိုင္ၿမိဳ႕နယ္မွာရွိတဲ့ ျမန္မာႏိုင္ငံ အမ်ိဴးသား လူ႔အခြင့္အေရး ေကာ္မရွင္ရံုးကို သြားေရာက္တိုင္ၾကားတာပါပဲ။

တတိယတစ္ခုကေတာ့ ျပည္တြင္းဥပေဒလမ္းေၾကာင္းကေန သြားျခင္းပါ။

Mental abuse (စိတ္ပိုင္းဆိုင္ရာ အႏိုင္က်င့္ျခင္း)ဟာ ေက်ာင္းနဲ႔ စာသင္ခန္းမွာပဲ ေတြ႕ရတဲ့ အရာတစ္ခုမဟုတ္ပါဘူး။ စစ္တမ္းေတြအရ အရြယ္ေရာက္သူ ၁၀ေယာက္မွာ ၆ေယာက္ လုပ္ငန္းခြင္အတြင္း အႏိုင္က်င့္မႈကို ခံစားေနရပါတယ္။

လုပ္ငန္းခြင္အတြင္းမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ privacy ခ်ိဳးေဖာက္မႈေတြ၊ bullyလုပ္မႈ ေတြဟာ စာသင္ခန္းနဲ႔ ေက်ာင္းေတြမွာ ေတြ႕ၾကံဳရတာထက္ေတာင္ ပိုအျဖစ္မ်ားပါတယ္။ တခ်ိဳ႕ကေတာ့ အလုပ္ထြက္တဲ့နည္းနဲ႔ ေျဖရွင္းေပမဲ့ တခ်ိဳ႕မခံႏုိင္လြန္းသူေတြကေတာ့ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတဲ့နည္းနဲ႔ ထြက္ေပါက္ရွာသြားၾကပါတယ္။

ဆိုေတာ့… workplace Mental abuse ၾကံဳရတဲ့အခါ အ႐ံႈးမေပးဘဲ အဖြဲ႕အစည္းေတြ၊ တရားဥပေဒလမ္းေၾကာင္းကေန သြားၿပီး တရားမၽွတမႈကို ရွာေဖြဖို႔ တိုက္တြန္းခ်င္ပါတယ္။ တကယ္လည္း လုပ္သင့္တယ္ေလေနာ္… လူ႔အဖြဲ႕အစည္းတစ္ခုလံုးကလည္း မတရားမႈကို ဝိုင္းဝန္းဆန္႔က်င္ၿပီး တရားမၽွတမႈကို ဝန္းရံေပးျခင္းအားျဖင့္ ဖိႏွိပ္သူလူတန္းစားကို တျဖည္းျဖည္း ပေပ်ာက္ေအာင္ လုပ္ေဆာင္လာႏိုင္လိမ့္လို႔ ယံုၾကည္မိပါတယ္။

By

Mia (For Her Myanmar)

Reference links: ilo.org autoenrolment.co.uk entrepreneur.com

<<< Unicode >>>

ကိုယ့်ကို အလုပ်ခွင်အတွင်း အနိုင်ကျင့်ညှဉ်းပန်းမှုတွေ ပေါ်လာရင် ဘယ်လို ဖြေရှင်းသင့်လဲ?

ခုလတ်တလော လုပ်ငန်းခွင်အတွင်းမှာ လူတစ်ယောက်ကို သူ့ရဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး ဖိအားပေးတာ၊ ချိုးနှိမ်တာတွေ လုပ်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ အားလုံးသိကြမှာပါ။ ဒါဟာ လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုတွေဟာ ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာကို မီးမောင်းထိုးပြနေခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

ဆိုပေမဲ့လို့ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုလို့ ပြောလိုက်ရင် တော်တော်များများက ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကိုပဲ မြင်ကြတာတွေ များပါတယ်။ ဆိုတော့ လုပ်ငန်းခွင်ထဲမှာ အနိုင်ကျင့် ညှဉ်းပန်းမှုလို့ ဆိုလိုက်ရင် ရုတ်တရက် ဘာမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ ဘယ်လိုဟာတွေကို workplace bullying လို့ ခေါ်နိုင်သလဲဆိုရင်…

Related Article >>> ဘယ်အကျင့်ဆိုးတွေက လုပ်ငန်းခွင်မှာ အောင်မြင်မှုမရအောင် ဆွဲချနေတာလဲ?

(၁)ရင့်သီးတဲ့ အသုံးအနှုန်းတွေကို နာမည်အဖြစ် တပ်ခေါ် ပြောဆိုခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲခြင်း (name calling) ဥပမာ- ဟို အခြောက်ကောင် … လို့ ခေါ်တာမျိုး

(၂) အစုအဝေးဆောင်ရွက်မှုတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ ကနေ ရည်ရွယ်ချက်ရှိရှိ ဖယ်ကြဉ်ထားခြင်း

(၃) တစ်ဖက်သူကို သိမ်ငယ်အောင် လှောင်ပြောင်ခြင်း/အရှက်ခွဲခြင်း/ဟာသပြုလုပ်ခြင်း

(၄) အပြစ်မရှိသော်လည်း မကြာခဏ အပြစ်လွှဲချခံရခြင်း

(၅)လုပ်ငန်းခွင်ဆိုင်ရာ တာဝန်များနှင့် ပတ်သက်ပြီး ခြိမ်းခြောက်ဖိအားပေးခြင်း

(၆) တစ်ဖက်လူ စိတ်ဓာတ်ကျသွားဖို့ ရည်ရွယ်ပြီး မဖြစ်နိုင်သောတာဝန်များကို တမင်ပေးအပ်ခြင်း

(၇) ဂုဏ်သိက္ခာကျဆင်းစေရန် ကောလဟာလသတင်းများ လိုက်ဖြန့်ခြင်း

(၈) ကာယအားဖြင့် ဖြစ်စေ၊ နှုတ်အားဖြင့် ဖြစ်စေ တိုက်ခိုက်ခြင်း တို့ကို လုပ်ငန်းခွင်အတွင်းမှာ တွေ့ရင် bullyလုပ်တယ်၊ harass လုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

အထူးသဖြင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတစ်ယောက်ရဲ့ လိင်စိတ်ခံယူမှုကြောင့် ခွဲခြားဆက်ဆံတာ၊ အရှက်ခွဲတာတွေ အင်မတန်ပေါများလာတဲ့ခေတ်မို့ လုပ်ငန်းခွင်အတွင်း anti-harassment policyနဲ့ non-discriminatory policy ကို ထိထိမိမိ ချမှတ်အကောင်အထည်ဖော်ဖို့ အရေးကြီးလာပါတယ်။

Related Article >>> လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်မြင့်မားတဲ့သူတွေ ကျင့်သုံးလုပ်ဆောင်တတ်တဲ့အရာ (၅)ခု

HR သမားတွေအနေနဲ့ anti-harassment/ anti-bullying policy (လုပ်ငန်းခွင်အတွင်း ညှဉ်းပန်းနှိပ်စက်မှု ကင်းဝေးရေး ပေါ်လစီ) ချမှတ်တဲ့အခါ အဓိကအနေနဲ့

(၁) လုပ်ငန်းခွင်အတွင်း လူတစ်ဦးရဲ့ ဘာသာ၊ လိင်စိတ်ခံယူမှု၊ အသားအရောင်၊ လူမျိုး၊ အသက်အရွယ်၊ မသန်စွမ်းမှု၊ ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး အနိုင်ကျင့်ခံရမှု/ ခွဲခြားဆက်ဆံခံရမှုကို လုံးဝသည်းခံမည်မဟုတ်ကြောင်း ဖော်ပြထားသည့်အချက် (zero tolerance policy)

(၂) လုပ်ငန်းခွင်အတွင်း နှောင့်ယှက်အနိုင်ကျင့်ခံရခြင်းတစ်စုံတစ်ရာကို အပြည့်အဝ ဆန့်ကျင်ကြောင်း ထုတ်ပြန်သည့်အချက်

(၃) နှောင့်ယှက်အနိုင်ကျင့်ခံတဲ့အခါ ခံရသူအနေနဲ့ တိုင်ကြားနိုင်တဲ့ နည်းလမ်းများ

(၄) နှောင့်ယှက်အနိုင်ကျင့်ခံရမှုကို မည်သို့ မည်ပုံအရေးယူမည့် စည်းကမ်းဥပဒေများ

(၅) နှောင့်ယှက်အနိုင်ကျင့်ခံရခြင်းကြောင့် တိုင်ကြားသူကို တစ်ဖက်မှ လက်တုံ့ မပြန်နိုင်အောင် ကာကွယ်ပေးမှု

စတဲ့ ၅ချက်ကို မပါမဖြစ် ထည့်ဖို့ လိုပါတယ်။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ

လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းဟာ အားလုံးကို ခြုံကြည့်ရမယ်ဆိုရင်တော့ လုပ်ငန်းရှင်ဘက်က ခေါင်းဆောင်မှု ညံ့ဖျင်းခြင်း၊ မူဝါဒတွေဟာ စာရွက်ထဲမှာသာ ရှိပြီး လက်တွေ့မှာ အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်း၊ လျစ်လျူရှုတတ်တဲ့ စရိုက်ရှိခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ခေါင်းဆောင်မှု ညံ့ဖျင်းတဲ့ လုပ်ငန်းခွင်မှာ အနိုင်ကျင့် ၊ ခြိမ်းခြောက်ခံရခြင်း နဲ့ ကြုံတွေလာတဲ့အခါ ခံရသူ victim အနေနဲ့ တိုင်ကြားနိုင်တဲ့ နည်းလမ်း ၃ခုရှိပါတယ်။

ပထမတစ်ခုက Forced labour ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း( ILO) ကို တိုင်ကြားတာပါ။

Forced labour ဆိုတာ ILO ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မိမိ ရဲ့ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး တစ်စုံတစ်ယောက်ရဲ့ ဖိအားပေး ခြိမ်းခြောက်မှုကြောင့် လုပ်ရတဲ့ အလုပ်လို့ ဆိုပါတယ်။ မြို့ပြအုပ်ချုပ်ရေး အာဏာပိုင် က ဖြစ်စေ၊ ပုဂ္ဂလိကကုမ္ပဏီကဖြစ်စေ၊ စစ်တပ်ကဖြစ်စေ Forced labour လုပ်လာရင် ဖုန်းနံပါတ် ၀၁ ၅၆၆ ၅၃၈၊ ၅၆၆ ၅၃၉၊ ၅၇၈ ၉၂၅၊ ၅၇၉၉၅၆ကနေ တစ်ဆင့် ILO ရဲ့ ဆက်သွယ်ရေးအရာရှိကို ဆက်သွယ်ပြီး တိုင်ကြားနိုင်ပါတယ်။

ဒုတိယတစ်ခုကတော့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အမှတ် ၂၇၊ ပြည်လမ်း၊ လှိုင်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ အမျိူးသား လူ့အခွင့်အရေး ကော်မရှင်ရုံးကို သွားရောက်တိုင်ကြားတာပါပဲ။

တတိယတစ်ခုကတော့ ပြည်တွင်းဥပဒေလမ်းကြောင်းကနေ သွားခြင်းပါ။

Mental abuse (စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း)ဟာ ကျောင်းနဲ့ စာသင်ခန်းမှာပဲ တွေ့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ စစ်တမ်းတွေအရ အရွယ်ရောက်သူ ၁၀ယောက်မှာ ၆ယောက် လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်မှုကို ခံစားနေရပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ privacy ချိုးဖောက်မှုတွေ၊ bullyလုပ်မှု တွေဟာ စာသင်ခန်းနဲ့ ကျောင်းတွေမှာ တွေ့ကြုံရတာထက်တောင် ပိုအဖြစ်များပါတယ်။ တချို့ကတော့ အလုပ်ထွက်တဲ့နည်းနဲ့ ဖြေရှင်းပေမဲ့ တချို့မခံနိုင်လွန်းသူတွေကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့နည်းနဲ့ ထွက်ပေါက်ရှာသွားကြပါတယ်။

ဆိုတော့… workplace Mental abuse ကြုံရတဲ့အခါ အရှုံးမပေးဘဲ အဖွဲ့အစည်းတွေ၊ တရားဥပဒေလမ်းကြောင်းကနေ သွားပြီး တရားမျှတမှုကို ရှာဖွေဖို့ တိုက်တွန်းချင်ပါတယ်။ တကယ်လည်း လုပ်သင့်တယ်လေနော်… လူ့အဖွဲ့အစည်းတစ်ခုလုံးကလည်း မတရားမှုကို ဝိုင်းဝန်းဆန့်ကျင်ပြီး တရားမျှတမှုကို ဝန်းရံပေးခြင်းအားဖြင့် ဖိနှိပ်သူလူတန်းစားကို တဖြည်းဖြည်း ပပျောက်အောင် လုပ်ဆောင်လာနိုင်လိမ့်လို့ ယုံကြည်မိပါတယ်။

By

Mia (For Her Myanmar)

Reference links: ilo.org autoenrolment.co.uk entrepreneur.com

No Comments Yet

Comments are closed